Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဂျပန်ဘဏ်များ မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဘီလီယံချေးရန်ပြင်ပာု သတင်းများဖော်ပြ

(27 Sept 2012 ရက်စွဲပါ Channel News Asia မှ Japanese Lenders to pledge US $16 for Myanmar: report ကိုဘာသာပြန်ဆိုသည်)

  1. စီးပွားရေးဖွံ့ဖြိုးအောင်ကူညီကြရန် မြန်မာသမ္မတမေတ္တာရပ်ခံ

( AFP သတင်းမှ 28 Sept 2012 ရက်စွဲပါ “Myanmar’s president appeals for economy help”သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဂျပန်ဘဏ်များ မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဘီလီယံချေးရန်ပြင်ပာု သတင်းများဖော်ပြ

(27 Sept 2012 ရက်စွဲပါ Channel News Asia မှ Japanese Lenders to pledge US $16 for Myanmar: report ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကမ္ဘာ့အသိုင်းအဝိုင်း၏ တိုး၍ကြိုဆိုခြင်းကို ခံလာရခြင်းကြောင့် ငွေချေးဌားမည့်သူများသည် လာမည့်လ တိုကျိုတွင် တွေ့ဆုံသည့်အခါ မြန်မာနိုင်ငံအား ဒေါ်လာ ၁ ဘီလီယံချေးဌားရန်စီစဉ်လျက်ရှိသည်ပာု သတငးတစ်ရပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အပယ်ခံနိုင်ငံအဖြစ်မှ လျင်မြန်စွာတံခါးဖွင့်လာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ နောက်ဆုံးကျန်ရှိသော အဓိကအရေးယူမှုများကို ရုတ်သိမ်းရန်ပြောကြားခဲ့ပြီးနောက် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျပန်စီးပွားရေးနေ့စဉ် Nikkei ကပြောကြားရာတွင် လာမည့်လအစောပိုင်း တိုကျိုတွင် IMF အစည်းအဝေးတွင် အရန်ဆွေးနွေးမှုအဖြစ် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ပြန်လည်၍ အကူအညီပေး ငွေချေးရန် ဆွေးနွေးကြမည်ဖြစ်သည်ပာု ဆိုသည်။

ကမ္ဘာ့ဘဏ်၊ IMF နှင့် ADB တို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ကို ထောက်ပံ့ကူညီနိုင်ရန် ဒေါ်လာသန်း(၉၀၀)ရှိ ချေးငွေ တိုးချဲ့ပေးနိုင်ရန် စဉ်းစားလျက်ရှိကြောင်း အဆိုပါသတင်းစာက ဆိုသည်။

Japan Bank for International Cooperation နှင့်အခြားဂျပန်ဘဏ်များသည် မြန်မာနိုင်ငံအနေဖြင့် ယခင်ကြွေးမြီများပြန်ဆပ်နိုင်ရန် ပေါင်းကူး ချေးငွေပေးရန် အဆိုပြုမည်ပာု ဖော်ပြထားသည်။

ထို့ကြောင့် ယခုချေးငွေသစ်သည် စုစုပေါင်းပမာဏဒေါ်လာ ၁ ဘီလီယံရှိနိုင်ကြောင်း သတင်းစာက ပြောသည်။

ကမ္ဘာ့ဘဏ်နှင့် ADB ကဲ့သို့သော ငွေကြေးအဖွဲ့အစည်းမျိုးသည် ထိုသို့သော အကူအညီပေးမှုမျိုးကို အဆိုမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များသည် ဘုတ်အဖွဲ့အစည်းအဝေးတွင် ထိုအစီအစဉ်ကိုကန့်ကွက်ခဲ့ကြသောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လက ဝါရှင်တန်သည် မြန်မာနိုင်ငံ၌ ကမ္ဘာတစ်ဝှမ်းက မျက်စိကျနေသော ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီများအပေါ် မီးစိမ်းဖြစ်ခဲ့သည်။

ဗုဒ္ဓပာူးနေ့က နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာခေါင်းဆောင်ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်တွင် သွင်းကုန်ပိတ်ပင်ထားမှုအား ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် အကြီးဆုံးငွေချေးသောနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ဘဏ်၊ ADB နှင့် အခြားအဖွဲ့အစည်းများထံတွင် မြန်မာနိုင်ငံ ယခင်ကတင်ရှိသော ကြွေးမြီများကိုတင်ပြရန်နှင့် ဂျပန်ကငွေချေးရန် စပွန်ဆာပေးမည်ဖြစ်သည်ပာု Mainichi Shimbun ကအစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

တိုကျိုသည် ဧပြီလက မြန်မာနိုင်ငံကတင်ရှိနေသော ကြွေးမြီးယန်း(၅၀၀)ဘီလီယံအနက် ယန်း(၃၀၀)ဘီလီယံ(ဒေါ်လာ ၃.၉ ဘီလီယံ)အား လျော်ပစ်ရန် သဘောတူခဲ့သည်။

သယံဇာတဆင်းရဲပြီး ပို့ကုန်အပေါ်သာအားထားရသော ဂျပန်နိုင်ငံသည် တရုတ်ကရယူရန်ကြိုးပမ်းလျက်ရှိသော သယံဇာတကြွယ်ဝသည် မဲခေါင် ဒေသဖွံ့ဖြိုးရေးကို အားပေးရန်ကြိုးစားလျက်ရှိသည်။

ပြီးခဲ့သည့်အပတ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ သမိုင်းဝင်အလည်အပတ် လာရောက်ခဲ့ပြီး အရေးယူမှုများရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။

                                        ******************************************************

စီးပွားရေးဖွံ့ဖြိုးအောင်ကူညီကြရန် မြန်မာသမ္မတ မေတ္တာရပ်ခံ

( AFP သတင်းမှ 28 Sept 2012 ရက်စွဲပါ “Myanmar’s president appeals for economy help” သတင်းကိုဘာသာပြန်ဆိုသည်)

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ရန်အတွက် စီးပွားရေးအားကောင်းဖို့ အရေးကြီးသည်ဟု မြန်မာသမ္မတဦးသိန်းစိန်က ကြာသပတေး နေ့တွင်ပြောကြားကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်မှုများကို ဖိတ်ခေါ်လိုက်သည်။

မနှစ်ကအာဏာရရှိကာ မြန်ဆန်သောအပြောင်းအလဲများ စတင်ပြီးနောက်ပိုင်း ပထမဆုံးအမေရိကန်ခရီးစဉ်တွင် ဦးသိန်းစိန်က ရေပန်းစားလာသော မြန်မာနိုင်ငံ၏အစီအစဉ်များကို ချပြခဲ့သည်။

သို့သော် နိုင်ငံရေးအပြောင်းအလဲများ စိတ်ချရစေရန်အတွက် တည်ငြိမ်မှုနှင့်စီးပွားရေးဖွံ့ဖြိုးမှု လိုအပ်လိမ့်မည်ဟု ဦးသိန်းစိန်ကတင်ပြသည်။

ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် အဖျားရှူးသွားနိုင်သလားဟု မေးမြန်းသောအခါ ဦးသိန်းစိန်က“စီးပွားရေးအားကောင်းအောင် လုပ်နိုင်မယ်ဆိုရင် နိုင်ငံရေးစနစ် နောက်ပြန်လိမ့်မစရာမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”ဟု ပြောကြားသည်။

နယူးယောက်မြို့ Asia Society တွင်မိန့်ခွန်းပြောကြားရာတွင် ဦးသိန်းစိန်ကဖွံ့ဖြိုးမှုနိမ့်ကျသော မြန်မာနိုင်ငံသည် ယင်းကိစ္စကို တစ်ကိုယ်တော် မစွမ်းဆောင်နိုင်ပါဟု ဆိုသည်။

လုံလောက်တဲ့ ငွေအရင်းအနှီး ကျွန်တော်တို့ဆီမှာ မရှိဘူးဆိုတာကို ဝန်ခံရမှာပါ။ လူသားစွမ်းဆောင်ရည်နဲ့ လူသားအရင်းအမြစ် ချို့တဲ့နေတဲ့အပြင် နည်းပညာအကူအညီကိုလည်း လိုအပ်နေပါတယ်ဟု ၎င်းကပြောကြားသည်။

တစ်ချိန်ကတံခါးပိတ်နိုင်ငံအပေါ် အမေရိကန်နှင့်အနောက်အုပ်စု Sanctions များရုတ်သိမ်းပေးနေခြင်းကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်ရန်လမ်းပွင့်သွားပြီဟု မြန်မာသမ္မတဆိုသည်။

နိုင်ငံ၏ အကောင်းဆုံးပညာတတ်များပါဝင်သော ပြည်ပရောက်နိုင်ငံသားများ ပြန်လာကြပါဟုလည်း သူကမေတ္တာရပ်ခံသည်။

ဆရာဝန်တွေ အင်ဂျင်နီယာတွေ၊ လုပ်ငန်းရှင်တွေစသဖြင့် မြန်မာများစွာဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြပါတယ်။ ပြည်ပ နိုင်ငံသား ခံယူထားသူတွေအတွက် လူဝင်မှုဥပဒေတားမြစ်ချက်တွေ ဖြေလျော့ပေးဖို့ လုပ်ဆောင်နေပါသည်ဟု ဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံသည် လယ်ယာထုတ်ကုန်တိုးမြှင့်ရေးကို ပစ်မှတ်ထားကာ ၂၀၁၅ တွင် ဂျီဒီပီ ၇.၇ ရာခိုင်နှုန်းသို့တက်လာရန် ရည်မှန်းထားသည်ဟု ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတကဆိုသည်။

“ကျွန်တော်တို့နိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိနေပြီ။ နောက်လာမယ့် နှစ် ၂၀၊ ၃၀ လောက်ဆိုရင် လူဦးရေ သန်း ၁၀၀ အထိ တိုးလာပါလိမ့်မယ်။ အဲ့ဒီအခါကျရင် စားနပ်ရိက္ခာဖူလုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်လာကြမှာပါ”ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဘဝမှ ကမ္ဘာကျော်အတိုက်အခံခေါင်းဆောင်ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတက ထပ်မံချီးကျူးပြောဆို ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ သူမဟာ ကျွန်တော်တို့နဲ့ ဆက်လက် ပူးပေါင်းလုပ်ဆာင်သွားဖို့ ကြိုးစားလိမ့်မယ်လို့ ကျွန်တော်စိတ်ချယုံကြည်ထားပါတယ်”ပာု သမ္မတကပြောကြားသည်။

ကျွန်တော်အနေနဲ့ကတော့ သမ္မတသက်တမ်းတစ်ခုလောက်ပဲ တာဝန်ယူချင်ပါတယ်။ ဒါပေမယ့်လည်း တကယ့်ဆုံးဖြတ်ချက်ကတော့ တိုင်းပြည်ရဲ့ ဆန္ဒနဲ့ပြည်သူတွေရဲ့ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်ပါလိမ့်မယ်”ဟု ဦးသိန်းစိန်က ပြောဆိုသွားခဲ့သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment