ဘာသာပြန်သတင်းများ
မြန်မာနိုင်ငံအတွက် အာဆီယံဥက္ကဌနေရာအတွက် ပူစပ်ပူလောင်ခံစားရလိမ့်မည်
(2 February 2014 ရက်စွဲပါ The Manilar Times မှ Rogor Mitton ရေးသားသော For Myanmar , Asean’s hot seat gets even hotter သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံသည် ယခုနှစ် အာဆီယံဥက္ကဌရာထူး ရယူမည်ဖြစ်ရာ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် နှိပ်ကွပ်နေမှုများကို အာဆီယံ၏ ၂၀၁၄ အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံက ပြောကြားထားပါသည်။ ထိုကိစ္စတွင် နယ်စပ်ဖြတ်ကျော် အကြောင်းအရာများနှင့် ပြင်းထန်သော မွတ်ဆလင် ဆန့်ကျင်ရေး အတိုင်းအတာများရှိနေရာ ဤမသိနားမလည်လွန်းသော၊ ဆိုးရွားသော သဘောထားသည် အောင်မြင် လိမ့်မည် မဟုတ်ပေ။
မွတ်ဆလင်အများစုနေထိုင်သော အင်ဒိုနီးရှားနှင့် မလေးရှားတို့က ၎င်းတို့ ဘာသာဝင်များ စနစ်တကျ အသတ်ခံနေရမှုများကို ငြိမ်ခံနေလိမ့်မည် မဟုတ်ပေ၊ ဗုဒ္ဓဘာသာအများစု ဖြစ်သော မြန်မာအစိုးရသည် အဆိုပါ သတ်ဖြတ်မှုကို မရပ်တန့်လိုခြင်းသို့မဟုတ် မတားဆီးနိုင်ခြင်း ဖြစ်ပုံရပါသည်။
ယခု ကိစ္စသည် လွန်ခဲ့သည့် နှစ်နှစ်က အာဆီယံဥက္ကဌ ကမ္ဘောဒီးယား ဖြစ်ခဲ့သည့်တိုင် ပဋိပက္ခဖြစ်လာနိုင် သော ကိစ္စဖြစ်ပါသည်။ ထိုစဉ်က ကမ္ဘောဒီးယားသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့၏ ပြဿနာကို မဆွေးနွေးရန် ကြိုးစားခဲ့ပါသည်။
ထိုစဉ်က ဖနွမ်းပင်သည် ၎င်း၏ အဓိက မဟာမိတ် ဘဲဂျင်း ၏ ဖိအားပေးမှုကြောင့် နယ်မြေအငြင်းပွားမှုများ ကို ထည့်သွင်းဆွေးနွေးရေးကို ငြင်းဆန်ခဲ့ပါသည်။ ထိုစဉ်က ဖိလစ်ပိုင်ရောက် ရေတပ်နှင့် တရုတ်ရေကြောင်း စောင့်ကြည့်ရေး သင်္ဘောတို့ ပြဿနာဖြစ်ပြီး တရုတ်ကလည်း ဖိလစ်ပိုင်ကို ဖမ်းဆီးထားသော တရုတ်ငါးဖမ်းသမား များကို လွှတ်ပေးရန် တောင်းဆိုနေချိန် ဖြစ်ပါသည်။
ထို ကိစ္စကို ကမ္ဘောဒီးယားက အာဆီယံတွင် ဆွေးနွေးခြင်း၊ ကျေညာချက်ထုတ်ခြင်းများ ဆင်ဆာပြုလုပ်ခြင်း ကို ဖိလစ်ပိုင် နှင့် ဗီယက်နမ် တို့ကများစွာ စိတ်ဆိုးကြပါသည်။ ၎င်းတို့သည် တရုတ်နှင့် အဆိုပါ ငါးဖမ်းကွက်များ စွာရှိကာ ရေနံနှင့် ဓါတ်ငွေ့ အလားအလာရှိသော မဟာဗျူဟာကျသည့် ရေကြောင်းလမ်း ကိစ္စ အငြင်းပွားနေမှုမှာ လိပ်ခဲတည်းလည်း ရှိနေခဲ့ပါသည်။
ရလဒ်အားဖြင့် ထိပ်သီးအစည်းအဝေးအပြီးတွင် အဆိုပါကိစ္စကို ကျောညာချက် မထုတ်ပြန်နိုင်ခြင်းမှာ အာဆီယံတွင် ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး သတင်းခေါင်းစဉ်များတွင် “အာဆီယံ၏ စည်းလုံး ညီညွတ်မှုကို ဖျက်ဆီးသော ကမ္ဘောဒီးယား” ဟု ဖော်ပြကြပါသည်။
သဘောမတူညီမှုများ ဖြစ်လာဖွယ်ရှိသည့် အာဆီယံသစ်ကို တွေ့လာရခြင်း
ထို့အပြင် ပုံမှန်ကျေညာချက် မထုတ်ပြန်နိုင်ခြင်းနှင့် အများသဘောတူညီမှု မယူနိုင်ခဲ့ခြင်းမှာ ကမ္ဘောဒီးယား သို့မဟုတ် တရုတ်ကြောင့် မဟုတ်ပေ။ နောက်ထပ် ‘C’ တစ်လုံးဖြစ်သော Candour ဟု ခေါ်သည့် ပွင့်လင်း လွတ်လပ်စွာ ပြောဆိုနိုင်ခြင်းနှင့် သက်ဆိုင်ပါသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပထမဆုံးအကြိမ် အဖြစ် သပ်သပ်ရပ်ရပ်နှင့် သဘောတူညီမှုများကို အပေါ်ယံအပြကောင်းရန်သာ အာရုံပြုပြီး အကဲဆတ်သော ကိစ္စရပ်များကို မဆွေးနွေးပဲပစ်ဖယ် ထားခဲ့ကြပါသည်။
ကမ္ဘောဒီးယားသည် ၂၀၁၂ ဧပြီလတွင် ၎င်း၏ ဧည့်သည်များ ပုံမှန်ပြန်ဖြစ်ရန် မျှော်လင့်ခဲ့ပါသည်။ နောက်ဆုံးတွင် အာဆီယံသည် တောက်လောင်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့မျှဝင်ရောက် မပြောကြားခြင်းဖြင့် နာမည်ကြီးခဲ့ပါသည်။ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များဆီက မင်ဒါနာအိုရှိ မွတ်ဆလင်သူပုန် များ ကိစ္စ၊ ၁၉၉၇-၉၈ တွင် အာရှငွေကြေးကပ်ဆိုက်မှုတွင် ထိုင်းနိုင်ငံ ကိုင်တွယ်မှုမှ စ၍ ၁၉၉၀ မှ ၂၀၁၀ ထိ မြန်မာ အတိုက်အခံအပေါ် ဖိနှိပ်မှုအဆုံး ရေငုံနှုတ်ပိတ် နေခဲ့ကြပါသည်။
အမှန်တကယ်ပင် နေပြည်တော်သည် ပုဂ္ဂလိကရေးရာပြဿနာများနှင့် အနောက်နိုင်ငံများ၏ လူသိရှင်ကြား သပိတ်မှောက်မှုများကို ရှောင်ရှားနိုင်ရန် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဌနှင့် ထိပ်သီးအစည်းအဝေးအိမ်ရှင် အဖြစ် လက်ခံရေးကို ငြင်းဆိုခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဖနွမ်းပင်တွင် အာဆီယံစည်းလုံးညီညွတ်မှုနှင့် ပတ်သက်၍ အသေးစိတ် သရုပ်ဖော်ရန် အခန်းကဏ္ဍအနည်းငယ်သာ ရပါသည်။ အိမ်ရှင်က တောင်တရုတ်ပင်လယ်ကိစ္စကို အစည်းအဝေး အစီအစဉ်မှ လည်းကောင်း၊ ကျေညာချက်မူလည်းကောင်း ဖယ်ရှားခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ က အမှားကို ထောက်ပြခဲ့ကြပြီး ကျေညာချက်မှာလည်း သမိုင်းတွင်ခဲ့ပါသည်။
တွေ့မြင်ခဲ့ရမှုများအရ အချို့အာဆီယံအဖွဲ့ဝင်များသည် မတူကွဲပြားခြားနားမှုများကို ပြောဆိုဆွေးနွေးရန် ဆန္ဒပြင်းပြနေကြသည်ကို တွေ့ရပါသည်။ ၎င်းမှာ ကောင်းသောအချက်ဖြစ်ပြီး အဖွဲ့ဝင်များကြားတွင် ရင့်ကျက်မှု ပိုမိုလာသည့် လက္ခဏာဖြစ်ပါသည်။ ပြဿနာဖြစ်နိုင်သော ကိစ္စရပ်များကို ဆွေးနွေးပြီး စုပေါင်း၍ သဘောတူညီချက်ရ ယူသည့် တန်ဖိုးက ဘာအတွက်လဲ၊ မကုသသော အနာသည် တဖြည်းဖြည်းဆိုးရွားလာသကဲ့သို့ ပြဿနာများကို မကိုင်တွယ်က တောက်လောင်လာနိုင်သည် မဟုတ်ပါလော။
ရေ၊ မြေ၊ လေထု အတွင်းမှာ အရေးကြီးလာသော ကိစ္စရပ်များ
ခက်ခဲသောကိစ္စများရပ်များကို လစ်လျုရှုခြင်းထက်စာလျှင် ဖော်ထုတ်ဆွေးနွေးခြင်းမှ မည်သို့သော အကျိုးအမြတ်ရရှိနိုင်သည်ဖြစ်စေ၊ ဥက္ကဌလုပ်ငန်းတာဝန်သည် ပိုမိုခက်ခဲ၊ ရှုတ်ထွေးသည်ကတော့ အသေအချာပင် ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံသည် ဂရုပြုလုပ်ဆောင်ခြင်းမရှိပါက လွန်ခဲ့သောနှစ်နှစ်က ကမ္ဘောဒီးယား ပြုမှုဆောင်ရွက်ပုံနှင့် ထပ်တူဖြစ်လာဖွယ် ရှိပါသည်။ ပြီးခဲ့သည့်လက ပုဂံအစည်းအဝေးတွင် မီဒီယာများတွင် သတင်း ဖော်ပြမှုက ရှင်းလင်းစွာ တွေ့ရှိရသည့်အချက်မှာ ရိုဟင်ဂျာ မေးခွန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ပိတ်ပင်ရန် ဆုံးဖြတ်ခြင်းသည် ဝေဖန်မှုများကို ထွက်ပေါ်လာစေသည် ဆိုသည့် အချက် ဖြစ်ပါသည်။
အဆိုပါ ဝေဖန်မှုမှာ ပိုမိုကျယ်လောင်လာမည်သာ ဖြစ်ပါသည်။ အထူးသဖြင့် ဇန်နဝါရီလက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒူးချားရတန်းတွင် ဖြစ်ပွားခဲ့မှုက ထပ်ဆင့်ပေါ်လာသော အခါမျိုးတွင် ဖြစ်ပါသည်။ ရိုဟင်ဂျာ ကိစ္စရပ်နှင့် အတူ မွတ်ဆလင်ဆန့်ကျင်ရေး သတ်ဖြတ်မှုများမှာ ဆွေးနွေးရမည့် ကိစ္စရပ်ဖြစ်သည်သာမက နောက်ဆုံး ကျေညာချက်တွင် ထည့်သွင်းရမည့် သီးသန့်ရည်ညွန်းရမည့် ကိစ္စဖြစ်သည်ဟု အင်ဒိုနီးရှားနှင့် မလေးရှားတို့က ပြောလာနိုင်သည်ကို မျှော်လင့်ရပါသည်။
နေပြည်တော်မှ ခေါင်းဆောင်များသည် ဆွေးနွေးရန် သဘောတူမည်လား သို့မဟုတ် လွန်ခဲ့သော နှစ်နှစ်က တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားကဲ့သို့ ကံကြမ္မာမျိုးကို ခံစားမည်လား ဆိုသည်ကို ရွေးရလိမ့်မည်။ ယခုအခါ ဟိုင်နန်၏ ဒေသဆိုင်ရာဥပဒေတွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ သည် ငါးဖမ်းရန် ၎င်းတို့ကို ခွင့်တောင်းရန် လိုအပ်ကြောင်း ဖော်ပြလာပါသည်။ ဘဲဂျင်းသည် တိုကျို၊ ဆိုးလ် နှင့် ဝါရှင်တန်ကို စိတ်အနှောင့် အယှက် ဖြစ်စေရန် အရှေ့တရုတ်ပင်လယ်တွင် လေကြောင်းကာကွယ်ရေး သတ်မှတ်ကျေညာထားပြီး ဖြစ်ရာ တောင်တရုတ်ပင်လယ်တွင်လည်း ထိုသို့ ကျေညာကောင်း ကျေညာနိုင်ကြောင်း ကြောက်ရွံ့ရသည်ဟု ဖော်ပြခြင်းမ ပြုရသေးပေ။ အဆိုပါ အရေးကြီးသော အကြောင်းအရာနှစ်ခုနှင့် မလုံလောက်သေးပါက နေပြည်တော်၏ ဥက္ကဌနေရာ ယူမည့်နှစ်တွင် ပြဿနာပေးမည့် တတိယကိစ္စ ရှိနေပါသည်။ ပြီးခဲ့သည့်လက ဂျကာတာ အစည်းအဝေးတွင် စပိုင်လုပ်သည့် ကိစ္စဖြစ်ပြီး အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono နှင့် မလေးရှား ဝန်ကြီးချုပ် Najib Razak တို့က အဆိုပါ စပိုင် ကိစ္စ ကိုထိပ်သီး ဆွေးနွေးပွဲတွင် တင်ပြရန် သဘောတူနေကြပါသည်။
“အာဆီယံနိုင်ငံတွေအနေနဲ့ စပိုင်ကိစ္စကို ကန့်ကွက်ဖို့ ညီညွတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ ယုံကြည်မှုနဲ့ လေးစားမှုက အရေးကြီးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Yudhoyono က ကျေညာပါသည်။
SBY ဟု လူသိများသော Yudhoyono မှာ လွန်ခဲ့သောနှစ်က အမေရိကန်မျ စနိုးဒန်း၏ ဖွင့်ချမှုကြောင့် အံ့အားသင့်ကြရပြီး အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့သော သြတတြေးလျလူမျိုး အေးဂျင့် သည် သမ္မတ၏ မိုဘိုင်းဖုန်းကို ကြားဖြတ်အသံဖမ်းထားသည်ဟု ဆိုပါသည်။ Yudhoyono သည် ဂျာကာတာရှိ သြတတြေးလျ သံအမတ်ကို ချက်ခြင်းခေါ်ယူ၍ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ကုန်သွယ်ရေး ဆွေးနွေးမှု၊ လူဝင်မှု ကြီးကြပ်ရေး ပူးပေါင်းဆောင်ရွက်ရေးများ ရပ်ဆိုင်းခဲ့ပြီး သြစတြေးလျား အမဲသားတင်သွင်းမှုကိုပင် ကန့်သတ်ခဲ့ပါသည်။
မလေးရှားဝန်ကြီးချုပ် Najib အနေနှင့်ကလည်း စနိုးဒန်းက ဝါရှင်တန်က ပုဂ္ဂိုလ်များအတွက် အလုပ်လုပ်ပေးနေသော စင်္ကာပူစပိုင်များသည် ဝန်ကြီးချုပ်ဖုန်းကို ကြားဖြတ်နားထောင်မှုများပြုခဲ့ကြောင်း ဖော်ထုတ်ခဲ့ ခြင်းကြောင့် မပြုံးနိုင်မရီနိုင်ဖြစ်ခဲ့ရပါသည်။ ခံနိုင်ရည်တော့ ရှိရမည်ဖြစ်ပါသည်။ စပိုင်ကိစ္စနှင့် ပတ်သက်၍ SBY နှင့် Najib တို့မှာ မြန်မာနိုင်ငံဟုဆိုကာ အလျော့ပေးလိမ့်မည် မဟုတ်ပဲ စပိုင်ကိစ္စကို အာဆီယံ အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးရန် တောင်းဆိုမည်ဖြစ်ပြီး၊ ဆုံးဖြတ်ချက်များကိုလည်း အများပြည်သူသို့ ထုတ်ပြန်ရမည် ဖြစ်ပါသည်။
ဆွေးနွေးမှုရလဒ်များတွင် အမေရိကန်၊ သြစတြေးလျားနှင့် စင်္ကာပူတို့ကို ရင်းနှီးနေသော အာဆီယံ အိမ်နီးချင်းများအပေါ် စပိုင်လုပ်မှုအတွက် ဝေဖန်ခံရမည် ဖြစ်ပါသည်။ နေပြည်တော်အတွက် အနောက်နှင့် ဆက်ဆံရေးနွေးထွေးရန် ကြိုးစားနေချိန်တွင် ဤကိစ္စကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့တော့ မလွယ်လှပေ။ သို့မဟုတ် ပိုဆိုးနိုင်စရာ ကား အမေရိကန်က အကြောင်းအရာ စိတ်ဝင်စားမှုကို ပြောင်းပစ်သည့် အနေဖြင့် ရိုဟင်ဂျာကိစ္စကို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာမက နိုင်ငံတကာက ဝင်ရောက်စွက်ဖက်သင့်ကြောင်း ပြောလာနိုင်ပါသည်။
ထို့ကြောင့် နေပြည်တော်အနေဖြင့် အာဆီယံဥက္ကဌ နေရာကို နောက်တစ်ကြိမ် စွန့်လွှတ်လိုက်လျှင်ပင် ကောင်းချည်သေးရဲ့ဟု စိတ်ကူးသွားနိုင်သည်၊ ထိပ်သီးအစည်းအဝေး တက်သူများကတော့ အတိတ်က ထိပ်တိုက်ေ တွေ့မှုများကို ယဉ်ယဉ်ကျေးကျေး ရှောင်ခဲ့မှုများကို သတိရနေပေလိမ့်မည်။