ဘာသာပြန်သတင်းများ (၂)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် တရုတ်မှသင်ခန်းစာ
(27 Oct 2013 ရက်စွဲပါ The Diplomat မှ Peter Birgbauer ရေးသားသော China lessons for Myanmar Investors ကို ဘာသာပြန်ဆိုသည်။)
၁၉၉၀ ခုနှစ်များ အစောပိုင်းတွင် တရုတ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တံခါးဖွင့်ပေးခဲ့သောအခါ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီများသည် ကမ္ဘာပေါ်တွင်အကြီးဆုံး ဈေးကွက်ကြီးအတွင်းသို့ဝင်ရောက်ရန် အတွက် ရင်ခုန်မှုမှာ ထိန်းမနိုင်သိမ်းမရ ရှိခဲ့သည်။ လူဦးရေမှာ တစ်ဘီလီယံကျော်ရှိသည့်အတွက် တရုတ်နိုင်ငံသည် စဉ်းစားနိုင်သမျှသော ကဏ္ဍတိုင်းတွင် မဆုံးနိုင်သော အခွင့်အလမ်းများ ပေးနေသည့်ပုံရှိပါသည်။ ကမ္ဘာတစ်လွှားရှိ ကုမ္ပဏီများသည် ထိုဈေး ကွက်သို့ ဝင်ရောက်ရန် စဉ်းစားခြင်း၊ ဆွေးနွေးခြင်းများမှာ သာမန်ထက်ပိုလှသည်။ ကုမ္ပဏီများသည် ရုံးခန်းနေရာများ အလျင်အမြန် ရှာဖွေခြင်းများကို လုပ်ဆောင်နေကြပါသည်။ သို့မှသာ တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ စတင် နိုင်မည်ဖြစ်ပါသည်။
ထိုသို့စိတ်လှုပ်ရှားမှုများနှင့် လျင်မြန်စွာလုပ်ဆောင်နေမှုများတွင် ကုမ္ပဏီအများစုအနေဖြင့် ၎င်းတို့သည် ဈေးကွက်တွင်းသို့ ဝင်ရောက်မှုအတွက် သင့်လျော်စော စီးပွားရေးလုပ်ငန်းဟုတ်မဟုတ် သေချာစွာ စဉ်းစားခြင်း မရှိခဲ့ကြပေ။
ယခုလည်း အာဏာရှင်စနစ်မှ တံခါးဖွင့်လာသော မြန်မာနိုင်ငံတွင် ထိုသို့သော ဟစ်စတီးရီးယားမျိုး ဖြစ်ပေါ် လျက်ရှိပါသည်။ မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှ နောက်ဆုံးထွက်ပေါ်လာသော စီးပွားရေးမျက်နှာစာတစ်ခုအဖြစ် ရှု့မြင်လျက် ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တစ်စာစာအော်၍ ဝင်ရောက်လာကြပါသည်။ စီးပွားရေး ပညာရှင်များနှင့် သရုပ်ခွဲသူများကလည်း တိုင်းပြည်၏အလားအလာကိုပြော၍ တိုက်တွန်းလျက်ရှိကြပါသည်။ သို့သော် ယခုအကြိမ်တွင် လည်း ကုမ္ပဏီအများစုသည် မြန်မာဈေးကွက်သို့မဝင်ရောက်မီ ၎င်းတို့၏ စီးပွားရေးနှင့်ပတ်သက်၍ အခြေခံကျသော မေးခွန်းများကို မပေးနိုင်ခဲ့ကြပေ။
၎င်းမှာ အမြင်မကျယ်မှုနှင့် ငွေကြေးဆုံးရှုံးနိုင်ရန် လမ်းတစ်ခုပင်ဖြစ်ပါသည်။ အချို့ကုမ္ပဏီများသည် မြန်မာ နိုင်ငံတွင် ကောင်းစွာရင်းနှီးမြှုပ်နှံလုပ်ဆောင်လျက်ရှိပါသည်။ သို့သော်အများစုမှာမူ နစ်န်ာမှုများ ရှိနိုင်ပါသည်။ တရုတ် နိုင်ငံတွင် ထိုအချက်မှန်ကန်ခဲ့ပါသည်။ တရုတ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ထားမှုဖြေလျော့ပေးခဲ့သောအခါ ကဏ္ဍမျိုးစုံမှ ကုမ္ပဏီများသည် လျင်မြန်စွာတိုးတက်နေသော ဈေးကွက်သစ်တံသ် ခြေကုတ်ရရန် ကြိုးစားခဲ့ကြပါသည်။ မူလအစတွင် လုပ်သားဈေးပေါမှုကြောင့် ထုတ်လုပ်မှုကဏ္ဍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကိုဆွဲဆောင်ခဲ့ ပါသည်။ ၂၀၁၃ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ၏ လုပ်သားဈေးပေါမှုကို အကြောင်းပြု၍ အထည်ချုပ်ကဏ္ဍသည် FDI ကိုအများဆုံးဆွဲဆောင်ခဲ့ပါ သည်။ သို့သော် တရုတ်ပြည်တွင် အခြားကဏ္ဍများ အရှိန်အဟုန်ရလာရန် အချိန်အနည်း ငယ်ကြာခဲ့ပြီး၊ တရုတ်ပြည်တွင်းဈေးကွက်ရှိနေရန် မျှော်မှန်းသော ကုမ္မဏီများ၏ ပြန်ဆွဲဆောင်နိုင်ရန် အချိန်စောင့်ခဲ့ ရပါသည်။
မြန်မာနိုင်ငံသို့ အရင်းအမြစ်များနေရာချထားရန် ဆုံးဖြတ်ရာ ကုမ္မဏီများအနေဖြင့် အချို့အခြေခံကျသော မေးခွန်းတစ်ချို့ကို ကိုယ့်ကိုကိုယ်ပြန်မေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် အဘယ်သို့သော ဈေးကွက်အခွင့် အလမ်းများရှိပါသနည်း။ ထို့အခွင့်အလမ်းများသည် မိမိတို့၏ အဓိကထုတ်ကုန်နှင့် ဝန်ဆောင်မှုတို့ဖြင့် ကိုက်ညီမှု ရှိရဲ့လား။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိမိတို့၏ စီးပွားရေး မော်ဒယ်ပုံစံကို အထောက်အကူပြုပါသလား။ မိမိတို့မှာ တိုးတက်ကြီးထွားရေး မဟာဗျူဟာရှိသလား။ မြန်မာနိုင်ငံဟာ ယခုအခါ မိမိတို့၏ ကြီးပွားရေးမဟာဗျူဟာလား။ မြန်မာပြည်မှာ ဆက်နေနိုင်မယ့် ပါဝါရှိသလား။ လျင်မြန်စွာ ထွက်နိုင်မယ့် ထွက်ပေါက်ရှာထားသလား။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့လိုတဲ့ အဓိကအကြောင်းပြချက် ကဘာလဲ။ ရေတိုကိုကြည့်၍ အဆိုပါအခြေခံသော မေးခွန်းများကို မှန်ကုန်စွာ ဖြေနိုင်ပါ ရေရှည်တွင် ကြီးမားသောအမှားများကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ဤသို့လုပ်ဆောင်ရန်မှာ ရှင်းလင်းလွယ်ကူသော်လည်း အံ့သြဖွယ်အရေအတွက်ရှိသည့် ကုမ္မဏီများသည် တရုတ်ပြည်တွင် လည်းကောင်း၊ ယခု မြန်မာပြည် တွင် လည်းကောင်း ဤသို့လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ပေ။ ကုမ္မဏီများစွာသည် Beijing နှင့် ရှန်ဟိုင်းတွင် ၎င်းတို့၏ ရုံးများကို အထောက်အကူပြုမည့် သတ်သတ်မှတ်မှတ် အကြံပေးသူမရှိခဲ့ခြင်းကြောင့် ၁၂ - ၁၈ လအတွင်း ဈေးကွက်မှ ပြန်လည်ထွက်ခွာသွားခဲ့ရပါသည်။ ကိုကာကိုလာနှင့် GE ကဲ့သို့သော နိုင်ငံတကာကုမ္ပဏီကြီးများ ကာလရှည်ကြာ တည်ရှိနေနိုင်သည့် ပါဝါရှိပြီး ၎င်းတို့၏ ဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရေရှည်ချဉ်းကပ်မှု ရှိပါသည်။ သို့သော် အသေးစားနှင့်အလတ်စား ကုမ္ပဏီမျာအတွက်မူ အကန့်အသတ်မရှိသော ဘတ်ဂျက်မရှိခြင်းကြောင့် မှားယွင်းသော ရင်းနှီးမြှုပ်နှံမှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ရတက်ပါသည်။
ကြီးမားသောမျှော်လင့်ချက်များနှင့် မြှုပ်နှံရမည့် ကုန်ကျစရိတ်များ၊ မိမိနှင့်ပြိုင်ဖက်များက ဈေးကွက်သစ်တွင် ရုံးခန်းများ ဖွင့်လှစ်လာခြင်းကြောင့် မိမိလည်း ရုံးခန်းလိုက်ဖွင့်ရမည်ဟု မဆိုလိုပေ။ တရုတ်ပြည်တံခါးဖွင့်ခဲ့စဉ်က ကုမ္ပဏီ အများစုသည် ဈေးကွက်တွင်းသို့ သူ့ထက်ငါဦးအောင်ဝင်ခဲ့ကြသော်လည်း ၎င်းတို့အတွက် အကျိုးများ လိမ့်မည်လား ဟူသောဆုံးဖြတ်ချက်မျိုးချမှတ်နိုင်ခဲ့ခြင်းမရှိပေ။ အများစုမှာ တရုတ်ဈေးကွက်တွင် ဦးစွာဝင် ရောက်သူဖြစ်ရေးသာ စိတ်ထဲတွင် စဉ်းစားခဲ့ကြသည်။ ဈေးကွက်အဖွင့်တွင် ပထမဆုံးဝင်ရောက်သူမှာ ကြီးမား သောကြီးမားသော အမြတ် အစွန်းအတွက် အသာစီးရသည်ဆိုသည်မှာ ကောင်းမွန်စွာလုပ်ငန်းလုပ်ဆောင် နိုင်မှသာ ဖြစ်နိုင်ပါမည်။ အကယ်၍ မှားယွင်းသော ဆက်ဆံရေးများ ထူထောင်မိပါက အသာစီးရနိုင်သည့် အချက်မှန်သမျှ လုံးဝဆုံးရှုံးသွားနိုင်ပြီး ဈေးကွက်တွင် ဆက်လက်ရှင်သန်ရေးကိုပါ ထိခိုက်နိုင်ပါသည်။
ထိုထက်ပိုပြောရလျှင် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရာတွင် ကုမ္ပဏီအများစုသည် သဘာဝမကျသော မျှော်လင့်မှုများ ထားရှိခဲ့ကြခြင်း ပင်ဖြစ်ပါသည်။ အဆိုပါကြီးမားသော မျှော်လင့်ချက်များသည် အကြီးတန်းအမှု ဆောင်များက ဈေးကွက်ဝင်ရောက်ရေး အစီစဉ်များ အတွက်ဆုံးဖြတ်ချက်ချမှတ်ရာတွင် အမှန်တရားကို ဖုံးကွယ်ထား သလို ဖြစ်ရပါသည်။
မျှော်လင့်ချက်များနှင့်မတူ မြှုပ်နှံထားပြီးသော ငွေများက ဆက်လုပ်ရန် သဓိဋ္ဌာန်ချမှုကို မြင့်တက်စေပြီး ၎င်း အချက်မှာ ရေရှည်တွင် ကုမ္ပဏီများအပေါ် ကုန်ကျစရိတ်ပိုများနိုင်ပါသည်။ ဖြစ်လာနိုင်သည့် ဆုံးရှုံးမှုအမှား များကို ရှောင်ရှားနိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ တရုတ်ကဲ့သို့ကြီးမားသော ဈေးကွက်ဖြစ်စေ၊ မြန်မာကဲ့သို့ မထိတွေ့ ရသေးသော ဈေးကွက်ဖြစ်စေ၊ ဈေးကွက်သစ်၏ အခွင့်အလမ်းများကို အငမ်းမရ ရယူလို သည့် ထောင်ချောက်မျိုး ရှောင်ရှားရန် ဖြစ်ပါသည်။ ဈေးကွက်အခွင့်အလမ်းများကို မှန်ကန်စွာ ထိတွေ့ချိတ် ဆက်ရန်နှင့် ဘက်လိုက်ခြင်းမရှိသော ရှု့ဒေါင့်မှ ကြည့်ရှုဝင်ရောက်ရန် ဖြစ်သည်။ တရုတ်ပြည်တွင် ဖြစ်ခဲ့သကဲ့ သို့ မြန်မာနိုင်ငံ၏ ထွက်ပေါ်လာသော ဈေးကွက်တွင်လည်း မှန်ကန်သော ချဉ်းကပ်မှုကသာ အောင်မြင်မည့် သူများနှင့် ဆုံးရှုံးမည့်သူများကို ခွဲခြားပေးသွားမည် ဖြစ်ပါသည်။
(Peter Birgbauer သည် ရန်ကုန်တက္ကသိုလ်မှ International Center of Excellence တွင်လုပ်ကိုင်နေသော Johns Hopkins တက္ကသိုလ် SAIS မှ အကြီးတန်းအကြံပေးဖြစ်ပါသည်။)