Transparency Myanmar

transparency.myanmar@gmail.com

By Wai Moe

23 - Oct - 2009 / Irrawaddy

          သောကြာနေ့က ကျင်းပသည့် ၁၅ကြိမ်မြောက် အာဆီယံညီလာခံတွင် အာဆီယံနိုင်ငံ ခေါင်းဆောင်များ၏ ပုံမှန်အစည်းအဝေးသို့တက်ရောက်မည့် အဖွဲ့ဝင် ငါးနိုင်ငံမှ Civil Society Organizations (CSO) ကိုယ်စားလှယ်ငါးယောက်ကို အာဆီယံက တားမြစ်ခဲ့သည်။

          ယခုအပတ် အစောပိုင်းက Asean People Forum မှ ရွေးချယ်ခဲ့သော မြန်မာနိုင်ငံရေး လှုပ်ရှားသူ ခင်ဥမ္မာနှင့် အခြား နိုင်ငံမှ ကိုယ်စားလှယ်များကို တားမြစ်ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံများမှ အရပ်ဖက် လူမူအဖွဲ့ အစည်း ကိုယ်စားလှယ်များအား အစည်းအဝေးသို့ တက်ရောက်ရန်ခွင့်မပြုကြောင်း ထိုင်းနိုင်ငံခြား ရေး ၀န်ကြီးဌာနက သောကြာနေ့ညတွင် အကြောင်းကြားခဲ့သည်ဟု Altenative Asean Network ညှိနှိုင်းရေးမှူး Debbie Stothard က သောကြာနေ့က ပြောပါသည်။

          အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့နှင့် အာဆီယံပဋိညာဉ် (Asean Charter) တို့၏ နောက်ပြန်လှည့်သွားခြင်း ဟု သူမက မှတ်ချက်ပေးသည်။

          အာဆီယံ ခေါင်းဆောင်များ၏ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများအပေါ် ဆန့်ကျင်သည့် လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပြီး၊ အာဆီယံသည် ရှေ့သို့ တလှမ်းတိုးပြီးတိုင်း နောက်သို့ နှစ်လှမ်းဆုတ်သည်ဟု ခင်ဥမ္မာကဆိုပါသည်။

          လက်ရှိအာဆီယံ သဘာပတိ ထိုင်းနိုင်ငံက အရပ်ဖက် လူမူရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ အာဆီယံ လုပ်ငန်းစဉ်များသို့ ပူးပေါင်းပါဝင်နိုင်စေရန် ၎င်း၏သက်တမ်းအတွင်း ၂ကြိမ်တိုင် ကြိုးစားခဲ့သော်လည်း ကြိမ်စလုံး ငြင်းပယ်ခံရပါသည်။ ပြီးခဲ့သော ဖေဖေါ်ဝါရီလ ၁၄ကြိမ်မြောက် အာဆီယံညီလာခံတွင်လည်း ခင်ဥမ္မာနှင့် ကမ္ဘောဒီးယားကိုယ်စားလှယ်တို့ တားမြစ်ခံခဲ့ရသည်။ ယခုအကြိမ်တွင် ကိုယ်စားလှယ် ယောက် တားမြစ်ခံရသဖြင့် အာဆီယံ၏ လေးစားယုံကြည် စိတ်ချရမှုများမှာ ပိုမိုဆိုးဝါး လာပါသည်။

          လာအိုနိုင်ငံမှ ရှေ့နေ Manichunh Philaphanh က သူမအနေနှင့် အမျိုးသမီးနှင့်ကလေး များ၏ ရပိုင်ခွင့်ဆိုင်ရာကိစ္စများနှင့် ပတ်သက်သောမေးခွန်းများ ပြင်ဆင်ထားခဲ့သည်ဟုဆိုပါသည်။ အကယ်၍ အမျိုးသမီးတစ်ယောက်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်ခံစားရပါက ACWC (အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ အာဆီယံကော်မစ်ရှင်)က မည်သည့်အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်မည်နည်း အစရှိသဖြင့် နိုင်ငံတော်ကိုယ်စားလှယ်များကို မေးမြန်းဆွေးနွေးလိုသည်ဟု သူမကပြောပါသည်။

          ယခုအစည်းအဝေးကို တက်ရောက်ရန် ငြင်းပယ်ခံရသည့်အတွက် အလွန်ပင် စိတ်ပျက်မိ ကြောင်း သူမက ဆက်လက်ပြောကြားခဲ့သည်။

          ကမ္ဘောဒီးယားမှ Nay Vanda ကလည်း အာဆီယံအစည်းအဝေးမှ ငြင်းပယ်ခံရသည့် အတွက် အလွန်ဝမ်းနည်းမိကြောင်းပြောကြားခဲ့ပြီး ယနေ့တက်ရောက်ရန် ရွေးချယ်ခွင့်ပြုလိုက် သော ကိုယ်စားလှယ်အများစုမှာ အစိုးရကျောထောက်နောက်ခံပြုထားသူ၊ အစိုးရထောက်ခံသူ များသာ ဖြစ်သည်ဟုဆိုပါသည်။

          အဆိုပါ အရပ်ဖက်ကိုယ်စားလှယ်ငါးဦးကို ပယ်ချလိုက်သည့်အတွက် တက်ရောက်ခွင့်ရ ထားသော အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် ၃ဦးက အစည်းအဝေးမှ ထွက်ခွာခြင်းဖြင့် ကန့်ကွက်မှုကို ပြသခဲ့ပါသည်။ သို့ဖြစ်၍ လွတ်လပ်သော အရပ်ဖက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တဦးမှ တက်ရောကနိုင်ခြင်းမရှိခဲ့ပါ။

          လွတ်လပ်သော အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များကို ပယ်ချခြင်းသည် ဒေသ တွင်း ဒီမိုကရေစီဖြစ်ထွန်းရေးကို ပယ်ချခြင်းနှင့်အတူတူပင် ဖြစ်သည်ဟု ဖိလစ်ပိုင်မှ Sr. Cres Lucero က ပြောပါသည်။ မိမိတို့ (Civil Society) က အာဆီယံအစိုးရများနှင့် တွေ့ဆုံဆွေးနွေး လိုသော်လည်း ၎င်းတို့က အခွင့်အရေးမပေးခဲ့ပါဟု Lucero က ဆက်လက်ပြောကြားပါသည်။

          ယခုနှစ်များအတွင်း အာဆီယံသည် ပဋိညာဉ်အသစ် (New Asean Charter) လမ်းညွှန် မှုအောက်တွင် လုပ်ငန်းစဉ်များ ဆောင်ရွက်သွားရန် စီစဉ်ခဲ့ပြီး အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အဖွဲ့လည်းပါဝင်ပါသည်။ အာဆီယံလူ့အခွင့်အရေးအဖွဲ့အောက်တွင် ဒေသတွင်း လူဦးရေ ၅၇၇ သန်း၏ လူ့အခွင့်အရေးများကိုကာကွယ်ခြင်း မြှင့်တင်ခြင်းများဆောင်ရွက်ရန် အသင့်ရှိသည်ဟု ဆိုပါသည်။

          လွတ်လပ်သော လူမှုအဖွဲ့အစည်းများ၏ ကဏ္ဍကို လျစ်လျူရှုခြင်းသည် အာဆီယံပဋိညာဉ် နှင့် အာဆီယံလူ့အခွင့်အရေးအဖွဲ့၏ ဂုဏ်သိက္ခာကိုကျဆင်းစေသည်ဟု ယူဆကြောင်း စင်္ကာပူမှ Sinapan Samydorai က ပြောကြားခဲ့ပါသည်။

 



--
Posted By icypress to Sensible Rumour at 10/29/2009 07:27:00 PM

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ရှမ်းပြည်နယ်တွင် နေထိုင်သော ဒေသခံ မိသားစုများ၏ လေးပုံတစ်ပုံမှာ ဖိအားပေး ပြောင်းရွှေ့ခြင်း ခံခဲ့ရကာ မိသားစု စုစုပေါင်း၏ ၉ ရာခိုင်နှုန်းခန့်မှာ မိုင်း နင်းမိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန်နိုင်ငံသား ကျန်းမာရေး ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားလိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်သည့် အခြားသော မိသားစုဝင် ၂၄ ရာခိုင်နှုန်းအား မြန်မာစစ်တပ်က အဓမ္မလုပ်သားအဖြစ် ဖိအားပေး စေခိုင်းခြင်း ခံနေရကြောင်း ဂျွန်ဟော့ ကင်းတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ ခရစ်ဘေရာက ပြောသည်။

ပရော်ဖက်ဆာ ခရစ်ဘေရာ သည် အမေရိကန် လွှတ်တော်၏ နိုင်ငံခြားရေးရာ ကော်မတီသို့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ ပြည်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းခဲ့သည်။

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည်စစ်ဆေး မှု ပြုလုပ်စဉ်အတွင်း မစ္စတာ ခရစ်ဘေရာက ယင်းသို့ အစီရင်ခံစာ တင်သွင်းခဲ့ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒမှာ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို အဓိက ရည်ရွယ်၍ လုပ်နေသည်ဟု အများစုက ပြောဆိုနေကြသော်လည်း အမှန်တကယ်တွင် ရှမ်း၊ကရင် အစရှိသည့် တိုင်းရင်းသား လူမျိုးစုများ အပေါ် စစ်အစိုးရ၏ ဖိနှိပ်မှုများကိုလည်း ဒုတိယဦးစားပေးအဖြစ် ထည့်သွင်းထားကြောင်း ပရော်ဖက်ဆာ ခရစ်ဘေရာ က ပြောကြားသည်။

လူဦးရေ ငါးသန်းခန့်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ပြည်နယ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က လက်နက်အင်အားသုံး တိုက်ခိုက်ခြင်းကြောင့် တင်းမာမှုများ ထွက်ပေါ်လျက် ရှိကြောင်း၊ စစ်တပ်က ကျေးရွာပေါင်း ၃၉ ရွာနှင့် ဒေသခံရွာသားပေါင်း တစ်သောင်းကျော်အား ဖိအားပေး ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း မစ္စတာခရစ်က ထောက်ပြ ပြော ဆိုသည်။

မြေမြှုပ်မိုင်းနင်းမိသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ စာရင်းပြုစုရာတွင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော အရေအတွက်များ ရရှိခဲ့သည် ဟု သူကပြောသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ အသုံးစရိတ် အနည်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ Medicins Sans Frontieres အမည်ရ နယ်စည်းမခြား ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ မြန်မာပြည်သူ တစ်ဦးချင်းစီအတွက် စစ် အစိုးရကအသုံးပြုသော ကျန်းမာရေး စားရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ် လာ ၀ ဒဿမ ၇၀ (ဂျီဒီပီ၏ ၀ ဒဿမ ၃ ရာခိုင်နှုန်း) မျှသာရှိသည်။

ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်ဒေသတွင် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြား အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါတိုက်ပွဲမှာ မြန်မာစစ်အစိုးရက တိုင်းရင်းသား  လက်နက်ကိုင် တပ်ဖွဲ့များအား နယ်စပ်ဒေသစောင့် တပ်ဖွဲ့ များအဖြစ် တာဝန်ယူပေးရန် အဆိုပြုမှု နှင့်ပတ်သက်သော တင်းမာမှုတစ်ရပ် ဖြစ်သည်။ စစ်အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို တိုက်ခိုက်နေမှုများသည် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပရန်ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတစ်ခု ဖြစ်ကြောင်း မစ္စတာခရစ်ဘေရာက ဆိုသည်။

"စစ်အစိုးရဟာ တိုင်းရင်းသားလူမျိုးစုတွေ ရှိတဲ့ဒေသတွေမှာ နိုင်ငံရေးချုပ် ကိုင်မှု လုပ်ဖို့အတွက် လူသားချင်း စာနာတဲ့ အရေးပေါ် အခြေအနေတွေ ပေါ်ထွက် လာအောင် ဖန်တီးနေပါတယ်။ နောက်ပြီးတော့ တရုတ်နယ်စပ်ဒေသမှာ မတည် မငြိမ်မှုတွေ ဖြစ်အောင်လည်း လုပ်နေပါ တယ်" ဟု သူကပြောသည်။

"မြန်မာပြည်က ဒုက္ခသည်တွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံထဲကိုသာမက ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှား နိုင်ငံတွေဘက်ကိုပါ ထွက်ပြေးနေကြပါတယ်။ ဒါဟာ ဒေသတွင်းနိုင်ငံ တွေနဲ့ပါ ပတ်သက်နေတယ်ဆိုရင် မမှား ပါဘူး" ဟု ယင်းက ပြောဆိုခဲ့သည်။

DVB သတင်းဌာန၏ 25 percent of Shan families forcibly relocated ကိုဘာသာပြန်ထားခြင်းဖြစ်သည်။

 

 



--
Posted By icypress to Sensible Rumour at 10/29/2009 10:39:00 AM

အောက်တိုဘာ ၂၈

မြန်မာ့အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်များ ကစားလျက်ရှိသော မြောက်ကိုးရီးယား ၁၆ နှစ်အောက် အမျိုးသမီးအသင်း တာဝန်ရှိသူများမှာ ဘောလုံးပွဲစဉ်အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံခြင်းမရှိခဲ့ကြောင်း ယင်းပွဲစဉ်သို့သွားရောက် သတင်းယူခဲ့သော သတင်းထောက်တစ်ဦးက ယနေ့ပြောကြားသည်။

ပရိသတ်များကို အခမဲ့ကြည့်ရှုခွင့်ပြုသော ယင်းနေ့ပွဲစဉ်တွင် လာရောက်သတင်းယူသော သတင်းထောက် ၁၀ ဦး ခန့်သာရှိသဖြင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲ မပြုလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆခဲ့သော်လည်း မြောက်ကိုးရီးယားသံအမတ်၏ ခွင့်ပြုချက်မရခဲ့၍ ဖြစ်ကြောင်းကို သတင်းထောက်တစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရှိခဲ့ကြောင်း အထက်ပါ သတင်းထောက်က ဆက်လက်ပြောကြားသည်။

"သတင်းစာ ရှင်းလင်းပွဲအတွက် အာလုံးပြင်ပြီးသွားပြီ သတင်းထောက်တွေတောင် ခန်းမထဲရောက်နေပြီ။ နောက်တော့မှ မလုပ်တော့ဘူးဖြစ်သွားတာ"ဟု ရန်ကုန်အခြေစိုက် အားကစားမီဒီယာ တစ်ခုမှ သတင်းထောက်ကပြောဆိုသည်။

အာဏာရှင်အုပ်စိုးပြီး သတင်းလွတ်လပ်ခွင့် လုံးဝမရှိသော ကွန်မြူနစ်နိုင်ငံ မြောက်ကိုးရီးယားမှ ၁၆ နှစ်အောက် အမျိုးသမီး ဘောလုံးအသင်း၏ ချစ်ကြည်ရေးခရီးစဉ်မှာ နျူကလီယာ လက်နက်များထုတ်လုပ်ရန်လက်တွဲနေသည်ဟု နိုင်ငံတကာကသံသယရှိနေသော ကမ္ဘာပေါ်တွင် သီးသန့်အဆန်ဆုံးနှစ်နိုင်ငံ၏ ဆက်ဆံရေးအတွက် ဘောလုံးပွဲတခုထက် အဓိပ္ပါယ်ပိုမည်ဟု နိုင်ငံရေးလေ့လာသူတို့ဆိုပါသည်။

အာဏာရှင် ဦးနေ၀င်းလက်ထက် ၁၉၈၃ ခုနှစ်က တောင်ကိုးရီးယား သမ္မတ ချန်ထူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြောက်ကိုရီးယားတို့က ဗုံးဖောက်ခွဲမှုဖြင့် သံတမန် ဆက်သွယ်မှု ဖြတ်တောက်ခဲ့သည်။ယင်းနောက် လက်ရှိစစ်အစိုးရ လက်ထက်တွင် ပြန်လည်ဆက်သွယ် ခဲ့ပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပထမဆုံး လူသိရှင်ကြား ပြုလုပ်သော အစီအစဉ် တစ်ခုလည်းဖြစ်သည်။

ယင်းပွဲစဉ်တွင် ၁၆ နှစ်အောက် မြောက်ကိုရီးယားအသင်းမှာ မြန်မာ လက်ရွေးစင် အမျိုးသမီးအသင်းကို ခြေအသာဖြင့်ကစားခဲ့ပြီး ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ကမ္ဘာပေါ်တွင် သတင်းလွတ်လပ်ခွင့် အနည်းဆုံး နှစ်နိုင်ငံ၏ ဒုတိယမြောက် နှင့် တတိယမြောက် ချစ်ကြည်ရေး ပွဲစဉ်များကို အောက်တိုဘာ ၂၉ နှင့် ၃၁ ရက်နေ့များတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

 



--
Posted By icypress to Sensible Rumour at 10/29/2009 10:27:00 AM

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အား ဂုဏ်ပြုအောက်မေ့သည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု၊ စတင်းဖို့ဒ်တက္ကသိုလ် တွင် ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဦးသန့်သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ ကုလအကြီးအကဲတစ်ဦး အဖြစ်သော်လည်းကောင်း ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓာတ်ပုံပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ပြည်သူ့ဆက်သွယ်ရေး နှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ မစ္စတာ ကီရိုအာဆာကာက ဓာတ်ပုံပြပွဲ ဖွင့်လှစ်သည့်  အခမ်းအနားတွင် ပြောကြားသည်။

ဦသန့်သည် အမြော်အမြင်ကြီးမား ပြတ်သားသူဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးသောအဖွဲ့တစ် ခုအဖြစ် သတ်မှတ်ယုံကြည်ခဲ့သူ အကြီးအကဲတစ်ဦးဖြစ်ကြောင်း ၎င်းကဆိုသည်။ "ဒီနေ့ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်း ပါးမှုတိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို့ပေါ်ပေါက်လာတာပါ" ဟု မစ္စတာ ကီရိုအာဆာကာက ပြောပါသည်။

၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆယ်နှစ်တာကာလမျှ ကုလအကြီးအကဲ အဖြစ်  တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ဦးသန့်သည် ကမ္ဘာပေါ်တွင် ကြီးမားသော အပြောင်းအလဲကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည် ဟု သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။     

"ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းတဲ့ စိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျူးဘား ဒုံကျည် အရေးကိစ၊ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေးကိစ၊ တောင်အာဖရိက လူမျိုးရေးခွဲခြားမှုကိစ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါ" ဟု ကုလသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောခွင့်ရ ပုဂိုလ်က ဆိုသည်။

လူသား ဖြစ်တည်မှုနှင့် လူတစ်ဦးချင်းစီ၏ တန်ဖိုး ဟူသည် မိမိတို့ပိုင်ဆိုင်သော ပစည်း ဥစာများထက် များစွာ သာလွန်ပါသည်။ အစိုးရများ၊ နိုင်ငံရေးစနစ်နှင့် အိုင်ဒီယာ များဟူသည် ဖြစ်၊ပျက် သဘောမျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှု ဟူသည်သာ ကျန်ရှိပါလိမ့်မည်" ဟု ဦးသန့်က ရေးသားခဲ့ဖူးကြောင်း ကဆိုသည်။

အဆိုပါ စာသားများသည် ယနေ့ကုလသမဂအဖွဲ့ကြီး၏ အသက်ဝိညာဉ် ဖြစ်သကဲ့သို့ ကုလအဖွဲကြီး အသက်ဆက် လည်ပတ်နိုင်ရေးအတွက် လမ်ွးှန် ပြသလျက်ရှိကြောင်း မစတာ ကီရိုကပြောပါ သည်။ 

Photographic exhibition pays tribute to former UN Chief U Thant ကိုဘာသာပြန်ဆိုထားခြင်းဖြစ်သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

(Reuters : 21 - 10 - 2009)

          အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံက အိမ်နီးချင်း မြန်မာနိုင်ငံမှ ခိုးထုတ်လာသော တရား မ၀င်သစ်နှင့် သစ်ထွက်ပစ္စည်းတန်ဖိုး ဒေါ်လာ(.)ဘီလီယံခန့်ကို လွန်ခဲ့သည့်နှစ်က တင်သွင်းခဲ့ ကြောင်း REUTERS မှ ပြောကြားခဲ့သည်။

          လန်ဒန်တွင် အခြေစိုက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့်ကြည့်ရေးအဖွဲ့ Global Witness က တရုတ်နှင့်မြန်မာတို့သည် တရားမ၀င်သစ်ထုတ်လုပ်မှု တားဆီးခြင်းကို တိုးတက် လုပ်ဆောင်နေသော်လည်း အဆိုပါရောင်းဝယ်မှုကို ဖြစ်စေသော လာဒ်စားမှုကို တိုက်ဖျက်ရန် လိုနေသေးကြောင်း ပြောခဲ့သည်။

          တရုတ်နိုင်ငံသည် သစ်လုံးနှင့် သစ်ခွဲသားတင်သွင်းမှုကို (၂၀၀၅) ခုနှစ် နှင့် (၂၀၀၈) ခုနှစ် အကြားတွင် (၇၀)ရာခိုင်နှုန်းအထိ လျော့ချခဲ့သော်လည်း အဆိုပါ ရောင်းဝယ်မှုမှာ လာဒ်ပေး လာဒ်ယူကိစ္စ၊ စာရွက်စာတမ်းအတုများ သုံးစွဲခြင်းနှင့် ဥပဒေဖြင့်အရေးယူဆောင်ရွက်မှု အားနည်း သောကြောင့် ဆက်လက်ရှိနေခြင်း ဖြစ်သည်။

          တရားမ၀င် သစ်ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ သစ်တောများကို လျင်မြန်စွာ ပြုန်းတီးစေလျက်ရှိပါသည်။ လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းသို့ သစ်လုံးပမာဏ ၁၇၀၀၀၀ ကုဗမီတာ (. မီလီယံကုဗပေ)နှင့် ခွဲသား ၁၇၀၀၀၀ ကုဗ မီတာ တင်ပို့ခဲ့ပြီး၊ အများစုမှာ တရားမ၀င် ခိုးသွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သတင်း ပို့ချက်အရ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် ရုရှားနိုင်ငံများသို့ အဓိကထား တင်ပို့ကြောင်း သိရသည်။ သစ်အခြေခံ ပရိဘောဂပစ္စည်းများအဖြစ် တင်ပို့ခြင်း ဖြစ်ပါသည်။

          အစိုးရ၏ ဖမ်းဆီးအရေးယူမှုသည် တရုတ်နိုင်ငံသို့ သစ်ဝင်ရောက်လာမှု အပေါ်တွင် အကျိုးရှိသည့် ဟန့်တားမှုကို ပြုလုပ်နိုင်ကြောင်း သိရှိရသည်။ အထက်ပါ ရောင်းဝယ်မှုသည် ကမ္ဘာ့တရားမ၀င် သစ်ရောင်းဝယ်မှု၏ (၁၀)ရာခိုင်နှုန်း ရှိကြောင်းလည်း သိရှိရသည်။ သို့သော် တရုတ်နှင့် မြန်မာတို့သည် မြန်မာနိုင်ငံ၏ တရားမ၀င်သစ် ပေးပို့မှုအပေါ် မှီခိုနေသော ကျန်ရှိနေသေးသည့် သစ်အခြေခံလုပ်ငန်းများကို ပိတ်ပစ်အောင် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။

          သဘာဝ အရင်းအမြစ်များကို တရားမ၀င် ရောင်းဝယ်ခြင်းနှင့် ထုတ်လုပ်ခြင်း ကိစ္စများကို လေ့လာနေသော Global Witness က (၂၀၀၅) ခုနှစ်အတွင်းက တရုတ်-မြန်မာ နယ်စပ်တွင် ()မိနစ်လျှင် တစ်စီးနှုန်းဖြင့် တရားမ၀င် သစ်လုံးသယ်ဆောင်သော ကားများသည် တရုတ်ပြည် အတွင်းသို့ ၀င်ရောက်ခဲ့ကြောင်း၊ ကားတစ်စီးတွင် သစ်လုံး(၁၅)တန် ပါရှိကြောင်း ပြောကြားခဲ့သည်။ (၂၀၀၆)ခုနှစ်တွင် အနည်းငယ်သာ တွေ့ရတော့ကြောင်း၊ သို့သော် နယ်စပ် စစ်ဆေးရေးစခန်းများကို ရှောင်လျက် ညအချိန်တွင် လူမသိအောင် သယ်ယူ ပို့ဆောင်နေဆဲ ဖြစ်ကြောင်း သိရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---