International Media (1) |
နိုင်ငံတကာသတင်းများ (၁)
မြန်မာနိုင်ငံတွင် လူနည်းစုကို လေးစားရမည်
(7 Oct 2013 ရက်စွဲပါ New Strait Times မှ Farish A Noor ရေးသားသော Myanmar must respect minorities ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများနောက်တစ်ကြိမ်ဖြစ်ပွားပြန်ပြီ ဖြစ်ပါသည်။ ရိုဟင်ဂျာလူနည်းစု အပေါ် အကြမ်းဖက်မှုများအကြောင်းများသည် သတင်းခေါင်းစဉ်နေရာများတွင် တဖန်နေရာယူလျက် ရှိနေပြန် ပါသည်။
အဆိုပါ ကိစ္စရပ်သည် မြန်မာနိုင်ငံနယ်နိမိတ်ကိုကျော်၍ သက်ရောက်မှုများရှိနေရာ အားလုံးမြင်နိုင်သည့် သက်သေများဖြစ်ပါသည်။ နယ်စပ်ကိုကျော်၍ ထွက်ပြေးမှုများရှိနေရာ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အခြားတိုင်းပြည်များသို့ သက်ရောက်မှုများရှိနေသည့်ပြင် လှေဖြင့်ထွက်ပြေးသူများကြောင်းအခြား အရှေ့တောင်အာရှနိုင်ငံများသို့ပင် သက်ရောက်မှုများရှိနေပါသည်။
သို့သော် အဆိုပါ ထင်ရှားသော ကိစ္စရပ်ကို နောက်ကြောင်းပြန်၍ ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရာတွင် ၎င်းမှာ မြန်မာနှင့်ချည်းဆိုင်သော သို့မဟုတ် ရိုဟင်ဂျာများကိုယ်တိုင်နှင့်သာဆိုင်သော သီးသန်းကိစ္စတစ်ခု မဟုတ်ပေ။
အမှန်တကယ်တွင် ၎င်းမှာ ကာလရှည်ကြာဖြစ်တည်ခဲ့သော သမိုင်းကြောင်းနှင့် ခေတ်ပြိုင် အမျိုးမျိုးသော အချက်များ၏ ရလဒ်ဖြစ်ပါသည်။ ၎င်းတွင် အတိတ်က ကိုလိုနီအုပ်ချုပ်ရေးက မြန်မာလူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသားများကို စည်းခြားခွဲပေးခဲ့သည့် အခန်းကဏ္ဍကလည်း တစ်ခုဖြစ်ပါသည်။ ကိုလိုနီခေတ်တွင် ရွှေ့ပြောင်းဝင်ရောက်လာမှုများ၏ ရလဒ်ကလည်း မြန်မာ့လူ့အဖွဲ့အစည်းကို ပုံပျက်သွားစေပါသည်။ အချို့ လူ့အဖွဲ့အစည်းများ (ကရင်ကဲ့သို့သော) ကို အခြားလူ့အဖွဲ့အစည်းများ၏ ငွေဖြင့် ကောင်းစွာ လုပ်ဆောင်ပေးမှုများရှိသည်ဆိုသည့် အမြင်များလည်း ပါဝင်ပါသည်။
ထိုအထဲတွင် ပေါင်းထည့်ရမည့်အချက်အဖြစ် ယနေ့မြန်မာနိုင်ငံတွင် လူမျိုးစွဲအမျိုးသားရေးစိတ်ဓါတ်များ နိုးထ လာခြင်းဖြစ်ပြီး၊ ကြီးကျယ်သောအတိတ်၊ ပစ္စုပန်နှင့် အနာဂတ်ပိုင်ဆိုင်သော ဗမာ-ဗုဒ္ဒ နိုင်ငံအဖြစ် သမရိုးကျ မဟုတ်သည့် အမြင်များ ထုတ်ဖော်လာခြင်း ဖြစ်ပါသည်။
သမိုင်းဆရာတိုင်းက သမိုင်းအချက်အလက်များကို စာတမ်းပြုစုထားမှုများက ပြဆိုရာတွင် မြန်မာ့လူ့အဖွဲ့ အစည်းတွင် မြန်မာတိုင်းရင်းသားအပြင် အခြားလူ့အဖွဲ့အစည်းများလည်း ပါဝင်သည်ဆိုသည့် မေးခွန်းကို မေးလာနိုင်ပါသည်။ ရာစုနှစ်များစွာကတည်းက ရှမ်း၊ချင်း၊ ကရင်နှင့် အခြား တိုင်းရင်းသားများ နေထိုင်ရာ ၎င်းတို့တွင် ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဖြစ်တည်မှုများ ကိုယ်ပိုင်ရှိကြပါသည်။
သမိုင်းမှတ်တမ်းများက အရေးပါလှစွာပြဆိုသည်မှာ ရခိုင်များ၏ ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်မှုရှိခဲ့သော ဒေသ ဖြစ်ပြီး ၁၈ ရာစုနှောင်းပိုင်းထိတိုင်ရှိခဲ့သည်ဟု ပြဆိုပါသည်။ ဥရောပသဘောင်္များသည် ဟင်းခတ်အမွှေးအကြိုင် များရှိသော ကျွန်းများသို့ သွားရာတွင် ရခိုင်တွင် ကုန်သွယ်ရန်ရပ်နားလေ့ရှိခဲ့ပါသည်။ ထို့ကြောင့် ရခိုင်ပြည်မှ ပြည်သူများသည် အချို့မြန်မာအမျိုးရေးဝါဒီများဆိုသကဲ့သို့ အသစ်ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်သည် ဆိုသည်မှာ အလျဉ်းမဟုတ်ပေဟု ဆိုနိုင်ပါသည်။
သို့သော် အချို့နိုင်ငံများသည် အဘယ့်ကြောင့် အတိတ်က ၎င်းတို့၏ ရှုတ်ထွေးမှုများနှင့် ဖြစ်တည်မှုများ အကြောင်းသာ ထပ်တလဲလဲပြောနေသနည်း။ ၎င်းတို့အတွင်း အများစုပါဝင်နေခြင်းအပေါ် အဘယ့်ကြောင့် မနှစ်သက်ဖြစ်နေရနည်း။
မြန်မာနိုင်ငံသည် ယဉ်ကျေးမှုပေါင်းစုံလက်ခံသောမူဝါဒလိုအပ်လျက်ရှိပါသည်။ အဆိုပါ မူဝါဒအရ မြန်မာနိုင်ငံ တွင် ဗမာ-ဗုဒ္ဒဘာသာ အများစုရှိသော်လည်း အခြားတိုင်းရင်းသားများနှင့် ဟိန္ဒူ၊ ခရစ်ယာန် နှင့် မွတ်ဆလင် များ ပါဝင်သော ဘာသာရေးအုပ်စုများ ပါဝင်သည်ကို လက်ခံရပါမည်။
နောက်ဆုံးတွင် ဟိန္ဒူလွှမ်းမိုးသော အိန္ဒိယနိုင်ငံသည်ပင် ဘာသာဗေဒ-ဘာသာရေး- တိုင်းရင်းသား ကွဲပြားခြား နားမှုကို လက်ခံလာရပြီး မွတ်ဆလင် လွှမ်းမိုးသော အင်ဒိုနီးရှားတွင်လည်း ဤနည်းအတိုင်းဖြစ်ပါသည်။
နိုင်ငံတစ်ခုနှင့် အခြေအနေတစ်ခုတွင် ကျဉ်းမြောင်းသော လူမျိုးစွဲ အမျိုးသားရေးဝါဒနိုးထခြင်းကို ရင်ဆိုင်လာရ ပါက ကျွန်ုပ်တို့၏ စိတ်ထဲတွင် သိရှိနေရမည့်အချက်မှာ ၎င်းတို့ပါဝင်မှုရလာသည်နှင့်အမျှ ဖယ်ထုတ်ရန် စဉ်းစား လုပ်ဆောင်လာသည့် အခြေခံကျသည့် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိသည်မှာ ထိုသို့သော လူထုလှုပ်ရှားမှုများ၏ အရေးပါသော်လည်း ငုတ်လျှိုးနေတက်သည့် အကြောင်းရင်းမြစ်မှာ ယဉ်ကျေးမှု၊ ဘာသာ ရေးတို့ထက်စာလျှင် နိုင်ငံရေးဘောဂဗေဒ ဖြစ်သည်ဟု ဆိုရပါမည်။
ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များအပေါ် စာရေးသူ၏ ကိုယ်ပိုင်အမြင်စိုးရိမ်မှုမှာ တိုင်းရင်းသားများနှင့် ဘာသာရေးလူနည်းစုများအပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဗုဒ္ဒဝါဒဟု အမည်တပ် ထားသော အစွန်းရောက် အုပ်စုအသေးလေးတစ်ခုက လုပ်ဆောင်နေခြင်း ဖြစ်မည်ဟူသော အချက်ဖြစ်သည်။ ၎င်းတို့သည် ယေဘူယျအားဖြင့် ဗုဒ္ဒဘာသာ၏ အမည်ကို ညစ်နွမ်းစေပြီး ထိုနည်းအတိုင်းပင် မွတ်ဆလင်များ၏ ပုံရိပ်ကို ယေဘူယျ ထိခိုက်ပျက်စီးစေပါသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီအတွက် အသွင်ကူးပြောင်းရေးကို ဖြေးဖြေးလုပ်ဆောင်နေပြီး နိုင်ငံတကာအသိုင်း အဝိုင်း၏ အသိအမှတ်ပြုမှု ထောက်ခံမှု ရရန်ကြိုးပမ်းနေရာ၊ မြန်မာအနေဖြင့် လေ့လာသိရှိထားရမည့် အချက်မှာ အသိအမှတ်ပြုမှုရရှိရန် အချို့နိုင်ငံတကာစံများနှင့် သတ်မှတ်ချက်များ ပြည်မှီရန် လိုအပ်သည်ဆိုသည့် အချက် ဖြစ်ပါသည်။
ထိုအထဲတွင် အမျိုးမျိုးသော လူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီလုပ်ငန်းစဉ်မှတဆင့် မိမိတို့၏ ဖြစ်တည်မှုကို ဖော်ထုတ်နိုင်မည့် အခြေအနေတစ်ခုဖန်တီးပေးရန် လိုအပ်ပါသည်။ အဆိုပါ ဒီမိုကရေစီလုပ်ငန်းစဉ်တွင် အသိုင်းအဝိုင်း အားလုံးသည် ဤနိုင်ငံတည်ဆောက်ရေးစီမံကိန်းများသည် ၎င်းတို့ကိုလည်း ကိုယ်စားပြုသည်ဟု ခံစား နိုင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အတိတ်က အများစုပေါင်းနေထိုင်ခဲ့မှုကို ပြန်ကြည့်ရမည်ဖြစ်ပြီး၊ ထိုသို့နေထိုင်ရန် ဖြစ်နိုင်ခဲ့သည် ကို မှတ်သားရမည် ဖြစ်ပါသည်။ ၁၉၄၀ နောက်ပိုင်းကာလအထိ ဗမာမဟုတ်သော တိုင်းရင်းသားများ၊ ဘာသာ ရေး လူနည်းစုများသည် အမှန်တကယ်ပင် အစိုးရအဖွဲ့အတွင်း၊ ပါတီများ၊ လက်နက်ကိုင်တပ်များနှင့် စီးပွားရေး အသိုင်းအဝိုင်းတွင် ပါဝင်ခဲ့ပါသည်။
နိုင်ငံတည်ဆောင်ရေး လုပ်ငန်းစဉ်များသည် လက်တွေ့ဘဝလူ့အဖွဲ့အစည်းများ၏ အရှိတရားများကို အတိအကျထင်ဟပ်နိုင်မှသာလျှင် အလုပ်ဖြစ်နိုင်မည်ဖြစ်ပါသည်။ အမှန်တကယ်အရှိတရားမှာ မြန်မာနိုင်ငံသည် အမှန်တကယ်ယဉ်ကျေးမှုအရ ကြွယ်ဝပြီး၊ အများစုပေါင်းနေထိုင်သော လူ့အဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကြွယ်ဝပြီး၊ ကွဲပြားခြားနားသည့် ဖြစ်တည်မှုကိုပင် အကြောင်းပြချက်တိုင်းအတွက် ကျေးဇူးတင်ရပေလိမ့်မည်။