Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2010.googlegroups.com

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် မော်လဒိုက်နိုင်ငံက တောင်းဆိုလိုက်ကြောင်း အွန်လိုင်းသ တင်းများကဖော်ပြသည်။ မကြာသေးမီ က အမေရိကန်ပြည်ထောင်စု၊ နယူး ယောက်မြို့တွင် ကျင်းပသွားသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ မော်လဒိုက်နိုင်ငံသမ္မတ နာရှပ်က စစ်အ စိုးရအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်အ ပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို အမြန်ဆုံးစေလွှတ်ပေးရန် ဆော်သြလိုက်သည်။ မော်လဒိုက်သမ္မတ သည် တစ်ချိန်ကနိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်ခဲ့ဖူးကြောင်း၊ ယခုအခါကုလ သမဂ္ဂလုံခြုံရေးကောင်စီသို့တင်သွင်းမည့် မြန်မာ့နိုင်ငံရေးအစီရင်ခံစာကိုလည်း မော်လဒိုက်နိုင်ငံက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း ကုလသမဂ္ဂမှရရှိသောသတင်း ကဆိုသည်။

ယခုတစ်ကြိမ် လုံခြုံရေးကောင်စီက ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အား ခြွင်းချက် မရှိ အမြန်ဆုံးစေလွှတ်ပေးရန်ထုတ်ဖော် ထားသည်။ထို့ပြင် မတရားဖမ်းဆီးထိန်း သိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား များအားလုံးကို စေလွှတ်ပြီးလာမည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ပြုရန်လည်းတောင်းဆိုထား ကြောင်း၊ နိုင်ငံရေးသမားများအားလုံး နှင့် ဒိုင်ယာလော့ခ်ပြုလုပ်ပြီး အမျိုးသားပြန် လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်ရန်လည်း ရေးသားထားကြောင်းသိ ရသည်။

မော်လဒိုက်နိုင်ငံကယင်းသို့ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စ တို့အတွက် ဆော်သြခဲ့သောကြောင့် မော်လဒိုက်အစိုးရကို ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးသမားများက ချီးမွမ်းဋ္ဌော ပနာပြုကြသည်။

မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး အာ မက်ရှာဟစ်က မြန်မာနိုင်ငံ၏လက်ရှိ နိုင်ငံရေးသမိုင်းကြောင်းကိုကြည့်လျှင် လွတ်လပ်မှုဟူသည် မှာပါဝါရှိသော လူနည်းစုတစ်စု၏ ဖိနှိပ်မှုကြောင့်ပျောက်ုဆုံးလျက်ရှိကြောင်း၊ မော်လဒိုက်နိုင်ငံ သမ္မတကြီး နာရှပ်ကလည်း ဒီမိုကရေစီ ရေးလှုပ်ရှားရာတွင် နိုင်ငံရေးအကျဉ်း သားတစ်ဦးဖြစ်ခဲ့သည့် အားလျော်စွာ မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကိုလည်း အမြန်ဆုံး စေလွှတ်ပေးရန်ဆန္ဒပြင်းပြလျက်ရှိ ကြောင်း၊ မော်လဒိုက်သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင်မြန်မာ့ဒီမိုကရေစီ အရေးကိစ္စအတွက် တက်ကြွစွာဆော်သြ သူတစ်ဦးအဖြစ် ထင်ရှားလာသည် ကိုတွေ့ရကြောင်း ပြောကြားသည်။

“လုံခြုံရေးကောင်စီကဆုံးဖြတ်ချက် ကိုကျွန်တော်တို့နိုင်ငံက ပူးပေါင်းကူညီ ခဲ့တာဟာ ဒီမိုကရေစီရေးအတွက် နောက်ထပ်သရုပ်ပြဆောင်ရွက်မှုတစ် ခု ပါ။ ကျွန်တော်တို့နိုင်ငံဟာ လုံခြုံရေး ကကောင်စီနဲ့ ပူးပေါင်းပြီး အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အကောင်အထည်ဖော်သွားမှာပါ။ ဒါဟာ သမ္မတနာရှပ်ရဲ့အရေးပါတဲ့ဆောင်ရွက် ချက်တွေဖြစ်မှာပါ။ နောက်ပြီးတော့မော် လဒိုက်အစိုးရဟာ ရာသီဥတုပြောင်းလဲ မှု၊ ဒီမိုကရေစီမြှင့်တင်မှုနဲ့ လူ့အခွင့်အ ရေးထိန်းသိမ်းမှု အစရှိတဲ့ နိုင်ငံတကာ ပြဿနာတွေကို အသေအချာဆောင် ရွက်သွားမှာပါ” ဟုသူကဆိုသည်။

Miadhu News မှ Maldives Calls for release of Suu Kyi သတင်းကိုဘာသာပြန်ထားဖြင်းဖြစ်ပါသည်။

eaglecentre.blogspot.com မှကူယူဖော်ပြသည်။- 5th Oct, 2009

Newspaper Section

အိုဘားမားအစိုးရ၏ မြန်မာစစ်အစိုးရအပေါ်ထားရှိသည့် လမ်းနှစ်သွယ် (Dual Track) မူဝါဒကို နိုင်ငံရေးလှုပ်ရှားသူများနှင့် ဆန့်ကျင်သူများက လက်ခံလိမ့်မည်မဟုတ်ပါ။ သို့သော် အဆိုပါမူဝါဒသည် လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ အာဆီယံ သဘောထားနှင့်လည်း ကိုက်ညီသည့်အတွက် အမေရိကန် အစိုးရမှ အကောင်အထည်ဖော်ရန် လွယ်ကူစေပါသည်။

သံတမန်ဟောင်းတစ်ဦးနှင့် မြန်မာစစ်အစိုးရကို ဝေဖန်သူ Asda Jayanama က အာဆီယံသည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံမှုကို လိုလားသဖြင့် အဆိုပါ မူဝါဒအားဖြင့် အမေရိကန်-အာဆီယံ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။ အာဆီယံနှင့် အမေရိကန်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။

အမေရိကန်မူဝါဒ ပြောင်းလဲမှုသည် မြန်မာနိုင်ငံအတွက် အလားအလာကောင်းသော အလျော်အစား တစ်ခုဖြစ်သည်။ မြန်မာစစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာနှင့် ဆက်ဆံရေးတွင် ပါဝင်နိုင်ရန် မိတ်ဆွေတရုတ်နိုင်ငံအပြင် အဓိကနိုင်ငံတစ်ခုလည်း ပါဝင်ရန်လိုအပ်သည်။ အမေရိကန်အနေဖြင့် ယခုအရေးကိစ္စကြောင့် ပိုမိုလှုပ်ရှားနိုင်သည့် အနေအထားကို ရရှိမည်ဖြစ်သည်။ ဒီမိုကရက်တစ်ဦးဆောင်သော ထိုင်းအစိုးရမှာ မှန်ကန်သော ဆက်ဆံမှုမျိုးရှိထားပြီးဖြစ်သည်ဟု မစ္စတာအာ့စ်ဒါက ပြောကြားခဲ့သည်။ အပြုသဘောဆောင်သည့် စေ့စပ်ဆွေးနွေးမှုအပေါ် အိမ်နီးချင်းထိုင်းမှ အငြင်းပွားမှုမရှိခဲ့ပါ။

အခြားသူများက မူဝါဒပြောင်းလဲမှုအပေါ် အကောင်းမြင်ခြင်း မရှိဘဲ အာဆီယံ၏ မြန်မာနိုင်ငံအပေါ် ၁၀ နှစ်ကြာ မအောင်မြင်သော စေ့စပ် ဆွေးနွေးမှုအတွက် တစ်ပတ်လှည့် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ခံယူထားသည်။

ဂျော့တောင်းတက္ကသိုလ်၊ နိုင်ငံခြားရေးဌာနမှ ပါမောက္ခ ဒေးဗစ် စတင်ဗတ်က အမေရိကန်ဆီးနိတ် အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီသို့ တင်ပြရာတွင် အမေရိကန်၏ ပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုနှင့် အာဆီယံ၏ အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုသည် မအောင်မြင်ခဲ့ဟု ပြောကြားခဲ့သည်။

အမေရိကန် မူဝါဒပြောင်းလဲမှုသည် ထိုင်းနိုင်ငံအား ထွက်ပေါက်ရရှိသွားစေခဲ့သည်။ အောင်ဆန်းစုကြည်အား ရုံးတင်မှုအတွက် ထုတ်ပြန်ရန်ရှိသည့် ကြေညာချက်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်မှာ အခက်အခဲ တွေ့ခဲ့ရသည်။ အာဆီယံ ၁၀ နိုင်ငံအတွင်း ဆန္ဒရယူခဲ့ရာ ၅ နိုင်ငံမှ ဆန့်ကျင်ခဲ့၍ ဖြစ်ပါသည်။ အမေရိကန်၏ ကြေညာချက်ကြောင့် မစ္စတာကာဆစ် အနေနှင့် ကြေညာချက်ထုတ်ရန် ကိစ္စကို ရှောင်ရှားနိုင်ခဲ့သည်။

ချင်းမိုင်တွင် ရှိသော နိုင်ငံရေးလေ့လာသူ ကိုမင်းမင်းက အမေရိကန်ပေါ်လစီ အသစ်သည် ၎င်းတို့ ယခင်က ကျင့်သုံးခဲ့သော ပေါ်လစီမအောင်မြင်ခဲ့ကြောင်းကို ပြသခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ အခြားသော မြန်မာနိုင်ငံအကြောင်း လေ့လာသူတစ်ဦးက အမေရိကန်၏ မူဝါဒအသစ်သည် မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေမည်ကို ကျွန်ုပ်တို့ စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်အတွက် အာဆီယံအဖွဲ့ဥက္ကဌ ဖြစ်မည့် ဗီယက်နမ်နိုင်ငံကလည်း မည်သို့တုန့်ပြန်မည်ကို မှန်းကြည့်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံသည် အိုဘားမား၏ မူဝါဒပြောင်းလဲမှုကို လက်ခံရမည်ဖြစ်ပြီး အဆိုပါကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် ပီကင်း၏ အာဏာသက်ရောက်မှု လျော့နည်းသွားမည်ဖြစ်သည်။ သို့သော် ရေရှည်တွင် မြန်မာနိုင်ငံ ပိုပိုချမ်းသာလာလေလေ တရုတ်ဈေးကွက်ပိုကြီးလာလေလေ ဖြစ်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမှု အများဆုံး နိုင်ငံဖြစ်ကြောင်း၊ အထူးသဖြင့် စစ်လက်နက်နှင့် အခြေခံအဆောက်အဦ ရိက္ခာတွင် ပိုများကြောင်း၊ ထို့အတွက်ကြောင့် အနာဂတ်တွင် အစိုးရကို မထိန်းချုပ်စေနိုင်သော်လည်း တရုတ်စီးပွားရေးလုပ်ငန်းများတွင် လွှမ်းမိုးနိုင်သည့် အနေအထားတွင် ရှိပါကြောင်း မစ္စတာအာစ်ဒါက ပြောပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ဆက်လက်၍ အစဉ်အဆက် လွှမ်းမိုးလိုလျှင် ပညာရေးကဏ္ဍတွင် ရင်းနှီးမှု ပြုလုပ်ပြီင်္း မြန်မာစစ်တပ်အရာရှိများကို တရုတ်နှင့် ကိုရီးယား ပုံစံမျိုးမဟုတ်ဘဲ အနောက်နိုင်ငံအတွေးအခေါ်များ လေ့ကျင့်ပေးရန်လိုကြောင်း ပြောကြားပါသည်။

အာဆီယံအဖွဲ့များမှာ အမေရိကန် မူဝါဒအသစ်ကြောင့် စိတ်သက်သာရာ ရရှိခဲ့သော်လည်း ဥရောပသမဂ္ဂအဖွဲ့အစည်း မြန်မာနိုင်ငံအပေါ် အသစ်သောပုံစံဖြင့် မည်သို့ ဆက်ဆံရမည်ကို မည်သို့ ဆက်ဆံရမည်ကို ကြိုးစားနေဆဲဖြစ်သည်။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ဥရောပသမဂ္ဂ ဥက္ကဌ ဆွီဒင်နှင့် ကော်မရှင် အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်၍ ညှိနှိုင်းခဲ့သော်လည်း တိုက်ရိုက်ဆက်ဆံရေးအပေါ် ဗြိတိန်နှင့် ပြင်သစ်တို့ သဘောထားကွဲလွဲနေသောကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။ ထို့ကြောင့် ပိတ်ဆို့မှုသည်သာ ဥရောပသမဂ္ဂ၏ လက်ရှိသဘောထားအဖြစ် တည်နေသေးသည်။

ဘန်ကောက်ရှိ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ရုံးမှ ပိတ်ဆို့မှု၏ အကျိုးသက်ရောက်မှုနှင့် ဖြစ်နိုင်သည့် အစားထိုးမူဝါဒကို သီးခြားတင်ပြခဲ့သော်လည်း စတော့ဟုမ်း အစည်းအဝေးတွင် ထူးခြားမှုမရှိခဲ့ပါ။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အများဆုံးအလှူရှင်ဖြစ်သည့်အလျှောက် မြန်မာနိုင်ငံရေး တိုးတက်မှုအတွက် ရှင်းလင်းပြတ်သားသောမူဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

ရွေးကောက်ပွဲကို လာမည့်နှစ်တွင် ကျင်းပမည်ဖြစ်ပြီး အချိန်နီးကပ်လာမည် ဖြစ်သည်။ မည်သူကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် စီမံလုပ်ဆောင်ရတော့မည် ဖြစ်သည်။

အမေရိကန်ရော အာဆီယံမှ ယခုကိစ္စအတွက် ရည်မှန်းချက်ကိုယ်စီရှိလိမ့်မည်ဟု ယူဆရပြီး အမေရိကန်က အစိုးရပြောင်းလဲရေးကို ဦးတည်သော်လည်း အာဆီယံက ယခုအစိုးရက ပိုမိုကောင်းမွန်သော အစိုးရအဖြစ် မြင်လိုခြင်း ဖြစ်ပါသည်။ အဆိုပါ မတူညီသော နည်းဗျူဟာကြောင့် မြန်မာနိုင်ငံတွင် ရည်မှန်းထားသလို ဖြစ်စေရေးအတွက် နှောင့်နှေးစေမည် ဖြစ်ပြီး အာဆီယံနှင့် အမေရိကန်ကြား ဆက်ဆံရေးကို ခက်ခဲစေပါသည်။

eaglecentre.blogspot.com မှကူးယူဖော်ပြသည်။
Oct 5,2009(VNA Hanoi)

အောက်တိုဘာ ၂ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်ကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးကောင်စီ၏ နည်းပညာဆိုင်ရာ အကူအညီများနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်း စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် ဗီယက်နမ်သံအမတ်ကြီး Vu Dung က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် အစိုးရနှင့် ပြည်သူများက ဆောင်ကြဉ်းပေးနိုင်သော လက်ရှိ အောင်မြင်မှုရလဒ်များနှင့် နိုင်ငံတွင်း လွတ်လပ်၍ အခြေခံကျသော လူ့အခွင့်အရေးစံနှုန်းများ တိုးတက်ထူထောင်နိုင်မှုကို ချီးကျူးပြောဆိုလိုက်သည်။

ကုလသမဂ္ဂ ဒဗလျူတီအို(WTO)နှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ ဗီယက်နမ်နိုင်ငံ အမြဲတမ်းသံအမတ်ကြီး Dung က ကောင်းမွန်သော ရလဒ်များ အပါအဝင် ကမ္ဘောဒီးယား အစိုးရ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော်ပြပြောဆိုခဲ့ပြီး ၎င်းအခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လူ့အခွင့်အရေးကောင်စီနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများကိစ္စနှင့် ပတ်သက်၍ ပြောဆိုရာတွင် နိုင်ငံတွင်းရှိ ပြည်သူများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းသည် နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ချိုးဖောက် စွက်ဖက်ခြင်းပင် ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

Dr Alison Vicary and Dr Sean Turnell ရေးသည့် Burma Economic Watch ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။ 6- 10- 2009

မကြာသေးမီက ဝါရှင်တန်၊ ကင်ဘာရာနှင့် ကမ္ဘာ့နေရာများတွင် မြန်မာနိုင်ငံပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထင်မြင်ယူဆချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သော ကိစ္စတစ်ရပ်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ပိတ်ဆို့မှုကို ဆန့်ကျင်မှုများ ပိုမိုများပြားလာခဲ့သည်။ ဆန့်ကျင်မှုအများစုမှာ သဘောထားမှန်ကန်ပြီး တချို့မှာ မိမိကိုယ်ကျိုးအတွက် ဖြစ်သည်။ ပိတ်ဆို့မှုကို ဆန့်ကျင်မှုများသည် သက်ရောက်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံ ပိုမို၍ဆင်းရဲသွားခြင်းမှာ တိကျသော ယူဆချက်တစ်ရပ်ဖြစ်သည်။

တစ်ချိန်က အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပေပြီ။ သို့သော်လည်း ဤဖြစ်ပေါ်လာသော အန္တရာယ်ကပ်ဆိုးသည် မြန်မာစစ်အစိုးရအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျနှင့် အခြားသော ပါဝင်ပတ်သက်သော နိုင်ငံများ၏ ပိတ်ဆို့မှုကြောင့် မဟုတ်ပါ။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရ၏ သက်တမ်းကြာမြင့်လာမှုနှင့်အတူ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမှုကြောင့်သာ ဖြစ်သည်။ မြန်မာစစ်တပ်၏ အုပ်ချုပ်မှုယန္တရားသည် နိုင်ငံ၏ စီးပွားရေးနှင့် သယံဇာတအရင်းအမြစ်များကို ထိန်းချုပ်လုယူခဲ့သည်မှာ ဆယ်စုနှစ် (၅) စုတိုင်ရှိခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျင့်သုံးရမည့် ဈေးကွက်အခြေခံသဘောတရားများ (Basic Market Institution) ကို ပျက်စီးစေခြင်း၊ တားဆီးခြင်းနှင့် လစ်လျူရှုခြင်းများ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နာမည်ကြီးကော်ပိုရေးရှင်း အများစုကို စစ်တပ်မှ ပိုင်ဆိုင်သည်။ မြန်မာသည် ထင်ရှားသော အပြည်ပြည်ဆိုင်ရာ ခြစားမှုများကို ဖော်ပြသည့် အညွှန်းကိန်း (Transparency International’s Corruption Perception Index) တွင် ကမ္ဘာပေါ်၌ ဒုတိယအဆိုးဆုံးသော နိုင်ငံအဖြစ် ရပ်တည်နေပါသည်။ မြန်မာစစ်အစိုးရသည် အိမ်နီးချင်းနှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲမှုများကဲ့သို့ စီးပွားရေးတိုးတက်မှုအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးပေးမည် ဆိုခြင်းမှာ ဖြစ်နိုင်ဖွယ်မရှိချေ။

မြန်မာ၏ အိမ်နီးချင်းအများစုမှာ ထင်ရှားသော လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံများ မဟုတ်ပါ။ သို့သော်လည်း အဆိုပါနိုင်ငံများတွင် မိမိ၏ ရပ်တည်မှု ခိုင်မာရေးနှင့် တိုင်းပြည်အကျိုးစီးပွား နှစ်မျိုးစလုံး၏ တိုးတက်မှုကို အသိအမှတ်ပြုသည့် အုပ်ချုပ်သူများက ဦးဆောင်နေပါသည်။ အဆိုပါ အစိုးရများသည် ဖိနှိပ်အုပ်ချုပ်သူများ မဟုတ်သလို မိမိတို့ကို အကျိုးပြုနေသော စီးပွားရေးကို ပျက်စီးစေသူများလည်း မဟုတ်ပါ။ မြန်မာအစိုးရသည် တိုင်းပြည်အကျိုးစီးပွားကို လုယူသူသက်သက်ဖြစ်ပြီး အခြေအနေအရပ်ရပ်ကိုလည်း နားလည်အောင် မကြိုးစားဘဲ ဖန်တီးမှုအရပ်ရပ်ကိုလည်း ဖျက်ဆီးပစ်နေပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမှု အနည်းငယ်သာ ဖိတ်ခေါ်ထားပြီး သဘာဝဓာတ်ငွေ့နှင့် ရေနံထုတ်လုပ်မှုကဏ္ဍနှင့် အခြားသော ဝင်ငွေရလွယ်သည့် စီးပွားရေးလုပ်ငန်းများတွင်သာ များစွာ မြှုပ်နှံထားသည်။ မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံသည် ဒေသအတွင်း ထင်ရှားသော သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချသူအဖြစ် ရပ်တည်ခဲ့သည်။ သို့သော် ဤမမျှော်လင့်ဘဲ ရလာသော ဝင်ငွေများကို တိုင်းပြည်အတွက် အနည်းငယ်သာ လုပ်ဆောင်ပေးခဲ့သည်။
အမှန်တကယ်တော့ သူတို့၏ ဝမ်းနည်းစရာကောင်းသော သမားရိုးကျ ပုံစံမျိုးဖြစ်သည့် “သယံဇာတများကို အလွဲသုံးစားခြင်း” (Resource Curse) ဖြင့် တိုင်းပြည်အခြေအနေကို ပို၍ဆိုးစေခဲ့သည်။ ငွေကြေးကျပ်တည်းနေသော မြန်မာစစ်အစိုးရသည် ကမ်းလွန်သဘာဝဓာတ်ငွေ့မှ ရရှိသော အခွန်ငွေများကို မိမိအကျိုးအတွက်သာ သုံးခဲ့သည်။ နိုင်ငံတော်ဂုဏ်ဆောင်သည်ဟု သူတို့ယူဆသော စီမံကိန်းများတွင်သာ သုံးခဲ့သည်။ မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာ မြို့သစ်နေပြည်တော်အတွက် သုံးခဲ့သည်။ ရုရှားမှာ နျူကလီယာဓာတ်ပေါင်းဖို ဝယ်ယူခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံမှ ဖော်ပြနိုင်ခြင်းမရှိသည့် တန်ဖိုးရှိသည့် လက်နက်များ ဝယ်ယူခဲ့သည်။ ဤကိစ္စအားလုံးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်သည့် ငြင်းခုံမှုများသည် အမြဲတမ်းအကြောင်းအရာတစ်ခုအပေါ်တွင် အခြေခံပေသည်။ အဆိုပါ အကြောင်းအရာ (Idea) အရ စီးပွားရေးကို ဖွံ့ဖြိုးလာအောင် ထောက်ပံ့အားပေးခြင်းဖြင့် အာဏာ၏ ဗဟိုချက်မ (Centre of Power) လာရာ သည် စစ်အစိုးရတစ်ခုတည်းမကဘဲ အခြားအာဏာ ဗဟိုချက်မတစ်ခု ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါ ဖြစ်ပေါ်မှုအရ ဆရာဖြစ်လာသော စီးပွားရေးအတန်းအစား (Business Class) သည် ပြောင်းလဲမှုကို တောင်းဆိုသော အားတစ်ခုဖြစ်လာပေလိမ့်မည်။ စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော အာဏာ၏ ဗဟိုချက်မသည် စီးပွားရေးကို ထိန်းချုပ်နေသူအပေါ်တွင်သာ မူတည်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အခြားလူမဟုတ်ဘဲ စစ်အစိုးရကိုယ်တိုင် ဖြစ်နေပေသည်။
ထင်ရှားသော ပြည်ပပို့ကုန်များဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ကျောက်မျက်ရတနာ၊ သတ္တု၊ ကျွန်းသစ်နှင့် ရေထွက်ကုန်အားလုံးကို အစိုးရက ထိန်းချုပ်ထားသည်။ အစိုးရက အထက်ပါကဏ္ဍများတွင် ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံမှုများကို သေချာစွာ ထိန်းချုပ်ထားပြီး အဆိုပါကဏ္ဍမှ လက်ရှိနိုင်ငံရေးအခြေအနေကို စိန်ခေါ်သူများ ပေါ်မလာအောင် ထိန်းချုပ်ထားပါသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြးလျနိုင်ငံများ၏ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုသည် မြန်မာအစိုးရနှင့် ၎င်းတို့ကြား ငွေကြေးစနစ် ဆက်ဆံမှုမရှိရန် စစ်အစိုးရနှင့် ပတ်သက် ဆက်နွယ်သူ အမည်စာရင်းပေါက် တစ်ဦးချင်းအပေါ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးရည်ရွယ်၍ ချမှတ်ထားခြင်းဖြစ်သည်။

သာမန်လူတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ် ပတ်သက်ခြင်း သို့မဟုတ် လိုအပ်ခြင်း မရှိပါ။ ဤကိစ္စမျိုးသည် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသောသူများသာ နိုင်ငံတကာငွေကြေးနှင့် ပတ်သက်နေသည်။ ဤအဖွဲ့ဝင်များက အနောက်နိုင်ငံငွေကြေးစနစ်သို့ ဝင်ရောက်နိုင်ခြင်း မရှိအောင် တားဆီးခြင်းသည် လုံးဝဥဿုံ မှန်ကန်ပါသည်။ ယခင်မူလက ပြုလုပ်ခဲ့သော ပိတ်ဆို့မှုကို သဘောတူညီမှုရှိသလို သဘောမတူမှုလည်း ရှိပေမည်။ ယခုလက်ရှိပိတ်ဆို့မှုတွင် ဘဏ်တွင် ရှိသော ငွေများသည် မြန်မာနိုင်ငံတွင် မှန်ကန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမှသာ သုံးစွဲခွင့်ပြုရန်အတွက် ရည်မှန်းထားပါသည်။ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲမှု တုံ့နှေးနေသော စစ်အစိုးရကို အားပေးရာ ရောက်ပြီး အမေရိကန်၊ ဩစတြေးလျနှင့် အခြားသဘောတူနိုင်ငံများ၏ မြန်မာနိုင်ငံ အနာဂတ်တွင် လွှမ်းမိုးမှု ပါဝါကို လျော့နည်းစေပါသည်။

မြန်မာနိုင်ငံ၏ အခြေအနေများ ပြောင်းလဲမှုသည် ပြည်တွင်း အနေအထားများနှင့် အဓိက ဆက်နွယ်လျက်ရှိပြီး ပြောင်းလဲမှု မက်လုံးများကို အသိအမှတ်ပြုမည့် ပြည်တွင်းအင်အားစုများပေါ် မူတည်နေပါသည်။ လောလောဆယ်တွင် ကျန်ကမ္ဘာ့နိုင်ငံများသည် ပြောင်းလဲမှုအတွက် မက်လုံးများရရှိလာအောင် အကောင်းဆုံးလုပ်ဆောင်ပေးရမည်။
ပြည်တွင်း အင်အားစုများ၏ နားလည်သဘောပေါက်မှုကို ခွင့်ပြုရမည်ဖြစ်ပြီး၊ သူတို့၏ ကြွယ်ဝမှု၊ လွတ်လပ်မှုတို့ကို အခြေခံပြီင်္း ထွက်ပေါ်လာသော မူဝါဒများ၊ အမူအကျင့်များ ဖြစ်ပေါ်လာစေရန် ဆုပေးသည့် စနစ်မျိုးဖြင့် ဆွဲဆောင်ကြရလိမ့်မည်။ သို့သော် ယခုအချိန်အထိ မြန်မာပြည်တွင်းမှ ပြည်သူများ ဘာမျှ မရကြသေးပါ။
Dr Alison Vicary and Dr Sean Turnell ရေးသည့် Burma Economic Watch ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

ရန်ကုန်၊အောက်တိုဘာ ၇

နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသ အနှံ့အပြားတွင် ကြွက်မြီးတစ်ချောင်းလျှင် ၂၅၀ ကျပ်နှင့် ၅၀၀ ကျပ်ကြား အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လပွတ္တာခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများက ပြောကြားသည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အကြာ၌ အဆိုပါ ဒေသတွင် လယ်ကြွက်များ သိသိသာသာပေါများပြီး စပါးခင်းများကို ဖျက်ဆီးနေသဖြင့် စစ်ဒေသမှ အိမ်ထောင်စုတစ်စုလျှင် ကြွက်မြီး ၅ ချောင်းမှ ၁၀ ချောင်းခန့်အထိ စုဆောင်းစေပြီး ကျေးရွာအုပ်စုအလိုက် ကြွက်မြီး မီးရှို့ပွဲများ ကျင်းပရန် ညွှန်ပြထားသဖြင့် ကြွက်မြီးများ ဈေးကွက်ဝင်လာခြင်း ဖြစ်သည်ဟု လျှော်ချောင်းကျေးရွာအုပ်စုမှ ရွာသားတစ်ဦးက ပြောကြားသည်။

“ရွာတွေရောက်လို့ ဥက္ကဋ္ဌကို မေးလို့ရှိရင် ကြွက်မြီးရှို့ပွဲသွားနေတယ်လို့ ရွာတိုင်းပြောကြတယ်” ဟု NGO တစ်ခုမှ စားနပ်ရိက္ခာဝေခြမ်းရေး ဝန်ထမ်းတစ်ဦးက ၎င်းအတွေ့အကြုံကို ပြောကြားသည်။

နာဂစ်မုန်တိုင်းကြောင့် ကြွက်ကို စားသုံးသော မြွေများ သေဆုံးသွားပြီး မြွေပေါက်ဖွားနှုန်းနှင့် ကြွက်ပေါက်ဖွားနှုန်း အချိုးမညီသဖြင့် ကြွက်များ ပေါများလာသည်ဟု ဆိုသည်။ ကြွက်သည် တစ်နှစ်ကို ၄ သား ခန့် ပေါက်ပြီး တစ်ခါပေါက်လျှင် ၅ ကောင်အနည်းဆုံးရှိသည်။ နာဂစ်ကြောင့် သေဆုံးရသူများ၏ ပိုင်ရှင်မဲ့ လယ်မြေလွတ်များတွင် စပါးထွန်ယက်စိုက်ပျိုးသူများ မရှိ၍ ကြွက်များ သိသိသာသာပေါများရခြင်း ဖြစ်သည်ဟု ကညင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။

ပုံမှန်အားဖြင့် လယ်ကြွက်ဆိုသည်မှာ စပါးမှည့်ချိန်ကျမှ ပေါပေါများများ တွေ့ရကြောင်း၊ ယခုစပါးစတင်စိုက်ပျိုးချိန် ပျိုးကြဲစဉ်ကပင် ကြွက်များ ဖျက်ဆီးခြင်းခံရကာ ပြီးခဲ့သည့်နှစ်က နာဂစ်ကြောင့် လယ်အပြီး မစိုက်နိုင်မည်ကို စိုးရိမ်ခဲ့ရကြောင်း ယခုနှစ်တွင် လယ်အပြီးစိုက်နိုင်သော်လည်း ကြွက်ရန်ကြောင့် စပါးမရမှာကို စိုးရိမ်နေရကြောင်း ကတ္တီပါကျေးရွာမှ လယ်သမားတစ်ဦးက ပြောကြားသည်။
ကြွက်ဖမ်းဆီးရန် ကျွမ်းကျင်သော မိသားစုများအနေဖြင့် ကြွက်မြီးကို ဝယ်ယူစုဆောင်းနေသဖြင့် ကြွက်မြီးများ ထူးထူးခြားခြား ဈေးကွက်ဝင်လာသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

yangonchronicle2010.googlegroups.com

Burma Polls 2010 Sans Suu Kyi!

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားမည်လော!

တပ်မတော်အစိုးရက အဆိုပြုထားသော ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် နှင့်အခြားနိုင်ငံရေးခေါင်းဆောင်များကို ပါဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့လျှင် အဓိပ္ပါယ်ကောရှိပါသေးရဲ့ လား! ဟု ဆောင်းပါးရှင်က မေးခွန်းထုတ်လိုက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ ပြည်ပရောက်မြန်မာများ သာမက ထင်ရှားသော နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုကြီးများက လက်ရှိအစိုးရသည်ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပါက နိုင်ငံတွင်း တိုးတက်ကောင်းမွန်သောပြောင်းလဲမှုများ ဖော်ဆောင်ရန်အလွန်ခက်ခဲ လိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။

ကန္ဒီဂျာယမ်တီ နေ့ထူးနေ့မြတ်တွင် များပြားလှစွာသော ဒီမိုကရေစီဘက်တော်သား အိန္ဒိယလူမျိုးများ နှင့် ပြည်ပရောက် မြန်မာဒီမိုကရေစီအဖွဲ့များသည် ထက်မြက်စူးရှသည့် အယူအဆများဖြစ်သည့် “စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပါဝင်ခွင့်ရရန် အချိန်မီလွှတ်မပေးပါက လာမည့် ၂၀၁၀ရွေးကောက်ပွဲသည် အဓိပ္ပါယ်ကင်းမဲ့နေပေလိမ့်မည်။ ၎င်းရွေးကောက်ပွဲသည် လက်ရှိတပ်မတော်ခေါင်းဆောင်များအာဏာကို ဆက်လက်ချုပ်ကိုင်ရန်ခင်းပေးသောလမ်းသာဖြစ်လိမ့်မည်” အစရှိသောအချက်များကို ကိုင်စွဲရန်ထွက်ပေါ်လာခဲ့ ကြသည်။

အောက်တိုဘာ၂ရက်နေ့က နယူးဒေလီတွင် အိန္ဒိယနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၀ကျော်ကို ကိုယ်စားပြုသည့် ဘားမားစင်တာဒေလီက အိန္ဒိယနိုင်ငံလုံးဆိုင်ရာကွန်ဂရက်ကော်မတီဥက္ကဌ ဆိုနီယာဂန္ဒီထံ အယူခံလွှာတင်သွင်းခဲ့ကြပြီး ၎င်းစာထဲတွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်ကို လွှတ်မပေးပါက မည်သူမဆို ပါဝင်နိုင်သော နိုင်ငံရေးဖြစ်တည်မှုလမ်းစဉ်တစ်ခု ပိုလာမည်မဟုတ်သလို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။

၎င်းစာတွင် ဆက်လက်၍ ၂၀၁၀ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်း များကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီအောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်လေ့လာရေးနှင့် ပါဝင်ပတ်သက်ခွင့်ပြုရေးတို့ကို ဖော်ဆောင်မည်မဟုတ်ဘဲ တပ်မတော်အစိုးရအာဏာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးကိုသာ ဖော်ဆောင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါဒီမိုကရေစီအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဆိုင်ရာ စံနှုန်းများ ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး စသောအချက်များ ထောက်ခံတောင်းဆိုခဲ့ကြသည်။

ယနေ့ ၂၀၀၉ ခုနှစ် အောက်တိုဘာ(၂)ရက်သည် နိုင်ငံတကာအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပြီး မဟတ္တမဂန္ဒီကြီး၏ အကြိမ်၁၄၀မြောက် မွေးနေ့ဖြစ်ပါသဖြင့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လည်းဖြစ်ပါကြောင်း၊ သင်၏သနားကြင်နာသော အလေးဂရုထားမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား အမှတ်ရစေခြင်းအလို့ငှာ ယခုကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ဆောင်ကြည်းခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်း ခံရသော ငြိမ်းချမ်းရေးနိုဗယ်ဆု အပါအ၀င် အခြားသောနိုင်ငံတကာမှ ဆုများအကြောင်းကို ၎င်းစာထဲတွင် ရေးသားဖော်ပြထားပါသည်။

၁၉၉၀ ရွေးကောက်ပွဲကာလကတည်းကပင် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးစသည့် အချက်များကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ထောင်သွင်းအကျဉ်းချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့်အသက်ဆုံးရှုံးခြင်း များကို ခံစားခဲ့ကြရသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ကျော်ကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် အများစုမှာ နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံနေရပြီး အချို့မှာ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ်၁၀၆နှစ်ခန့် ချမှတ်ခံရသူများဖြစ်သည်။

“မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း၊သူမနှင့် သူမ၏ NLD ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရရှိခဲ့သော်လည်း တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့ကြောင်း၊ တပ်မတော်အစိုးရသည် ပြည်သူလူထု၏ ရပိုင်ခွင့် များကို ကြိတ်ခြေပစ်ခဲ့ပြီး သူမအား ၁၄နှစ်နေအိမ်တွင် အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

၁၉၈၈ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုများဖြစ်ပွားခဲ့စဉ်ကပင်ထိုစဉ်က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီက ထောက်ခံအားပေးခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများကိုလည်း လက်ခံ ကာကွယ်ခဲ့ ကြောင်းနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကပင်လျှင် ဒီမိုကရေစီဝါဒီများ အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် ငွေကြေးကူညီပံ့ပိုးခဲ့ကြောင်း နယူးဒေလီအခြေစိုက်ပြည်ပရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှု အဖွဲ့သား တစ်ဦးက သတိတရပြန်လည်ပြောပြခဲ့သည်။

အထက်ဖော်ပြပါ အယူခံစာလွှာကို နိုင်ငံတကာ NGO နှင့် Advocacy အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ထောက်ခံလက်မှတ်ထိုးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်ထွန်းကားရေးစသော ကိစ္စရပ်များတွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် နယူးဒေလီကို တိုက်တွန်းထားသည်။

ယခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် တရားမျှတမှုပျောက်ဆုံးနေခြင်းကို ညွှန်ပြရုံသာမကဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် သူမပါဝင်နိုင် ခြင်းမရှိစေရန် တားမြစ်ထားသော တပ်မတော်အစိုးရ၏ ကြိုးပမ်းမှုပင်ဖြစ်ကြောင်း နယူးဒေလီအခြေစိုက် ဘားမားစင်တာဒေလီမှ ဒေါက်တာ အလာနာဂိုလ်မီးက ပြောကြားခဲ့ပါသည်။

သူမကဆက်လက်၍ ယခုကိစ္စသည် မြန်မာနိုင်ငံတွင်း အမျိုးသားရင်ကြားစေ့ရေး ဖြစ်တည်မှုလမ်းစဉ် တွင် တားဆီးပိတ်ဆို့မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာ၏ သဘောထားကို လျစ်လျူရှုကာ ဒီမိုကရေစီဝါဒကို ဖိနှိပ်သော ၎င်းတို့၏ စိတ်ရင်းကိုပြသခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတွင်းစစ်ဖက်အုပ်ချုပ်ရေးကို အမြစ်တွယ်စေမည့် အတုအယောင် အခြေခံဥပဒေနှင့် အယောင်ဆောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းမပြုရန် အိန္ဒိယအစိုးရအား အလေးအနက်တိုက်တွန်းအပ်ပါကြောင်း စသဖြင့် ပြောကြားကာ သူမ၏ စကားကို အဆုံးသတ်ခဲ့ပါသည်။

Source: http://eaglecentre.blogspot.com/

အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြတာနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောဆိုတင်ပြကြတာတွေကို စုစည်းထားခြင်းဖြစ်ပါတယ်။ လူထုစိန်ဝင်းရေးတဲ့ အတ္တပရဟိတလုပ်ငန်း၊ အဲဒါကို ပြန်ပြောထားတဲ့ ကိုအောင်သူငြိမ်းရဲ့ counter perspective နဲ့ ခေတ်ပြိုင်မှာ ဖော်ပြထားတဲ့ အင်ဂျီအိုဆိုတဲ့ အစိုးမရ တို့ကို ဖော်ပြခြင်းဖြစ်ပါတယ်။



အတ္တပရဟိတလုပ်ငန်း

လူထုစိန်ဝင်း

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မ ကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေး ကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အ ကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာစိုးလို့” လို့ပဲ လို တိုရှင်းဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင်မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေးကြာနေ ပါပြီ။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ်လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေရေးနေရတာဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာစိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေး သားနေရင်းကတောင် တန့်သွားမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစ ပြီး ဝေဖန်ရေးသားခဲ့တာ ပထမအကြိမ်က ကုလသမဂ္ဂနဲ့ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အိုင်အင် ဂျီအိုတခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင် ငံရေးကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီလာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မ ကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့် အားကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင်နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူ ငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေး ရပြောရပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံ တွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန် ရောက်လာတော့ သူတို့ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ကုန်ကြတော့တာပါပဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေတတ်လာတယ်ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် “အင်ဂျီအို” ကုန် ကြတာပဲဖြစ်တယ်။ မဖြစ်ဘဲနေရိုးလား၊ သူတို့ကိုခေါ်ပြီး သင်တန်းပေးသူတွေကိုယ်တိုင်က သူတို့ကို မျောက်အ ဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်းတောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆ ရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ မမြင်ချင်အဆုံးပါပဲ။ တချို့က အေ့ဒ်စ်ဆိုင်း ဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန်ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတောဆိုင်းဘုတ်၊ တချို့က ပလတ်စတစ်ဆိုင်းဘုတ် စသဖြင့် ... စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ... ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘ ရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရသဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့် ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ပြောရင် မလွန်လှဘူးလို့ ထင် ပါတယ်ခင်ဗျ။

စံပြပုဂ္ဂိုလ်လိုတယ်

ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေပြောနေရတာပါ။ အင်ဂျီအိုအားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်။ ဒါ ကြောင့် ကွယ်လွန်ရှာပြီဖြစ်တဲ့ လူရိုးလူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ် လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်း ဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အ ကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက်မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူ ထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလအမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့ တဲ့ ဦးတင်ကို မရရအောင်ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိ တသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရဟိတ” သမား “အတ္တပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတအတွက် ပရဟိတလုပ်ငန်း လုပ်တာမဟုတ်လား။

လူထုစိန်ဝင်း

(Weekly Eleven Journal - September 9 - 2009 ထုတ်မှ ...)

................................................

လမ်းသစ် (တုံ့ပြန်ချေပချက်ဆောင်းပါး)

အောင်သူငြိမ်း

ဆရာဇော်ဂျီ ဘာသာပြန်ထားတဲ့ “မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတို များ” ထဲက ‘လမ်းသစ်’ ဆိုတဲ့ ၀တ္ထုကလေးကို တခါတလေ သတိရမိ သေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာ တဲ့ သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အ မှတ်ရနေမိတယ်။ ဒီ ‘လမ်းသစ်’ ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ်ပြည် ဆိုရှယ်လစ်ခေတ်ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထား တာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီးတခု ဖြတ်ဖောက်ဖို့လုပ်တော့ ပြဿနာရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် အသက် မွေးဝမ်းကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ထင်တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သား လို့ထင်တယ်၊ လူငယ်ကလေးကတော့ လမ်းဖောက်တာကို ထောက်ခံ တယ်။ သူ့အိမ်တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ သူကတော့ ဒီလမ်းမကြီးဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကြဉ်းလာ မယ့်အရာလို့ မြင်ထားသလို သူ့ဘ၀အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ် ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုးကြီးနဲ့ ဆိုင်ကို မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထုဦးစိန်ဝင်း ဝေဖန်ရေးသားတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအ ပေါ် အမြင်မကောင်းတဲ့ကိစ္စ ဆောင်းပါး “အတ္တပရဟိတလုပ်ငန်း” အပေါ် တုံ့ပြန်ရေးသားချင်လို့ပါ။ ယေဘု ယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင် ...

(၁) မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မျောက်ပြဆန်တောင်းနေကြတယ်။

(၂) ဘယ်သူ့အားမှမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။

(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။

(၄) ပရဟိတသမားအစစ် မြန်မာ့အလင်း ဦးတင်လို ရိုးသားသမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိပါ တယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလားဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ် သက်လို့ အဲန်ဂျီအိုလူငယ်တွေအကြား ပြောဆိုပွဲဆူဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော်အတွက် စဉ်းစားစရာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ပြန်လည်ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာဆိုရင် တော့၊ ကြံ့ဖွံ့တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်း တွေကိုလည်း ထောက်ပြဖို့သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်း တင်းကျပ်ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့မူအပေါ်မှာလည်း ထောက်ခံရာရောက်နေသလားလို့လည်း အတွေးပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း

ဆရာလူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတဲ့ အင်အားစုတွေက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာ ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာခဲ့တဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေးအင်အားစုနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထုထူထောင် အဖွဲ့အစည်းတွေကို အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေသာမက အခြား အခွင့်အရေးလှုပ်ရှားမှု ခေါင်းစဉ်ပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မရှိ ဘူးတဲ့ နိုင်ငံတကာစာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါတယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုယ်နှိုက်ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံနေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန် ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင်ရမယ်လို့ နေရာပေး လာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိညာဉ်စာတမ်းကိုယ်နှိုက် မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုထားကြပါပြီ။ ဒါကို မျောက်ပြ ဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းဘုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။

အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အ ခု ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာမဟုတ် တော့ပါဘူး။ နိုင်ငံစုံပူးပေါင်းဖြေရှင်းကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်းဖြေရှင်းနေကြရတာတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ် တဲ့ အဖွဲ့တွေအချင်းချင်းရော နိုင်ငံတကာပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်းပွားစရာပါပဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများလာစရာရှိပါတယ်။ နောက်ထပ် ဆိုင်းဘုတ်စုံလာစရာလည်းရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား

အချက်အလက်တွေအရ မြန်မာနိုင်ငံပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲမှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်း အလုပ်လုပ် ကြသူတွေလည်း (၄) သန်းလောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည်ဆို တာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူတသိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ (၂.၄) သန်းကျော် အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင် ၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြားကူးစက်ရော ဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မ ဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြတာလားလို့ စောကြောဖွယ်ရှိလာ တော့တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား

မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံတကာအကူအညီဟာ လူတဦးကို တနှစ်မှာ (၃) ဒေါ်လာပဲရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို (၂၃) ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ (၅၀) ရပါတယ်။ တနှစ် ကို (၃) ဒေါ်လာရတာနဲ့တောင် အဲန်ဂျီအိုတွေ သိပ်များလာပြီ၊ စိုးရိမ်စရာဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ် ပွင့်လင်းလာလို့ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိလာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာအဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူကပ်ပါလာလေ့ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံ ကစလို့၊ အရည်အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှုအရည်အ သွေးတွေကိုလည်း ရလာလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရလုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှုပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှုအရင်းအနှီး

လူမှုအရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူထောင်အဖွဲ့အစည်းပဲခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူတွေကို ပေါင်းကူးဆက်စပ်ပြီး စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာပါ တယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်သာမက တချိန်ပြန် လည် နိုင်ငံထူထောင်ရေးကာလတွေအတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှုအရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီအမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူးထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံချက်တခုကို ဘယ်လိုရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့အများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအ ပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းနည်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း သူ တို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှတတ်လာမှာ မဟုတ်ပါဘူးဆိုတာမျိုးကတော့ အထင်အ မြင်သေးရာကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်

ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ် လို့ မျောက်လို့ အထင်မခံချင်ရတာလဲဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာကျစေတယ်၊ လူမျိုး သိက္ခာကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ်ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အ လားတူ မကောင်းတာ၊ ဆင်းရဲနေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတ ကာအစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ (၁) ဘီလီယံဒေါ် လာပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက်တွေမဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ် နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေးမညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေး ဖြေရှင်းရမယ်ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲတဲ့ နိုင်ငံကြီးလို့ ပြောနေ တုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများမသိစေနဲ့ဆိုတဲ့ ခေတ်က တော့ ကုန်ပြီထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့ သော်လည်း ခေတ်မီဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှ သာပဲရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လိုလူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင်ကူညီကြတယ် ပဲထားဦး၊ Gender လို့ခေါ်တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကိစ္စ တွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အားဖွံ့ဖြိုးလာစေရေး ကိစ္စတွေ ကိုလည်း စဉ်းစားမိကြဖို့ရှိသလား။ ဒီလိုပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ်ခေါင်းဆောင်မှု၊ စီမံခန့်ခွဲ ရေးပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်းစေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်းကောက်ယူတာတွေ၊ စီမံချက် သေချာဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန်လည်စုစည်းလိုက်ရင် လုပ် ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလားကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်း တွေ၊ ပဋိညာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအိုတွေအတွက် စင်မြင့်တွေကို ပြည် တွင်းအဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာလား … ကျနော်ကတော့ ဦးတင်တို့ ခေတ် အခြေအနေနဲ့ အခုအခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာဖြစ်ပေမယ့် အလှူပေးလုပ်ငန်းလောက်နဲ့ မလုံလောက်တော့ဘူးလို့ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေရှိကောင်းရှိနေနိုင်ပါတယ်။ တ ကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက် ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီးတ ယောက် အဲန်ဂျီအိုဆိုင်းဘုတ်တွေ ထောင်လာကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာပွားသင့်ပါ ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။

အောင်သူငြိမ်း

.................................................................--

မိမိကိုယ်ကို နှိမ့်ချပြီး ရိုးသားကြိုးစားမှုအစွမ်းဖြင့် အမိမြန်မာပြည်သာယာဝပြောအောင်စွမ်းဆောင်နိုင်ပါစေ။

စိုးမိုးသူ



အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ

၅ အောက်တိုဘာ ၂၀၀၉

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အနောက်တိုင်း အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟိုတယ်မှာ တည်းသွားခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့်ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။

အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခအဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက်ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေသန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။

အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သမုတ်ကြပါတယ်။

မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံးအပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းလူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှုကျူးလွန်ခံရသူတွေအတွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။

Source: http://www.padaukmyay.blogspot.com/
မောင်စူးစမ်း

(စက်တင်ဘာလ ၂၈ရက်နေ့ထုတ် Favourite News ဂျာနယ် မှာဖော်ပြထားတဲ့ ဆရာ မောင်စူးစမ်း၏ ဆောင်းပါး ဖြစ်ပါ တယ်။အခုတစ်လောခေတ်စားနေတဲ့ တတိယအုပ်စုဆိုတဲ့အယူအဆအပေါ် သုံးသပ်ချက်ဖြစ်ပါတယ်။ )

အလယ်ဗဟိုရွှေ့

နိုင်ငံရေးပါတီတို့ကို လက်ဝဲယိမ်း၊ လက်ယာယိမ်။ စသည်ဖြင့် ခွဲခြားလေ့ ရှိသည်။ လက်ဝဲယိမ်းနှင့် လက်ယာယိမ်းတို့ ခေတ်စားခဲ့ပြီးသည့် နောက် လက်ဝဲယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ လက်ယာယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ အလယ်ဗဟိုသို့ မရွှေ့ဘဲ၊ အစွန်းဘက်ရွှေ့ သွားသော ပါတီတို့လည်း ပေါ်လာတတ်သည်။ လက်ဝဲ အစွန်းရောက် လက်ယာ အစွန်းရောက် ဆိုပြီး ပေါ်တတ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အခြား ထူးခြားချက် နှစ်မျိုး ပေါ်ခဲ့သည်။

ပထမ ထူးခြားချက်မှာ ဝိုင်အမ်ဘီအေလို၊ ဂျီစီဘီအေလို၊ ဖဆပလလို အမျိုးသား အဖွဲ့အစည်းများ ပေါ်ခြင်းဖြစ်သည်။ ဒုတိယ ထူးခြားချက်သည် ပါတီချင်း၊ ဖွဲ့ခြင်းဖြစ်သည်။ ပါတီစနစ်၊ အမျိုးသား ညီညွတ်ရေး စနစ်စသည်ဖြင့် ပေါ်သည်။ လူမျိုးစုတို့ ကလည်း လူမျိုးစုချင်း စုဖွဲ့ကြသည်။ ရွေးကောက်ပွဲဝင်လျှင် ပါတီလိုက် ဝင်ခြင်းလည်း ရှိသည်။ ပါတီတွေ မဟာမိတ် ဖွဲ့၍ ဝင်ခြင်းလည်း ရှိသည်။

နိုင်ငံရေးယဉ်ကျေးမှု

ပါတီစနစ်တို့ဖြင့် ပါတီနိုင်ငံရေး လုပ်ကြရင်း စစ်ဘက် အာဏာသိမ်းမှု တို့လည်း ပေါ်ခဲ့သည်။ လက်တင်အမေရိက နိုင်ငံရေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေးယဉ်ကျေးမှု အကြောင်းကို သုံးသပ်ကြရာတွင် -

(၁) လူထု၏ပါဝင်မှု၊

(၂) နိုင်ငံရေးပါတီတို့ ပါဝင်မှု၊

(၃) မဟာမိတ် စုဖွဲ့၍ ပါဝင်မှုနှင့်

(၄) အာဏာသိမ်းမှုတို့ကို ထည့်သွင်း တွက်ချက်သည်။ အာဏာသိမ်းမှု coup ကို နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း သည်မှာ သဘာဝကျသည်။

ပါဝင်ပုံ နှစ်မျိုး

နိုင်ငံရေး သိပ္ပံပညာရှင်တို့က လူထု၏ ပါဝင် ပတ်သက်မှုကို နှစ်မျိုးခွဲသည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုနှင့် သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှုတို့ ဟူ၍ ဖြစ်သည်။ သမားရိုးကျ ပါဝင် ပတ်သက်မှုသည် ရွေးကောက်ပွဲဖြစ်၍ သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှု နိုင်ငံရေး ထိပ်လွှာ Political elite တို့က ကြီးမှူး ကျင်းပသော ဆန္ဒပြပွဲတို့တွင် ပါဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေး ယဉ်ကျေးမှုကို သုံးသပ်ရာတွင် လမ်းပေါ် နိုင်ငံရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားသည်။

အချို့ နိုင်ငံရေး သိပ္ပံပညာရှင်တို့က အိုင်ဒီအိုလိုဂျီခေါ် နိုင်ငံရေး ဝါဒတို့ကိုလည်း နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း စဉ်းစား သည်။ နိုင်ငံရေး ပါတီတို့၏ ဝါဒစွဲ၊ လူထု၏ ဝါဒစွဲတို့ကို ထည့်သွင်း သုံးသပ်သည်။ အထက်တွင် ဖော်ပြသည့် လက်ယာယိမ်း၊ လက်ဝဲယိမ်း ဆိုပြီး ခွဲကြည့်သည်မှာ ဝါဒအပေါ် အခြေခံခွဲခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါက ဝါဒစွဲတွေ သိပ်ပြင်းထန်ခဲ့သည်။ ဝါစွဲ ပြင်ထန်သလို ပါတီစွဲတို့လည်း အတော် ပြင်းထန်ခဲ့သည်။ သို့သော် နိုင်ငံရေး ရင့်ကျက်လာလျှင် အလယ်ဗဟိုသို့ ရွှေ့ကြ သည်။

လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဝါဒ အခြေခံဖြင့် ပါတီတွေ ကွဲပြားမှာလား သို့မဟုတ် ခေါင်းဆောင်မှု အခြေခံပြီး ကွဲပြားမှာလား မသိနိုင်သေးပေ။ ဤအချက်သည် ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီများ ဥပဒေတွေ ထွက်လာပြီးမှ အကဲခတ်နိုင် လိမ့်မည်ဟု ထင်သည်။

ထိမ်းမြား

မည်သို့ပင် ဖြစ်စေ၊ အလယ်ဗဟိုသို့ ဦးတည်စေမည့် အိုင်ဒီယာ တစ်မျိုးတော့ ပေါ်လာသည် ဤအိုင်ဒီယာကို တတိယလမ်း third way ဟု ခေါ်သည်။ ဤ တတိယလမ်းကို ဥရောပမှ စသည်။ ဈေးကွက် စီးပွားရေးနှင့် နိုင်ငံရေးဝါဒ အတွဲအစပ်ကို အခြေခံ ကြည့်ခြင်းဖြစ်သည်။ ပထမလမ်း၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် တွဲစပ်သည်။ အမေရိကန် ပုံစံ ဖြစ်သည်။ ဒုတိယလမ်းသည် ဈေးကွက်စီးပွားရေးနှင့် အာဏာရှင် စနစ်တို့ တွဲစပ်သည့် တရုတ်ပုံစံ ဖြစ်သည်။ ယခု တတိယ လမ်း တို့ ပေါ်ထွက်လာသည်။ ယင်းမှာ ဈေးကွက်စီးပွားရေးကို ဆိုရှယ်ဒီမိုကရေစီနှင့် ဖက်စပ်ခြင်း၊ ထိမ်းမြားခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီသည် ပဲ့ကိုင် ဒီမိုကရေစီ ဖြစ်မည် ဖြစ်လေရာ အကယ်၍ တတိယလမ်း လိုက်ရမည်ဟု ဆိုလျှင် ဈေးကွက် စီးပွားရေးနှင့် ပဲ့ကိုင် ဒီမိုကရေစီကို ထိမ်းမြားပေးရမည်။ ဆိုရှယ် ဒီမိုကရေစီ ဆိုသည်မှာ ဈေးကွက်၏ ဒိုင်းနမစ်ပါဝါ ဖြစ်စဉ်ကို ဖန်တီးပြီးလျှင် ဓနကို တရားမျှတစွာ ခွဲဝေပေးရန်ဟု ဟောခြင်းဖြစ်သည်။

ယခု တတိယလမ်း ဆိုသော လေသံကြားရသည်။ ဤတတိယလမ်းသည် ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီကို ပေါင်းစပ်ပေးသော တတိယလမ်းလား၊ သို့တည်းမဟုတ် လက်ဝဲလည်း မဟုတ် လက်ယာလည်း မဟုတ် အလယ်ဗဟို အနေအထားကို ညွှန်းသော တတိယလမ်းလား ဟူ၍ သဲကွဲစွာ မသိရသေးပေ။ မည်သို့ပင် ဖြစ်စေ ဗြိတိန် ရွေးကောက်ပွဲ၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် ပေါင်းစပ် ခဲ့ပြီးသည့်နောက် ယခု ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ် ဒီမိုကရေစီကို ထိမ်းမြား ပေးရမည် ဟု ဟောနေကြသည်။ ဤ ထိမ်းမြားမှုကိုပင် တတိယလမ်းဟု ခေါ်နေသည်။

Source: http://eaglecentre.blogspot.com/
စက်တင်ဘာ ၂၃ ရက်နေ့ထုတ်ဝေတဲ့ ကြေးမုံသတင်းစာပါ ကျော်ရဲမင်းရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး မနေနိုင် မထိုင်နိုင်ဖြစ်လာတာနဲ့ ဒီစာ ရေးလိုက်ပါတယ်။ လက်ရှိအစိုးရပိုင် သတင်းစာတွေရဲ့ ဆောင်းပါးတွေဟာ တစ်ခါတစ်ရံမှာ မသတီစက်ဆုပ်ဖွယ်ရာ အရေးအသားတွေနဲ့ စာဖတ်သူကို စော်ကားနေတယ်လို့ ခံစားရလို့ပါ။ အခုလည်း ကြေးမုံသတင်းစာမှာ ကျော်ရဲမင်းက နိုင်ငံတော်အစိုးရဆိုတာ ပြည်သူများရဲ့ မိဘသာ ဖြစ်တဲ့အတွက် အကျဉ်းကျခံရသူတွေကို အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဖြစ်တယ်။ နိုင်ငံတော်အစိုးရဟာ မိဘဖြစ်တယ်။ ပြည်သူဟာ သားသမီးဖြစ်တယ်လို့ ရေးထားတာ တွေ့ရတယ်။

ကျော်ရဲမင်းဟာ နိုင်ငံတော်နဲ့ အစိုးရကို ကွဲကွဲပြားပြား မသိတာလား။ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို မသိလို့ပဲလား။ ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းပြီး နိုင်ငံတော်အစိုးရဆိုတဲ့ စကားလုံးနဲ့ စာဖတ်သူကို မလိမ့်တပတ်လုပ်ပြီးတော့မှ ပြည်သူဆိုတာ နိုင်ငံတော်အစိုးရရဲ့ သားသမီးတွေသာ ဖြစ်တယ်လို့ အပြီးသတ်စော်ကားပြီး ဆောင်းပါးကို စဖွင့်ထားပါတယ်။

အစိုးရဆိုတာ ဘာလဲ၊ နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဆိုတာ အဘိဓာန်ဖွင့်ပြီး ရှင်းပြစရာ မလိုသလို ပြည်သူဆိုတာ အစိုးရကို ရွေးချယ်ပေးတဲ့သူ၊ ပြည်သူကသာ မိဘဆိုတာ ဖြစ်တယ်ဆိုတာ အထူးရှင်းပြစရာ မလိုပါဘူး။ ကျော်ရဲမင်းက ဒါနဲ့တင် အားမရလို့ လက်ရှိနိုင်ငံတော် အစိုးရဆိုတာ မိဘဖြစ်လို့ ပြည်သူကို လိုအပ်ရင် ရိုက်နှက်ဆုံးမရမယ်လို့တောင် အဆင်အခြင်မဲ့ ဆင်ဆာမဲ့ ထပ်မံစော်ကားထားတာ တွေ့ရပါတယ်။

သူ့ဆောင်းပါးမှာ- လက်ရှိလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ အစိုးရအဆက်ဆက်အပေါ် ချီးမွမ်းခန်းအမျိုးမျိုးနဲ့ ပြည်သူကို နှိမ်ချရေးသားထားတယ်။ ဒို့တာဝန်အရေးသုံးပါးနဲ့ အချုပ်အခြာအာဏာသုံးရပ်ကို ရောထွေးပုံမှားရိုက်ပြီး လက်ရှိအစိုးရရဲ့ ကျေးဇူးတော်ရဲ့ ဘုန်းတော်ဘွဲ့တွေကို ထပ်ခါတလဲလဲ အော်ဂလီဆန်ရလောက်အောင် ချီးမွမ်းထားပြန်တယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိဘူး၊ နိုင်ငံအကျိုးစီးပွား ဖျက်ဆီးသူတွေသာ အကျဉ်းကျခံနေရတယ်။ လက်ရှိအကျဉ်းကျသူ အားလုံးဟာ နိုင်ငံသား အကျဉ်းသားတွေသာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသား အတူတူပဲလို့ သူက ပြောထားသေးတယ်။

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်းခံထားရသူတွေဟာ နိုင်ငံအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်ခဲ့တာလား ? စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေလို့လားဆိုတာ တစ်ကမ္ဘာလုံးက အသိပါ။ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသား အတူတူပဲဆိုတာကလည်း ဒီအစိုးရလက်ထက်မှာပဲ ရှိတယ်။ တိုင်းတပါးအစိုးရ (အင်္ဂလိပ်) အောက်ကတောင် နိုင်ငံရေးအကျဉ်းသားကို (B Class) ပေးပြီး သာမန်အကျဉ်းသားနဲ့ ခွဲခြားပြီး ဆက်ဆံခံရတယ်။ ကိုယ့်လူမျိုးချင်း အာဏာသိမ်း အုပ်ချုပ်တော့မှပဲ နိုင်ငံရေးအကျဉ်းသားဟာ ခါးပိုက်နှိုက်၊ သူခိုး ဂျပိုးနဲ့ တန်းတူဖြစ်သွားရတော့တယ်။

ဒါတွေအားလုံးကို ခြုံပြီး ကြည့်ရင် ကျော်ရဲမင်းရဲ့ ဆောင်းပါးဟာ

၁ - ပြည်သူဆိုတာ သက်ဆိုင်ရာ အစိုးရတစ်ရပ်ကို ပြဌာန်းသတ်မှတ်တာ မဟုတ်ဘဲ အစိုးရဆိုတာ နိုင်ငံတော်ကဲ့သို့ အစဉ်အဓွန့်ရှည် တည်တံ့နေသော မိုးကျရွှေကိုယ် ဘုန်းတော်ရှင် ဖြစ်တယ်။

၂ - အစိုးရဆိုတာ မိဘဖြစ်လို့ လိုအပ်ရင် ပြည်သူကို ရိုက်နှက်ဆုံးမမယ်

၃ - လက်ရှိအစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်လာရင် နိုင်ငံရေးအကျဉ်းသားလည်း သူခိုး ဂျပိုးလို အဆက်ဆံခံရမယ်။

တကယ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာဟာ လွှတ်ပေးရန်မသင့်တဲ့ ရာဇဝတ်သားများကို လွှတ်ပေးပြီး ကျော်ရဲမင်းပြောတဲ့ နိုင်ငံတော်သစ်ကို ရာဇဝတ်သားများ၊ ရာဇဝတ်မှုများနဲ့ ဖြည့်ဆည်းပေးတဲ့ လုပ်ဆောင်ချက်တစ်ခုထက် မပိုပါဘူး။

ခေတ်မီဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ကို သွားဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ မီဒီယာတွေကနေ Power Struggle မလုပ်ဘဲ ကိုယ့်အိမ်ထဲ ကိုယ်နေတဲ့ ပြည်သူကို အသားလွတ်စော်ကားနေတာကတော့ ရပ်တန်းက ရပ်သင့်တယ်လို့ ပြောချင်ပါတယ်။

Source: http://eaglecentre.blogspot.com/

ကျိုင်းတုံကားလေလံ စိတ်ဝင်စားမှုကျဆင်း

လိုင်စင်မဲ့ မော်တော်ယာဉ်များ တင်သွင်း၍ လိုင်စင်ရှိမော်တော်ယာဉ်နှင့် လဲလှယ်သော လုံးချိန်းစနစ်ကို အဆင်ပြေပြေ ဖြစ်အောင် စီစဉ်ပေးထားသော လုပ်ငန်းစဉ်များကို နအဖမှ ခက်ခဲအောင် ပြုလုပ်လိုက်၍ လာမည့်အပတ် ကျိုင်းတုံတွင် ပြုလုပ်မည့် လေလံပွဲသည် စိတ်ဝင်စားစရာ မကောင်းတော့ကြောင်း ကားဝယ်ရောင်းများက ပြောဆိုသည်။

လိုင်းပေါ်ကကား ဟု ဝယ်ရောင်းများက ခေါ်ကြသည့် တိုယိုတာဗင် အပါအဝင် ကားများအစီး ၈၀၀ ကျော် လေလံတင်မည့် ကျိုင်းတုံလေလံသည် လိုင်စင်မဲ့ကားတင်သွင်းခွင့် လိုင်စင်ခက်ခဲခြင်း၊ ကညနလုပ်ငန်း ခက်ခဲခြင်းတို့ကြောင့် စိတ်ဝင်စားမှုလျော့သွားသည်ဟု ဆိုသည်။ ကညနသည် လုံးချိန်းကားများကို အလွယ်တကူ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ယခုအခါ အမှတ်(၂) စက်မှုထုတ်သည်ဆိုသော စက်မှု(၂)က တင်သွင်းရောင်းချသည့် လိုင်စင်မဲ့ကားများကိုပင် လိုင်စင်ပေးရန် ငြင်းဆန်ခဲ့သဖြင့် စက်မှု(၂) ပါဂျရိုကို ဗိုလ်ချုပ်များထံမှ ဝယ်ယူထားသူများ၊ D4D ပစ်ကပ် ဝယ်ယူထားသူများ လိုင်စင်မရနိုင်တော့ကြောင်း သိရသည်။

အဓိက အခက်အခဲမှာ ကညနက အင်ဂျင်ပြောင်းနှင့် ဘော်ဒီပြောင်း ပြိုင်တူပြုလုပ်ခွင့်ကို ရပ်ဆိုင်းလိုက်၍ ဖြစ်သည်။ မြဝတီ ရန်ကုန် With-out တင်သွင်းသည့် လမ်းကြောင်းကိုလည်း ပိတ်ခဲ့သည်ဟု ဆို၏။