Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပြောင်းလဲနေသောမြန်မာနိုင်ငံ

(30 Sept 2012 ရက်စွဲပါ The Washington Post မှအယ်ဒီတာအဖွဲ့၏ The Changing nation of Burma ကိုဘာသာပြန်ဆိုသည်)

  1. ကိုရမ်ကျမ်းစာကို စော်ကားသည့် ဓာတ်ပုံကို အကြောင်းပြု၍ ဘုန်းကြီးကျောင်းများဖျက်ဆီးခံရ

(Scotman News မှ Oct 2012 ရက်စွဲပါ "Buddhist temples destroyed by Muslims in Koran photo protest"သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကမ္ဘာ့အသိုင်းအဝိုင်းအား မြန်မာနိုင်ငံနောက်မှ ရပ်တည်ရန် ထိုင်းတိုက်တွန်း

(30 September 2012 ရက်စွဲပါ Bangkok Post မှ Thailand urges world community to get behind Myanmar ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ပြောင်းလဲနေသောမြန်မာနိုင်ငံ

(30 Sept 2012 ရက်စွဲပါ The Washington Post မှအယ်ဒီတာအဖွဲ့၏ The Changing nation of Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်လျက်ရှိရာ ထိုအတွက် အမှတ်ရလိုသော ပလေယာများစွာရှိနေသည်။

လွန်ခဲ့သောနှစ်လက The Post သို့ရေးသားပေးပို့သော ဆီနိတ်တာ Jim Webb က၎င်း၏ စာတွင်ရေးသားထားရာတွင် ၂၀၀၉ ခုနှစ်က ၎င်းမြန်မာနိုင်ငံသို့ စတင်သွားရောက်ခဲ့သော ခရီးစဉ်အပါအဝင် ၎င်း၏ရုံးမှစတင်ကြိုးပမ်းလုပ်ဆောင်မှုများပြင်းပြင်းထန်ထန်မရှိခဲ့လျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ပတ်သက်၍ တိုးတက်မှုများ ရှိလာနိုင်မည်မပာုတ်ပာု ရေးသားထားသည်။

နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုရရှိသည့် စက်တင်ဘာလ (၁၉)ရက်နေ့က မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးမှသည် တဖြည်းဖြည်းပြောင်းလဲမှုစတင်ရန် နည်းလမ်းများရှာဖွေသည့် လူ၏ချဉ်းကပ်မှုအသစ် လုပ်ဆောင်ပုံကို ပြန်လည်ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ မပြီးစီးသေးသည့် အားတက်ဖွယ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ခေါင်းကိုင်မိဘများ ပိုရှိလျှင်ပိုကောင်းသည်ပာု ယူဆပါ သည်။ ဤမိဘများကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လမ်းကြောင်းပေါ်တွင်ဆက်ရှိနေရေး မြှုပ်နှံခံစားလုပ်ကိုင်ပေးကြလျှင် ပိုကောင်းမည် ဖြစ်သည်။

သို့သော် သမိုင်းကို လုံးဝပြန်လည်မရေးသားမီ၊ ထောက်ပြစရာ အချက်နှစ်ချက်ခန့်ကို ပြောမှဖြစ်ချေတော့မည်။ ပထမတစ်ချက်မှာ ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံကို ရာစုနှစ်တစ်ဝက်ခန့်အုပ်ချုပ်ခဲ့သည်နှင့်အညီ ယခုအချိန်တွင်လည်း ဗိုလ်ချုပ်ကြီးများနှင့် အငြိမ်းစာဗိုလ်ချုပ်ကြီးများကပင် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်လျက်ရှိနေသေးသည် ဆိုသည့်အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ခရီးသွားခွင့်ပြုခဲ့သော၊ ပြီးခဲ့သည့် အပတ်က နောက်ဆုံးကျန်သော အမေရိကန်အရေးယူမှုများကို ဖယ်ရှားစေခဲ့ကာ ပြုပြင်ပြောင်းလဲရေးများစတင်ခြင်းတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ထီးထီးကြီးသာရှိသည်။ ၎င်းအားပံ့ပိုးမည့် တရားဥပဒေစိုးမိုးမှုမရှိ၊ လွတ်လပ်သောတရားစီရင်ရေးစနစ်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါတွင် ပြည်သူ့လွှတ်တော်တွင်ရောက်ရှိနေသော်လည်း၊ အနည်းစုအစိတ်အပိုင်းမှာသာ ပါနေခြင်းဖြစ်သည်။

ဒုတိယအချက်မှာ အစိုးရအပေါ်နားလည်ရန်နှင့် ထွင်းဖောက်မြင်ရန်ခက်ခဲလှသောကြောင့် ယခုအချိန်တွင် ဒီမိုကရက်တစ်အတိုက်အခံအပေါ် အလေးပေးလာခြင်းအတွက် မည်သည့်အရာများကစေ့ဆော်သနည်းဆိုသည်ကို အပြင်လူများ သေချာပေါက်သိနိုင်လိမ့်မည်မပာုတ်ပေ။ ကျွန်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်အပေါ်သဘောတူခဲ့ကြသည်။ ထိုအမြင်သည် အမေရိကန်နှင့်အခြားတိုင်းပြည်များ နှစ်ပေါင်းများစွာက မြန်မာနိုင်ငံအား ချမှတ်ထားသော စီးပွားရေးအရအရေးယူမှုများအပေါ် များစွာအထောက်အကူဖြစ်စေခဲ့သည်။

“အရေးယူမှုတွေပာာ အထောက်အကူဖြစ်ပါတယ်”ပာု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက The Post သို့လာရောက်လည်ပတ်စဉ်က ပြောကြားခဲ့သည်။ “တစ်ချို့သောပြည်သူတွေကတော့ သဘောတူလိမ့်မယ်မထင်ပါဘူး။ ဒါပေမယ့် အရေးယူမှုတွေပာာ အထောက်အကူဖြစ်တယ်လို့ ကျွန်မကတော့ယုံတယ်။ အထူးသဖြင့်နိုင်ငံရေးမျက်နှာစာမှာပေါ့”ပာု ဆိုသည်။

စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် သူ့အနေဖြင့် တိုင်းပြည်၏ဆင်းရဲမွဲတေမှုကိုဖြစ်စေသော မြန်မာ့ စီးပွားရေးကို အရေးယူမှုကထိခိုက်မှုရှိစေသည်ဆိုသည်ကို မယုံကြည်ကြောင်းဆိုသည်။ သူက ပြည်တွင်းမှအချက်များကို အမည်တပ်မပြောသော်လည်း အပြစ်တင်ခဲ့သည်။ သို့သော် အထီးကျန်ပစ်ပယ်ထားမှုမှာ နိုင်ငံရေးအရကြီးမားစွာသက်ရောက်မှုရှိစေသည်။ နိုင်ငံခြားသားရေးရာ ပညာရှင်များက မြန်မာနိုင်ငံကိစ္စတွင် အရေးယူမှုများအလုပ်မဖြစ်ကြောင်း၊ အရေးယူမှုများ ၁၀၀% ထိရောက်မှုရှိမှသာ အလုပ်ဖြစ်မည်ဖြစ်ပြီး၊ တိုင်းပြည်၏ အဆင်းရဲဆုံး ပြည်သူများကိုသာ ထိခိုက်စေကြောင်းဆိုသည်။

ဖြစ်ပုံရသည်မှာ တရုတ်သည်တိုး၍ ဝင်ရောက်စွက်ဖက်လာခြင်းကြောင့် မြန်မာခေါင်းဆောင်များကို စိုးရိမ်ပူပန်မှု ဖြစ်လာသောကြောင့် ဖြစ်ပုံရသည်။ ထို့အတူ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များကလည်း ထိုသို့ခံစားကြရမည်ဖြစ်သည်။ ဤအချိန်တွင် တင်းကြပ်သော အရေးယူမှုများကို ခံစားကြရမည်ဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် တရုတ်နှင့်ချိန်ခွင်လျှာညီအောင် ကစားပေးနိုင်ရေးကို ဆွဲဆောင်နိုင်ခဲ့လျှင်ဆိုသည့်ကိစ္စကို မြန်မာနိုင်ငံမှ ခေါင်းဆောင်များက နားလည်သဘောပေါက်ကြသည်။ ထိုသို့ ဆွဲဆောင်နိုင်ရေးအတွက် ၎င်းတို့၏ လူ့အခွင့်အရေး မှတ်တမ်းများတိုးတက်ရန်လိုသည်။ ဒေါ်အောင်ဆန်းစုကြည် အကြံပြုသကဲ့သို့ ပြည်သူများ၏ လိုအင်ဆန္ဒများ တိုတးက်အောင် လုပ်ပေးလိုသော ဆန္ဒများကလည်း မောင်းနှင်အားဖြစ်လိမ့်မည်ထင်သည်။(လာမည့်နှစ်များတွင်မူ ပြည်သူများ၏ဆင်းရဲမွဲတေမှုသည် ၎င်းတို့အပေါ်များစွာ ဖိးစီးမှုရှိတော့မည် မပာုတ်ပေ)ထို့အပြင် အိုဘားမားအစိုးရ၏ ဆက်ဆံရေးမူဝါဒကလည်း ၎င်းတို့ကို အားပေးသလိုဖြစ်ခဲ့မည်မှာ အမှန်ဖြစ်သည်။

                                                            **********************************************

ကိုရမ်ကျမ်းစာကို စော်ကားသည့် ဓာတ်ပုံကို အကြောင်းပြု၍ ဘုန်းကြီးကျောင်းများဖျက်ဆီးခံရ

(Scotman News မှ Oct 2012 ရက်စွဲပါ "Buddhist temples destroyed by Muslims in Koran photo protest"သတင်းကို ဘာသာပြန်ဆိုသည်)

ကိုရမ်ကျမ်းစာကို ထိခိုက်စော်ကားသည်ဟုဆိုသော  Facebook မှဓါတ်ပုံတပုံအပေါ် ဒေါသထွက်နေကြသော ဘင်္ဂလားဒေ့ရှ်မွတ်စလင် ထောင်ပေါင်းများစွာက မြန်မာနယ်စပ်အနီးမှ အနည်းဆုံးဘုန်းကြီးကျောင်း(၁၀)ကျောင်းနှင့် အိမ်ခြေ(၄၀)တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု အာဏာပိုင်များက မနေ့ကပြောကြားသည်။

စနေနေ့ညပိုင်းကစတင်ခဲ့သော အကြမ်းဖက်မှုသည် မနေ့ကအစောပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့သည်ဟု ကော့ဘဇားခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲနိုဂျီဘူအီစလမ်က ပြောကြားသည်။

မီးလောင်ထားသော ကိုရမ်ကျမ်းစာ စာအုပ်၏ဓာတ်ပုံကို Facebook တွင်တင်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများအတွင်း အနည်းဆုံးလူ(၂၀)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါသည်။

ယင်းဓာတ်ပုံကို နယ်ခံဗုဒ္ဓဘာသာဝင် လူငယ်လေးတစ်ဦးကတင်ခဲ့သည်ဟု အကြမ်းဖက်တိုက်ခိုက်သူများက ပြစ်တင်စွပ်စွဲခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်၏ အင်္ဂလိပ်ဘာသာသတင်းစာ  Daily Star  က၄င်းလူငယ်လေးသည် ၄င်း၏ Facebook တွင်ယင်းဓာတ်ပုံကိုမှားယွင်း၍ တင်မိခြင်း ဖြစ်သည်ဟုပြောကြားကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်တွင် ကောင်လေး၏ Facebook ကိုပိတ်ထားကြောင်း ၊ ကောင်လေးနှင့်သူ့မိခင်ကို ဘေးကင်းအောင် ရဲတပ်ဖွဲ့က စောင့်ရှောက်ထားကြောင်း"သတင်းဖော်ပြထားသည်။

ကော့ဘဇားခရိုင် အုပ်ချူပ်ရေးမှုးဂျိုနူးဘာရီက"ယင်းလူငယ်လေး၏ မိဘများကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေသည်"ဟု ပြောကြားသည်။

မွတ်စလင်အများစုနေထိုင်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေသန်း ၁၅၀ တွင် ဗုဒ္ဓဘာသာဝင်ပါဝင်မှုအချိုးမှာ တစ်ရာခိုင်နှုန်းပင်မပြည့်ဟု သိရသည်။

အမေရိကန်နိုင်ငံသားတစ်ဦးထုတ်လုပ်သော ပရောဖက်မဟာမက် အပုတ်ချစားရိတ်ကျဉ်းရုပ်ရှင်ကား "Innocence of Muslims" ဇာတ်ကားကြောင့် ပြီးခဲ့သောတစ်လလုံး မွတ်စလင်နိုင်ငံများ၌  ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ယခုဘင်္ဂလားဒေ့ရှ်တွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

                                                        *********************************************************

ကမ္ဘာ့အသိုင်းအဝိုင်းအား မြန်မာနိုင်ငံနောက်မှ ရပ်တည်ရန် ထိုင်းတိုက်တွန်း

(30 September 2012 ရက်စွဲပါ Bangkok Post မှ Thailand urges world community to get behind Myanmar ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံအား ပံ့ပိုးကူညီရန်တိုက်တွန်းခဲ့သည်။ သို့မှသာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖော်ဆောင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ တိုက်တွန်းချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အရန်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများအုပ်စု၏ အဆင့်မြှင့်တွေ့ဆုံမှု၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အဓိကနယ်ပယ်သုံးခုဖြစ်သည့် ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ အားကောင်းအောင် ပြုလုပ်ခြင်းနှင့် လက်ရှိ တိုးတက်မှုရနေသော အမျိုးသားပြန်လည်ပေါင်းစည်းရေး နယ်ပယ်များတွင် သိသာထင်ရှားပြီး၊ နောက်ပြန်မလှည့်သည့် ခြေလှမ်းများဖြင့် စာမျက်နှာအသစ်ဖွင့်လှစ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးSurapongTovichakchaikul က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြင်သစ်၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နော်ဝေ၊ ဩစတြေးလျနှင့် ဥရောပသမဂ္ဂတို့ တက်ရောက်ခဲ့ကြသည်။

Mr.Surapong ကပြောကြားရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသောအဆင့်သို့ ရောက်ရှိနေကြောင်း၊ ထို့ကြောင့် အခြေခိုင်ပြီး ရှေ့သို့မှန်မှန်လျှောက်လှမ်းနိုင်ရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံမှသမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်းမှုများနောက်တွင် အပြည့်အဝရပ်တည်လျက်ရှိကြောင်း ပြသသင့်ပါသည်။ တိုင်းပြည်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း ပြည်သူများအချင်းချင်းလည်းကောင်း ဆက်ဆံရေးတိုးမြှင့်ရမည် ဖြစ်ပါသည်။

“နိုင်ငံအများစုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူမှုတွေ၊ ကန့်သတ်မှုတွေကို ဖြေလျော့ပေးဖို့ဆုံးဖြတ်တာကို ကျွန်တော်တို့ ကြိုဆို ပါတယ်။ မြန်မာအပေါ် အရေးယူမှုတွေ အမြန်ဆုံးအားလုံးရုတ်သိမ်းပေးဖို့ တောင်းဆိုပါတယ်”ဟု MrSurapong က ပြောပါသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြုပြင်ပြောင်းလဲရေးအတွက် အတူပူးပေါင်းလုပ်ကိုင်ရန် အားပေးသင့်ကြောင်း ၄င်းကထပ်လောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အနာဂါတ်သည် ၄င်းတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုနှင့်ရှေ့ဆက်ရမည့် ပြုပြင်ပြောင်းလဲရေးအတွက် အမြင်ခြင်းဖလှယ်နိုင်မှု အပေါ်တွင် တည်နေပါသည်။ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးကူညီသင့်ပါတယ်”ဟု ၄င်းက ပြောပါသည်။

မြန်မာနိုင်ငံမှ ပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုဘဝများတိုးတက်လာမှုသည် ဒီမိုကရေစီကို ပိုမိုအားကောင်းစေပြီး နိုင်ငံရေးအရ တည်ငြိမ်မှုကိုဖြစ်စေကြောင်းMrSurapong ကပြောပါသည်။

“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်လိုတယ်ဆိုရင်တော့ ကျွန်တော်တို့ဒီထက်ပိုလုပ်ဖို့လိုမှာဖြစ်ပြီး ခိုင်မာတဲ့ လုပ်ဆောင်မှုရှိရပါမယ်။ အောက်ခြေလူတန်းစားတွေအဆင့်မှာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ ကောင်းစွာအကောင်အထည်ဖော်သင့်ပါတယ်”ဟု ၄င်းက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ပုဂ္ဂိုလ် ThaniThongphakdi ကပြောကြားရာတွင် အင်ဒိုနီးရှားကဲ့သို့သော အချို့နိုင်ငံများက ထိုင်းနိုင်ငံနှင့် သဘောတူကြသော်လည်း အီးယူကမူ မြန်မာနိုင်ငံအပေါ်လူ့အခွင့်အရေးကိစ္စနှင့် နိုင်ငံရေးအကျဉ်းသားကိစ္စများတွင် ပိုမိုဖိအားပေးသင့်ကြောင်း ထင်မြင် နေသည်ဟုဆိုသည်။

အချို့တိုင်းပြည်များက မြန်မာနိုင်ငံသည် အာဏာရှင်နိုင်ငံတစ်ခုမဟုတ်တော့ဘဲ ဒီမိုကရေးသို့ဦးတည်နေပြီဖြစ်ကြောင်း ယုံကြည်ကြသည်ဟု ၄င်းက ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကော်မရှင်(Escap)နှစ်ဖွဲ့ကြားတွင် တိုးတက်မှုတစ်ခုအနေဖြင့် ထိုင်းနိုင်ငံသည် အာဆီယံဒေသ အတွင်းနှင့် အာဆီယံပြင်ပနိုင်ငံများအကြား အခြေခံအဆောက်အဦးကွန်ရက် တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ရေး နည်းလမ်းသစ်များကို အဖွဲ့ကြီးနှစ်ဖွဲ့က ရှာဖွေရန်အဆိုပြုခဲ့ကြသည်။ MrSurapong ကပြောကြားရာတွင် အာဆီယံနှင့် Escap သည် ဒေသတွင်းသတင်းနှင့် ဆက်သွယ်ရေး၊ နည်းပညာဖွံ့ဖြိုးမှုရှိစေရန် လုပ်ဆောင်ပေးနိုင်ကြောင်း ဆိုသည်။

အဖွဲ့ကြီးနှစ်ခုသည် ဒေသတွင်းလူသားချင်းစာနာသော အကူအညီများပေးရေးနှင့် သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေးလုပ်ငန်းများ စီမံခန့်ခွဲရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောသည်။

 ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. လာမည့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ကုလပံ့ပိုးမှု မြန်မာရနိုင်မည်

(UN News Centre မှ 28 Sept 2012 ရက်စွဲပါ “Myanmar can count UN Support to face challenges ahead, says envoy”သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြောက်ကိုရီးယား-မြန်မာဆက်ဆံရေး ရပ်စဲရန် အမေရိကန်၏ တောင်းဆိုမှုအပေါ် မြောက်ကိုရီးယားတို့ ပြင်းထန်စွာကန့်ကွက်

(28 Sept 2012 ရက်စွဲပါ The Korea Times မှ NK denounces US efforts to end North-Myanmar ties ကိုဘာသာပြန်ဆိုသည်)            

  1. ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်သင့်ခံမည်ဖြစ်ကြောင်း ဦးသိန်းစိန်ပြောကြား

(BBC သတင်းဌာနမှ 29 September 2012 ရက်စွဲပါ Burma's Thein Sein 'would accept Suu Kyi as president' ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏ စတော့ရှယ်ယာနှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

လာမည့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် ကုလပံ့ပိုးမှု မြန်မာရနိုင်မည်

(UN News Centre မှ 28 Sept 2012 ရက်စွဲပါ “Myanmar can count UN Support to face challenges ahead, says envoy”သတင်းကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂသည် မြန်မာနိုင်ငံရင်ဆိုင်နေရသာ စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန်အတွက် မြန်မာပြည်သူများကို အကူအညီဆက်တိုက် ပေးသွားမည်ပာု ကုလအကြီးတန်းတာဝန်ရှိသူက မနေ့ကပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တစ်ခုလုံးနှင့် လက်ရှိတိုးတက်ပြောင်းလဲမှုများကို ဆွေးနွေးကြသော မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများ အဖွဲ့၏ထိပ်ပိုင်းအဆင့် အစည်းအဝေးသို့ တက်ရောက်လာသူများထဲတွင် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအထူးအကြံပေး ဗီဂျေနမ်ဘီးယားလည်း ပါဝင်သည်။

၆၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံ အဝန်းအဝိုင်းတွင်ကျင်းပခဲ့သော အစည်းအဝေးအပြီးတွင် ဗီဂျေးနမ်ဘီယားက “မြန်မာအစိုးရ လုပ်ဆောင်ခဲ့တဲ့ တိုးတက်ပြောင်းလဲကို ကျွန်တော်တို့ အသိအမှတ်ပြုခဲ့ကြပါတယ်”ပာု သတင်းထောက်များအား ပြောကြားသည်။

“မြန်မာနိုင်ငံပာာ ဒီမိုကရေစီအင်စတီကျူးရှင်းတွေ အားကောင်းအောင်၊ တိုင်းပြည်ထဲက လူမျိုးကွဲ၊ ဘာသာကွဲအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ ဒီနိုင်ငံ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူသားချင်းစာနာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှု အမျိုးမျိုးကို မြန်မာပြည်သူတွေ ဖြေရှင်းနိုင်အောင် ကုလအဖွဲ့က သူတက်နိုင်တဲ့အပိုင်းကနေ ဆက်လက်ကူညီသွားမှာပါ”ပာု ဗီဂျေးနမ်ဘီးယားက ရှင်းလင်း ပြောကြားသည်။

စစ်အုပ်ချုပ်ရေးဖျက်သိမ်းထားသော မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် အကောင်အထည်ဖော်လျက်ရှိသည်။ ၎င်းအပြောင်းအလဲများထဲတွင် ယခင်အစိုးရလက်ထက်က အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲကျင်းပမှုပါဝင်သည်။ ဒုတိယအကျော့ ပြုပြင်ပြောင်းလဲမှုများတွင် စီးပွားရေးကဏ္ဍ ပြင်ဆင်ခြင်းကို ဦးစားပေးမည်ပာု ဇွန်လက ကြေညာထားသည်။

ယမန်နေ့က ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတဦးသိန်းစိန်က “မြန်မာနိုင်ငံသည် ဒီမိုကရေစီကူးပြောင်းမှု တိုးတက်အောင် ပြုလုပ်နေစဉ်ကာလတွင် စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်နေရသောကြောင့်၊ မြန်မာပြည်သူများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး၏ အားပေးထောက်ခံမှု၊ သည်းခံစိတ်ရှည်မှုတို့ကို လိုအပ်လိမ့်မည်”ပာု ပြောကြားသွားခဲ့သည်။

                                                                    ***************************************

မြောက်ကိုရီးယား-မြန်မာဆက်ဆံရေး ရပ်စဲရန် အမေရိကန်၏ တောင်းဆိုမှုအပေါ် မြောက်ကိုရီးယားတို့ ပြင်းထန်စွာကန့်ကွက်

(28 Sept 2012 ရက်စွဲပါ The Korea Times မှ NK denounces US efforts to end North-Myanmar ties ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားသည် သောကြာနေ့က အမေရိကန်က မြန်မာနိုင်ငံအား ကွန်မြူနစ်မြောက်ကိုရီးယားနှင့် ဆက်ဆံရေးရပ်ဆိုင်းရန် မကြာမီက တောင်းဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ပြောကြားခဲ့သည်။

“ပထမတော့ စစ်ရေးအရဆက်ဆံရေးတွေ ဖြတ်တောက်ဖို့တောင်းဆိုခဲ့ပါတယ်။ အခုတော့ အမေရိကန်က ကျွန်တော်တို့နဲ့ဆက်ဆံရေး ရပ်ဆိုင်းဖို့ ဗြောင်ကျကျဖိအားပေးလာပါပြီ။ ကျွန်တော်တို့ကိုလည်း မကောင်းတဲ့မိတ်ဆွေ(Bad Friend)အဖြစ် တံဆိပ်ကပ်ပါတယ်”ပာု မြောက်ကိုရီးယား နိုင်ငံခြားရေးရာ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြောင်း မြောက်ကိုရီးယား အစိုးရပိုင် Korean News Agency က သတင်းရေးသားခဲ့သည်။

မြောက်ကိုရီးယားဆန့်ကျင်ရေးအတွက် အမေရိကန်က မြန်မာနိုင်ငံအား တောင်းဆိုမှုကို ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး မကောင်းသောမိတ်ဆွေ(bad friend)ဆိုသည့် တံဆိပ်သည် အမေရိကန်နှင့်သာ ထိုက်တန်ကြောင်း မြောက်ကိုရီးယားကပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်သည် စက်တင်ဘာလက မြန်မာသမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ မြောက်ကိုရီးယားနှင့်ဆက်ဆံရေးအတွက် စွပ်စွဲထားမှုများအပေါ် စိုးရိမ်ကြောင်း ဖွင့်ပာခဲ့သည်။

အကယ်၍ မြန်မာနိုင်ငံသည် သံသယရှိနေသော မြောက်ကိုရီးယားနှင့်ဆက်ဆံရေးသန့်ရှင်းသွားပါက အမေရိကန်သည် အရေးယူမှုများ ဖြေလျော့ရန်ဆန္ဒရှိကြောင်း ကလင်တန်က ထုတ်ဖော်ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ မြောက်ကိုရီးယားအပေါ် မိတ်ဆွေမပီသစွာ ခွဲခြားဆက်ဆံသည့် မူဝါဒပာာ နည်းနည်းမှမပြောင်းလဲသေးပါဘူး”ပာု မြောက်ကိုရီးယားပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံပိုင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ရပ်တည်ချက်ကိုပြောင်းရန် တောင်းဆိုရာ၌ “တကယ်လို့ အမေရိကန်ပာာ သူရဲ့ရန်လိုတဲ့ ခေတ်မမှီတဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး မူဝါဒကိုဆက်ပြီးဖက်တွယ်ထားမယ်ဆိုရင်တော့ ကိုရီးယားကျွန်းဆွယ်မှု အမေရိကန်တို့ ရှိနေနိုင်လိမ့်မယ် မပာုတ်ပါဘူး”ပာု ဆိုခဲ့သည်။

                                **********************************************************

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်သင့်ခံမည်ဖြစ်ကြောင်း ဦးသိန်းစိန်ပြောကြား

(BBC သတင်းဌာနမှ 29 September 2012 ရက်စွဲပါ Burma's Thein Sein 'would accept Suu Kyi as president' ကိုဘာသာပြန်ဆိုသည်)

အကယ်၍ ပြည်သူလူထုကသာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြသည်ဆိုပါက မိမိအနေဖြင့် ၎င်းအားသမ္မတအဖြစ် လက်သင့်ခံသွားမည် ဖြစ်သည်ဟု မြန်မာသမ္မတဦးသိန်းစိန်က BBC သို့ ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ၌ ပြည်သူလူထုက မည်သူမည်ဝါကို ရွေးကောက်တင်မြှောက်သည်ဖြစ်စေ ၎င်းတို့၏ ဆန္ဒသဘောထားကို အလေးထားသွားမည်ဖြစ်သည်ဟု ဦးသိန်းစိန်ကအခိုင်အမာ ပြောဆိုသည်။

မိမိအနေဖြင့် တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဆုံးဖြတ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိသည် အတူပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့သည့် စစ်အစိုးရခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဦးသိန်းစိန်သည် အရပ်သားများဦးဆောင်သော အစိုးရပီပြင်စွာ ပေါ်ပေါက်လာရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးတို့အတွက် ထူးခြားသည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။

၎င်းသည် လွန်ခဲ့သည့်နှစ်ရက်ခန့်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂထွေထွေညီခံ၌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကွန်ဂရက်၏ ရွှေတံဆိပ်ဆုချီးမြှင့်ခြင်းခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားသည်။

BBC သတင်းဌာန၏ Hardtalk အစီအစဉ်၌ အင်တာဗျူးပြုလုပ်ရာတွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် မြန်မာသမ္မတ  ဖြစ်လာနိုင်သည့် အလားအလာရှိမှုနှင့်ပတ်သက်၍ပင် ထည့်သွင်းပြောဆိုသွားသည်။

"ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာမယ်၊ မဖြစ်ဘူးဆိုတဲ့ကိစ္စဟာ ပြည်သူတွေရဲ့ဆန္ဒအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကိုလက်ခံတယ်ဆိုရင် ကျွန်တော်လည်း လက်ခံမှာပါ"ဟု သမ္မတ ဦးသိန်းစိန်ကပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့်အကြားမှာ ပြဿနာတစ်ခုမှ မရှိပါဘူး။ ကျွန်တော်တို့ အတူလက်တွဲပြီး အလုပ်လုပ်နေကြတာပါ"ပာု ၎င်းက ဆက်လက်ပြောသည်။

သို့သော် လွှတ်တော်တွင် နေရာအများစုရယူထားသည့် စစ်တပ်(တပ်မတော်)အနေဖြင့် တိုင်းပြည်၏နိုင်ငံရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ဖြည့်စွက်ပြောဆိုသည်။

ယခုရက်သတ္တပတ်အတွင် ဦးသိန်းစိန်၏ မှတ်ချက်ပေးပြောဆိုမှုများမှာ ၂၀၁၁ ခုနှစ်၊ စစ်အစိုးရအဖွဲ့ ဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ပိုင်းထံမှ နွေးထွေးမှုအရှိဆုံးသော မှတ်ချက်များပင်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံသည် ရိုဟင်ဂျာမွတ်စလင်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခအပါအဝင် ယနေ့အချိန်အထိ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင် နေရဆဲဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရေးအတွက် ထပ်ခါတလဲလဲ ကတိကဝတ်ပြုပြောဆိုထားသည်။ သို့သော် ရခိုင်ပြည်နယ်တွင်း ပြဿနာများအတွက် ဖြစ်နိုင်ခြေရှိသော အဖြေထွက်ပေါ်ရန် ၎င်းသာမက ဒေါ်အောင်ဆန်းစုကြည်ပါ ဆောင်ကြဉ်းနိုင်ခြင်းမရှိပေ။

ဤအတောအတွင်းမှာပင် မြန်မာနိုင်ငံအပေါ် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် ဦးသိန်းစိန်က ထပ်မံမေတ္တာရပ်ခံ လိုက်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကမူ မြန်မာနိုင်ငံမှ ပို့ကုန်ပိတ်ပင်ကန့်သတ်မှုအား ဖယ်ရှားပေးမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

                                                                  *********************************************

မြန်မာနိုင်ငံမှ သွင်းကုန်ပိတ်ပင်ကန့်သတ်မှု အမေရိကန်ဖယ်ရှားလိုက်မှုကြောင့် Yoma နှင့် Interra ကုမ္ပဏီတို့၏ စတော့ရှယ်ယာနှုန်းများမြင့်တက်

(Stock News Singapore မှ 27 September 2012 ရက်စွဲပါ Yoma, Interra up on US plans to ease Myanmar import ban ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှပို့ကုန်တင်သွင်းမှုအား ကန့်သတ်ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးလိုက်သည့်သတင်း ထွက်ပေါ်လာပြီး နောက် Yoma Strategic Holding Ltd ကဲ့သို့ စင်ကာပူမှတ်ပုံတင် မြန်မာကုမ္ပဏီများ၏ စတော့ရှယ်ယာနှုန်းထားများ မြင့်တက်သွားသည်။

Yoma ၏ရှယ်ယာမှာ ၉ ရာခိုင်နှုန်း(၀ ဒဿမ ၄၈၅ဒေါ်လာ)မြင့်တက်သွားပြီး ရှယ်ယာ ၅၂ ဒဿမ ၇ သန်း ရောင်းချခဲ့ရသည်။ မြန်မာအခြေစိုက် စွမ်းအင်ကုမ္ပဏီဖြစ်သော Interra Resources Ltd မှာ ၅ ဒဿမ ၁  ရာခိုင်နှုန်း(ဝ ဒဿမ ၄၁၅ ဒေါ်လာ)မြင့်တက်သွားကာ ရှယ်ယာ ၂၀ ဒဿမ ၃ သန်း ရောင်းချခဲ့ရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သမ္မတဦးသိန်းစိန်နှင့် ဗုဒ္ဓဟူးနေ့ကတွေ့ဆုံရာတွင် "အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများကန့်သတ်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း"ပြောကြားသည်။ ထိုသို့ ဖယ်ရှားပေးမှုသည် နှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် ကြီးမားသောအကူအညီ အထောက်ပံ့တစ်ခုဖြစ်သည်။

"ဒီသတင်းဟာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေအတွက် အပြုသဘောဆောင်တဲ့ သတင်းကောင်းတစ်ခုပါပဲ။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပွင့်လင်းလာတဲ့ ဈေးကွက်နဲ့ ကုန်သွယ်မှုတွေကြောင့် ကြီးမားတဲ့အကျိုးအမြတ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ပြည်တွင်းမှကုန်သည်တစ်ဦးက ဆိုသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive