Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၁)

  1. ပတ်ဝန်းကျင်ထိန်းသိမ်းသည့် Green Economy တည်ဆောက်ရာတွင် ကူညီကြရန် မြန်မာတောင်းဆို

(The Peninsula မှ 2 Nov 2011 ရက်စွဲပါ “Myanmar calls for help to build green economy” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မဲခေါင် ပူးတွဲလုံခြုံရေး သဘောတူညီချက်ရရှိ

(31 Oct  2011 ရက်စွဲပါ UPI မှ Mekong joint security agreement reached ကို ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုလိုက်သော်လည်း……./

(bwint. Org မှ 1 Nov 2011 ရက်စွဲပါ “ Trade Unions Allowed in Burma” သတင်းကို ဘာသာပြန်သည်)

  1. အိမ်နီးချင်းများနှင့် တရုတ်၏ ဒုက္ခ

(31 Oct 2011 ရက်စွဲပါ project Syndicate မှ Zhu Feng ရေးသားသော China’s Trouble with the neighbours ကို ဘာသာပြန်ဆိုပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းသည့် Green Economy တည်ဆောက်ရာတွင် ကူညီကြရန် မြန်မာတောင်းဆို

(The Peninsula မှ 2 Nov 2011 ရက်စွဲပါ “Myanmar calls for help to build green economy” သတင်းကို ဘာသာပြန်ဆိုသည်)

ဖွံ့ဖြိုးပြီးနိုင်ငံများအား ၎င်းတို့၏ အစိမ်းရောင်နည်းပညာများ (Green Technologies) ဝေမျှပေးကြရန် မြန်မာနိုင်ငံက မနေ့က တိုက်တွန်း ပြောကြားလိုက်ခြင်းသည် တပ်မတော်အားပြုအစိုးရသစ်၏ “ကမ္ဘာ့ အသိုင်းအဝိုင်း၌ ဝင်ဆန့်ရေး” နောက်ဆုံး အားထုတ်မှုတစ်ခု ဖြစ်ပါသည်။

မြန်မာအစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက နေပြည်တော်တွင် ပြုလုပ်သော အစိမ်းရောင် ဖွံ့ဖြိုးရေးဖိုရမ်တွင် အဖွင့်မိန့်ခွန်း ပြောကြားရာ၌ “ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနနဲ့ နည်းပညာလွှဲပြောင်းရရှိဖို့ လိုအပ် ပါတယ်။ အထူးသဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ပင်လယ် ဒီရေစွမ်းအင်တို့မှ တစ်ဆင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးပဲ ဖြစ်ပါတယ်” ပာု ပြောကြားခဲ့သည်။

အခြားနိုင်ငံများ၏ အတွေ့အကြုံများသည် မြန်မာတို့၏ အစိမ်းရောင်ဖွံ့ဖြိုးမှု လမ်းပြမြေပုံ တိုးတက်နိုင်မည့် အခွင့်အလမ်းကို ဖြည့်ဆည်းပေး လိမ့်မည်ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ လူကြိုက်နည်း တရုတ်လုပ် မီဂါရေလှောင်တမံကို မြန်မာအစိုးရက ရှားရှားပါးပါး ပြည်သူ့ ဆန္ဒ လိုက်လျောမှုအဖြစ် ရုတ်တရက် ရပ်ဆိုင်းလိုက်ပစ်လိုက်ခြင်းဖြင့် အကဲခတ်လေ့လာသူများကို အံ့အားသင့်စေခဲ့ပြီး စိမ်းလန်းစီးပွားရေး(Green Growth) ဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတစ်ခု ဖြစ်သော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုနှင့် ကျောက်မျက်စသော သယံဇာတများ အလွန်ကြွယ်ဝသည်။

ယခုအခါ မြန်မာအရပ်ဖက်အစိုးရသစ်က အတိုက်အခံ နိုင်ငံရေးအုပ်စုများကို လက်ကမ်းဆက်ဆံရန်နှင့် မရေရာသော်လည်း ကြိုဆိုထိုက်သည့် ပိုမိုပွင့်လင်းရေး စီမံချက်များကို စတင်မိတ်ဆက်ရန် ကြိုးပမ်းအားထုတ်လျက် ရှိသောကြောင့် ယခင်အာဏာရှင် အဖိနှိပ်ခံနိုင်ငံ၌ နိုင်ငံရေး ပြောင်းလဲ တော့မည့် မျှော်လင့်ချက်များ ယခုလပိုင်းများအတွင်း ကြီးထွား ရှင်သန်လာခဲ့သည်။

ယင်းသို့ ဆောင်ရွက်မှုများသည် နာတာရှည် နိုင်ငံတကာအပယ်ခံဘဝကို အဆုံးသတ်လိုသော မြန်မာအစိုးရ၏ ဆန္ဒကို ပြသနေပုံရသော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ချမှတ်ထားသော ကုန်သွယ်ရေး၊ ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများမှာမူ မကြာမီ အချိန်တိုအတွင်း ရုတ်သိမ်း ဖယ်ရှားပေးမည့် အလားအလာမရှိသေးပာု အကဲခတ် လေ့လာသူများက ဆိုပါသည်။

၎ ရက်ကြာကျင်းပသော သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေး ဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်သူများထဲတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလ သမဂ္ဂထိပ်တန်း ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာလည်း ပါဝင်သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် နမ်ဘီယာသည် မြန်မာနိုင်ငံသို့ တနလာင်္နေ့က ရောက်ရှိ လာခြင်း ဖြစ်ပြီး ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံ ဆွေးနွေးလိမ့်မည်ပာု မျှော်လင့်ရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစိမ်းရောင်ဖွံ့ဖြိုးမှုဖိုရမ် နောက်ဆုံးနေ့ကို ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့ကျင်းပမည့် သောကြာနေ့တွင်    ဒေါ်အောင်ဆန်းစုကြည် ပါဝင်တက်ရောက်ရန် စီစဉ်ထားပြီး အတိုက်အခံခေါင်းဆောင်ကို အစိုးရက ထည့်သွင်းဖိတ်ကြားသည့် အစီအစဉ်များထဲမှ နောက်ဆုံးတစ်ခု ပာု သိရှိရသည်။

*************************************************************************************

မဲခေါင် ပူးတွဲလုံခြုံရေး သဘောတူညီချက်ရရှိ

( 31 Oct  2011 ရက်စွဲပါ UPI မှ Mekong joint security agreement reached ကို ဘာသာပြန်သည်)

မကြာသေးမီက တရုတ်သင်္ဘောသား ၁၃ ဦး သေဆုံးခဲ့မှု ဖြစ်ပြီးနောက် မဲခေါင်မြစ်တွင် တရုတ်၊ မြန်မာ၊ ထိုင်းနှင့် လာအိုတို့သည် ပူးတွဲလုံခြုံရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု China Daily က ဆိုသည်။

အဆိုပါ လေးနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များသည် Beijing တွင် တွေ့ဆုံ၍ မဲခေါင်တွင် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရန် သဘောတူ ခဲ့သည်ဟု သတင်းကဆိုသည်။ မဲခေါင်မြစ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုများ တိုးတက်လာနေသည်။

တရားမဝင်လုပ်ငန်းများကြောင့် မကြာခဏ လက်နက်ဖြင့် လုယက်မှုများ၊ သင်္ဘောသွားလာမှုကို အန္တရာယ်ပေးမှုများ ရှိလာသည်ဟု တရုတ် ပြည်သူလူထု လုံခြုံရေး ဝန်ကြီးဌာနက ပြောသည်။

“ဥပေဒစိုးမိုးရေး လုပ်ဆောင်တဲ့အဖွဲ့တွေဟာ အားကောင်းကောင်းနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာနက ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့က တရုတ်ကုန်ပစ္စည်းတင်သော သင်္ဘောနှစ်စီးမှ တရုတ်သင်္ဘောသား ၁၃ ဦးသည် လက်ပြန်ကြိုးတုတ်၍ ပစ်သတ်ခံရသည်။ အဆိုပါကိစ္စအတွက် စွပ်စွဲခံရသူ ၉ ဦးသည် ထိုင်းအာဏာပိုင်များထံတွင် အဖမ်း ခံခဲ့ သည်ဟု သတင်းက ပြောသည်။

ပူးတွဲ သဘောတူညီမှုတွင် ထောက်လှမ်းရေးသတင်းများ မျှဝေရန်နှင့် ပူးတွဲ ကင်းလှည့်မှုများပါဝင်သော လုံခြုံရေး လုပ်ငန်းစဉ် ထူထောင်ရန် တောင်းဆိုခဲ့ကြသည်။

မဲခေါင်မြစ်သည် ၃၀၃၂ မိုင် ရှည်လျားပြီး အရှေ့တောင်အာရှတွင် အရှည်ဆုံးမြစ်ဖြစ်သည်။ ၎င်းသည် ဒေသတွင်း နိုင်ငံများအတွက် အရေးပါသော သင်္ဘောလမ်းကြောင်းတစ်ခုဖြစ်သည်။

*************************************************************************************

မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုလိုက်သော်လည်း……./

( bwint. Org မှ 1 Nov 2011 ရက်စွဲပါ “ Trade Unions Allowed in Burma” သတင်းကို ဘာသာပြန်သည်)

တံခါးဖွင့် ပွင့်လင်းမှုကို ဦးတည်သော မြန်မာနိုင်ငံ၏ တုန့်နှေးတုန့်နှေး ဆောင်ရွက်ချက်များထဲမှ အသစ်ပြောင်းလဲမှုတစ်ခုအဖြစ် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းတို့ကို ခွင့်ပြုမည့် ဥပေဒကို မြန်မာအစိုးရက လက် မှတ်ထိုး ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ထိုသို့ ကြေညာပြီး နောက်တွင် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများအဖွဲ့ချုပ် ( AFFM )က ၎င်းတို့၏ မှတ်ပုံတင်မှုကို အလုပ်သမားသမဂ္ဂမှတ်ပုံတင် ဥပဒေအရ အသိအမှတ်ပြုရန် အောက်တိုဘာ ၂၅ရက် တွင် တင်ပြခဲ့သည်။

မြန်မာအစိုးရ၏ အထက်ပါ နောက်ဆုံးဆောင်ရွက်ချက်ကို BWI ( Building and Worker’s International ) က FTUB နှင့်အတူ ကြိုဆိုလိုက်ပြီး မြန်မာအလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂများအပေါ် ပိုမိုပွင့်လင်း၊ မျှတစွာဆက်ဆံမည့် လုပ်ဆောင်မှု တစ်ခုဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာအစိုးရရဲ့ ဒီလိုဆောင်ရွက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ယုံကြည်ပါတယ်ဟု ပြောကြားသူမှာ BWI အထွေထွေ အတွင်းရေးမှူးချုပ် Ambet Yuson ဖြစ်သည်။ “ အလုပ်သမားသမဂ္ဂဝင်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ကျ နေတုန်းပါပဲ၊ အလုပ်သမားသမဂ္ဂဝင်တွေဟာ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတုန်းပါပဲ၊ အလုပ်သမားသမဂ္ဂဝင်တွေနဲ့ အလုပ်သမားတွေအတွက် အရာရာလက်တွေ့ ပြောင်းလဲနေပြီလို့ ပြသတဲ့ ခိုင်ခိုင်မာမာ ဆောင်ရွက်ချက်တွေကို မတွေ့ရသေးပါဘူး” ဟု ယင်းက ထုတ်ဖော် မှတ်ချက်ပေးသည်။

ယခု ဥပဒေသစ်သည် အလုပ်သမားများ  အလုပ်သမားသမဂ္ဂသို့ဝင်ခြင်း၊ စုပေါင်းတောင်းဆိုခြင်း၊ သမဂ္ဂများက အလုပ်သမားများကို ကိုယ်စား ပြုခွင့်ရှိခြင်း စသည်တို့ကို ခွင့်ပြုလာသည့် အပြုသဘော တိုးတက်မှုတစ်ခု ဖြစ်သော်လည်း ယခု ဥပဒေသည် ချီးကျူး ကြိုဆိုထိုက်ကြောင်း၊ အလုပ်သမား သမဂ္ဂများသည် အလုပ်သမားများကို စည်းရုံးကိုယ်စားပြုနိုင်သည့် လွတ်လပ်ခွင့်နှင့် အခွင့်အလမ်းကို ရရှိထားခြင်းမှာ သေချာပါကြောင်း ပြသနိုင်မည့် “ ပြချက်များ၊ ထိုးကွက်များ” လိုအပ်နေဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် လယ်သမားများအဖွဲ့ချုပ်၏ မှတ်ပုံတင်ရေး ကြိုးပမ်းမှု အပါအဝင် သမဂ္ဂဥပဒေသစ် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုများကို လေ့လာစောင့်ကြည့်ရန် FTUB နှင့် အတူ BWI က အတူတကွ လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

*************************************************************************************

အိမ်နီးချင်းများနှင့် တရုတ်၏ ဒုက္ခ

(31 Oct 2011 ရက်စွဲပါ project Syndicate မှ Zhu Feng ရေးသားသော China’s Trouble with the neighbours ကို ဘာသာပြန်ဆိုပါသည်)

(Zhu သည် ပီကင်း တက္ကသိုလ် နိုင်ငံတကာနှင့် မပာာဗျူပာာ လေ့လာရေးဗပိာုဌာနမှ ဒုတိယဒါရိုက်တာ ဖြစ်ပါသည်)

တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းမူဝါဒ(good neighbour policy) သည် အမှန်တကယ်ပင် ယခင်က မကြုံခဲ့ဘူးသော ဖိအားများ ဝင်လျက်ရှိရာ စစ်အေးတိုက်ပွဲပြီးကတည်းက အဆိုးဝါးဆုံးအခြေအနေကို ကြုံတွေ့နေရပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် အခန့်မသင့်မှုများသည် မကြာသေးမီက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပါသည်။

တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် နယ်နိမိတ်အငြင်းပွားမှုများမှအစ ထိုင်းနိုင်ငံ၊ မြန်မာ နိုင်ငံတို့နှင့် တင်းမာမှုများအဆုံး ဆက်ဆံရေးများမှာ ခါးသီးခဲ့ရပါသည်။ ယခင်က အမြဲတမ်း ချစ်ကြည်ရင်းနှီးမှု မရှိသည့်တိုင် ထိခိုက်သော အခြေအနေမရှိခဲ့ပါ။ တရုတ်တို့ ဆောက်လုပ် နေသော မြစ်ဆုံရေလှောင်တမံစီမံကိန်းအား မြန်မာက ရပ်တန့် ရန် ဆုံးဖြတ်ခဲ့သောအခါ တရုတ်ကို တုန်လှုပ်စေခဲ့ပါသည်။ အောက်တိုဘာအတွင်းက မဲခေါင်မြစ်အတွင်းတွင် တရုတ်သင်္ဘောများမှ သင်္ဘောသား(၁၃)ဦး အသတ်ခံရရာ နှစ်ပေါင်း(၂၀) ခန့် ဒုက္ခမပေးပဲ  ငြိမ်းချမ်းသည်ပာု ယူဆရသော တရုတ်၏ တောင်ဖက်နယ်စပ်သည် ရန်သူအသွင်ဆောင်သော အိမ်နီးချင်းဖြစ်လာပြီပာု ခါးသီးစွာ သတိပေးသကဲ့သို့ ရှိပါသည်။

တရုတ်အစိုးရနှင့် ပြည်သူများသည် မဲခေါင်သတ်ဖြတ်ခံရမှုအတွက် အထူးအံ့အားသင့် ဝမ်းနည်းခဲ့ကြပါသည်။ ထိုကိစ္စက တိုင်းပြည်သည် ကမ္ဘာကြီးတွင် နေရာရလာသော်လည်း မိမိလူမျိုးများ နိုင်ငံရပ်ခြားတွင် သတ်ဖြတ်ခြင်းမခံရအောင် အစိုးရက အကာအကွယ်မပေးနိုင်ခြင်းကို ထပ်မံ သရုပ်ပြ ခဲ့ခြင်း ဖြစ်ပါသည်။ ရလဒ်အားဖြင့် မေးခွန်းနှစ်ခု ထွက်ပေါ်လာခဲ့ပါသည်။ အဘယ်ကြောင့် တရုတ်၏ အိမ်နီးချင်းနိုင်ငံများသည် ၎င်း၏ အကျိုးစီးပွားကို လစ်လျူရှုခဲ့ကြသနည်း။ နောက်တစ်ခုမှာ တရုတ်သည် တိုးတက်ကြီးပွားလာသော်လည်း တရုတ်အာဏာပိုင်များသည် အဘယ်ကြောင့် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများ၏ အသက်နှင့်ကုန်သွယ်မှု အကျိုးစီးပွားများကို လုံခြုံမှုမပေးနိုင်သနည်း။

အဆိုပါ မေးခွန်းများနှင့် ပတ်သက်၍ တရုတ်၏ စိုးရိမ်မှုများသည် တရုတ်မူဝါဒ ပုံဖော်ရာတွင် သက်ရောက်မှုများ ရှိပါသည်။ လစ်ဗျားနိုင်ငံတွင် ကဒါဖီ အာဏာကျဆုံးခဲ့ပြီးနောက် တရုတ်ကုမ္ပဏီများသည် လစ်ဗျားတွင် ဒေါ်လာ (၂၀) ဘီလီယံခန့်ရှိ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခဲ့ရပါသည်။ လစ်ဗျား၏ အစိုးရသစ်သည် ပြန်လည်ခွင့်ပြုမည့် သဘောမရှိပေ။ တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြစ်သော လစ်ဗျားမှ တရုတ်နိုင်ငံသားများ ပြန်လည်ရုတ်သိမ်းရန် ဆုံးဖြတ်ချက်ကို တရုတ် ပြည်သူအများစုက ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က တိုင်းပြည်၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ပို၍ ရဲရဲဝံ့ဝံ့ ကြိုးပမ်းရန် လိုလားကြပါသည်။

ထို့အတူပင် တရုတ်အစိုးရ၏ နောက်ပိုင်း ရုတ်တရက် လစ်ဗျား၏ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီကို လစ်ဗျားအစိုးရအဖြစ် အသိအမှတ် ပြုခဲ့ရာ၊ ပြည်တွင်းတွင် ကြီးစွာသော မထေမဲ့မြင်ပြုမှုများ ထွက်ပေါ်ခဲ့ပါသည်။ တရုတ်သည် အစပိုင်းတွင် ၎င်း၏ တန်ဖိုးရှိသော နိုင်ငံရေး အရင်းအနှီးများကို ဖြုန်းပစ်ခဲ့ရာ နေတိုး(NATO) ၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန့်ကျင်ခဲ့ပြီး နောက်ဆုံးတွင် နေတိုးကူညီခဲ့သူများ အာဏာရလာသောအခါ ထောက်ခံ ခဲ့ခြင်းနှင့် အဆုံးသတ်ခဲ့ပါသည်။ ထိုကိစ္စသည် တရုတ်၏ လက်တွေ့ကျကျ အမြတ်ရရှိရေး သက်သက်သာကြည့်သော ဆက်ဆံရေး ဒီပလိုမေစီဖြစ်ပြီး ရင်ထဲတွင် အနှစ်သာရ ဘာမျှမရှိပေ။

တရုတ်အများစုအတွက်မူ လစ်ဗျားသည် ဝေးကွာသော နေရာတွင်ရှိပြီး လက်လှမ်းမမှီနိုင်သောကြောင့် တရုတ်က အာဏာပြရန် စွမ်းဆောင် နိုင်ရည် အကန့်အသတ်နှင့်သာ ရှိပါသည်။ ထို့ကြောင့် လစ်ဗျားရှိ တရုတ်၏ ကုန်သွယ်မှု အကျိုးစီးပွားများကို ပြန်လည်ရရှိရေးကိစ္စနှင့် ပတ်သက်၍ တရုတ် အစိုးရ၏ ဆုံးဖြတ်ချက်ကို အလုံးစုံ နားမလည်သည့်တိုင် လက်မခံချင် ခံချင်ဖြင့် လက်ခံခဲ့ကြပေသည်။ သို့သော် မြန်မာနှင့် မဲခေါင်မြစ်နိုင်ငံများသည် တရုတ်၏ အိမ်နီးချင်းကောင်းများပာု လက်ခံထားပြီး၊ တရုတ်၏ အာဏာပြနိုင်သည့် လက်လှမ်းမီရာနေရာတွင် ရှိနေခြင်းကြောင့် ထိုဒေသများရှိ တရုတ် အကျိုး စီးပွားကို ခြိမ်းခြောက်မှုများအပေါ် တရုတ်ပြည်သူများ၏ စိတ်ဆိုးမှုများ ကြီးမားခဲ့ပါသည်။

တရုတ်၏ အကျိုးစီးပွားများတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံမြို့တော် ကူမင်းသို့ ဆက်သွယ်မည့် ရေနံပိုက်လိုင်း သစ်လည်း ပါဝင်ပါသည်။ ထို့အပြင် တရုတ်သည် ၎င်းနှင့် အာဆီယံတိုင်းပြည်များကြား စီးပွားရေးနှင့် လူမှုရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ၊ အမည်တပ်ပြောရလျှင် ရထားလမ်းနှင့် အဝေးပြေးလမ်း ကွန်ရက်များလည်း လုပ်ဆောင်လျက် ရှိပါသည်။ ယခု မြစ်ဆုံနှင့် မဲခေါင် အဖြစ်အပျက်များသည် အထက်ပါ စီမံကိန်းများအပေါ် အရိပ်ထိုး မှုများ ရှိလာပါသည်။ တရုတ်တို့ ဆယ်စုနှစ်နှစ်ခုခန့် ကြိုးပမ်းခဲ့သော ဒေသတွင်း စုစည်းမှု နက်နက်နဲနဲရှိရေး ကြိုးပမ်းမှု ပျက်ပြားစေနိုင်သည့် အဖြစ်အပျက်များ ဆက်လက်ပေါ်ပေါက် လာမည်ကို စိုးရိမ်မှုများ ဆက်လက် လောင်ကျွမ်းစေပါသည်။

မြန်မာအစိုးရသစ်သည် အစကတည်းက မတည်ငြိမ်သော နယ်စပ် ဒေသများတွင် အမုန်းပွားသည့် စိတ်ဓာတ်များ ပြန့်ပွားမှုကို မဖြစ်စေလိုသည်မှာ အထင်အရှားဖြစ်ပါသည်။ ထိုဒေသရှိ သူပုန်အုပ်စုများသည် အဆိုပါ ရေလှောင်တမံ စီမံ ကိန်းကို အသုံးချ၍ ထောက်ခံသူအသစ်များ စုဖွဲ့လျက်ရှိပါသည်။ မြန်မာအစိုးရသစ်သည် မတည်ငြိမ်သော ဒေသများတွင် ရှိသော နိုင်ငံရေးအင်အားစုများနှင့် အာဏာခွဲဝေကျင့်သုံးရန် ကြိုးစားလျက်ရှိရာ၊ အဆိုပါ ဒေသများရှိ စစ်ဘုရင်များကို အင်အားနည်းသွားစေပြီး ရေကာတာ ဆောက်လုပ်ရေး ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်အတွက် များစွာ အထောက်အကူပြု သည်မှာ ထင်ရှားပါသည်။ ရေကာတာတွင် ရင်းနှီးမြှုပ်နှံကြသော တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး လေးနက်မှုပေါ်တွင် များစွာမူတည်သည်ပာု ခံယူခဲ့ကြပြီး စီမံကိန်းအပေါ် နိုင်ငံရေးအရ အန္တရာယ်ရှိမှုကို လုံးဝထည့်မတွက်ခဲ့ကြပေ။ ၎င်းတို့သည် တရုတ်အစိုးရ၏ တရားဝင်ချမှတ်ထားသော ကုန်သွယ်မှုမူဝါဒများ၏ အာမခံချက်များနှင့် တရုတ်နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သော အစိုးရပိုင်လုပ်ငန်းများ၏ ပြည့်စုံမှု ရှိခြင်းတို့၏ ထင်ပာပ်မှုများ ရှိနေပါသည်။ ၎င်းတို့အား အစိုးရက ကျောထောက်နောက်ခံပြုထားခြင်းကြောင့် ၎င်းတို့ရှုံးလျှင် အစိုးရက ငွေထုတ်ပေး လိမ့်မည်ပာု ခံယူချက်ဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။

မဲခေါင်အဖြစ်အပျက်သည်လည်း အခြားအလေးအနက်ထားရမည့် ဇာတ်လမ်းတစ်ခုအဖြစ် ပြောနေပါသည်။ မဲခေါင်မြစ်သည် နိုင်ငံငါးနိုင်ငံနှင့် ဆက်စပ်နေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လောင်းကစားမှုနှင့် မှောင်ခိုမှုများကဲ့သို့သော နိုင်ငံဖြတ်ကျော် မှုခင်းများအတွက် နာမည်ကျော်သော ဆက်တင် ကြီးတစ်ခု ဖြစ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ပါသည်။ တရုတ်၏ ကြီးထွားလာသော စီးပွားရေးသည် တရုတ်နှင့် မဲခေါင်၏ မြေအောက် စီးပွားရေး အကြား အပြန်အလှန်ပြုမှုကို ကြီး ထွားလာစေပါသည်။ တရုတ်သင်္ဘောသား(၁၃) ဦး အသတ်ခံရမှုသည် အဆိုပါလမ်းကြောင်းနှင့် ဆက်စပ်နေပါသည်။ သို့သော် တရုတ်သည် ထိုသို့သော ဝမ်းနည်းဖွယ်အဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် အကောင်းဆုံး ရှောင်ရှားနိုင်ရန် အင်အားသုံး၍ လုပ်ဆောင်ခြင်းမရှိပဲ မဲခေါင်မြစ် တစ်လျှောက် နိုင်ငံဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေးအတွက် နိုင်ငံစုံ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတည်ဆောက်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။

မြစ်ဆုံနှင့် မဲခေါင်အဖြစ်အပျက်များသည် တရုတ်က ၎င်း၏တောင်ဖက် အိမ်နီးချင်းများအပေါ် ရုတ်တရက် စိတ်အခန့်မသင့်ဖြစ်စေသည့် ဆက်ဆံရေးကို မီးမောင်းထိုးပြနေပါသည်။ ၎င်း၏ အိမ်နီးချင်းကောင်းမူဝါဒသည် တရုတ်၏ ဒေသတွင်း ဆက်ဆံရေး ဒီပလိုမေစီကို တစ်ခါမျှ မကြုံဖူးသော အခြေအနေအား ကြုံတွေ့စေပါသည်။

တရုတ်က အိမ်နီးချင်းများသို့ ပြည်သူများ လိုအပ်သော ကုန်ပစ္စည်းများကို ရောင်းဝယ်ရေး အတွက်သာမက ဒေသဆိုင်ရာ အုပ်ချုပ်မှုများသို့ ဥပဒေကို အခြေခံ၍လည်းကောင်း၊ လူ့အခွင့်အရေးကို လေစားလျက်လည်းကောင်း၊ ဒေသတွင်း စီးပွားရေးတိုးတက်မှုကို ရည်ရွယ်၍လည်းကောင်း၊ စတင် ဖြည့်ဆည်းပေးသည့်တိုင် (သို့မပာုတ်) မဖြည့်ဆည်း မချင်း အိမ်နီးချင်းများသည် တရုတ်အကျိုးစီးပွားအပေါ် စိတ်ချလက်ချ ကောင်းလိမ့်မည်မပာုတ်သည်မှာ အမှန်တကယ်ပင် ဖြစ်ပါသည်။ သို့မပာုတ်ပါက မြစ်ဆုံကိစ္စမျိုး၊ မဲခေါင်မြစ်မှ အဖြစ်အပျက်မျိုး မကြာခဏ ပြန်လည် ဖြစ်ပေါ်နိုင်ပြီး တရုတ်၏ အထီးကျန် နေရေးနှင့် စိုးရွံ့မှုသဘောကို ပို၍ နက်ရှိုင်းစေမည်ဖြစ်ပါသည်။

*************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ၏ နိုင်ငံရေးဘောဂဗေဒ (၂)

************************************************************************************

ဆောင်းပါးကဏ္ဍ

အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများနှင့်အာရှကျားများ

တတိယကမ္ဘာနိုင်ငံမှ အချို့သောနိုင်ငံများသည် အရင်းအနှီးစုဆောင်းမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ကြောင့် အဆိုပါနိုင်ငံများကို အသစ်ဖြစ်ထွန်းလာသော စက်မှုနိုင်ငံများဟု ဝိဂြိုလ်ပြုကြလေသည်။ ယင်းနိုင်ငံများသည် ၁၉၈၀နှင့် ၁၉၉၀ အစောပိုင်း ကာလများတွင် ပို့ကုန်အဓိက မူဝါဒကို ချမှတ်ကာ ကုန်စည်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်လုပ်တင်ပို့နိုင်ခြင်းကြောင့် ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့လေသည်။

အအောင်မြင်ဆုံးသော နိုင်ငံများမှာ အရှေ့အာရှမှ ကျားလေးကောင်ဖြစ်သော တောင်ကိုရီယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ဖြစ်ကြလေသသည်။ တစ်နိုင်ငံချင်းစီသည် ယင်းတို့အားသန်ရာ၊ အရင်းအမြစ်ကောင်းရှိရာ လုပ်ငန်းစုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ကမ္ဘာ့ဈေးကွက်တွင် အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်နိုင်သည်အထိ အောင်မြင်မှုရရှိခဲ့လေသည်။ ဥပမာ သံနှင့်ကျောက်မီးသွေး အရင်းအမြစ်များ    ကြွယ်ဝသော တောင်ကိုရီးယားဆိုလျှင် စတီးနှင့် မော်တော်ကားလုပ်ငန်းစုများကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် ကုန်သွယ်မှု အမြတ်ထွက်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။

အမှန်စင်စစ် အဆိုပါ အာရှကျားများသည် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတိုင်း လိုက်ပါသွားကြသည့် နိုင်ငံများ ဖြစ်လေသည်။ ယင်းကို ပညာရှင်များက ဗျိုင်းအုပ်ပုံစံ ဖွံ့ဖြိုးရေးလမ်းကြောင်းဟု ခေါ်ဝေါ်သတ် မှတ်ကြလေသည်။ အာရှကျားလေးကောင်နောက်တွင် နောက်ထပ် ကျားပေါက်များ ဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ဆက်လက်လိုက် ပါသွားကြပြီး၊ ယင်းနောက်တွင်မူ ဗီယက်နမ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာတို့ လိုက်ပါလာကြ လေသည်။

စက်မှုဖွံ့ဖြိုးရေး အရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟု တင်စားခေါ်ဝေါ်ခဲ့ကြသော အဆိုပါ နိုင်ငံများ၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်ကြီးကို လေ့လာ သုံးသပ်ကြည့်ပါက ခေါင်းဆောင်မှု အခန်းကဏ္ဍ၏ အရေးပါပုံကို ထင်ထင်ရှားရှားကြီး တွေ့ရှိရမည်ဖြစ်သည်။ ကိုလိုနီစနစ်အောက်မှ လွတ်လပ်ရေး ရပြီးခါစ နိုင်ငံများတွင် နိုင်ငံ၏ စီးပွားရေးမူဝါဒကို ဦးဆောင်ခဲ့သူများမှာ စစ်နှင့်တော်လှန်ရေးကို ဖြတ်သန်းခဲ့သည့် နိုင်ငံရေး အစွဲသန်သည့် ပထမမျိုးဆက် ခေါင်းဆောင်များ ဖြစ်ခဲ့သည်။ ယင်း ပထမ မျိုးဆက်ခေါင်းဆောင်များမှာ စီးပွားရေးတိုးတက်ဖို့ စိတ်အခံထက် နိုင်ငံရေး ကစားကွက်များတွင် အာရုံရခဲ့သည့် ဖွံ့ဖြိုးမှုကို ယင်းတို့မျိုးဆက်အတွင်း အရယူပေးနိုင်ခဲ့ခြင်း မရှိပါ။ ဖွံ့ဖြိုးမှုနည်းသော စီးပွားရေးများတွင်ကား တက္ခနိုခရက်များ ခေါင်းဆောင်မှုနေရာကို ရရှိခဲ့ခြင်းမရှိပါ။ အဆိုပါ တက္ခနိုခရက်များမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ကြဉ်းပေးနိုင်ခဲ့ သည့် ဒုတိယမျိုးဆက် ခေါင်းဆောင်များ ဖြစ်လာခဲ့လေသည်။

မြင့်မြင့်မားမား စွမ်းဆောင်ရည်ရှိသည့် စီးပွားရေးတွင် အဆိုပါ ဒုတိယမျိုးဆက်ခေါင်းဆောင် တက္ခနိုခရက်များကို မူဝါဒချမှတ်ရေးနယ်ပယ်တွင် လုပ်ပိုင်ခွင့် ပိုမိုပေးအပ်စေခဲ့ပါသည်။ အာရှကျားလေးကောင်  နိုင်ငံ၏ အရေးကြီးသော မဟာဗျူဟာမြောက် စီးပွားရေး မူဝါဒချမှတ်ရေးဖြစ်စဉ်များတွင် တက္ခနိုခရက်များမှာ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်စမြဲဖြစ်ကြောင်း တွေ့မြင်ရလေသည်။ အချို့သော နိုင်ငံရေး ဘောဂဗေ ဒပညာရှင်များက နောက်ပေါက် အာရှကျားများအတွက် စီးပွားရေး မူဝါဒများ၊ သီအိုရီပိုင်း၊ လက်တွေ့နည်း စနစ်ပိုင်းနားလည်သည့် တက္ခနိုခရက်များလောက်ဖြင့် မလုံ လောက်တော့ပါ။ ယင်းတက္ခနိုခရက်များ၏ အရည်အချင်းများအပြင် နိုင်ငံရေးအရပါ ဆွဲဆောင်စည်းရုံးနိုင်သော တက္ခနိုပိုလီ(technopoly) အရည်အချင်း များပါ လိုအပ်သည်ဟု သုံးသပ်ပြောကြားသွားလေရာ အာရှနောက်ပေါက် ကျားအဖြစ် အားယူမည့် မြန်မာနိုင်ငံအဖို့ အထူးအလေးထား ဆင်ခြင်စရာပင် ဖြစ်လေသည်။

အာရှအံ့ဘနန်း၏ နိုင်ငံရေးဘောဂဗေဒ(Political Economy of Asia Miracle)

ယင်းနိုင်ငံများ၏ ဖွံ့ဖြိုးရေးနိုင်ငံရေးဘောဂဗေဒကို လေ့လာကြည့်ပါက လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းကြောင်း သိရလေသည်။ အစိုးရက နောက်ကွယ်မှ ထောက်ပံ့ထားသော စီးပွားရေးလုပ်ငန်းစုကြီးများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုတွင် မိမိငွေကြေးကို တည်ငြိမ်နေအောင် ထိန်းသိမ်း ထားနိုင်မှုကြောင့် ကုန်သွယ်မှု ပိုငွေရရှိမှုများ၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးအလွယ်တကူ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ရန် ဥပဒေ၊ နည်းဥပေဒ၊ လုပ်ထုံးလုပ်နည်းများ စနစ်တကျ ပြဋ္ဌာန်းထားမှုများ၊ ဥပဒေမှ အပြည့်အဝ ကာကွယ် ပေးထားမှုများဖြင့် အရှေ့အာရှ နိုင်ငံများသည် ဖွံ့ဖြိုးရေးပန်းတိုင်များသို့ ပန်းဝင်ခဲ့ကြလေသည်။

ယင်းတို့အနက် စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးသည့်အပိုင်းသည် နိုင်ငံတော်အတွက်ရော၊ လူ့အဖွဲ့အစည်းအပိုင်းအတွက်ပါ လွန်စွာ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာနည်းသည့် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်သော၊ သို့မဟုတ် စီးပွားရေး မလုပ်တတ်သည့် လုပ်ငန်းရှင်များကိုသာ စီးပွားရေးလုပ်ပိုင်ခွင့်ပေးခဲ့လျှင် နိုင်ငံ၏ကုန်ထုတ်လုပ်မှု စွမ်းအားများ တိုးတက်မှု နည်းမည်သာ ဖြစ်လေသည်။ နိုင်ငံရေးဘောဂဗေဒ ဘာသာရပ်တွင် ယင်းကို Rent seeking ဟု ခေါ်လေသည်။ စီးပွားရေး လုပ်ချင်သည့် နိုင်ငံသားတိုင်းကို လုပ်ပိုင်ခွင့် (သို့) တစ်နည်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်ခွင့် ပေးရမည်ဖြစ်သော်လည်း (Level Playing Field) ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်သည့် အရင်းကြီးကြီးမားမားရှိသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ရှိသောကြောင့် Rent Free ထားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ ထိုအတွက်ကြောင့် စက်မှုဖွံ့ဖြိုး တိုးတက်သည့် OECD နိုင်ငံများတွင်သာ Rent Free ထားရှိသော်လည်း ယခုမှ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိလာသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် Rent Free ထားရှိဖို့မှာ မဖြစ်နိုင်ပေ။ အာရှကျားများကို ကြည့်ပြန်လျှင်လည်း အာရှကျာျးားသည် မိမိနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းစေချင်သည့် စေတနာရှိသော စီးပွားရေးစွန့်ဦးတီတွင် လုပ်ကိုင် တတ်သော စီးပွားရေးသမားများကို လုပ်ကိုင်စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရှိလာခြင်းဖြစ်လေသည်။

အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation)

မြန်မာနိုင်ငံ၏ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ၏ ဆက်ဆံရေး (Government and Business relation) မှာ လာဘ်ပေးလာဘ်ယူပေါများခြင်း၊ မလိုလားအပ်သည့် အဆင့်ပိုများရှိနေခြင်း၊ အရှင်မွေး သူကောင်းပြုမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် စွမ်းဆောင်ရည်နိမ့်ပါးသည့် ဆက်ဆံရေးမျိုး ဖြစ်နေပါသည်။ အထူးသဖြင့် ခေတ်နှင့်မလျှော်ညီတော့သော စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုကို (Business Culture) ကို ပြင်ဆင်ရမည် ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသာများပြီး အများပိုင် စီးပွားရေး လုပ်ငန်းများအဖြစ် အသွင် မပြောင်းသေးပါ။ ထိုအတွက်ကြောင့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၏ ရှယ်ယာများကို အရင်းအနှီးဈေးကွက် (Capital market) တစ်ခု တည်ထောင်၍ ပြည်သူများထံ ၂၀၁၂ မတိုင်ခင် ရောင်းချသွားနိုင်ရန် ကြိုးစားလျက် ရှိလေသည်။ သို့မှသာ တရားဝင်စီးပွားရေးလုပ်ငန်းများလည်း မိမိ စီးပွားရေးလုပ်ငန်း၏ အရင်းအနှီးဈေးကွက်တွင် ရှယ်ယာရောင်းစေခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်မှာ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းများလည်း ချေးငွေအပါအဝင်၊ အရင်းအနှီးရရှိရန် တရားဝင် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင် ကူးပြောင်းလာမည် ဖြစ်သည်။ သို့မှသာ နိုင်ငံ၏ အရင်းအနှီးကို စုဆောင်းမှုကို တိုးတက်စေနိုင်ရုံမျှမက အမျိုးသား စုစုပေါင်း ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာမှာဖြစ်ပြီး ကောင်းမွန်သည့် အခွန်စနစ်ကို ကျင့်သုံး အကောင်အထည် ဖော်စေခြင်းဖြင့် အစိုးရ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုလည်း ပိုလာစေမှာဖြစ်ပါသည်။

                                                                         (ဆက်လက်ဖော်ပြပါမည်)

********************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs