yangonchronicle2011 |
၅.၂.၂၀၁၂
ပြည်တွင်းသတင်းများ
- ပြည်ပသို့ တရားမဝင်သစ်ခိုးပို့မှုများကြောင့် တရားဝင်မြန်မာ့သစ်ဈေးကွက် ထိခိုက်
- စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ဆန်တင်ပို့ခွင့်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ်
- ငြိမ်းချမ်းရေး တိုင်းရင်းသားလက်နက်ကိုင်များအား မတရားအသင်းအဖြစ်မှ ရပ်စဲမည်
- ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
ပြည်ပသို့ တရားမဝင်သစ်ခိုးပို့မှုများကြောင့် တရားဝင်မြန်မာ့သစ်ဈေးကွက် ထိခိုက်
မြန်မာ့သယံဇာတထွက်ပစ္စည်းဖြစ်သည့် သစ်အား နယ်စပ်ဒေသမှတစ်ဆင့် ပြည်ပသို့ တရားမဝင်လမ်းကြောင်းများဖြင့် တင်ပို့မှုများကြောင့် တ ရားဝင် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သစ်ဈေးကွက်အား ထိုခိုက်မှုများဖြစ်ပေါ်ခဲ့ရကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံထွက် သစ်များအား တရားမဝင်လမ်းကြောင်းဖြင့် မြန်မာနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် နိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိပြီး မြန်မာနိုင်ငံမှ တရားမဝင် အများဆုံး သစ်ရောင်းချခဲ့သည့်နိုင်ငံမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖြစ်ကြောင်း သိရသည်။
မြန်မာ့သစ်များအား တရားမဝင် ပြည်ပသို့ တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “အခုလို တရားမဝင် လမ်းကြောင်းတွေကနေ ပြည်ပကို သစ်တွေခိုးရောင်းချနေတဲ့အတွက် ပထမအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးကို ထိခိုက်တယ်။ ဒုတိယ အနေနဲ့ မြန်မာ့သစ်ဈေးကွက်ကို ထိခိုက်တယ်။ တတိယအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် တရားမဝင် လမ်းကြောင်းတွေကနေ သစ်တွေကို တရားမဝင် တင်ပို့ရောင်းချမှုတွေကို ထိထိရောက်ရောက် တားဆီးအရေးယူ ဆောင်ရွက်သင့်ပါတယ်” ပာု ပြောကြားသည်။
ပြည်တွင်းထုတ် သစ်တောထွက် ကုန်ပစ္စည်းများအား တစ်နေရာတည်းတွင် ရောင်းချနိုင်မည့် Stock Holding Center ထူထောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲ၌ သစ်လုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် Stock Holding Center ထူထောင်နိုင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး Stock Holding Center အား လုပ်ဆောင်ရန် အခြေခံအဆင့် ဆွေးနွေးပွဲများ၊ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ဆန်တင်ပို့ခွင့်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်
မြန်မာနိုင်ငံရှိ ပြည်တွင်းဆန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၂ ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ပြည်ပသို့ ဆန်တင်ပို့ခွင့် လိုင်စင် လျှောက်ထား ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်းရှင်ကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။
ယခင် ဆန်လုပ်ငန်းရှင်များ ပြည်ပသို့ ဆန်တင်ပို့ခွင့် ရရှိနိုင်စေရန် လိုင်စင်လျှောက်ထားရာတွင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်အသင်း၏ ထောက်ခံချက်ယူ၍ စီးပွား/ကူးသန်းဝန်ကြီးဌာနတွင် လျှောက်ထားရခြင်းဖြစ်သည့်အတွက် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပြီး ယခုအခါ ဆန်ပို့ကုန်လိုင် စင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ ဖြစ်သည့်အတွက် အချိန်ကြန့်ကြာမှုများမှာ လျော့နည်း သွားနိုင်ပြီဖြစ်ကြောင်း ပြည်ပ ဆန်တင်ပို့သူတစ်ဦးက ပြောကြားသည်။
ပြည်ပဆန်တင်ပို့ခွင့်လိုင်စင် လျှောက်ထားမည့် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတင်ပို့လိုသည့် တန်ချိန်နှင့် ဈေးနှုန်းများကို တိတိကျကျ ဖော် ပြရန် လိုအပ်ပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ဆန်တင်ပို့ခွင့် လိုင်စင်လျှောက်ထားလာသည့် လျှောက်လွှာများကို စနစ်တကျ စစ်ဆေး၍ သတ်မှတ် ချက်ဖြင့် ကိုက်ညီမှုရှိမှသာ ဆန်တင်ပို့ခွင့်လိုင်စင်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း ဇန်နဝါရီလအထိ ပြည်ပနိုင်ငံအသီးသီးသို့ ဆန်တင်ပို့မှုများမှာ တန်ချိန် ၅ သိန်း ၄ သောင်း ကျော်ရှိပြီး ၂၀၁၁ ခုနှစ်အတွင်း ပြည်ပသို့ တရားဝင် ဆန်တင်ပို့သည့်ကုမ္ပဏီပေါင်း ၄၀ ရှိရာမှ ယခုနှစ်တွင် ဆန်တင်ပို့သည့် ကုမ္ပဏီ ၅၀ ခန့်တိုးမြှင့်လာပြီး လက်ရှိအချိန်တွင် ပြည်ပဆန်တင်ပို့သည့် ကုမ္ပဏီ စုစုပေါင်း ၉၀ ဝန်းကျင်ရှိလာကြောင်း သိရသည်။
YC
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ်
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လွှတ်တော်တွင်းလစ်လပ်နေရာအား ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ နာမည်ပျက်ရှိခဲ့သည့် မဲရုံမှူးများကို အသုံးပြုမည်မပာုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ၆ ခုတွင် မဲရုံပေါင်း ၆၃၅ ရုံထားရှိမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲများတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများမှ သမာသမတ်ပြည့်ဝစွာ လုပ်ဆောင်ခဲ့သည့် မဲရုံမှူးများ ကိုသာ ပြန်လည်အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံမှူးခန့်အပ်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက “ခုလို ကြားဖြတ်ရွေးကောက်ပွဲ မှာ တကယ်ကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုရင် မဲရုံမှူးတွေကို ခုလိုပြန်ချိန်းပြီးခန့်အပ်တာ အကောင်းဆုံးပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှမျှတတနဲ့ လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ပာု ပြောကြား သည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံစောင့်ကြပ်မည့် မဲရုံမှူးများအား တာဝန်ပေးအပ်ရာတွင် ဥပဒေပါအတိုင်း အစိုးရဝန်ထမ်းများနှင့် အများယုံကြည် ကိုးစားရသည့် ဆရာ၊ ဆရာမ များကိုသာ ခန့်အပ်ပြီး ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲရုံမှူးများ၊ ပါတီများနှင့် မဲပေးပိုင်ခွင့်ရှိသူများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့် အငြင်းပွားဖွယ်ရွေးကောက်ပွဲအဖြစ် ထင်ရှားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ်များမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်း ကုန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် လှည်းကူးမြို့နယ်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၉၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ငြိမ်းချမ်းရေး တိုင်းရင်းသားလက်နက်ကိုင်များအား မတရားအသင်းအဖြစ်မှ ရပ်စဲမည်
မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်စေရန် ဆောာင်ရွက်လျက်ရှိ ရာ ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်များကို မတရားအ သင်းအဖြစ်မှ ရပ်စဲတော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည် သစ်ပါတီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းမှ ပြောကြားခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးရရှိပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်များအား မတရားအသင်းအဖြစ်မှ ပယ်ဖျက်မည်ဆိုပါက မတရားအသင်း အက်ဥပဒေဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများလည်း ပြန်လည်လွတ်မြောက်လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအရ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင်၏ အမှုအား အားလုံးပြီးစီးရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် KIO/KIA အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် မတ်လအတွင်း ထာဝရငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့်လည်း မည်သူဖျက် ၍မှ ဖျက်မရနိုင်သော ငြိမ်းချမ်းရေးရရှိနိုင်စေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။
၂၀၁၂ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည် သစ်ပါတီတို့ ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းခဲ့ရာတွင် ပဏာမအနေဖြင့် သဘောတူညီချက်(၅) ချက်ရရှိခဲ့ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ဖေဖော်ဝါရီ ၁၂ရက်တွင် ရှမ်းပြည်နယ်ရှိ NLD အဖွဲ့မှဦးစီး၍ ပင်လုံကျောက်တိုင်အား သွားရောက်အလေးပြုမည်
ဖေဖော်ဝါရီ ၁၂ရက်နေ့၌ ကျရောက်မည့် ၆၅နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် များမှ ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် တည်ရှိသည့် “ပြည်မတောင်တန်း ပူးပေါင်းစာချုပ်ကျောက်တိုင်”အား သွားရောက်အလေးပြု မည်ဟု NLD အဖွဲ့ ဝင် ဒေသခံများမှ သိရှိရသည်။
“အဲဒီ ကျောက်တိုင်ကို သွားရောက်ဂါရဝမပြုရသည်ဟု ၂၃နှစ်ရှိပြီ။ အခုနှစ်မှစပြီး အလေးပြုခွင့်ရတာဖြစ်တယ်။ အဲဒီကို ပင်လုံမြို့၊ လဲချား၊ လွိုင် လင်နဲ့ နမ့်စန်မြို့တွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက ဦးဆောင်ပြီး ပြုလုပ်မှာဖြစ်တယ်” ဟု NLD အဖွဲ့ဝင် ဒေသခံတစ်ဦးမှ ပြောကြားသည်။
ထိုသို့ သွားရောက်အလေးပြုခြင်း၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ စာချုပ်ချုပ်ဆိုခဲ့ခြင်းနှင့် ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံတို့ကို မျိုးဆက်သစ်လူငယ်များ သိရှိစေရန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ရာစု ပင်လုံအား ဦးတည်ထားသောကြောင့် ဖြစ်သည်ဟုလည်း ၎င်းထံမှသိရှိရသည်။
ထိုကျောက်တိုင်အား သွားရောက်အလေးပြုရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ခ) ကျားဖြူ ပါတီတို့မှလည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ယခုအချိန်ထိ ဆုံးဖြတ်ချက်မချရသေးကြောင်းကိုလည်း သိရသည်။
ပင်လုံစာချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများဖြစ်ကြသည့် ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များနှင့်အတူ နယ်မြေမခွဲခြားပဲ လွတ် လပ်ရေးအား အတူတကွရရန် ၁၉၄၇ခုနှစ်တွင် ချုပ်ဆိုသည့် စာချုပ်ဖြစ်ပြီး ထိုစာချုပ်ချုပ်ဆိုနိုင်ခြင်းအပေါ် အထိမ်းအမှတ်အဖြစ် ယင်း “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်”အား စိုက်ထူခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။
ယင်းကျောက်တိုင်အား ၁၉၈၈ခုနှစ် အရေးခင်းပြီးသည့်နောက်ပိုင်း ၁၉၈၉ခုနှစ်တွင် နောက်ဆုံး အလေးပြုခွင့်ရရှိခဲ့ပြီး ယခု ၂၀၁၂တွင် အလေးပြု ခွင့်အား ပြန်လည်ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
ATM
*****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“မီဒီယာဥပဒေဆိုတာ ရှင်းရှင်းလေးပဲ၊ တကယ်တမ်းကျတော့ သတင်းလွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာဟာ အခြေခံဥပဒေရဲ့ ဘောင် ထဲကနေပြီးတော့ အကာအကွယ်ပေးထားတာ၊ ဒီအခြေခံ ဥပဒေဘောင်ထဲကနေ ကာကွယ်ပေးထားတဲ့ ကိစ္စကို မီဒီယာဥပဒေအနေနဲ့ ထပ်ဆင့် ဥပဒေပြ ဋ္ဌာန်းပြီး လုပ်မယ်ဆိုလည်း အခြေခံဥပဒေရဲ့ ကာကွယ်ပေးနိုင်မှုဘောင်ထက်ကျော်လွန်ပြီး ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် နိုင်ငံတကာ မှာရှိနေတဲ့ တချို့မီဒီယာ ဥပဒေက ကာကွယ်ပေးထားတဲ့ လွတ်လပ်မှုဘောင်ကို မီဒီယာဥပဒေနဲ့ ထပ်ဆင့်ပြီးတော့ အသေးစိတ်လေးတွေ သတ်မှတ်ပေး တာဖြစ်တယ်။ အဲလိုမှမဟုတ်ဘဲ မီဒီယာဥပဒေဆိုပြီးတော့ မီဒီယာသမားတွေကို ကန့်သတ်ချုပ်ချယ်မယ်၊ တစ်ချိန်မှာ ပြဿနာရှာနိုင်မယ်၊ ယိုပေါက်တွေနဲ့ ဥပဒေတစ်ရပ်ဖြစ်လာမယ်ဆိုရင်တော့ ဒါဟာအားလုံးက ဝိုင်းဝန်းဆွေးနွေးမယ့် ကိစ္စဖြစ်လာလိမ့်မယ်”
ဖေဖော်ဝါရီ ၂ ထုတ် Popular News အတွဲ (၄) အမှတ် (၅) တွင်ပါသည့် “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းသမား လုံခြုံရေး ကာကွယ် စောင့်ရှောက်ပေးသည့် မီဒီယာဥပဖြေစ်ရန်လိုအပ်ဟုဆို” သတင်းမှ VOA မြန်မာပိုင်းဌာနမှူး ဦးသန့်လွင်ထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“လူ့စွမ်းအားအရင်းအမြစ်ကိစ္စကို ပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံက တော်တော့်ကိုနိမ့်နေတယ်။ အခုစီးပွားရေး ပိတ်ဆို့မှုတွေ ဘာတွေ ရုပ်သိမ်းလိုက် လို့ရှိရင်တောင် Industry အတွက် ကိုယ့်ဆီက HR က အဆင်သင့်မဖြစ်ဘူး။ ဒီတော့ အခုနိုင်ငံတော်အနေနဲ့ ဒီကိစ္စကို လုပ်မယ်ဆိုရင် အဓိက ရေရှည်ပညာ ရေး ဖွံ့ဖြိုးမှုကို ဦးစားပေးပါလို့ အကြံပြုချင်တယ်။ ပညာရေးသာ ကောင်းရင် ဒီ့ပြင်ဟာတွေက အလိုလိုလိုက်တက်သွားမှာပါ။ ဒီအတွက် ပညာရေးဘက် ဂျက်ကို အစိုးရက တူတူတန်တန်ချပေးဖို့လိုပါလိမ့်မယ်”
ဖေဖော်ဝါရီ ၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၅) တွင်ပါသည့် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး စီမံကိန်းကြီးတစ်ရပ် စတင် တော့မည်ဟု အမျိုးသားစီမံကိန်း ဒုတိယဝန်ကြီး ပြောကြား” သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
''ပြည်ထောင်စု လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စဆွေးနွေးဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းတဲ့ စာရွက်စာတမ်းတွေ ရထားပြီးပါပြီ။ သက်ဆိုင် ရာ ဝန်ကြီးဌာနတွေအပြင် ဌာနခွဲတွေအလိုက် သုံးစွဲမယ့် ဘတ်ဂျက်ကို လေ့လာနိုင်ဖို့ စာရွက် စာတမ်း အပြည့်အစုံဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ဆာလာအိတ်တစ်လုံးနီးပါးရှိတဲ့ စာရွက်စာတမ်းတွေကို ပို့ထားလို့ အသေးစိတ် လေ့လာပြီး ဆွေးနွေးနိုင်မယ့် သဘောဖြစ်ပါတယ်''
ဇန်နဝါရီ ၃၁ ထုတ် Weekly ELEVEN အတွဲ (၄) အမှတ် (၄၄) တွင်ပါသည့် “၂၀၁၂-၂၀၁၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းခဲ့သော ဘတ်ဂျက်စာရင်းတွင် ကာကွယ်ရေး အသုံးစရိတ် လျော့ကျသွားသော်လည်း ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များမှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လျော့ကျနေကြောင်း ယာယီကိန်းဂဏန်းများအရ သိရှိရ” သတင်းမှ ကောက်နှုတ်ချက်
***************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.