Q & C |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
"၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုတယ်။ တောင်းဆိုတဲ့ ကျောင်းသားတွေက နှစ်ဖွဲ့ကွဲသွားတယ်။ တစ်ဖွဲ့က မြို့မှာ ကျန်ခဲ့ပြီးတော့ ဒီမိုကရေစီရအောင် တောင်းဆိုတယ်။ နောက်တစ်ဖွဲ့က လက်နက်ကိုင်ပြီး တောင်းဆိုမယ်ဆိုပြီး တောထဲ ထွက်သွားတယ်။ သူတို့က သူတို့ရဲ့ ယုံကြည်ချက်အတွက် အနစ်နာခံခဲ့ကြတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီမိုကရေစီ စနစ်ကို သွားနေတာဆိုတော့ စနစ်ကို တိုက်စရ မလိုတော့ဘူး။ စနစ်ကမှန်နေပြီ ဒီမှာလာပြီး ပူးပေါင်းဆောင်ရွက်တာပါ။ ဒီပွဲဟာ အောင်မြင်တဲ့ပွဲလို့ ပြောရမယ်"
သြဂုတ် ၁၁ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အစိုးရနှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး”သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။
"ကျွန်တော်တို့ကလည်း ပြီးသလောက်လုပ်ပြီး ကျွန်တော်တို့ လုပ်တဲ့ဟာတွေ အားလုံးကို လွှတ်တော်မှာ ကတိကဝတ်များ ကော်မတီဆိုတာ ရှိတယ်။ အဲဒီမှာ ပေးခဲ့မယ်။ ပေးခဲ့ပြီး ပြီးအောင်ကြိုးစားပြီး လုပ်မယ်။ မပြီးရင်လည်း ကတိကဝတ် အနေနဲ့ ထားခဲ့မယ်။ နောက်အစိုးရအနေနဲ့လည်း မလုပ်လို့ မရပါဘူး။ သူတို့ကလည်း ဆက်လုပ်မှာပဲ။ အားလုံးကလည်း ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ငြိမ်းချမ်းရေးကို နောက်အစိုးရသစ်လည်း လုပ်မှာပဲ။ အခုလည်း လုပ်နေတာပဲ"