Transparency Myanmar

transparency.myanmar@gmail.com


တရုတ်စီးပွားရေုးကုမ္ပဏီများ ပေါင်းစည်းမှုဖြင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနယ်မြေများ ရုတ်တရက်ပါဝင်လာခြင်း
အောက်တိုဘာ ၇၊
အာဂျင်တီးနား၊ ဩစတြေးလျ၊ မြန်မာ၊ ကာဇက်စတန်၊ အီရန်၊ အီရတ်၊ နိုင်ဂျီးရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံများ၏ တူညီသော ပထမအချက်မှာ အဆိုပါနိုင်ငံများအားလုံးသည် စွမ်းအင် အရင်းအမြစ်ကြွယ်ဝသော နိုင်ငံများ ဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့သည် တရုတ်ပြည်၏ နိုင်ငံခြားရေးပေါ်လစီတွင် ဦးစားပေး အဆင့်တွင် ရှိသော နိုင်ငံများ ဖြစ်သည်။
တရုတ်နိုင်ငံ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်သည်လည်း မြင့်တက်လာသည်။ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်းက တရုတ်ပြည်သည် အရှေ့အာရှတွင် ရေနံတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ ယနေ့တွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စွမ်းအင်ဝယ်ယူ တင်သွင်းရသူ ဖြစ်လာပြီး မကြာမီကာလအတွင်း အကြီးမားဆုံး ဖြစ်လာတော့မည်။ ကမ္ဘာ့ရေနံလိုအပ်ချက် တိုးတက်လာမှု ပမာဏ၏ ၄၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက သုံးစွဲချက်ရှိပါသည်။
တရုတ်ပြည်သည် ရေနံဝယ်ယူမှု ပိုမိုရရှိရေးအတွက် တစ်ကမ္ဘာလုံးတွင် မရပ်မနား ရှာဖွေနေသည်။ ရေနံကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် မပါဘဲ တရုတ်အာဏာပိုင်များသည် မည်သည့်နိုင်ငံကိုမှ သွားရောက်ခြင်း မရှိပါ။ တရုတ်အစိုးရသည် သူ၏ နိုင်ငံခြားငွေ အပိုရန်ပုံငွေ ဒေါ်လာ (၂) ထရီလီယံကို အမေရိကန်ငွေတိုက်စာချုပ် ဝယ်ရန်အတွက်ထက် အခြားသော နေရာများတွင် သုံးရန် ပိုမိုလိုလားကြောင်း Business Week မှ Dexter Roberts က ပြောကြားပါသည်။
အဆိုပါအကြောင်းအရာသည် တရုတ်အား ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ကိစ္စရပ်များကို လျင်မြန်စွာ လုပ်ဆောင်ရန် ဦးတည်စေပါသည်။ တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးရေနံကုမ္ပဏီ Sinopec သည် အီရတ်၏ ကာဒေ့ရှ် ဒေသနှင့် နိုင်ဂျီးရီးယားတို့တွင် ပိုင်ဆိုင်မှုများ ရရှိစေရန်အတွက် Addax Petroleum ကို ဝယ်ယူရန် ဒေါ်လာ ၇.၂ ဘီလီယံခန့် သုံးရန် စီစဉ်ထားပါသည်။
China National Petroleum Corp ကလည်း ကာဇက်စတန်နှင့် စင်ကာပူတွင် ကြီးမားသော ပြင်ပရင်းနှီးမြှုပ်နှံမှုများကို မကြာသေးမီက လုပ်ဆောင်ခဲ့သည်။ BP နှင့် ပူးတွဲလျက် အီရတ်နိုင်ငံ ရေနံပိုင်ဆိုင်မှုများကို ဝယ်ယူနိုင်ခဲ့ပါသည်။ မွန်ဂိုလီးယားတွင်လည်း ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းများကို ရှာဖွေလျက် ရှိသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ စွမ်းအင်အရင်းအမြစ်များအပေါ် စီမံခွင့်ရရန် အထူးတလည်  ကြိုးစားနေသည်ကို တွေ့ရပါသည်။ China National Petroleum Corp (CNPC) နှင့် China National Offshore Oil Corp (CNOOC) တို့ ပူးပေါင်းလျက် စပိန်နိုင်ငံ၏ အကြီးဆုံးသော ရေနံထုတ်လုပ်သည့် ကုမ္ပဏီ Repsol  ပိုင်ဆိုင်သော အာဂျင်တီးနား ရေနံကုမ္ပဏီ YPF ၏ (၈၄) ရာခိုင်နှုန်းကို  ဒေါ်လာ (၁၇) ဘီလီယံပေး၍ဝယ်ယူရန် အဆိုပြုထားပါသည်။ ဤလုပ်ဆောင်ချက် သည် တရုတ်ပြည်၏ အကြီးမားဆုံးသော ပြည်ပရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။
Financial Times မှ Gwen Robinson က တရုတ်ပြည်သည် ပရီမီယံကြေး အတက်အကျထက်ပင် နည်းသော ရေနံအရင်းအမြစ်တစ်ခုကို အဘယ့်ကြောင့် ဒေါ်လာ (၁၇) ဘီလီယံ ပေးဝယ်ရသနည်းဟု မေးလာပါသည်။ Wall Street Journal မှ Keith Johnson က YPF ကိစ္စသည် အနည်းငယ် ထူးဆန်းကြောင်း၊ အာဂျင်တီးနား၏ ရေနံမြေများသည် ဟောင်းနေပြီး ရေနံမထွက်တော့ကြောင်း ပြောပါသည်။ Repsal မှ အဆိုပါရေနံမြေကို ရောင်းရန် ကြိုးစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါသည်။
အာဂျင်တီးနားတွင် YPF ကို ဝယ်ရန် စိတ်ဝင်စားသူမှာ တရုတ်နိုင်ငံသာ ရှိပါသည်။ ကျွန်ုပ်တို့၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှုသည် ကျဆင်းနေပြီး အရန်များ (Reserves) လည်း မရှိတော့ကြောင်း၊ အာဂျင်တီးနားနိုင်ငံ ကိုယ်တိုင်က ပြောကြားခဲ့ပါသည်။ အဆိုပါ လျော့နည်းမှုများအတွက် အရန်များ ဖြည့်တင်းထားရကြောင်း၊ သို့သော် အဆိုပါ ကြိုးပမ်းမှုများသည် ပစ္စည်းရရှိမှုပေါ် မူတည်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ကြုံတွေ့ရမည့် အခက်အခဲများသည် အောင်မြင်မှုကို ထိခိုက်နိုင်ကြောင်း ပြောကြားပါသည်။
တရုတ်တို့သည် မရေရာသော လုပ်ငန်းအတွက် ဆုံးဖြတ်ချက်မှားယွင်းနေပြီလားဟုပင် မေးစရာ ဖြစ်နေပါသည်။
တရုတ်အစိုးရအနေဖြင့် အာဂျင်တီးနား၏ ကြီးမားသော ရေနံလုပ်ငန်း ဝယ်ယူမှုအတွက် အကြောင်းပြချက် ရှိပါသည်။ Telegraph မှ Fiona Maharg Bravo က တရုတ်ရေနံကုမ္ပဏီများသည် ရေနံကုမ္ပဏီကြီးများ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိဘဲ ရေနံမြေကို ရောင်းရန် ဆန္ဒရှိသည့် အခက်အခဲရှိသော နေရာမျိုးကို ရှာနေကြောင်း၊ အီရတ်နှင့် အာဂျင်တီးနားနိုင်ငံတို့ ပါဝင်ကြောင်း ပြောပါသည်။ Peterson Institute မှ Nicky Lardy က ရေနံလုပ်ငန်း စတင်လုပ်ဆောင်သူ သို့မဟုတ် ရေရှည်အနေအထားအားဖြင့် ရေနံထွက်ရှိမှုကို အကျိုးလိုလားသူဖြစ်လျှင် ကုမ္ပဏီကြီးများ လုပ်ကိုင်ခြင်း မရှိသည့် ခက်ခဲသော နေရာများတွင် မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။
YPF ဝယ်ယူခြင်း ကိစ္စသည် တရုတ်၏ စွမ်းအင်လိုအပ်မှုကို ဖော်ပြရုံသာ မဟုတ်ဘဲ၊ တရုတ်နိုင်ငံ ရေနံကုမ္ပဏီများ၏ ပေါင်းစည်းမှု မဟာဗျူဟာ ရည်မှန်းချက်ဖြင့် ၎င်းတို့၏ ကမ္ဘာပေါ်တွင် ရပ်တည်နိုင်မှုကိုလည်း ပြသခြင်း ဖြစ်သည်။ ယခုနှစ် နှစ်ဦးပိုင်းတွင် တရုတ်ကုမ္ပဏီများက ဩစတြေးလျ သတ္တုတူးဖော်ရေး OZ Mineral နှင့် Singapore Petroleum ကို ဝယ်ယူခဲ့ပါသည်။ ငွေကြေး ကြွယ်ဝပြီး နိုင်ငံတော်က ဦးဆောင်လုပ်ကိုင်သော တရုတ်ရေနံကုမ္ပဏီများ ပေါင်းစည်းအဖွဲ့ကို ဗဟိုအစိုးရက ငွေကြေးထောက်ပံ့ပေးထားပါသည်။ China National Petroleum Corp က စက်တင်ဘာလအတွင်းက ပြောကြားရာတွင် ၎င်းတို့သည် ချေးငွေဒေါ်လာ (၃၀) ဘီလီယံကို ပြင်ပရေနံလုပ်ငန်းများ ဝယ်ယူရန် ထောက်ပံ့ခဲ့ကြောင်း၊ ကမ္ဘာပေါ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် အံ့သြစရာကောင်းသော ဈေးနှုန်းများဖြင့် လုပ်ဆောင်နေကြောင်း ပြောပါသည်။ ရေရှည်ရေတိုအားဖြင့် အထက်ပါလုပ်ဆောင်ချက်ကြောင့် ရေနံဈေးတက်လာရန် ရှိကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အရေးပါသော စီးပွားရေးနှင့် မဟာဗျူဟာ ပြဿနာများ ဖြစ်ကြောင်း ပြောကြားပါသည်။
တရုတ်နိုင်ငံ အုပ်ချုပ်သူများသည် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း Ernest Bevin ၏ တပည့်ဟောင်းများ ဖြစ်လိမ့်မည်။ Bevin က "ကောင်းကင်ဘုံသည် ငြိမ်းချမ်းရေးနှင့် စိတ်ကောင်း စေတနာကောင်းဖြင့် စီမံအုပ်ချုပ်နေသည်၊ သို့သော် ကမ္ဘာလောကကြီးသည် ရေနံဖြင့် လည်ပတ်နေသည်" ဟု ပြောကြားခဲ့သည်။ ရေနံသည် မဟာဗျူဟာ အရင်းအမြစ်တစ်ခု ဖြစ်သည်။ ၎င်းကို ကိစ္စတစ်မျိုးထက် ပိုအသုံးပြုနိုင်စွမ်း ရှိသည်။ CNPC၊ Sinopec နှင့် CNOOC တို့သည် အာဖရိက၊ လက်တင် အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတွင် ကြီးမားသော လုပ်ငန်းဆောင်ရွက်ချက်များ လုပ်ဆောင်နေပါသည်။ ပီကင်း၏ တွန်းတွန်းတိုက်တိုက်စွမ်းအင် မဟာဗျူဟာသည် စီးပွားရေးအတွက် အရေးကြီးသော ကဏ္ဍဖြစ်သလို ကမ္ဘာပေါ်တွင် နိုင်ငံရေး တင်းမာမှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
(XIAOXIONG YI ရေးသည်။ သူသည် Marietta College မှ ပါမောက္ခဖြစ်ပြီး China Program မှ ဒါရိုက်တာ ဖြစ်သည်)




--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.


-~----------~----~----~----~------~----~------~--~---


ဘင်္ဂလားဒေ့ရှ် တပ်များ မြန်မာ နယ်စပ်တွင် တပ်လှန့်ထား

(Daily Star, 11th Oct 2009)

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်များ မြောက်မြားစွာ ချထားပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် မြန်မာတို့၏ လုပ်ဆောင်မှုများကို ဖော်ထုတ်ရန် အတွက် လိုအပ်သောပြင်ဆင်မှုများ  ပြုလုပ်ထားကြောင်း အစိုးရ၏ အဆင့်မြင့် သတင်းပေးချက် တစ်ခုအရ သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်က ၎င်း၏ တပ်ရင်း ၃ ရင်းကို တောင်ထူထပ်သော မြန်မာနယ်စပ်သို့ စေလွှတ်ထားပြီး အပိုတပ်ရင်းတစ်ခုကိုလည်း သက်သက်မဲ့ရန်စမှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်း ပြုလုပ်နိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်ပေးထားကြောင်း ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်နေကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားပါသည်။

နယ်ခြားစောင့် ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ရင်း (BDR) သည် နယ်စပ် အဝင်အထွက်များကို ကန့်သတ်ထားကြောင်း သိရှိရပါသည်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးအတွက်သာ အဆိုပါ ကန့်သတ်မှုမျိုးကို ပြုလုပ်လေ့ရှိကြောင်း BDR ညွှန်ကြားရေးမှူးချုပ် Mainul Islam က ပြောကြားပါသည်။

အားလုံးသော ပြဿနာများကို သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။ သို့သော် မိမိတို့ အနေဖြင့် နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုကို ထိပါးလာပါက့ သံတမန်နည်းဖြင့် ဖြေရှင်းမည် မဟုတ်ကြောင်း ပြောကြားပါ သည်။

ညွှန်ကြားရေးမှူးချုပ်က ဤကိစ္စသည် မူမှန်မဟုတ်သော အနေအထားဖြစ်ကြောင်း၊ မည်သည့် နိုင်ငံမှ သူတို့၏ စစ်တပ်များကို နယ်ခြားဒေသတွင် တပ်စွဲလေ့မရှိကြောင်း၊ သံဆူးကြိုး ကာရံမှုကိုလည်း မိမိတို့ မနှစ်သက်ကြောင်း ပြောပါသည်။ မိမိ၏တပ်များသည် စစ်ပြင်ထားပြီး ဖြစ်ပြီး တပ်သားများသည် နိုင်ငံအ တွင်း ကျူးကျော်ဝင်ရောက်လာသူများကို ပစ်ခတ်မည် ဖြစ်ကြောင်း Daily Star သို့ ပြောကြားခဲ့သည်။

လောလောဆယ်တွင် မြန်မာနယ်ခြားအစောင့်တပ် (နစက) သည် နယ်စပ်အနီးရှိ ရိုဟင်ဂျာ ၁၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည် နှင်ထုတ်ရန် စုစည်းထားပြီးယင်းသည်  မြန်မာအစိုးရ၏ နောက်ဆုံးဖြစ်ပေါ်လာသည့် ရန်စမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးအေဂျင်စီမှ ယမန်နေ့ညက ပြောကြားခဲ့ပါသည်။ သူတို့ကို Bandarban ရှိ Naikhongchhari မြို့၏ ဆန့်ကျင်ဘက်တွင် ရှိသော နယ်ခြား စုရပ်များတွင် ထားရှိကြောင်း ရိုဟင်ဂျာလူမျိုးစုက ပြောကြားခဲ့ပါသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာအစိုးရတပ်များ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် နယ်စပ်တွင် အင်အားပိုမိုဖြည့်တင်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် Mainul က BDR ကို နယ်ခြားစောင့်စခန်းများ (Border Operations Outposts-BOP) များတွင် ပိုမိုအင်အားဖြည့်တင်းထားရန် ရှိကြောင်း ပြောပါသည်။ မြန်မာစစ်အစိုးရသည် နယ်စပ်မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်း လက်နက်ကြီးများနှင့် အင်အားကြီးမားစွာ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှလည်း အင်အားဖြည့်တင်းရန် လိုအပ်လာကြောင်း ပြောကြားပါသည်။

မတူညီသော သတင်းရရှိချက်များအရ မြန်မာသည် နယ်စပ်ဒေသတွင် တပ်မ (၉) ခုကို တပ်စွဲထားကြောင်း၊ မောင်တောမှ ပလက်ဝအကြား နယ်စပ်တလျှောက်တွင် အောက်တိုဘာ ၉ ရက် သောကြာနေ့က ချထားခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင်နေထိုင်သော သူများသည် စစ်ဖြစ်မည့် အသွင်ကြောင့် ထိတ်လန့်နေကြကြောင်း Bandarban Daily Star သတင်းထောက် Monirul Islam Monu က သတင်းပေးပို့ပါသည်။

မြန်မာ အာဏာပိုင်များသည် သံဆူးကြိုးများ ကာရံထားသည့် နောက်ကွယ်တွင် စစ်တပ်အင်အား ပိုမိုချထားကြောင်း ဒေသခံများက ပြောကြားပါသည်။

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

ဘင်္ဂလားဒေ့ရှ် တပ်များ မြန်မာ နယ်စပ်တွင် တပ်လှန့်ထား

(Daily Star, 11th Oct 2009)

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်များ မြောက်မြားစွာ ချထားပြီးနောက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် မြန်မာတို့၏ လုပ်ဆောင်မှုများကို ဖော်ထုတ်ရန် အတွက် လိုအပ်သောပြင်ဆင်မှုများ  ပြုလုပ်ထားကြောင်း အစိုးရ၏ အဆင့်မြင့် သတင်းပေးချက် တစ်ခုအရ သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်က ၎င်း၏ တပ်ရင်း ၃ ရင်းကို တောင်ထူထပ်သော မြန်မာနယ်စပ်သို့ စေလွှတ်ထားပြီး အပိုတပ်ရင်းတစ်ခုကိုလည်း သက်သက်မဲ့ရန်စမှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းခြင်း ပြုလုပ်နိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်ပေးထားကြောင်း ထောက်လှမ်းရေးအရာရှိများက ပြောကြားခဲ့ပါသည်။

သံတမန်ရေးရာ လမ်းကြောင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်း မရှိပါက ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် အဆိုပါကိစ္စကို ရင်ဆိုင်ရန် အထူးလေ့ကျင့်နေကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားပါသည်။

နယ်ခြားစောင့် ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်ရင်း (BDR) သည် နယ်စပ် အဝင်အထွက်များကို ကန့်သတ်ထားကြောင်း သိရှိရပါသည်။ ပုံမှန်မဟုတ်သော အခြေအနေမျိုးအတွက်သာ အဆိုပါ ကန့်သတ်မှုမျိုးကို ပြုလုပ်လေ့ရှိကြောင်း BDR ညွှန်ကြားရေးမှူးချုပ် Mainul Islam က ပြောကြားပါသည်။

အားလုံးသော ပြဿနာများကို သံတမန်ရေးရာ နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးမှ ပြောကြားခဲ့ပါသည်။ သို့သော် မိမိတို့ အနေဖြင့် နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုကို ထိပါးလာပါက့ သံတမန်နည်းဖြင့် ဖြေရှင်းမည် မဟုတ်ကြောင်း ပြောကြားပါ သည်။

ညွှန်ကြားရေးမှူးချုပ်က ဤကိစ္စသည် မူမှန်မဟုတ်သော အနေအထားဖြစ်ကြောင်း၊ မည်သည့် နိုင်ငံမှ သူတို့၏ စစ်တပ်များကို နယ်ခြားဒေသတွင် တပ်စွဲလေ့မရှိကြောင်း၊ သံဆူးကြိုး ကာရံမှုကိုလည်း မိမိတို့ မနှစ်သက်ကြောင်း ပြောပါသည်။ မိမိ၏တပ်များသည် စစ်ပြင်ထားပြီး ဖြစ်ပြီး တပ်သားများသည် နိုင်ငံအ တွင်း ကျူးကျော်ဝင်ရောက်လာသူများကို ပစ်ခတ်မည် ဖြစ်ကြောင်း Daily Star သို့ ပြောကြားခဲ့သည်။

လောလောဆယ်တွင် မြန်မာနယ်ခြားအစောင့်တပ် (နစက) သည် နယ်စပ်အနီးရှိ ရိုဟင်ဂျာ ၁၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည် နှင်ထုတ်ရန် စုစည်းထားပြီးယင်းသည်  မြန်မာအစိုးရ၏ နောက်ဆုံးဖြစ်ပေါ်လာသည့် ရန်စမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း၊ ထောက်လှမ်းရေးအေဂျင်စီမှ ယမန်နေ့ညက ပြောကြားခဲ့ပါသည်။ သူတို့ကို Bandarban ရှိ Naikhongchhari မြို့၏ ဆန့်ကျင်ဘက်တွင် ရှိသော နယ်ခြား စုရပ်များတွင် ထားရှိကြောင်း ရိုဟင်ဂျာလူမျိုးစုက ပြောကြားခဲ့ပါသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာအစိုးရတပ်များ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် နယ်စပ်တွင် အင်အားပိုမိုဖြည့်တင်းခဲ့သည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် Mainul က BDR ကို နယ်ခြားစောင့်စခန်းများ (Border Operations Outposts-BOP) များတွင် ပိုမိုအင်အားဖြည့်တင်းထားရန် ရှိကြောင်း ပြောပါသည်။ မြန်မာစစ်အစိုးရသည် နယ်စပ်မှ ၅ ကီလိုမီတာ အကွာအဝေးအတွင်း လက်နက်ကြီးများနှင့် အင်အားကြီးမားစွာ တပ်စွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်မှလည်း အင်အားဖြည့်တင်းရန် လိုအပ်လာကြောင်း ပြောကြားပါသည်။

မတူညီသော သတင်းရရှိချက်များအရ မြန်မာသည် နယ်စပ်ဒေသတွင် တပ်မ (၉) ခုကို တပ်စွဲထားကြောင်း၊ မောင်တောမှ ပလက်ဝအကြား နယ်စပ်တလျှောက်တွင် အောက်တိုဘာ ၉ ရက် သောကြာနေ့က ချထားခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင်နေထိုင်သော သူများသည် စစ်ဖြစ်မည့် အသွင်ကြောင့် ထိတ်လန့်နေကြကြောင်း Bandarban Daily Star သတင်းထောက် Monirul Islam Monu က သတင်းပေးပို့ပါသည်။

မြန်မာ အာဏာပိုင်များသည် သံဆူးကြိုးများ ကာရံထားသည့် နောက်ကွယ်တွင် စစ်တပ်အင်အား ပိုမိုချထားကြောင်း ဒေသခံများက ပြောကြားပါသည်။

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

နယူးယောက် ဆန္ဒပြသူများကို ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ဝေဖန်

 

ကိုကို၊အောက်တိုဘာ ၁၁ ရက်၊၂၀၀၉

 

            မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူရဲ့ကားကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ဆန္ဒပြသူအချို့က ဖိနပ်နဲ့ပစ်ပေါက်ခဲ့မှုအား ၂၀၀၉ အောက်တိုဘာ ၁၂-၁၈ ရက်ထုတ် The Voice ဂျာနယ်ရဲ့ ခေါင်းကြီးပိုင်းမှာ ဝေဖန်ရေးသား ထားပါတယ်။

          ထိုသို့ရေးသားရာမှာ ဆန္ဒပြသူများက မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဆိုသူ အား ဖိနပ်ဖြင့်ပစ်ပေါက်ခြင်းကို  တိုက်ရိုက်ရေးသားခြင်းမပြုဘဲ " အီရတ်နိုင်ငံတွင် သမ္မတ ဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူလုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်တို့ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်းဖြစ်ရာ မြန်မာတစ်ဦးအနေ  ဖြင့်များစွာ အရှက်ရမိပါသည်" လို့ရေးသားထားပါတယ်။

          ထို့အပြင် The Voice Journal အယ်ဒီတာက " ထိုအပြုအမူမျိုးသည် မြန်မာတို့အ နေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်။…..အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများရှိနေမည်ကို များစွာရိပ်မိသော ကြောင့်ယခုခေါင်းကြီးကို ရေးသားလိုက်ရပါသည်" လို့ဆက်လက်ရေးသားထားပြန်ပါတယ်။

          အဲဒီခေါင်းကြီးရဲ့ နောက်ဆုံးအပိုဒ်မှာတော့ "ကျွန်ုပ်တို့အားလုံးသည် စနစ်တခု၏ သားကောင်များဖြစ်ခဲ့ကြပြီး ထိုစနစ်ကို ယခုအခါ ပြင်ဆင်ရန် အခွင့်ရနေချိန်ဖြစ်ရာ စနစ်နှင့် စနစ်အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေးသည် များစွာအရေးကြီးပါကြောင်း ဖော်ပြ လိုက်ပါသည်။" လို့ ဖော်ပြထားပါတယ်။

          အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ပုဂ္ဂလိက သတင်းမီဒီယာ ၄ခုကို ယခု နှစ်မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းရယူနိုင်ဖို့ စီစဉ်ပေးခဲ့တဲ့အတွက် Living Color Media၊ 7 Day ၊ ရန်ကုန်တိုင်းမ်နဲ့ မြန်မာတိုင်းမ် မီဒီယာများမှ သတင်းသမားများ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ပါတယ်။ ထိုသို့ရောက်ရှိနေစဉ် ပြည်တွင်းမြန်မာမီဒီယာများမှ ပုဂ္ဂိုလ်များဟာ မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ကိုလည်း ရောက်ရှိခဲ့ကြောင်း မျက်မြင် သက်သေများက သတင်းပေးပို့ခဲ့ပါတယ်။ မြန်မာပြည်တွင်းက သတင်းသမားများအနေနဲ့ ဆန္ဒပြပွဲတွေကိုလာရောက်ပြီး အမေရိကန်ပြည် ထောင်စုရောက် မြန်မာများနဲ့ တွေ့ဆုံအားပေး နှုတ်ဆက်ခဲ့ပေမယ့် ဆန္ဒပြပွဲသတင်းများကို တော့ သူတိုရဲ့ မီဒီယာတွေမှာ မဖော်ပြနိုင်ခဲ့ကြပါဘူး။

          The Voice Journal အယ်ဒီတာရဲ့ နယူးယောက်က မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဆိုသူနဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုသူများအား ဆန္ဒပြခဲ့သူများနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ခေါင်းကြီးပိုင်းအပေါ် ယနေ့မြန်မာသတင်းဌာနမှ ဦးမြင့်လှိုင်က

"ကျွန်တော်အနေနဲ့ စစ်အစိုးရခေါင်းဆောင် ဆိုသူတွေကို ဖိနပ်နဲ့ပေါက်မှုဟာ မှန်သလား၊ မှားသလားဆိုတာကို ဝေဖန်သုံးသပ်ခြင်း မပြုလုပ်လိုပါဘူး။ ဒီဖြစ်ရပ်ကို သုံးသပ်သူတွေဟာ သူတို့ရှိနေတဲ့ နေရာ၊ သူတို့မြင်တဲ့ မြင်ကွင်းကနေ သူတို့ ကြိုက်နှစ်သက်သလို ဝေဖန်ခွင့် ရှိပါတယ်။

ကျွန်တော် ဝေဖန်သုံးသပ်လိုတာကတော့ အခု ရေးသားထားတဲ့ ခေါင်းကြီးပိုင်းပါ စာသားတွေကို ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းရှင်းလင်း ထပ်ပြောပါ့မယ်။ မှန်ဖြင့်ဆောက်မည့်အိမ်၊ စနစ်များနှင့် လူများ ဆိုတဲ့ ခေါင်းကြီးပိုင်းမှာ ရေးသားထားတဲ့ စာသားကို ဝေဖန်မှာပါ။ အဲဒီစာသားရေးတဲ့ ပုဂ္ဂိုလ်ဟာ အခြေအနေတစ်ခုကြောင့် ဒီခေါင်းကြီးပိုင်းကို ရေးရတာလည်း ဖြစ်နိုင်တယ်။ သူရေးသားထားသလို သူကိုယ်တိုင် ယုံကြည်လို့ ရေးတာလည်း ဖြစ်နိုင်တယ်။ ဒါတွေဟာ ကျွန်တော်တို့ မမြင်ရတဲ့အရာပါ။ ဒါကြောင့် မမြင်ရတဲ့အရာကို မဝေဖန်ပါဘူး။ မြင်ရတဲ့ အယ်ဒီတာဆိုသူရဲ့ စာသားတွေကိုသာ ဝေဖန်မှာ ဖြစ်ပါတယ်။

စ ပြောချင်တဲ့ အချက်ကတော့ "အီရန်နိုင်ငံတွင် သမ္မတဘုရှ်ကို ဆန္ဒပြခဲ့သူတစ်ဦးကို အတုယူ၍ အလားတူ လုပ်ဆောင်ခဲ့ခြင်းသည် ကမ္ဘာ့အလယ်တွင် မြန်မာတို့သည် အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ် သက်သေထူခြင်း ဖြစ်ရာ မြန်မာတစ်ဦးအနေဖြင့် များစွာ အရှက်ရမိပါသည်။" စာသားပါ အချက်အလက်နဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ အီရတ်မှာ အမေရိကန်သမ္မတ ဘုရှ် ကို ဆန္ဒပြသူက ဖိနပ်နဲ့ပေါက်တာ မဟုတ်ပါ။ သတင်းသမားက ဖိနပ်နဲ့ ပေါက်တာ ဖြစ်ပါတယ်။ သူက ဖိနပ်နဲ့ ပေါက်သင့်တယ်လို့ ယူဆတဲ့အတွက် ဖိနပ်နဲ့ပေါက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာအယ်ဒီတာတစ်ဦးအနေနဲ့ ဖိနပ်နဲ့ ပေါက်တဲ့ အဖြစ်ကို ကြိုက်သလို ရှုံ့ချလို့ ရပါတယ်။ သို့သော်လည်း အီရတ်ကဲ့သို့ပင် လူကြီးလူကောင်းမဆန်သော၊ မယဉ်ကျေးသော၊ Civilize မဖြစ်သော လူမျိုးအဖြစ်ဆိုတဲ့ အသုံးအနှုန်းကိုတော့ မသုံးနှုန်းသင့်ဘူးလို့ မြင်ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ အီရတ်လူမျိုးအားလုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ The Voice Journal ဟာ မြန်မာပြည် ဒီမိုကရေစီ ကူးပြောင်းရေး အခန်းကဏ္ဍမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်နေပြီး ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်များ ရေးသားနေတဲ့ ဂျာနယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို သုံးနှုန်းရေးသားလိုက်ခြင်းကြောင့် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မှုအတွက် ရှေ့ဆောင်လမ်းပြ လုပ်ကိုင်နေသူများဟာ အခြားလူမျိုးတွေကို စော်ကားတတ်တဲ့ သူတွေများလားလို့ စာဖတ်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေ တွေးတောသွားမိမှာ စိုးရိမ်မိပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောလိုတာကတော့ ထိုအပြုအမူမျိုးသည် မြန်မာတို့အနေဖြင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေရှိ၊ မရှိသက်သေ ထူနေခြင်းလည်း ဖြစ်ပေသည်ဆိုတဲ့ စာသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစာသားတွေကို နားလည်တာကတော့ အဲဒီလို ဖိနပ်နဲ့ပေါက်တဲ့ အပြုအမူအတွက် မြန်မာတွေဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်နိုင်ခြေ ရှိ၊ မရှိကို The Voice Journal အယ်ဒီတာက ပြန်လည် သုံးသပ်နေပုံပါပဲ။ ဒါဆိုရင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ခြေတော်ရင်းမှာ ဘုရားသား သံဃာတော်တွေကို တုတ်နဲ့ရိုက်ဖို့ အမိန့်ပေးသူတွေ၊ တောင်ဥက္ကလာပ ငွေကြာရံဘုန်းတော်ကြီးကျောင်းကို ညအချိန်မှာ ဝင်ရောက်စီးနင်းပြီး သက်တော်ကြီးရင့်နေပြီ ဖြစ်တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးကာ ကျန်သံဃာတွေကို ရိုက်နှက် ဖမ်းဆီးဖို့ အမိန့်ပေးသူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းကိုရော ဘယ်လိုသုံးသပ်မလဲ။ အဲဒီလို လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကိုရော The Voice Journal အယ်ဒီတာအနေနဲ့ ဘယ်လို သုံးသပ်လိုပါသလဲ။ သိချင်ပါတယ်။

ထပ်ရေးထားတာက အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ယခုခေါင်းကြီးကို ရေးသားလိုက်ပါသည် ဆိုတဲ့ စာသားပါ။ လူသားနဲ့ တိရိစ္ဆာန်နဲ့ ကွာခြားတဲ့ အချက်ဟာ အသိရှိမှု ကွာဟချက် ဖြစ်ပါတယ်။ ဒီတော့ အခုဖော်ပြတဲ့ စာသားမှာ ရေးထားတဲ့ အသိမဲ့ ထောက်ခံအားပေးမိသော မြန်မာများ ရှိနေမည်ကို များစွာ ရိပ်မိသောကြောင့် ဆိုတဲ့စာသားက ဘာကို ဆိုလိုပါသလဲ။ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို မြန်မာတွေဟာ သိမြင်တတ်မှုမရှိဘူးလို့ ပြောဆိုတာမျိုး ဖြစ်မနေဘူးလား။ အခုလို ခေါင်းကြီးပိုင်းမှာ မရေးသားလိုက်ရင် အသိမဲ့ မြန်မာတွေက The Voice Journal အယ်ဒီတာ ညွှန်းဆိုတဲ့ လုပ်ရပ်ကို ထောက်ခံမိမှာကို စိုးရိမ်တာလား၊ ဒါတွေဟာ တွေးတောစရာပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ခေါင်းကြီးပိုင်းရဲ့ နောက်ဆုံးစာသားတွေထဲမှာ စနစ် နှင့် စနစ် အတွင်းကျရာကဏ္ဍမှ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများကို ခွဲခြားနိုင်ရေး သည် များစွာအရေးကြီးပါကြောင်း ဖော်ပြလိုက်ရပါသည်လို့ရေးသားထားပါတယ်။

          အဲဒီစာသားတွေကို ရှေ့ကဖော်ပြချက်တွေနဲ ဆက်စပ်စဉ်းစားတဲ့အခါ မြန်မာပြည် ကိုပြောင်းလဲဖို့လုပ်နေကြပြီ၊ဒီလိုအချိန်မှာ အနိမ့်ဆုံးနေနဲ့ မကောင်းတဲ့စနစ်နဲ့ အဲဒီစနစ်အတွင်းသရုပ်ဆောင်ကပြနေသူများကို ခွဲခြားသိဖို့ အရးကြီးတယ်ဆိုပြီးရေးသားထားတာလို့ နားလည်ပါတယ်။

          စနစ်ထဲမှာကျရာကဏ္ဍကနေ ဝင်ရောက်သရုပ်ဆောင်ကပြနေကြရတယ်ဆိုတာဟာ ဘာသဘောကိုပြောတာပါလဲ။ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အကြောင်းတခုခု  ကြောင့် အသိဥာဏ်မဲ့လုပ်ဆောင်ကြေရတာကို ပြောတာလား။ မဟုတ်ဘူး၊မမှန်ဘူးဆိုတာ ကိုသိရက်နဲ့ ဆက်မိုက်နေကြတာလား။ အဲဒီလို လုပ်ဆောင်နေသူတွေရဲ့ အသိရှိမှုရေချိန်က ဘယ်နားမှာလဲ။ ဝင်ရောက်သရုပ်ဆောင်ကပြနေသူများဟာ အသိရှိမှု ရေချိန်နိမ့်ကျသူတွေ ဖြစ်ကြရင်ကော မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လှပနိုင်ပါ့မလား၊ ဒါတွေဟာ ဖော်ပြထားတဲ့ စာသားတွေနောက်က စိတ်ဝင်တစားတွေးရမယ့် အချက်တွေဖြစ်နေပါတယ်။

          သတင်းစာ၊ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းဟာ အင်မတန်အရေးကြီးပါတယ်။ အဲဒီ ခေါင်းကြီးပိုင်းဟာ သက်ဆိုင်ရာ စာစောင်တွေရဲ့ အာဘော်ကို ပြောနေသလို သဘောထား ရပ်တည်ချက်တွေကိုလည်း ထင်ဟပ်နေတတ်ပါတယ်။

          ဒီတော့ အခုရေးသားထားတဲ့ ခေါင်းကြီးပိုင်းကို ဖတ်မိသူတစ်ယောက်က The Voice Journal ဟာ အခြားလူမျိုးတစ်မျိုးကို စော်ကားတတ်သူများရဲ့ ဂျာနယ်၊ကိုယ့်လူမျိုး ကိုယ် နိမ့်ချကြည့်တတ်သူတွေရဲ့ ဂျာနယ်၊ကိုယ့်ကိုကိုယ်အထင်ကြီးပြီး သူတပါးကို အထင်သေးသူများရဲ့ဂျာနယ် စသည်ဖြင့် စာဖတ်ပရိတ် သတ်တစ်ဦးဦးက သုံးသပ်သွားမလားလို့ စိုးရိမ်မိပါတယ်။

          The Voice Journal ဟာ ကျွန်တော်စိုးရိမ်မိသလို ယူဆရမယ့်ဂျာနယ်မဟုတ် လောက်ဘူးလို့ ထင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် မီဒီယာဟာ တိုင်းပြည်ရဲ့ နား၊မျက်စိ၊တိုင်းပြည်ရဲ့ အားပါ။ဒီအချက်တွေကို The Voice Journal ဖန်တီးသူတွေကောင်းကောင်း သိပါလိမ့်မယ်။

          ဒါကြောင့်သူတို့တွေဟာလည်း ပြည်သူတွေကို မှားယွင်းတဲ့ အတွေးအခေါ် အသိအ မြင်တွေ မပေးဘဲ တိုင်းပြည်ရဲ့ အသိအမြင်ဖွံ့ဖြိုးမှုအတွက် ကျရာနေရာက တာဝန်ထမ်း ဆောင်မယ်လို့ ယူဆပါတယ်" လို့ ဝေဖန်သွားခဲ့ပါတယ်။

ယနေ့မြန်မာ သတင်း ဝက်ဘ်ဆိုက် မှ ကူးယူဖော်ပြပါသည်။


'' အရေးနှင့် ပတ်သက်၍ ပြည်သူတစ်ဦး၏ ခံစားချက်
(ပြည်သူတစ်ဦး)
10th Oct, 2009
Eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။
ယခုတလော မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းပေါင်းများစွာ ကြားနေ၊ သိနေ၊ ဖတ်နေရပါသည်။ မြန်မာနိုင်ငံတွင် ကြီးမားသော ပြောင်းလဲမှုဟု မဆိုသာသော်လည်း အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည် (လုပ်ပေးမည်ဟု ယူဆရသည်) ဖြစ်သောကြောင့် အကြွင်းမဲ့ အာဏာရှင်စနစ်မှ ဒီမိုကရက်တစ် အစိုးရအဖြစ်သို့ ပြောင်းလဲမှုတစ်ခု ဖြစ်ပါသည်။
ထိုအချိန်တွင် အမေရိကန်ကလည်း မြန်မာအစိုးရအပေါ် မူဝါဒပြောင်းပြီး တိုက်ရိုက် ဆက်ဆံရေး ပြုလုပ်လာပါသည်။ တရုတ်နှင့် မြန်မာဆက်ဆံရေးကလည်း အရင်လို မဟုတ်တော့သော အခြေအနေတွင် ရှိနေပြန်ပါသည်။ အခြေအနေများက အရင်နှင့်မတူ ပြောင်းလာနေပြီ ဖြစ်သည်။ သို့သော် ယခုရေးလိုသော အကြောင်းမှာ ဤအကြောင်းအရာ မဟုတ်သလို ယင်းနှစ်နိုင်ငံအနေအထားကို ပြောရမည်ဆိုပါက များစွာထပ်ပြော ရမည်ဖြစ်သဖြင့် ဆက်လက်မရှင်းလင်းလိုတော့ပါ။ ရေးလိုသည့် အကြောင်းအရာ ဘက်သို့သာ ဦးတည်၍ ရေးလိုပါသည်။
စာရေးသူသည် ယခုစစ်တပ်အုပ်ချုပ်သော အစိုးရကို ကြိုက်နှစ်သက်သူ မဟုတ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အကြွင်းမဲ့ အာဏာရှင်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှ အကောင်းအဆိုးအားလုံးမှာ သူ့မှာသာ တာဝန်ရှိသည်ဟု စာရေးသူယူဆပါသည်။ ဖြစ်ပျက်သမျှအားလုံး အကောင်းဘက်သို့ ဦးတည်မှုမှာ အနည်းငယ်သာ ရှိပြီး ပျက်စီးမှုများကို ဦးတည်သည်က များပါသည်။
ယခု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကတိပြုထားကြောင်း နိုင်ငံစုံ မီဒီယာများတွင် တွေ့နေရသည်။ စစ်မှုထမ်းဟောင်း အစည်းအဝေးတွင် ပြောကြားသော မိန့်ခွန်းကို ကိုးကား၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေနှင့် ကတော့ ထိုမိန့်ခွန်းကို ကြည့်ပြီး ဘာမျှ ထူးခြားသည်ဟု မခံစားရပါ။ မြန်မာပြည်တွင် မိန့်ခွန်းဆိုသည်မှာ သတင်းစာ ထဲ ထည့်ကောင်းရုံ ပြောခြင်းဖြစ်ပြီး လက်တွေ့ဘာမှ လုပ်မပေးသည်မှာ ထုံးစံလို ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ယခုကိစ္စ ၂၀၁၀ ရွေးကောက်ပွဲကိစ္စမှာမူ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် လုပ်ပေးမည်ဟု ဆိုကြပါစို့။ အဘယ်ကြောင့်ဆိုသော် သူ့ဘက်မှလည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြီး ဖြစ်နေ၍ ဖြစ်ပါသည်။ သို့သော် နောက်ဆုံးနီးသောအခါမှ တေ့၍ ရွေးကောက်ပွဲကို ဖျက်ချင်လျှင်၊ သူလုပ်၍ ရပါသေးသည်။ အာဏာရှင်နိုင်ငံတွင် လုပ်၍မရဘူးဆိုတာ ဘာမှမရှိပါ။ နိုင်ငံတကာ၏ ရှုံ့ချမှု၊ ဖိအားပေးမှုများ ကို လျစ်လျူရှုနိုင်စွမ်း သူ့မှာ ရှိပါသည်။
ယခုပြောလိုသည့် အဓိက အကြောင်းအရာမှာ ယခုမှ စပါမည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပ ပေးမည့် ရှုထောင့်မှ ရေးပါမည်။
ရွေးကောက်ပွဲမလုပ်ခင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဖြေရှင်းရန် အဓိကပြဿနာများ ရှိနေသေး ပါသည်။ နိုင်ငံတကာမှလည်း ဖိအားပေးနေသော အချက်များဖြစ်သည်။
ပထမအချက်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်ကိစ္စ ဖြစ်သည်။ သူ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ရွေးကောက်ပွဲ လုပ်လို့ရပါသည်။ လွှတ်ပေးလျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲဝင်လို့ မရအောင် ကန့်သတ်ပြီး ဖြစ်သည်။
ဒုတိယအချက် အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန် ကိစ္စဖြစ်သည်။ ထိုကိစ္စ အနေဖြင့်လည်း တချို့ကို လွှတ်ပြီး တချို့ကို ချန်ထားလည်း ရသည်။ ထိုကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် လွှတ်လွှတ် မလွှတ်လွှတ် ရွေးကောက်ပွဲ ကျင်းပ၍ရသည်။ ကျွန်တော့်အမြင်ပြောရလျှင် သူ့အနေနှင့် အလေးအနက် ထားလိမ့်မည် မဟုတ်ဟု ယူဆပါသည်။
တတိယအချက်ဖြစ်သည့် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ ကိစ္စဖြစ်သည်။ နိုင်ငံတကာက တိုင်းရင်းသားအဖွဲ့များပါ ရွေးကောက်ပွဲဝင်ရမည်ဟု ဖိအားပေးပါသည်။ ယခုကိစ္စမှာ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးထက် သူတို့ လက်နက်ကိုင်ထားသော ကိစ္စ မည်သို့လုပ်ကြမလဲ ဟုမေးစရာ ရှိလာပါပြီ။ အစိုးရကတော့ တပ်မတော်လက်အောက် သွတ်သွင်း၍ နယ်ခြားစောင့်တပ် ပြုလုပ်ရေး ဖိအားပေးနေပါသည်။ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဤကိစ္စမှာ ရွေးကောက်ပွဲ မကျင်းပမီ အပြီး ဆုံးဖြတ်ရမည့် မဖြစ်မနေ ကိစ္စဖြစ်နေပါသည်ဟု စာရေးသူ ယူဆပါသည်။ အများပြောသလို နောက်အစိုးရ တက်မှ ကြည့်ရှင်းဟု လုပ်၍မရဟု ထင်ပါသည်။ (နောက်အစိုးရလည်း သူပဲ ဖြစ်ပါသည်) အခြေခံဥပဒေအရ တိုင်းရင်းသား လက်နက်ကိုင် တပ်များသည် မြန်မာ့တပ်မတော်၏ လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ဖြင့်သာ ရှိရမည်ဟု ဆိုသောကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဖြူအမည်း ဆုံးဖြတ် ပေးရလိမ့်မည်ဟု ထင်ပါသည်။ ညှိနှိုင်း၍ ရလျှင်ရ မရလျှင် သူပုန်ဟု သတ်မှတ်ရလိမ့်မည်ဟု လူပြိန်းပြော ပြောရမည် ထင်ပါသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်တော်၏ ပုဂ္ဂလိက အမြင်ဖြင့် ပြောရလျှင် နိုင်ငံတစ်နိုင်ငံတွင် တပ်မတော် တစ်ခုတည်းသာ ရှိသင့်သည်ဟု ထင်ပါသည်။ ဗိုလ်ချုပ်မှူးကြီး အပေါ် ဤတစ်ခုတော့ ကျွန်တော် ထောက်ခံသည်။ မဟုတ်လျှင် သူတလူ ငါတမင်းနှင့် ပြည်တွင်းစစ် ဖြစ်သွားနိုင်ပါသည်။
လူမျိုးရေး ပြဿနာများ ရှိသော ကချင်၊ ကရင်၊ ရှမ်း စသည့် အဖွဲ့အစည်းများကို ကျွန်တော် မပြောလိုပါ။ သူတို့၏ အချို့ရပ်တည်မှုများမှာ လူမျိုးရေးအရ မှန်ကန်သည့် အချက်များ ရှိနေပါသည်။ ဤနေရာတွင် ကချင်အဖွဲ့၏ ပြောဆိုမှုတစ်ခုကို ကျွန်တော် အလွန်ကြိုက်ပါသည်။ ကချင်အနေဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို မူအားဖြင့် သဘောတူကြောင်း၊ သို့သော် ယခုအချိန်မှာ ပြောင်းရန် အချိန်မဟုတ်သေးကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် လုပ်ဆောင် နိုင်ချိန်မှသာ ပြောင်းလဲမှာ ဖြစ်ကြောင်း သူ၏ ရပ်တည်ချက်ကို ပြောသွားသည်မှာ အလွန်သင့်မြတ် လှပေသည်။
ကျွန်တော် အထူးပြောလိုသည်မှာ ယခု လတ်တလော လိပ်ခဲတည်းလည်း ဖြစ်နေသော '' နှင့် ကိစ္စကို ဖြစ်ပါသည်။ ကိုးကန့်ကိစ္စမှာ ပြီးသွားပြီ ဖြစ်သဖြင့် ပြောစရာ မကျန်တော့ပေ။
'' တပ် (UWSA) မှာ မူးယစ်ဆေးဝါးကြောင့် ငွေကြေးတောင့်တင်းပြီး လက်နက်အင်အားလည်း ကောင်းပါသည်။ ထို့အတွက်ကြောင့် အစိုးရကို ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်နေသည်ဟု မြင်ပါသည်။ နောက်တစ်ချက်မှာ '' က သူ့ကို တရုတ်က အကာအကွယ်ပေးလိမ့်မည်ဟု ယူဆနေမည်လား မပြောတတ်ပေ။
'' များမှာ ၁၉၉၃ ဝန်းကျင်ခန့်က စပြီး ငြိမ်းချမ်းရေးယူပြီးစက မြန်မာနိုင်ငံတွင်း ခြောက်လုံးပြူး ခါးကြားထိုးကာ ရမ်းကားချင်တိုင်း ရမ်းကားခဲ့ကြသည်။ ကျွန်တော်တို့ ပြည်သူများ သဘောမတွေ့ခဲ့ကြပါ။ သူတို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ မာဖီးယားများသာ ဖြစ်ပါသည်။ သူတို့ ယခု နယ်ခြားစောင့်တပ် ကိစ္စ သဘောမတူခဲ့ပါက သဘောတူသည်အထိ ပြေလည်စွာ ညှိနှိုင်းသင့်သည်ဟု ထင်ပါသည်။ ကျွန်တော် ပုဂ္ဂလိက ခံစားချက်အရ ပြောရလျှင် မြန်မာတပ်များ '' များကို အပြတ်ချေမှုန်းပစ်စေလိုသူ ဖြစ်ပါသည်။ သို့သော် တိုက်ပွဲများ ဖြစ်ခဲ့လျှင်မူ နှစ်ဖက်စလုံးအထိနာမည်သာ ဖြစ်သည်။ အရင်တုန်းက မြန်မာ့တပ်မတော်ဆိုလျှင် ယခု ''များလောက်ကတော့ဟု ပြော၍ရသည်။ ယခု မြန်မာ့တပ်မတော်မှာ သဘာဝဓာတ်ငွေ့မှ ရသော ငွေများဖြင့် လက်နက်တော့ ဖြည့်တင်းထားပါရဲ့၊ တိုက်ရည်ခိုက်ရည် အရည်အချင်းက သုညဖြစ်နေသည်ဟု ထင်ပါသည်။ မြန်မာ့တပ်မတော် စစ်မတိုက်ရသည်မှာ နှစ်ပေါင်း ၁၇ နှစ်လောက် ရှိပြီ ဖြစ်၍ စစ်မတိုက်တတ်တော့ပါ။ နောက်တစ်ချက်မှာ မြန်မာ့တပ်မတော်မှာ ဗိုလ်တစ်ထောင် တပ်သားနတ္ထိတပ် ဖြစ်နေခြင်းကလည်း အဓိကအကြောင်းတစ်ချက် ဖြစ်သည်။ တပ်သားအဖြစ် တပ်ထဲဝင်မည့်သူ မရှိပါ။ နောက်အဓိက အကြောင်းတစ်ခုမှာ တပ်မတော်သား အားလုံး ဆင်းရဲမွဲတေမှုကြောင့် စိတ်ဓာတ်ပျက်ပြားနေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ငါ့တပ်မတော်ကြီး ကတော့ အင်အား တောင့်တင်းလှချည်ရဲ့ ဟု မထင်စေလိုပါ။ သိကောင်းလည်း သိနေနိုင်သည်။ စစ်မတိုက်ရ၍ ဟန်မပျက် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။ စစ်တိုက်ရမည် ဆိုလျှင် ထွက်ပြေးမည့်စစ်ဗိုလ် တစ်ဝက်လောက် ရှိမလား မပြောတတ်။
ကျွန်တော့်သဘော ပြောရလျှင် '' များကို ပြုတ်ပြုတ်ပြုန်းသွားအောင် တိုက်ပစ်လိုက်စေချင်သည်။ သို့သော် အသေအပျောက်များမည် ဖြစ်၍ ''ကိုတော့ စာရင်းထဲ ထည့်မပြောပါ။ ကိုယ့်လူမျိုးစစ်သားများ မသေစေလိုပါ။
အရေးကြီးသော အချက်တစ်ခုမှာ မူးယစ်ဆေးဝါးကိစ္စဟု ခေါင်းစဉ်တပ်ထားသဖြင့် နိုင်ငံတကာမှ ဘာမှ မပြောနိုင်ပါ။ တရုတ်ကလည်း '' ကို ထောက်ခံပေးရန်အတွက်လည်း ဝန်လေးနေသည့် အကြောင်းများလည်း ရှိနေပြီ ဖြစ်ပေသည်။
ယခုအခါ မြန်မာနိုင်ငံက တရုတ်ကို ကျောက်ဖြူတွင် ရေနက်ဆိပ်ကမ်း လုပ်ခွင့်ပေးထားပြီး ဓာတ်ငွေ့ပိုက်လိုင်းရော၊ ရေနံပိုက်လိုင်းပါ မြန်မာပြည်ကို ဖြတ်၍ တရုတ်နိုင်ငံတွင်းသို့ သွယ်တန်းခွင့်ပြုထားပါသည်။ ထိုစီမံကိန်းအရ ရထားလမ်းလည်း တရုတ်ပြည်အထိ ပါသေးသည်။ ထိုစီမံကိန်းကြီးသည် တရုတ်ပြည်အတွက် မဟာဗျူဟာအရ အရေးပါသော စီမံကိန်းကြီး ဖြစ်နေသောကြောင့် ယခု လောလောဆယ်တွင်တော့ မြန်မာအစိုးရကို မျက်နှာ ထောက်ထားစရာများ ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် '' အရေးအခင်းတွင် '' ကိုတော့ဖြင့် မျက်နှာသာ ပေးရန် လိုလိမ့်မည်မထင်ပေ။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်နိုင်လိမ့်မည်ဟု ပြည်သူတစ်ဦး၏ ခံစာချက်များကို ဖော်ထုတ်အပ်ပါသည်။

အမေရိကန်သမ္မတ ရှေ့လတွင် အာရှတိုက်သို့ ပထမဆုံးခရီးထွက်မည် ဟု အိမ်ဖြူတော်ပြော

(AFP – October 8th, 2009)

အမေရိကန်ပြည်ထောင်စု သမ္မတ Barak Obama သည် ၎င်း၏ ပထမဆုံး အာရှတိုက် ခရီးစဉ်အဖြစ် တရုတ်၊ ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများသို့ စီးပွားရေး ပျက်ကပ်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှု ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ရှေ့လတွင် သွားရောက်မည် ဖြစ်ပါသည်။

အဆိုပါ ခရီးစဉ်သည် အိုဘားမား၏ အရေးကြီးသော ထိပ်တန်းအာရှ အင်အားကြီးနိုင်ငံများနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအတွက် အလေးအနက်ထားသော ရုတ်တရက်ကြိုးပမ်းမှု အဖြစ် မှတ်တိုင်ထူမည်ဖြစ်ပါသည်။ အီရန်နှင့် မြောက်ကိုရီးယားတို့၏ နျူကလီယာကိစ္စတို့ကဲ့သို့သော ဦးစားပေးရမည့် အရေးကြီးသော အမေရိကန် နိုင်ငံခြားရေး မူဝါဒများအပေါ် ထောက်ခံမှု ရရှိရေးအတွက်လည်း ဖြစ်ပါသည်။

အမေရိကန်သမ္မတသည် ဝါရှင်တန်မှ နိုဝင်ဘာလ ၁၁ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး ခရီးစဉ်မှာ ၈ ရက်ကြာမည် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် ပြည်တွင်းမှ ပြဿနာများနှင့် အခြားဆောင်ရွက်ရန် အကြောင်းအရာများကိုမူ ခေတ္တထားခဲ့ရမည် ဖြစ် သည်။

သူသည် ဂျပန်နိုင်ငံသို့ ပထမဦးဆုံး သွားရောက်မည် ဖြစ်ပြီး ထို့နောက် စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အာရှ - ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Asia Pacific Economic Cooperation) သို့ တက်ရောက်မည် ဖြစ်သည်။

အိုဘားမားသည် အမေရိကန်ခေါင်းဆောင်နှင့် အာဆီယံ ASEAN ၁၀ နိုင်ငံမှ ခေါင်းဆောင်များအကြား ပထမဆုံး တရားဝင် စကားပြောရန် အစီအစဉ်ရှိပါသည်။ အဆိုပါ အစီအစဉ်တွင် မြန်မာစစ်အစိုးရ တာဝန်ရှိသူများနှင့် ရှားရှားပါးပါး တွေ့ဆုံမှုလည်း ပါဝင်နိုင်ပါသည်။

ထို့နောက် အိုဘားမားသည် Beijing နှင့် ရှန်ဟဲမြို့များသို့ သွားရောက်မည် ဖြစ်ပြီး အာရှခရီးစဉ်သည် တောင်ကိုရီးယားတွင် ပြီးဆုံးမည် ဖြစ်ပါသည်။

သို့သော် အိမ်ဖြူတော်၏ အဆိုအရ အိုဘားမား၏ ခရီးစဉ်တွင် အင်ဒိုနီးရှား ပါဝင်နိုင်မည် မဟုတ်ပေ။ အင်ဒိုနီးရှားနိုင်ငံမှာ ၎င်းငယ်စဉ်က နေထိုင်ခဲ့ဖူးပြီး သူ၏မိန့်ခွန်း အချို့တွင် နှစ်သက်စွာ ရည်ညွှန်းလေ့ရှိသည်။ မူဆလင်ကမ္ဘာနှင့် ဆက်သွယ်မှုရရန် ကြိုးပမ်းနေချိန်ဖြစ်သော်လည်း မူဆလင်နိုင်ငံ အင်ဒိုနီးရှားကို ခရီးစဉ်တွင် ထည့်သွင်းစဉ်းစားခြင်း မရှိပေ။

"သမ္မတကြီးက ရှေ့လထဲမှာ အာရှကို ခရီးသွားမှာ ဖြစ်ပြီး ကမ္ဘာကြီးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေနဲ့ နှစ်ဦးနှစ်ဖက်ကြားစိတ်ဝင်စားမှု အကြောင်းအရာတွေ အပေါ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေဖို့ အတွက် ဖြစ်ပါတယ်" ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Robert Gibbs က ပြောပါသည်။

အိုဘားမားသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကတို့အပေါ် အမေရိကန်၏ ဦးတည်ချက်အသစ် ချမှတ်ရေးအတွက် ကိုယ်တိုင် အထူးတလည် ကြိုးပမ်းခဲ့ပြီး ဖြစ်သော်လည်း အာရှအတွက် ကျန်ရှိနေပါသေးသည်။

သို့သော် သူ၏ ယခုထွက်ပေါ်လာသော ဆက်ဆံမှု မူဝါဒအသစ်သည် တမူထူးခြားပြီး အားကောင်းသည့် အသွင်ဆောင်ပေသည်။ မြောက်ကိုရီးယား၏ နျူကလီယာ ခြိမ်းခြောက်မှုအပြင် တရုတ်နှင့် ဆက်ဆံရေး ပိုမိုတိုးတက်အောင်လည်း ယခင်မူဝါဒများကို ပြောင်းပြန်လှန်ပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ စစ်တပ်အုပ်ချုပ်သော မြန်မာနိုင်ငံကို ဒီမိုကရေစီဖော်ဆောင်ရန် ရည်ရွယ်၍ ပိတ်ဆို့အရေးယူရေး (Sanction) ရော မက်လုံး (Incentives) ပါ ပေးခဲ့သည့် မူဝါဒများမှာ မအောင်မြင်ခဲ့ပေ။

အိုဘားမားသည် အရင်ဆုံး တိုကျိုသို့ နိုဝင်ဘာ (၁၂) ရက်နှင့် (၁၃) ရက်နေ့အတွင်း သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ပြောကြားပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ကုလသမဂ္ဂတွင် လွန်ခဲ့သည့်လက တွေ့ဆုံခဲ့သည့် ဂျပန်ဝန်ကြီးချုပ် အသစ် Yukio Hatoyama နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရှိပါသည်။ ထို့နောက် နိုဝင်ဘာလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိ စင်ကာပူတွင် APEC နှင့် ASEAN တို့နှင့် တွေ့ဆုံဆွေးနွေးရန် ရှိပြီး ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် တစ်ဦးချင်းဆွေးနွေးရန် ရှိပါသည်။

အမေရိကန်တို့က ASEAN ကို တရုတ်နိုင်ငံ အရှေ့တောင်အာရှအပေါ် လွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိပေးမည့် သင့်တော်သော အဖွဲ့အဖြစ် သတ်မှတ်ထားပြီး ဇူလိုင်လက အာဆီယံနှင့် မိတ်ဖက်အဖွဲ့အဖြစ် သဘောတူလက်မှတ် ရေးထိုးခဲ့ပါသည်။ Bush အစိုးရ လက်ထက်က အဆိုပါကိစ္စကို လစ်လျူရှုထားခဲ့သည်။

အိုဘားမား၏ နိုဝင်ဘာလ (၁၅) ရက်မှ (၁၈) ရက်နေ့အထိ ခရီးစဉ်သည် သူ၏ အမေရိကန်သမ္မတအဖြစ် ပီကင်းနှင့် တရုတ်နိုင်ငံသို့ သွားရောက်သော ပထမဆုံးခရီးစဉ် ဖြစ်ပြီး တရုတ်သမ္မတ Hu Jintao နှင့် တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သည်။

အမေရိကန်နိုင်ငံသည် နျူကလီယာကိစ္စကြောင့် မြောက်ကိုရီးယားအား ပိတ်ဆို့မှု တင်းကြပ်ခြင်းကိစ္စတွင် တရုတ်ပြည်က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအပေါ် ချီးကျူးလိုက်  သည်။

ပီကင်းအနေဖြင့် အမေရိကန်က ပြုလုပ်နေသည့် အီရန်အပေါ် ပိတ်ဆို့မှုမျိုး တွင်လည်း အလားတူ ပါဝင်လာရန် လိုအပ်နေသေးသည်။ အီရန်နျူကလီယာ အစီအစဉ် ရပ်ဆိုင်းရန်အတွက် တရုတ်အပါအဝင် အဓိက အင်အားကြီးနိုင်ငံများ ပါဝင်မှု လိုအပ်ပါ သည်။ အိုဘားမား၏ တရုတ်ပြည်တွင်း ဆွေးနွေးမှုများတွင် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် လုံခြုံရေး လက်နက် တပ်ဆင်မှု လျှော့ချခြင်း၊ စွမ်းအင်ဆိုင်ရာကိစ္စနှင့် ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်များ ပါဝင်ပါသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Robert Gibbs က အမေရိကန်သမ္မတသည် အာရှရှိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ နိုဝင်ဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း ပြောပါသည်။ မြောက်ကိုရီးယား၏ နျူကလီယာစိန်ခေါ်မှုများနှင့် အမေရိကန်၏ နျူကလီယာမဟာမိတ် ကိစ္စများသည် အိုဘားမားနှင့် တောင်ကိုရီးယားသမ္မတ Lee Myung-bak တို့ အများဆုံးဆွေးနွေးမည့် ကိစ္စများ ဖြစ်သည်။

တောင်ကိုရီးယားတွင် ရောက်ရှိစဉ်ကာလအတွင်း အိုဘားမားသည် မြောက်ကိုရီးယား၏ စိတ်မချရသော စစ်အေးအခြေအနေများကို လေ့လာစောင့်ကြည့်နေသည့် အမေရိကန်စစ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ရှိပါသည်။

အိုဘားမားအနေဖြင့် အင်ဒိုနီးရှားသို့လည်း ယခုနှစ်အတွင်း သွားရောက် လည်ပတ်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ယင်းနိုင်ငံသားနှင့် သူ၏ ကွယ်လွန်သူမိခင် အိမ်ထောင်ပြုပြီး အိမ်ထောင်ကွဲခဲ့သည့် နေရာဖြစ်သည့် အပြင် ၎င်းငယ်စဉ် ကလေးဘဝက နေထိုင်ခဲ့သည့် နေရာလည်းဖြစ်သည်။

အိုဘားမားသည်  အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono ကို G- 20 အစည်းအဝေးကျင်းပရာ Pittsburgh မြို့တွင် လွန်ခဲ့သည့်လက တွေ့ဆုံခဲ့ပြီး လာမည့်နှစ်တွင် အလည်အပတ်သွားရောက်ရန်  သဘောတူညီခဲ့ကြသည်။ အမေရိကန်နှင့် အင်ဒိုနီးရှားတို့၏ နှစ်နိုင်ငံ ဆက်ဆံရေး အရေးကြီးမှုကို နားလည်သဘောပေါက်ကြကြောင်း Gibbs က ပြောကြားသွားသည်။

 

ဗထူးကွင်းသို့သတင်းသမားဝင်ရောက်ခွင့်မပြုသည့်ကိစ္စ ဦးဇော်ဇော်ငွေပေးနှုတ်ပိတ်


 eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။


မြန်မာနိုင်ငံ၏ဒုတိယမြို့တော်မန္တလေးမြို့တွင်ကျင်းပခဲ့သော ရန်ကုန်United အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် ဘောလုံးအဖွဲ့ချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက အခွင့် အာဏာကို အလွဲသုံးစားပြုကာ သတင်းသမားများကို သက်ဆိုင်ရာဝင်ပေါက်မှ ဝင်ခွင့်မပြုခဲ့သည့် သတင်းကို မီဒီယာများတွင် ရေးသားခြင်းမပြုရန် အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ကျပ်ငွေ လေးသိန်းပေးကာ သတင်းသမားများကို နှုတ်ပိတ်ခဲ့သည်။

          အထက်ပါ ပွဲစဉ်တွင် ကွင်းအတွင်းဝင်ရောက်သတင်းရယူရန် ကြိုးစားသူ ပြည်တွင်း အားကစားသတင်းထောက် ၂၀ ကျော်ကို ဘောလုံးအဖွဲ့ချုပ် ဦးဘန်နီတင်အောင်မှ မီဒီယာ ဝင်ပေါက်မှ ဝင်ရောက်ခွင့် မပြုဘဲ ရန်ကုန်အသင်းပရိသတ်ဝင်ပေါက်မှသာ ဝင်ရောက်ရန် ညွှန်ကြားခဲ့ခြင်းအပေါ် သတင်းသမားများက ကျေနပ်မှုမရှိဘဲ ဦးဇော်ဇော်ထံ တိုင်ကြားခဲ့ ကြောင်း ပြည်တွင်းအားကစားဂျာနယ်မှ သတင်းထောက်တစ်ဦးက ဆိုသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဇော်က ဦးဘန်နီတင်အောင်ကို အရေးယူ မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မီဒီယာသမားများအနေဖြင့် ၎င်းတို့၏ သက်ဆိုင် ရာမီဒီယာများတွင် ရေးသားခြင်းမပြုရန် အထက်ပါငွေပေး၍ နှုတ်ပိတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

          " တစ်ယောက်ကို နှစ်သောင်းနီးနီးလောက်တော့ ရကြတယ်" ဟု ၎င်းက ပြောကြား ခဲ့သည်။

          အထက်ပါ ပွဲစဉ်တွင် တက်ရောက်သတင်းရယူရန်အတွက် ရန်ကုန်အသင်းပိုင်ရှင် ဦးတေဇက သတင်းသမားများကို ၎င်း ကုမ္ပဏီပိုင်လေယာဉ်ဖြင့် အခမဲ့လိုက်ပါခွင့် ပြုခဲ့သည်။

          ဦးဘန်နီတင်အောင်အနေဖြင့် မီဒီယာများကို မတောင်းပန်ပါက ရာထူးမှ ထုတ်ပယ် အပစ်ပေးမည်ဟု ဦးဇော်ဇော်က ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၆ရက်ထုတ် သစ္စာ ဂျာနယ်တွင်ဖော်ပြထားသည်။

          MNL ပြိုင်ပွဲများ အတွင်း သတင်းဝင်ရောက်ရယူရာတွင် လိုအပ်ချက်များကို အားကစားမီဒီယာများက မကြာခဏ ထုတ်ဖော်ရေးသားလေ့ရှိသော်လည်း  အထက်ပါ ကိစ္စနှင့်ပတ်သက်၍မူ ထုတ်ဖော်ရေးသားသော မီဒီယာအနည်းငယ်သာရှိကြောင်း အထက်ပါသတင်းထောက်က ပြောကြားသည်။

          MNL ပြိုင်ပွဲကို နိုင်ငံတကာအဆင့်မီ စည်းမျည်းစည်းကမ်းများအသုံးပြု၍ ကျင်းပနေ ခြင်းဖြစ်ကြောင်း ၂၀၀၅ ခုနှစ်တွင် ဥက္ကဌတာဝန်စတင်ရယူခဲ့သူ ဦးဇော်ဇော်က မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

တရုတ်နိုင်ငံအပေါ် မျက်ခြေမပြတ်ရေး၊ အိန္ဒိယဦးစီးချုပ် မြန်မာပြည်လာမည်

From The Times of India

10th Oct 2009

အိန္ဒိယနိုင်ငံ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Deepak Kapoor သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်းသို့ မဟာဗျူဟာကျကျ ကျူးကျော်ဝင်ရောက်နေမှုကို ချိန်ခွင်လျှာညှိရေးအတွက် အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးသာမက စစ်ရေးဆိုင်ရာ ဆက်ဆံရေးပါ ထူထောင်ထားသည်။

စစ်ဦးစီးချုပ်များ ကော်မတီတွင် ဥက္ကဋ္ဌလည်း ဖြစ်သော ဗိုလ်ချုပ်ကြီး Kapoor သည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် ကြိုးပမ်းလိမ့်မည် ဖြစ်သည်။ ဒေသတွင်းတွင် တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံအပေါ် ဘေးမှ ဝိုင်းရံကာ ကျူးကျော်လာမည့် ကြိုးပမ်းမှုကို ကာကွယ်သွားရန် ဖြစ်သည်။

"သူရဲ့ သုံးရက်တာ အလည်အပတ်ခရီးမှာ မြန်မာနိုင်ငံအတွင်း ကာကွယ်ရေးဆိုင် ရာ အဖွဲ့အစည်းများကိုလည်း သွားရောက်လည်ပတ်မှာ ဖြစ်တယ်" ဟု အိန္ဒိယအစိုးရ တာဝန်ရှိသူက ပြောပါသည်။

မြန်မာစစ်အစိုးရအပေါ် နှစ်ရှည်လများ ရှုံ့ချပြစ်တင်ခဲ့သော အမေရိကန်ပြည်ထောင်စုက တရုတ်နှင့် အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများကို မြန်မာနိုင်ငံနှင့် ဆွေးနွေးမှု၌ တက်ကြွစွာ ပါဝင်ရန် ရည်ရွယ်ကြောင်း ကြေညာသည့် အချိန်နှင့် ယခု Kapoor ၏ ယခုခရီးစဉ်မှာ တိုက်ဆိုင်နေသည်။

ယခင်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော အနောက်အုပ်စုသည် ယခုအခါ လျှော့ပေါ့လာခဲ့သော်လည်း လုပ်ဆောင်စရာ အချက်များစွာ ကျန်နေပါသေးသည်။ စစ်အစိုးရက ကြေညာထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတို့ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်လျက် ရှိပါသည်။

အိန္ဒိယ၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမှာ အခြားနိုင်ငံများနှင့် မတူဘဲ ခြားနားသည်။ အိန္ဒိယနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် နှစ်အတန်ကြာ ထောက်ခံခဲ့ခြင်းအပေါ် သူ၏ မူဝါဒကို ပြောင်းလဲရန် ကြိုးစားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် မဟာဗျူဟာကျကျ လိမ္မာပါးနပ်စွာ ဝင်ရောက်လာသောအခါ အိန္ဒိယကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်းနှင့် ကုန်းနယ်နိမိတ်သာမက ရေနယ်နိမိတ်ချင်းပါ ထိစပ်နေသော တစ်ခုတည်းသော အာဆီယံနိုင်ငံ မြန်မာပြည်အပေါ် အနောက်အုပ်စုမှ လက်နက်တင်ပို့မှု ကန့်သတ်ထားခြင်းကို ဘေးဖယ်ထားပြီး ပင်လယ်နယ်နိမိတ် ကင်းလှည့်လေယာဉ် (Islander maritime patrol aircraft) ၄ စီး၊ 105 mm သေနတ် (105 mm light artillery guns) ရေတပ်ရေယာဉ်များ (Naval Gun-boats)၊ မော်တာများ၊ လောင်ချာများနှင့် ရိုင်ဖယ်များ အပါအဝင် အခြားပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပါသည်။

အိန္ဒိယနိုင်ငံအနေနှင့်လည်း မြန်မာအစိုးရထံမှ အိန္ဒိယသူပုန်များ မြန်မာနယ်နိမိတ် အတွင်း မခိုအောင်းနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် အပြန်အလှန်ကူညီခဲ့ သည်။ ၁၆၄၃ ကီလိုမီတာရှည်သည့် နှစ်နိုင်ငံ နယ်စပ်တလျှောက် ခိုအောင်းနေသာ United Liberation Front of AsomUnited National liberation Army နှင့် Kannglei Yawol Kanna Lup စသည့် အိန္ဒိယသူပုန်အဖွဲ့ တို့ကို တိုက်ခိုက်ရာတွင် ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်ပေး ခဲ့ပါသည်။

ထို့အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ စွမ်းအင်လုံခြုံရေးဆိုင်ရာနှင့် ချိတ်ဆက်ရေးကိစ္စများ တွင်လည်း တိုးတက်မှုများ ရှိခဲ့ပါသည်။ ဥပမာအားဖြင့် ကုလားတန်ဘက်စုံသုံး တစ်ဆင့်ခံ ပို့ဆောင်ရေးစီမံကိန်း (Kaladan multi-model transit transport project) ကို စတင်နိုင်ခဲ့ပြီး အဆိုပါစီမံကိန်းအရ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသသည် ဘင်္ဂလားဒေ့ရှ်ကို မဖြတ်ဘဲ ထွက်ပေါက်တစ်ခု ရရှိမည် ဖြစ်ပါသည်။

အိန္ဒိယအနေဖြင့်   မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် စည်းလုံးရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အလွန်တရာ စိတ်ဝင်စားပြီး ထိုဖြစ်စဉ်တွင် မြန်မာ့လူ့အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသား လူမျိုးစုအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးကို မျှော်လင့်သည်ဟုဆိုသည်။