yangonchronicle 2011 - (2) |
၂၆.၁၁.၂ဝ၁၂
ဘာသာပြန်သတင်းများ အပိုင်း(၂)
- မြန်မာနိုင်ငံတွင် ခရက်ဒစ်ကဒ် စတင်ထုတ်ဝေရန် JCB စီစဉ်
(The Japan Times မှ 24 Nov 2012 ရက်ဆွဲပါ “JCB to debut credit card in Myanmar “ သတင်ကိုဘာသာပြန်ဆိုသည်)
- အနောက်အုပ်စုနိုးကြားလာခြင်းက တရုတ်တန်ခိုးထွားမူကို နှေးကွေးအောင်လုပ်
(The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
****************************************************
ဘာသာပြန်သတင်းများ
မြန်မာနိုင်ငံတွင် ခရက်ဒစ်ကဒ် စတင်ထုတ်ဝေရန် JCB စီစဉ်
(The Japan Times မှ 24 Nov 2012 ရက်ဆွဲပါ “JCB to debut credit card in Myanmar “ သတင်ကိုဘာသာပြန်ဆိုသည်)
ဂျပန် JCB သည် ကုမ္ပဏီသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင် ခရစ်ကဒ်လုပ်ငန်းကိုစတင်ရန် စီစဉ်ထားပြီး ကနေဦးတွင်နိုင်ငံခြားသား ဧည်သည့်များကိုပစ်မှတ်ထားကာ နောက်ပိုင်းတွင် ပြည်တွင်းသုံးစွဲသူများ ခရက်ဒစ်ကဒ်ထုတ်ပေးခြင်းကို ၂၀၁၄ တွင်စတင်သွားမည်ဟု ကုမ္ပဏီသတင်း ရပ်ကွက်က သောကြာနေ့တွင် ပြောကြားသည်။
တိုကျိုအခြေစိုက် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် JCB ခရက်ဒစ်ကဒ်များသုံးစွဲစေရန် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်း မြန်မာနိုင်ငံတွင်ဝန်ဆောင်မှု ကွန်ယက်တည်ဆောက်ခြင်းကို လာမည့်နှစ်တွင် စတင်မည်ဟု ၎င်းကဆိုပါသည်။
JCB ကုမ္ပဏီသည် ပြည်တွင်းဘဏ်များမှတဆင့် ခရက်ဒစ်ကဒ်များကို ၂၀၁၄ တွင်စတင်မည်ဟု သိရှိရသည်။JCB သည် မြန်မာနိုင်ငံတွင် ပထမဆုံးခရက်ဒစ်ကဒ် ထုတ်ဝေသူဖြစ်လာရန် မျှော်လင့်ထားပြီး ၎င်းနိုင်ငံတွင် ခရက်ဒစ်ကဒ်လုပ်ငန်း လုပ်ကိုင်မည့်အစီအစဉ်ကို JCBနှင့် အခြားကုမ္ပဏီ ၃ ခုတို့က အောက်တိုဘာလက သဘောတူညီမှုရရှိခဲ့ကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ပြည်တွင်းဘဏ်များသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က ခရက်ဒစ်(အကြွေးဝယ်ကဒ်)များကို ထုတ်ဝေခဲ့ကြဘူးသော်လည်း ထိုစဉ်က အမျှော်အမြင်ကြီးမားသော နိုင်ငံအကြီးအကဲ၏ လမ်းညွှန်ချက်ကြောင့် ပြန်လည်းဖျက်သိမ်းခဲ့သည်ဟု ရန်ကုန်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
**************************************************
အနောက်အုပ်စုနိုးကြားလာခြင်းက တရုတ်တန်ခိုးထွားမူကို နှေးကွေးအောင်လုပ်
(The Daily Star မှ 25 Nov 2012 ရက်စွဲပါ “West’t Wake makes China Wane” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်းများစွာ အတားအဆီးမရှိ ခြေလုမ်းကျဲခဲ့သော တရုတ်နိုင်ငံလွှမ်းမိုးမှုသည် ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများက မြန်မာနိုင်ငံနှင့်နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာခြင်းကြောင့် ခြိမ်းခြောက်ခံနေရပြီဟု ကျွမ်းကျင်သူများက ပြောခဲ့သည်။
အာရှစီးပွားရေး တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးစွဲခွင့်ရှိသော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂ၏လူ့အခွင့်အရေး ကိစ္စအရေးယူ ဆုံးဖြတ်ချက်များကို ကာကွယ်ပေးခြင်း၊ ကူသန်းရောင်းဝယ်ခြင်း၊ စစ်လက်နက် ရောင်းချပေးခြင်း တို့မှတဆင့် မြန်မာတပ်မတော်အစိုးရကို ကာလရှည်ကြာကာကွယ် စောင့်ရှောက်ပေးခဲ့သည်။
အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မူကိုဖြစ်ပေါ်စေပြီး ယင်းနိုင်ငံမှ ရေနံ၊ ဓါတ်ငွေ့နှင့်သဘာဝသယံဇာတများ ထုတ်ယူခွင့် ရရှိသွားခဲ့သည်။
သို့သော်လည်း မြန်မာ့တပ်မတော်အစိုးရက မနှစ်ကအာဏာစွန့်လွှတ် ဖျက်သိမ်းသွားခဲ့သောကြောင့် Burma ဟုသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်တံအချို့ ဆုံးရှုံးသွားခဲ့ရသည်။
ယခုအခါ ဥရောပနှင့်အမေရိကန် ကုမ္မဏီများသည် မြန်မာနိုင်ငံတွင် စီးပွားမရှာရန်ပိတ်ပင်ထားမှုမှ ကင်းလွတ်သွားကြပြီဖြစ်ရာ မြန်မာဈေးကွက် နှင့် သယံဇာတများအတွက် တရုတ်၊ အိန္ဒိယအပါအဝင် အာရှတလွှား ကုမ္မဏီများနှင့်ယှဉ်ပြိုင်ရာတွင် လိုက်မှီနိုင်အောင် လမ်းပွင့်သွားပြီဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မကြာသေးမီက ရန်ကုန်ခရီးစဉ်သည် ဝါရှင်တန်နှင့် မြန်မာနိုင်ငံအကြား ပြန်လည်တည်ဆောက်နေသော ဆက်ဆံရေး အကြီးအကျယ် ပြောင်းလဲနွေးထွေးလာခြင်းကို အထင်အရှားဆုံး ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဟောင်ကောင်ယူနီဗာစတီမှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရီနော့အီးဂရက်တူးက “မြန်မာနိုင်ငံသည် ကာလရှည်ကြာ မှီခိုခဲ့ရသော တရုတ်နိုင်ငံထံမှ ပြန်လည် ခွာထွက်ခြင်းလမ်းပေါ်တွင် ရောက်နေပြီ”ဟု ပြောကြားသည်။
“တစ်ဦးထဲမောင်ပိုင်စီးတဲ့ မိုနိပိုလီခေတ်အဆုံးသတ်သွားပြီ ဆိုတာကတော့ ရှင်းနေပါတယ်။ ဒါပေမဲ့အားကောင်းတဲ့ လွှမ်းမိုးမှုကတော့ ကျန်နေ တုန်းပဲ”ဟု ၎င်းကမှတ်ချက်ပေးသည်။
တရုတ်နိုင်ငံ တန်ခိုးထွားလာခြင်းကြောင့် အာရှပစ္စဖိတ်ဒေသသည် အမေရိကန်မူဝါဒမဟာဗျုဟာမြောက် ရွှေ့ပြောင်းခြင်း အစီအစဉ်တစ်ရပ် အဖြစ် အမေရိကန်တို့၏ သံတမန်ရေး ခြေလှမ်းကျဲမှုများသည် မနှစ်က ဟီလာရီကလင်တန်၏ နေပြည်တော်ခရီးကြောင့် ပိုမိုထင်ရှားလာခဲ့ပြီး ဘီးဂျင်းကို တုန်လှုပ်သွားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ တန်ခိုးထွားလာမူကိုနှေးကွေးအောင် ဟန့်ထားရာမှာ စစ်ရေးနဲ့မဆိုင်တဲ့ နည်းလမ်းတွေ ပိုမိုအသုံးပြု ပါလိမ့်မယ်”ဟု China Institute of Conternporary International Affairs မှ ဒါရိုက်တာယွန်းပင်းက သုံးသပ်သည်။
“ဝါရှင်တန်သည် ရည်မှန်းချက်အောင်မြင်ဖို့အတွက် မဟာမိတ်ဖွဲ့ခြင်း၊ လုပ်ဖော်ကိုင်ဖက် အဆင့်မြင့်ခြင်း၊ တရုတ်နှင့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတို့အကြားဆက်ဆံရေးကို သပ်လျှိုခြင်းတို့ ပြုလုပ်လိမ့်မည်ဟု ယခုနှစ်အစောပိုင်းက အစိရင်ခံစာတွင် ယွန်းပင်းက ရေးသားထားသည်။
ဘီးဂျင်းရှိ ရှင်းဟွာယူနီဗာစတီမှ နိုင်ငံခြားရေးရာကျွမ်းကျင်သူ ပါမောက္ခချန်ကွီက “ဘယ်လိုပဲဖြစ်ဖြစ်၊ တရုတ်နဲ့မြန်မာအကြားက နက်ရှိုင်းတဲ့ ဆက်ဆံရေးဟာ တစ်ညတည်းနဲ့ ပျောက်မသွားနိုင်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံက နိုင်ငံတကာထောက်ခံ အားပေးပံ့ပိုးမှုကို ရသွားပြီဆိုရင်တော့၊ တရုတ်နိုင်ငံက ရှိရင်းစွဲဆက်ဆံရေးကို ထိန်းထားဖို့အတွက်ပိုကောင်းတဲ့ သံသမန်ရေးနည်းလမ်းတွေ လိုအပ်လာမှာပေါ့”ဟု သုံးသပ်ပြောကြားသည်။
*****************************************************************************************