International Media |
ဘာသာပြန်သတင်းများ (၁)
(15 August 2013 ရက်စွဲပါ VOA News မှ Murder trial begins fir Burmese Buddhists ကိုဘာသာပြန်ဆိုသည်)
(Radio Free Europe မှ 16 Aug 2013 ရက်စွဲပါ “ Aung San Su Kyi to visit Eastern Europe”သတင်းကို ဘာသာပြန်ဆိုသည်)
(Bangkok post မှ 15 Aug 2013 ရက်စွဲပါ “Thailand cool on Myanmar visa Plan” သတင်းကို ဘာသာပြန်ဆိုသည်)
တောင်ကုတ်၏လူသတ်မှုအတွက် ဗုဒ္ဓဘာသာဝင်များအား စတင်စစ်ဆေး
(15 August 2013 ရက်စွဲပါ VOA News မှ Murder trial begins fir Burmese Buddhists ကိုဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က လူမျိုးရေးအရ ပြင်းထန်သော အကြမ်းဖက်မှုများအတွက် မီးပွားပာုဆိုရမည့် အဖြစ်အပျက် တွင် ရိုပာင်ဂျာမူဆလင်များအား သတ်ဖြတ်သည်ပာု စွပ်စွဲခံရသူ ဗုဒ္ဓဘာသာဝင်ခြောက်ဦးအား စတင်ရုံးထုတ်စစ်ဆေး ခဲ့ပါသည်။
၎င်းတို့အား ရခိုင်ပြည်နယ် တောင်ကုတ်တရားရုံးတွင် စစ်ဆေးလျက်ရှိရာ အပြစ်ရှိပါက တစ်သက်တစ်ကျွန်း ကျခံရဖွယ် ရှိပါသည်။
၂၀၁၂ ဇွန်လက ဘတ်စ်ကားပေါ်မှ မူဆလင်ဆယ်ဦးအား လူအုပ်ကြီးဖြင့် သတ်ဖြတ်ခံရမှုတွင် ၎င်းတို့မှာ ပထမဆုံး တရားရုံး သို့ ပို့ဆောင်ခံရသူများဖြစ်ပါသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက VOA သို့ပြောကြားရာတွင် အဆိုပါ သတ်ဖြတ်မှုကို မြို့ခံမပာုတ်သူ တစ်စိမ်းများက စတင်လုပ်ဆောင်ခဲ့ကြောင်းဆိုပါသည်။
“ဒီခြောက်ယောက်ကိုဖမ်းပြီး တရားစွဲတာ သံသယရှိပါတယ်။ လူဆယ်ယောက်ကို ဒီခြောက်ယောက်နဲ့တင် သတ်တာ မဖြစ်နိုင်ပါဘူး။ အဲဒီအဖြစ်အပျက်မှာ မသင်္ကာဖွယ်ရာတွေ အများကြီးရှိပါတယ်။ ဒီရာဇဝတ်မှု ကျုးလွန်မှုကြီးမှာ ပါဝင်တဲ့ အများစုက တစ်စိမ်းတွေပါ။ ဒေသခံတွေမပာုတ်ပါဘူး”ပာု ၎င်းက ပြောပါသည်။
ထိုကဲ့သို့ သတ်ဖြတ်ခြင်းမှာ ၎င်းအဖြစ်အပျက်မတိုင်မီ ရက်သတ္တပတ်အနည်းငယ်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မတရား ပြုကျင့်၍ သတ်ဖြတ်ခဲ့မှုအတွက် လက်စားချေခြင်းပာု ယုံကြည်ရပါသည်။
အဆိုပါ အဖြစ်အပျက်နှစ်ခုစလုံးမှာ လူပေါင်း(၂၀၀)ကျော်သေဆုံးပြီး၊ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသော မူဆလင်များနှင့် ဗုဒ္ဓဘာသာကြား အကြမ်းဖက်မှုအတွက် မီးပွားများဖြစ်ကြောင်း အပြစ်တင်ခဲ့ကြပါသည်။
ပြီးခဲ့သည့်အပတ် အစောပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်သည် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ထိုဒေသတွင် နောက်ထပ်အကြမ်းဖက်မှုတစ်ခုလည်းဖြစ်ခဲ့ပါသည်။
Tomas Ojea Quintana ကရိုပာင်ဂျာ မူဆလင်စခန်းသို့ လှည့်လည်စဉ်၊ ငြိမ်းချမ်းသောအဖြေရှာရေးတွင် စုစည်းကူညီရန် ပြောကြား ခဲ့ပါသည်။
ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ပြောကြားရာတွင် ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်းကြား ယုံကြည်မှု တည်ဆောက်ရေးကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် အရှေ့ဥရောပသို့ ခရီးထွက်မည်
(Radio Free Europe မှ 16 Aug 2013 ရက်စွဲပါ “ Aung San Su Kyi to visit Eastern Europe”သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သုံးနိုင်ငံခရီးစဉ်အဖြစ် လာမည့်လတွင် အရှေ့ဥရောပသို့ သွားရောက်လည်ပတ်တော့မည်ဖြစ်သည်။
ချက်ရီပတ်ဗလစ်၊ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံများသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဖြစ်ကြောင်း၊ Forum 2000 foundation က ၄င်း၏ ဝက်ဆိုက်တွင် သြဂုတ်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ နောက်ပိုင်းသူမ၏ ဒုတိယမြောက်ဥရောပခရီးစဉ်ကို စက်တင်ဘာ ၁၅ရက်တွင် စတင်ကာ ပရာ့ဂ်သို့ဦးစွာရောက်ရှိမည်ဖြစ်ပြီး ချက်သမ္မတဟောင်း ဗားကလပ်ဟားဗယ် ပူးတွဲထူထောင်ထား သော Forum 2000 foundation က စီစဉ်ကျင်းပမည့် ကွန်ဖရင့်သို့တက်ရောက်မည်ဟု သိရှိရသည်။
ဗားကလက်ဟာဗယ်သည် ၄င်း သမ္မတတာဝန်ယူစဉ်ကာလအတွင်းက ၁၉၉၁ တွင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် စာရင်းသွင်းပေးခဲ့သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ကွန်မြူနစ်ခေတ်လွန် အရှေ့ဥရောပသို့ ပထမဆုံးသွားမည့် ခရီးနှင့်ပတ်သတ်၍ ပြောကြားရာတွင် “တူညီတဲ့တန်ဖိုးတွေကို အတူမျှဝေပိုင်ဆိုင်ထားသူတွေထက် ပိုပြီးကောင်းတဲ့ မိတ်ဆွေမရှိတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် သမ္မတဟောင်း ဗားကလတ်ဟာဗယ်နဲ့ မြန်မာပြည်က ကျွန်မတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အတူတူငတ်မွတ်ခဲ့ကြသူတွေဖြစ်ကြပြီး၊ ဒါ့ကြောင့်လည်း သမုဒ္ဒရာတွေ ကုန်းမြေတွေကိုကျော်ပြီး မိတ်ဆွေဖြစ်လာ ခဲ့ကြတာပါ။“ ဟု မှတ်ချက်ပေးခဲ့သည်။
ကမ္ဘာတလွှား အာဏာရှင်စနစ်များမှ ဒီမိုကရေစီအစိုးရစနစ်များသို့ အသွင်ကူးပြောင်းနေကြသော နိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာဆွေးနွေးမည့် ယခုနှစ် Forum 2000 ကွန်ဖရင့်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည်ဟု မျှော်လင့်ရသည်။
အဆိုပါကွန်ဖရင့်သို့ မြန်မာအတိုက်အခံခေါင်းဆောင်အပြင် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ အမေရိကန်အဆိုတော် ဂျုံးဘေ့စ်၊ တောင်အာဖရိကသမ္မတဟောင်း ဒီကလပ် စသော နာမည်ကျော်ပုဂိုလ်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့ဥရောပခရီးစဉ်သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် အဆုံးသတ်သွားသော ၂၀၁၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထင်ဟပ်လျက်ရှိသည်။
ပြီးခဲ့သော ၂၄ နှစ်အတွင်း ၁၅နှစ်ခန့်နေအိမ်တွင် အကျယ်ချုပ်ထိန်းသိန်းခံခဲ့ရသူ မြန်မာအတိုက်အခံ ခေါင်းဆောင်သည် အကယ်၍ မြန်မာနိုင်ငံမှ သူမထွက်ခွာသားမိပါက တပ်မတော်အစိုးရက ပြန်လာခွင့်ပေးမည် မဟုတ်သောကြောင့် ပြည်ပခရီးသို့ ခရီးမသွားနိုင်ခဲ့ပေ။
သို့သော် တပ်မတော်အစိုးရ ဖျက်သိမ်းပြီးနောက် အရပ်ဖက်အမည်ခံအစိုးရ အာဏာရရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားခရီးစဉ်များကို လွတ်လပ်စွာသွားလာနိုင်သည့်အပြင် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး၊ တရားဝင်နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားခွင့်ရရှိလာခဲ့သည်။
မြန်မာ အဆိုပြုသော ဗီဇာ အစီအစဉ်ကို ထိုင်းသွေးအေး
(Bangkok post မှ 15 Aug 2013 ရက်စွဲပါ “Thailand cool on Myanmar visa Plan” သတင်းကို ဘာသာပြန်ဆိုသည်)
နှစ်ဖက်နိုင်ငံအားများ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်စေရန်အတွက် မြန်မာနိုင်ငံက ဗီဇာကင်းလွတ်ခွင့် ပြုရေး အဆိုပြုရေး အဆိုပြုထားခြင်းကို ထိုင်းနိုင်ငံက စိတ်အားထက်သန်ခြင်းမရှိပေ။
ဗုဒ္ဓဟူးနေ့က ဟွာဟင်းတွင်ကျင်းပသော အာဆီယံဝန်ကြီးများ အစည်းအဝေး၏ အဝန်းအဝိုင်းတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်းကူးထံ ယင်းကိစ္စကို ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မစ္စတာ ဆူပရာပေါင်က နှစ်နိုင်ငံ ဗီဇာ ဖယ်ရှားရေးကိစ္စသည် မြန်မာအလုပ်သမားများ တရားမဝင် လာရောက်လုပ်ကိုင်ခြင်းကို အခြားဌာနဆိုင်ရားများက သေသေချာချာ ဆွေးနွေးကြရမည့် ကိစ္စဖြစ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း ၆လ ခိုလှုံခွင့်သက်တမ်း ကျော်လွန်နေသော ရိုဟင်ဂျာအတွက် နိုင်ငံသား စီစစ်ခြင်းကို အရှိန်အဟုန်မြှင့်ရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းရိုဟင်ဂျာ ၂၀၀၀ခန့် ရောက်ရှိနေရာ၊ ၁၇၀၀ ခန့်ကို လှုဝင်မှု ကြီးကြပ်ရေး စခန်းများတွင် ထိန်းသိမ်းထားပြီး၊ ကျန်ရိုဟင်ဂျာများကို ယာယီစခန်းများဖြင့် ထားရှိသည်။
ထိန်းသိမ်းရေးစခန်းနှစ်ခုမှ ရိုဟင်ဂျာများအနက် မြန်မာဖက်မှ ထွက်ပြေးလာသူ ၁၀ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ ကျန်ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဖြစ်ကြောင်း၊ မြန်မာစကားမပြောတတ်ကြကြောင်း၊ မြန်မာနိုင်ငံမှ နေရပ်ကိုလည်း မပြောပြနိုင်ကြကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုသွားသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည် ပြောပြသည်။
၎င်းရိုဟင်ဂျာများအား ပြန်ပို့ရေး(သို့)တတိယနိုင်ငံတစ်ခုတွင် အခြေချရေးနှင့် ပတ်သက်ပြီ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ OIC ၊ UNHCRတို့ နှင့်အတူ ထိုင်းနိုင်ငံက ပူပေါင်းဆောင်ရွက်နေသည်ဟုလည်း ဆူပရာပေါင်က ပြောကြားသည်။
သို့သော် ထိုပြဿနာကို အခြားနိုင်ငံမျာက လှစ်လှူရှုနေကြသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရပ်ကွက်က ဆိုပါသည်။