Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (3)
yangonchronicle 2011- (3)

၁၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ(အပိုင်း- ၃)

  1. တရုတ်တို့၏ ယွမ်နှင့် ပတ်သက်၍ လုပ်ဆောင်မှု လုံလောက်မှု မရှိသေးပာု Obama ပြော

(13 Nov 2011 ရက်စွဲပါ BBC News မှ Obama says China has not moved quickly enough on Yuan ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်ပြည်၏တတိယဝေဒနာ

(New York Times သတင်းစာမှ၊ 7 Nov 2011 ရက်စွဲပါ David Bandurski ရေးသားသော China's Third Affliction ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ 

တရုတ်တို့၏ ယွမ်နှင့် ပတ်သက်၍ လုပ်ဆောင်မှု လုံလောက်မှု မရှိသေးပာု Obama ပြော

(13 Nov 2011 ရက်စွဲပါ BBC News မှ Obama says China has not moved quickly enough on yuan ကို ဘာသာပြန်သည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barak Obama က တရုတ်နိုင်ငံသည် ၎င်း၏ ငွေကြေးတန်ဖိုး တက်လာရန် လုပ်ဆောင်နေမှုမှာ လုံလောက်မှု မရှိသေးကြောင်း ပြောကြားခဲ့သည်။

ပာာဝိုင်ယီတွင် ကျင်းပသော အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Apec) ထိပ်သီးအစည်းအဝေးတွင် သမ္မတ Barak Obama က ပြောကြားခဲ့ရာတွင် တရုတ်သည် အခြားနိုင်ငံများကဲ့သို့ပင် စည်းကမ်းစည်းမျဉ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အမေရိကန်နှင့် တရုတ်ကြားရှိ ပဋိပက္ခတွင် အဓိကအချက်မှာ ယွမ်၏ တန်ဖိုးပင် ဖြစ်သည်။

တနင်္ဂနွေနေ့က Apec အဖွဲ့ဝင်(၂၁) နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု အားကောင်းအရေးအတွက် ကုန်သွယ်မှု တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

သို့သော် တရုတ်၏ငွေကြေးမူဝါဒသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပျက်ယွင်းစေကြောင်း Obama က သတိပေးခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ငွေကြေးသည် ရှိသင့်သည့်တန်ဖိုးအောက် ၂၀% မှ ၂၅% လျော့နည်းနေသည်ကို စီးပွားရေး ပညာရှင်အများစုက သဘောတူ ကြသည်ပာု အမေရိကန်သမ္မတက ပြောသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံတွင် အမေရိကန်ပစ္စည်းများဈေးကြီးနေပြီး အမေရိကန်နိုင်ငံတွင် တရုတ်ပစ္စည်းများ ဈေးပိုပေါနေခြင်းကြောင့် တရုတ် နိုင်ငံသည် မတရားသဖြင့် ကုန်သွယ်မှုအသာစီးရနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ပြီးခဲ့သည့်နှစ်က အနည်းငယ်တိုးတက်မှုရှိခဲ့ပေမယ့်၊ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး” ပာု ပိာုနိုလူလူတွင် နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး သမ္မတ Obama ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှုဖြေလျော့ပေးခြင်း

တနင်္ဂနွေနေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ခေါင်းဆောင်များက ပြောကြားရာတွင် ဥရောပ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ဂျပန်ငလျင်ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များသည် အားလုံး အတူတကွ ပူးပေါင်းအဖြေရှာရေးကို အားကောင်းလာစေသည်ပာု ဆိုသည်။

“၂၀၀၈-၂၀၀၉ ကမ္ဘာ့စီးပွားရေးကပ်အပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အဆက်မပြတ် တိုးတက်မှုအတွက် နောက်ထပ် ကုန်သွယ်မှု ဖြေလျော့ပေးမှုများ လိုအပ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်” ပာု ဖော်ပြထားသည်။

သို့သော် ဝေဖန်သုံးသပ်သူများက ပြောကြားရာတွင် အထက်ပါ ကတိပြုမှုများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း ရှိ၊မရှိ ခေါင်းဆောင်များ ပြန်သွားပြီးနောက်တွင် စောင့်ကြည့်ရမည်ပာု ဆိုခဲ့ကြသည်။

ကုန်သွယ်မှု တိုးမြှင့်ခြင်းဆိုသည်မှာ နိုင်ငံခြား ပြိုင်ဆိုင်မှုအတွက် ဈေးကွက်ဖွင့်ပေးခြင်းပင်ဖြစ်ပါသည်။ အချို့  အာရှပစိဖိတ်တိုင်းပြည်များသည် ယခင်က ထိုသို့ပြုလုပ်ရန် တွန့်ဆုတ်နေခဲ့ကြပါသည်။

သမ္မတ Obama သည် ၎င်း၏ အပိုင်းအနေဖြင့် ဒေသတွင်းက နယ်စပ်များအား ဖွင့်ပေးကြရန် တွန်းအားပေးခဲ့ပြီး အာရှပစိဖိတ်ဒေသတွင် အမေရိကန်နှင့် ဆက်ဆံရေးသည် အမေရိကန်၏ ကြီးပွားတိုးတက်မှုအတွက် လုံးဝအရေးပါနေကြောင်း ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန် ဦးဆောင်သော ဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ဖြစ်သော Trans Pacific Partnership (TPP) အတွက် ထိပ်သီးအစည်းအဝေးတွင် ထောက်ခံမှုများ ပိုမိုရရှိရန် လုပ်ဆောင်နိုင်ပါသည်။

ဒေသတွင်းသဘောတူညီမှု

တနင်္ဂနွေနေ့က ကနေဒါနှင့် မက္ကဆီကိုတို့က ၎င်းတို့သည် ကုန်သွယ်မှု အတားအဆီးများ ဖယ်ရှားမည့် အစည်းအဝေးသို့ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ TPP ရဲ့ အချက်အလက်တွေကို ကြည့်တော့ ကနေဒါ အနေနဲ့ အလွယ်တကူ လိုက်နာနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေ့ဆက်ဖို့ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်” ပာု ကနေဒါ ဝန်ကြီးချုပ် Stephen Harper က ပြောကြားခဲ့သည်။

ကနေဒါသည် ဂျပန်နိုင်ငံက သဘောတူညီချက်အတွက် ဆွေးနွေးရာတွင် ပါဝင်ရန် သဘောတူပြီးနောက် ပါဝင်လာသော နိုင်ငံဖြစ်သည်။

                                        *******************************************

တရုတ်ပြည်၏ တတိယဝေဒနာ

(New York Times သတင်းစာမှ၊ 7 Nov 2011 ရက်စွဲပါ David Bandurski ရေးသားသော China's Third Affliction ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ရုံတွင်းသို့ အတန်းလိုက်ဝင်လာသည့် ရုပ်ရှင်ရှိုးပွဲလာ ပရိသတ်များနေရာယူနေကြပုံကို စူးစူးစိုက်စိုက်နှင့် တအံ့တသြကြည့်ကာ ဒါရိုက်တာ Zhao Dayong က ကျွန်တော့်ကို ယခုလိုစတင် ပြောဆိုသည်။ "တစ်ရုံလုံးပြည့်လုနီးပါးပဲနော်"။ ယခုလို အချိန်သမယမျိုး ဖြစ်လာမည်ဟု လွန်ခဲ့သည့် ၂ နှစ် လောက်က ကျွန်တော်ရော၊ ဒါရိုက်တာ Zhao ပါ စိတ်ကူးနိုင်ခဲ့ခြင်းမရှိပါ။ ထိုစဉ်က မြန်မာနိုင်ငံနယ်စပ်ဒေသမှ များစွာမဝေးကွာလှသည့် တရုတ်ပြည် တောင်ပိုင်းဒေသ၊ တောင်တန်းများပေါ်မှ Fugong မြို့တွင် နေထိုင်သော လီဆူးတိုင်းရင်းသားများအကြောင်း မှတ်တမ်းရိုက်ကူးနေခဲ့ကြသည်။ ခွင့်ပြုချက် မရရှိခဲ့သော လွတ်လပ်သည့် မှတ်တမ်းဇာတ်ကားဖြစ်သည့် ဒါရိုက်တာ Zhao ၏ "Ghost Town" မှာနောက်ဆုံးတွင် ပရိသတ်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ထိုဇာတ်ကားမှာ တရုတ်ပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု များစွာနောက်ကျ ကျန်ရစ်ပြီး ဝေးလံခေါင်သီသည့်ဒေသက ကွန်မြူနစ်တီလေး တစ်ခုအကြောင်းကို ရဲရဲဝံ့ဝံ့ရိုက်ကူးထားခြင်းဖြစ်ပါသည်။ သို့သော် ၂၀၀၉ ခုနှစ် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Lincoln Center တွင် ပွဲဦးထွက် ပြသစဉ်က ကြည်နူးလွမ်းဆွတ်ဖွယ် အသိအမှတ်ပြုမှုမျိုး ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ထို့အတူကျွန်တော်၏ အတွေးစများသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြသခဲ့သည့် ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဆီသို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားသည်။ ယင်းအစီအစဉ်မှာ ဘေဂျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးတွင် စနစ်တကျ စီစဉ်ကျင်းပသည့် အဆင့်မြင့် ခေါင်းဆောင်ကြီးများ ဆွေးနွေးပွဲကိုပြသခြင်းဖြစ်သည်။ ဆွေးနွေးပွဲကို တရုတ်ပြည် ပေါလစ်ဗျူရိုအလုပ်အမှုဆောင်ကော်မတီ၏ အဖွဲ့ဝင်ကိုးဦးက သဘာပတိအဖြစ် ဦးဆောင်သည်။ အလံနီများနှင့် ကြီးမားသည့် ရွှေရောင်တူနှင့် တံစဉ်တံကြီးရှေ့တွင် တရုတ်သမ္မတကြီး ဟူဂျင်တောင်က ကွန်မြူနစ် ပါတီ၏ "ကြီးမားသော ဖွံ့ဖြိုးမှုနှင့် ဆိုရှယ်လစ်ယဉ်ကျေးမှုအရ ကြွယ်ဝချမ်းသာမှု မြှင့်တင်ဖော်ထုတ်ရေး" ဟု အမည်ရသည့် စာတမ်းကို တင်သွင်း ဖတ်ကြားသည်။ စာတမ်းတွင်ပါဝင်သည့် ဆုံးဖြတ်ချက်အကျဉ်းချုပ်မှာ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ယဉ်ကျေးမှုဟူသည် ပါဝါအပျော့ဖြစ်သည် ဟူသောအချက်ကို နားလည် သဘောပေါက်သည့် အားလျော်စွာယဉ်ကျေးမှုဆိုင်ရာဖန်တီးမှုများ တစ်ခေတ်ဆန်းနိုင်အောင်ဦးဆောင်မှု ပြုသွားမည် ဟူ၏။

ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အိုင်ဒီရော်လော်ဂျီမျိုးပါသည့် အသုံးအနှုန်းမျိုး နှင့် ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများ၏ ကြီးမားသော နိုးထမှုဖြစ်အောင် မည်သို့မည်ပုံ ဦးဆောင်နေပါသည်ဟူသော ကြွားလုံးပါသည့် မိန့်ခွန်းမျိုး၏ နောက်ကွယ်က ဆိုလိုရင်းမှာအခြားမဟုတ်ပေ။ ယဉ်ကျေးမှု ကိစ္စက တရုတ်ပြည်၏ နိုင်ငံရေးရည်မှန်းချက်များအားလုံးကို ဖြည့်ဆည်းပေးနိုင်သေးသရွေ့ တရုတ်ခေါင်းဆောင်များက အားပေး အားမြှောက် ပြုပေးနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ကွန်မြူနစ်ပါတီ၏ အထက်ပါစာတမ်းပါ ဆုံးဖြတ်ချက်က ယခုလို အလေးအနက် ဖွင့်ဆိုထားသည်။

“တရုတ်ပြည်၏ အောက်ခြေလူထု၊ တစ်နည်းအားဖြင့် “ယဉ်ကျေးမှုလုပ်သား”(Cultural Worker) များအနေဖြင့် ပါတီ၏ အဓိကဦးတည်ချက်ကို ထိန်းသိမ်းတည့်မတ်ပေးရမည်ဖြစ်ပြီး ယဉ်ကျေးမှုဖန်တီးရာတွင် မှန်ကန်တိကျကာ ပတ်ဝန်းကျင်နှင့်အသားကျနိုင်သော လုပ်ဆောင်မှုမျိုး ဖြစ်အောင် လုပ်ကိုင်ရမည်”

               တရုတ်နိုင်ငံအတွက် ယဉ်ကျေးမှုကို ထိန်းချုပ်သည်ဟူသောကိစ္စမှာ အသစ်အဆန်းမဟုတ်ပေ။ တရုတ်ကွန်မြူနစ် အစိုးရသည် ၁၉၄၂ ခုနှစ်၊ ခေါင်းဆောင်ကြီးမော်စီတုန်းက စာပေနှင့် အနုပညာ အခန်းကဏ္ဍအပေါ် တရားသေသဘောမျိုးဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အချိန်မှစ၍ ရှုပ်ထွေး လိမ်ပွေသော ယဉ်ကျေးမှုကို လက်ကိုင်ထားခဲ့သည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း တရုတ်တို့၏ ရိုးရာဓလေ့များအားလုံး ပျက်စီး ကွယ်ပျောက် သွားခဲ့သည်။ ယခုလို အောက်တိုဘာလအတွင်း ကွန်မြူနစ်ပါတီ(CCP)က  စာတမ်းတစ်စောင်ကို အလောတကြီး ထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တရုတ်ပြည်၏ ပါဝါနှင့် နေရာ အခန်းကဏ္ဍကြီးမားအောင် ယဉ်ကျေးမှုစွမ်းအားဖြင့် လုပ်ဆောင်သွားရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ကွန်မြူနစ်ပါတီသည် မီဒီယာနှင့် ယဉ်ကျေးမှုအပေါ် ပြင်းပြင်းထန်ထန်ထိန်းချုပ်ပြီး  အများပြည်သူလူထု၏ သဘောထား အမြင်ကို ထိန်းကျောင်းပေးခြင်း အားဖြင့် တရားဝင်အခွင့်အာဏာ ဖြစ်ပေါ်လာအောင် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့သည်။

ယခုအခါတွင်မူ CCP က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့သဘောထားအမြင်ကို ၎င်းစိတ်တိုင်းကျ လွှမ်းမိုးချုပ်ကိုင်ရန် မျှော်လင့်ထားပုံရသည်။ ယခုလို ကွန်မြူနစ်အစိုးရ၏ သင်္ကြန်အမြှောက်နှင့်တူသော လုပ်ရပ်များနှင့် ပြောဆိုမှုများကြောင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူများက ကမ္ဘာ့ အသိုင်းအဝိုင်းတွင် တရုတ်ပြည်နှင့်ပတ်သက်၍ အဆိုးမြင်လာကြမည်ကို စိုးရိမ်လျက်ရှိကြသည်။ အဆိုပါ ယဉ်ကျေးမှုကိစ္စကိုလည်း ၎င်းတို့က “တတိယ ဝေဒနာ” ဟု ဝေဖန်ပြောဆိုကြပါသည်။ တရုတ်ပြည်သည် ဆင်းရဲမွဲတေမှုဝေဒနာကို ကုသရာတွင် ပြယုဂ်နိုင်ငံတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ခေတ်မီ၍ အင်အား ကြီးမားသော တပ်မတော်ကို ဖွဲ့စည်းနိုင်ခဲ့ပြီရာ ပြည်ပနိုင်ငံများ၏ ရန်စခြိမ်းခြောက်မှုများနှင့်လည်း ရင်ဆိုင်စရာမရှိတော့ပေ။ သို့သော် အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးကြီးစိုးမှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်၏ အနေအထားမှာ ဘောင်ခတ်ခံထား ရသလို ဖြစ်လာခဲ့သည်။ တရုတ်ပြည်ဆိုလျှင် နိုင်ငံတကာ လူ့အခွင့်အရေအသိုင်းအဝိုင်းက အမြဲပင်တစေ ပြင်းထန်စွာဝေဖန်ကြသလို အနောက် မီဒီယာများကလည်း ဝေဖန်ရေးသားကြသည်ချည်းသာဖြစ်သည်။ သို့အတွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူများ၏ မိမိတို့အပေါ် ဆန့်ကျင်သည့် အမြင်များ တစ်စထက်တစ်စ များပြားလာပြီဟု တရုတ်ခေါင်းဆောင်များကပို၍ ခံစားမိလာကြသည်။ အနောက်ယဉ်ကျေးမှုနှင့် တန်ဖိုးများ ကမ္ဘာလုံး အသွင် ဆောင်လာချိန်တွင် တရုတ် ယဉ်ကျေးမှုနှင့် တန်ဖိုးများ မရှိသလောက်ဖြစ်နေပေရာ ကွန်မြူနစ်အစိုးရ ခေါင်းဆောင်များက တစ်စုံတစ်ခု လုပ်ကိုင် လာလိုပုံ ရပါသည်။

၎င်းတို့က ယခုလို တိကျပြတ်သားသော သတ်မှတ်မှတ်ချက်များနှင့် စည်းမျဉ်းများ သတ်မှတ်ခြင်းဖြင့် ပါဝါအပျော့လိုအပ်ချက်ဖြစ်ပေါ်မှုကို အဆုံးသတ်နိုင်မည်ဟုလည်း မျှော်လင်းထားပုံရသည်။ သို့သော် ပြဿနာရှိသည့်အချက်မှာ ဖိနှိပ်တင်းကြပ်မှုပေါ်အခြေခံထားကာ နိုင်ငံတာ် ထိန်းချုပ်မှု အောက်မှ ယဉ်ကျေးမှုကို စီးပွားရေးဆန်ဆန် လုပ်ကိုင်မည်ဆိုပါက တရုတ်နိုင်ငံရေးစနစ်၏ တရားမျှတမှုမရှိသော အရေးကိစ္စများကို မီးမောင်းထိုးပြ လိုက်ရာ ရောက်သွားနိုင်ခြင်းပင်ဖြစ်သည်။ တရုတ်ပြည်၏  တတိယဝေဒနာမှာ မိမိဘာသာမိမိ စွဲကပ်အောင်လုပ်ယူသည့် ရောဂါတစ်မျိုးပင် ဖြစ်တော့ သည်။ နာမည်ကျော် တရုတ်လူမျိုး Blogger တစ်ဦးဖြစ်သော Han Han က “ယဉ်ကျေးမှုကိစ္စကို ဆင်ဆာတည်းဖြတ်တဲ့ အစိုးရတွေအနေနဲ့ သူတို့ရဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ လုပ်ကိုင်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရှိချင်မှရှိတော့မှာပါ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးရဲ့ လှောင်ပြောင် သရော်မှု ဒဏ်ကိုတော့ ကြံ့ကြံ့ခံနိုင်အောင် မဖြစ်မနေပြင်ဆင်ထားဖို့လိုပါတယ်” ဟု ဆိုသည်။

ဘေဂျင်းအစိုးရက ရုပ်ရှင်လုပ်ငန်းဘတ်ဂျက်ဖြင့် ဝါဒဖြန့်ဇာတ်ကားကောင်းများ ထွက်ပေါ်လာအောင် ထောက်ပံ့မှုများ ပြုလျက်ရှိသော်လည်း စစ်မှန်သော ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများဖြစ်ပေါ်ရန် လွယ်ကူချောမွေ့မည်မဟုတ်ပေ။ လွတ်လပ်သည့် အနုပညာရှင်များ၊ စာရေးဆရာ များနှင့် Zhao ကဲ့သို့သော ရုပ်ရှင်ဒါရိုက်တာကြီးများ အနေဖြင့် ဆင်ဆာတည်းဖြတ်ခံရမည့်ကိစ္စကို ရှောင်ရှားကြမည်သာဖြစ်သည်။

အောက်တိုဘာလက ဘေဂျင်းတွင်ပြုလုပ်သည့် အဆိုပါ တရုတ်ကွန်မြူနစ်ပါတီ ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက် မကြာမီပင် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှ မီဒီယာသတင်းပေးပို့ချက်များ ထွက်လာသည်။ ယင်းမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်မှု” ဟူသည့် ဇာတ်ကားကို Lincoln Center ၌ အောက်တိုဘာလ ၁၇ ရက်နေ့က ပြသခဲ့ရာ ရွှေပွဲလာပရိတ်သတ် တစ်ဦးတလေမျှပင်မရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဇာတ်ကားကို “အရှေ့ဆီမှ ကတိကဝတ်” ဟူသည့် စီရီးဇာတ်လမ်းတွဲ ပြသနိုင်ရေးအတွက် မိတ်ဆက်သည့်သဘောဖြင့် ပြသခဲ့ခြင်းဖြစ်သည်။ သို့သော် ထူးခြားသည်မှာ တရုတ် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ပွဲစီစဉ်သူများပင် ရှိုးပွဲသို့ တက်ရောက်မှုမရှိခြင်းပင်ဖြစ်သည်။

******************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ (အပိုင်း- ၂ )

  1. ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

(Channel News Asia မှ 12 Nov 2011 ရက်စွဲပါ Suu Kyi 'likely' to stand in Myanmar by-election ကိုဘာသာပြန်ဆိုသည်)         

  1. ဒေါ်အောင်ဆန်းစုကြည် ဗျူပာာပြောင်းခြင်းလော၊ အရောင်ပြောင်းခြင်းလော။

(12 Nov 2011 ရက်စွဲပါ i On Global Trends မှ B. Raman ရေးသားသော Aung San Suu Kyi- Change in tactic or color? ကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု တစ်နှစ်ပြည့် မိန့်ခွန်းပြောကြား

(The Telegraph မှ 15 Nov 2011 ရက်စွဲပါ “Aung San Suu Kyi marks one year of freedom in Burma” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************************************

ဘာသာပြန်သတင်းများ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

(Channel News Asia မှ 12 Nov 2011 ရက်စွဲပါ Suu Kyi 'likely' to stand in Myanmar by-election ကို ဘာသာပြန်ဆိုသည်)

အစိုးရက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်သောကြောင့် မကြာမီလပိုင်းအတွင်း ကျင်းပရန်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD) မှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြုပြောကြားသည်။

NLD သည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့သောကြောင့် တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းခံခဲ့ရသော်လည်း ပြီးခဲ့သည့်နိုဝင်ဘာလ ၄ ရက်နေ့တွင် ထွက်ပေါ်လာသည့် အဆိုပါ ဥပဒေပြင်ဆင်ရေးဆွဲမှုကြောင့် တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် သင့်မသင့်ဟူသော အချက်ကိုစဉ်းစားလျက်ရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အတည်ပြုလက်မှတ်ရေးထိုးလိုက်သော ယင်းဥပဒေပြင်ဆင်ရေးဆွဲမှုက NLDအနေဖြင့် အမျိုးသားနိုင်ငံရေးလောကသို့ တရားဝင်ပြန်လည်ဝင်ရောက်နိုင်အောင် လမ်းဖွင့်ပေးလိုက်ရာရောက်သည်။

"NLD အနေနဲ့ ပြန်လည်မှတ်ပုံတင်ဖွယ်ရှိသလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်အချိန်ကာလတွင် ကျင်းပပြုလုပ်မည်ဟူသောအချက်မှာ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရ သော်လည်း လွှတ်တော်နှစ်ရပ်မှ လစ်လပ်လျက်ရှိသော အမတ်နေရာ ၄၈ နေရာ ရှိကြောင်းသိရသည်။ NLDသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။ နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ပထမဆုံးကျင်းပသည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် စစ်အစိုးရက ရေးဆွဲခဲ့သောဥပဒေများ တရားမျှတမှုမရှိဟူသော စွပ်စွဲချက်ဖြင့် NLD ဝင်ရောက်ယှဉ်ပြိုင်မှု မပြုခဲ့ပေ။ ယင်း ဥပဒေအရ ပြစ်ဒဏ်ကျခံထားရသူများအနေဖြင့် တရားဝင် နိုင်ငံရေးပါတီတွင် ပါတီဝင် ဖြစ်ခွင့်မရှိပေ။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်ကျခံနေရပေရာ အကယ်၍ NLDသာ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပါက ၎င်းကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းမျှတွင် လွတ်မြောက်ခွင့် ရရှိခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို အနောက်နိုင်ငံများနှင့် အတိုက်အခံအတော်များများက အတုအယောင်မျှသာဖြစ်ပြီး စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်ရန်သာ ရည်ရွယ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ သို့သော် စစ်တပ်ကျောထောက်နောက်ခံမှုဖြင့် အာဏာရလာသော မြန်မာ အစိုးရသစ်က ယခုအခါ ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိရာ လေ့လာစောင့်ကြည့်သူများအနေဖြင့်များစွာ အံ့အားသင့်လျက်ရှိသည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများတွင် နိုင်ငံရေးပါတီများနှင့် ပတ်သက်သောဥပဒေ ပြင်ဆင်သတ်မှတ်ပေးခြင်းလည်း ပါဝင်သည်။ နိုင်ငံရေးပါတီများ အားလုံးအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ 'ထိန်းသိမ်းစောင့်ရှောက်ရမည်' ဟူသော သတ်မှတ်ချက်အား 'လေးစားလိုက်နာရမည်' ဟု ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မည်သည့် မဲဆန္ဒနယ်မှ ပါဝင်ယှဉ်ပြိုင်မည်ဟူသောအချက်ကို ဦးဉာဏ်ဝင်းက ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပါတီနှင့်နီးစပ်သော သတင်းရင်းမြစ်များ အဆိုအရ သူမအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်လိမ့် မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တစ်ချိန်က စစ်အစိုးရ၏ နိုင်ငံရေးလမ်းပြမြေပုံ၏ အဆင့်တစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လာမည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သူမအနေဖြင့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု ၁ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သတင်းစာရှင်းလင်းပွဲကျင်းပရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

                                        ***************************************

ဒေါ်အောင်ဆန်းစုကြည် ဗျူပာာပြောင်းခြင်းလော၊ အရောင်ပြောင်းခြင်းလော။

(12 Nov 2011 ရက်စွဲပါ i On Global Trends မှ B. Raman ရေးသားသော Aung San Suu Kyi- Change in tactic or color? ကို ဘာသာပြန် ဆိုသည်)

(စာရေးသူသည် အိန္ဒိယအစိုးရ ကက်ဘိနက် အတွင်းဝန်ချုပ်ရုံးမှ ထပ်ဆောင်းအတွင်းဝန် အငြိမ်းစားဖြစ်၍ လက်ရှိ Associate of the Chennai centre for China Studies နှင့် Institute for Topical Studies,Chennai မှ ဒါရိုက်တာဖြစ်သည်)

၁။ သမ္မတဦးသိန်းစိန်ဦးဆောင်သော စစ်တပ်နောက်ခံပြု အရပ်သားအစိုးရနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဖြေးဖြေး မှန်မှန်နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုများယူလာသည်။ ထို့ကြောင့် အစိုးရသည် မပူးပေါင်းသည့်တိုင် ပြင်ပမှ သူမ၏ ထောက်ခံမှုကြောင့် ဝမ်းသာခဲ့ရသလို၊ ပြည်သူလူထု အမြင်တွင်လည်း ပိုမိုလက်ခံလာမှု ပို ခံစားရမည်ဖြစ်သည်။

၂။ အစိုးရသည် သူမ ရန်ကုန်ပြင်ပသို့ ခရီးသွားရောက်မှုအတွက် ကန့်သတ်ထားမှုများ မရှိပေ။ သို့သော် သူမသည် အစိုးရ၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး ပျက်ပြားမှုကို ဖန်တီးမှုအား ရှောင်ရှားလိုသဖြင့် ခရီးသွားခြင်းမပြုခဲ့ပေ။ အဆိုပါပြောင်းလဲမှုသည် သူမ၏ နည်းဗျူပာာ သို့မပာုတ် အစိုးရ အပေါ် သဘောထားဖြစ်သည်ဆိုသည်နှင့် ပတ်သက်၍ အပတ်စဉ် ရေဒီယိုအင်တာဗျုးတွင် ၂၀၁၁ နိုဝင်ဘာလ ၈ ရက်နေ့က မေးမြန်းခဲ့ပါသည်။ သူမဖြေကြားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

၃။ သူမက ပြောကြားရာတွင် “ကျွန်မ ရှင်းပြလိုတာကတော့ ကျွန်မ နေအိမ်အကျယ်ချုပ်က လွတ်တိုင်း ခရီးသွားဖို့ စီစဉ်တယ်ဆိုတာ မပာုတ်ပါဘူးလို့ ပြောချင်တာပါ။ ၁၉၉၅ နဲ့ ၂၀၀၀ ပြည့်နှစ် ဒုတိယအကြိမ် လွတ်လာတုန်းက ကန့်သတ်ချက်တွေကြောင့် ကျွန်မခရီးမသွားခဲ့ပါဘူး။ ၂၀၀၂ နဲ့ ၂၀၀၃ ကြားမှာတော့ မြန်မာပြည်တစ်ဝှမ်း ခရီးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် ပဲခူးခရီးစဉ်ပြီးကတည်းက ခရီးသွားဖို့ စဉ်းစားခဲ့ပေမယ့် ရန်ကုန်မှာ လုပ်စရာတွေ အများကြီးရှိနေလို့ ခရီးမထွက်နိုင်ခဲ့ပါဘူး။ NLD အနေနဲ့ ရေဘေးသင့်တဲ့ ပြည်သူတွေကို ဆန်တွေ လှူနိုင်သမျှလှူဖို့ အစီအစဉ်တွေ ဆွဲထားပါတယ်။ ဒီတော့ ခရီးသွားပြီး ငွေတွေသုံးပစ်တာထက်စာရင် ဆန်လှူဖို့လုပ်တဲ့ အစီအစဉ်က ပိုကောင်းပါတယ်” ပာု ရှင်းပြခဲ့သည်။

၎။ ထို့အတူပင် ပြည်သူအချို့က အဘယ်ကြောင့် သူမသည် ရခိုင်မှ ယူနန်သို့ ဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ခြင်းကို မကန့်ကွက်သနည်းပာု မေးခွန်းများ မေးခဲ့သည်။ သူမသည် ကချင်ပြည်နယ်တွင် တရုတ်တို့ ဆောက်လုပ်နေသော ရေအားလျှပ်စစ်စီမံကိန်းကြီးအား ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းပြ ချက်ဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ သူမ၏ ကန့်ကွက်မှုနှင့်အတူ ကချင် အတိုက်အခံခေါင်းဆောင်များ၊ ပြည်သူများ၏ ကန့်ကွက်မှုသည် အစိုးရအား အဆိုပါစီမံကိန်းအား ရပ်ဆိုင်းရန် ဖြစ်လာခဲ့ပြီး Beijing မှ ဆန္ဒပြမှုကို ဖြစ်ပေါ်စေသည်။

၅။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကိုလည်း ဒေသခံပြည်သူများက ကန့်ကွက်ခဲ့ကြသည်။ စီမံကိန်းအတွက် မြေသိမ်းယူမှုများတွင် လုံလောက်သော ငွေပေးချေမှု မရှိခြင်း၊ ဓာတ်ငွေ့များကို ဒေသခံပြည်သူများအတွက် အသုံးမပြုပဲ တရုတ်သို့ ရောင်းစားခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများကို အကြောင်းပြ ကန့်ကွက်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်သကဲ့သို့ ဆန့်ကျင်ခဲ့ခြင်းမရှိပေ။

၆။ သူမအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အပတ်စဉ် ရေဒီယို အင်တာဗျူးတွင် အောက်တိုဘာ (၂၈) ရက်နေ့က မေးမြန်းခဲ့သည်။ နောက်တဖန် သူမက စိတ်ဝင်စားဖွယ် ဖြေကြားခဲ့သည်။ “ဒီပိုက်လိုင်းစီမံကိန်းနဲ့ ပတ်သက်လို့ တစ်ပြည်လုံးက ကန့်ကွက်မှုတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေမယ့် လွယ်လိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး။ အစိုးရအပါအဝင် တစ်ပြည်လုံးက သိဖို့လိုအပ်တာက ပြည်သူတွေကို ဒုက္ခပေးမယ့် ကိစ္စရပ်တွေကိုပါပဲ။ ဒါမှသာ ဒီအရေးကိစ္စတွေကို ကျွန်မတို့ အားလုံးအဖြေရှာနိုင်မှာပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့နေရာမှာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်တာကို ထိန်းသိမ်းဖို့ကိစ္စကိုလည်း တစ်ချိန်တည်းမှာ ဂရုပြုရပါမယ်” ပာု သူမက ဖြေကြားခဲ့သည်။

၇။ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ရပ်ဆိုင်းသွားသော ရေအားလျှပ်စစ်စီမံကိန်းထက်စာလျှင် တရုတ်တို့အတွက် ပို၍အရေးကြီးသည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များ သယ်ယူရန် သာမက အရှေ့အလယ်ပိုင်းမှ တရုတ်ရေနံတင်သင်္ဘောများတင်လာသော ရေနံများပို့ရန် လည်းပါဝင်ရာ မလ္လကာရေလက်ကြားကို မှီခိုမှုလျော့ကျသွားစေမည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့၍ တရုတ်နှင့် ခက်ခဲသောဆက်ဆံရေးကို ရင်ဆိုင်ရပြီးဖြစ်၍ နောက်ထပ် ထိုသို့မဖြစ်စေရန် ယခုပိုက်လိုင်းစီမံကိန်းအား ဆန့်ကျင်ခြင်းကို ရှောင်ရှားခဲ့ခြင်း ဖြစ်ပုံရသည်။

၈။ သူမနှင့် အစိုးရသည် သူမ၏ပါတီရွေးကောက်ပွဲတွင် ပါဝင်လာနိုင်ရေးကို ကြိုးစား၍ သေချာလမ်းခင်းလျက်ရှိရာ၊ ယခု လောလောဆယ် နှစ်ဖက်စလုံးအတွက် ထိုကိစ္စသာ ဦးစားပေးဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးပါတီများနှင့် ပတ်သက်သော ဥပဒေကို ပြင်ဆင်ပေးခဲ့ရာ၊ နိုင်ငံရေးပါတီအားလုံး သည် ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းရန် သဘောတူသည်ဆိုသည့်အချက်ကို ဖယ်ရှားပေးခဲ့သည်။

၉။ ရန်ကုန်တိုင်းမ်နှင့် အရေးကြီးသော အင်တာဗျူးတွင် ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဖြစ်ခဲ့ဖူးသူ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်တာကို အသိအမှတ်ပြုပါတယ်။ ဒီရလဒ်ကို ပြောင်းပြန်လုပ်ပစ်လို့ မရပါဘူး။ ဒီလိုလုပ်ဖို့လဲ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး” ပာု ဖြေကြားခဲ့သည်။

၁၀။ နိုဝင်ဘာလ (၈) ရက်နေ့က NLD ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်က သူမ၏ နေအိမ်တွင် ကျင်းပသော အစည်းအဝေးအပြီးတွင် ကျေညာခဲ့ရာ၌ ပါတီ၏ အကြီးတန်းအဖွဲ့ဝင် (၁၀၀) ကျော်သည် ရန်ကုန်တွင် နိုဝင်ဘာ (၁၈) ရက်နေ့၌ တွေ့ဆုံ၍ အစိုးရ၏ အပြောင်းအလဲများကြောင့် NLD သည် နိုင်ငံရေးပါတီ အဖြစ် ပြန်လည်မှတ်ပုံတင်သင့်၊မတင်သင့်ကို ဆုံးဖြတ်ကြမည်ပာုဆိုသည်။ သို့သော် ၎င်းတို့ ပြန်လည်မှတ်ပုံတင်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါလီမန်ရွေးကောက်ပွဲတွင် အရွေးခံရန် အကျုံးဝင်၊မဝင်ကိုမူ ၎င်းက မပြောခဲ့ပေ။ သို့သော် ယခုနှစ်မကုန်မီကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သူမအရွေးခံနိုင်စေရန် သူမနှင့် သမ္မတကြီးကြားတွင် မှတ်တမ်းတင် မထားသော သဘောတူညီချက်ရှိလိမ့်မည်ပာု ခန့်မှန်းမှုများ ရှိနေသည်။

၁၁။ သူမပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဆိုသည်ကို အစိုးရက အသိအမှတ်ပြုခဲ့ခြင်းကိုမူ တွေ့ရှိနိုင်ပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် သူမသည် ပြီးခဲ့သည့်နှစ်က စစ်တပ်ကြီးကြပ်မှုဖြင့် ပြုလုပ်ခဲ့သော လက်ရှိပါလီမန် ရွေးကောက်ပွဲကို အသက်ဝင်မှုရှိမရှိ မေးခွန်းထုတ်ခြင်းမပြုရန် သူမက သဘောတူခဲ့သည်။ NLD သည် လက်ရှိပါလီမန်အား ဆန့်ကျင်နေမှုများအား အဆုံးသတ်ရန် သဘောတူခဲ့ပါသည်။ အစိုးရကလည်း ဒေါ်အောင်ဆန်း စုကြည် ပါဝင်နိုင်ရန် လမ်းခင်းပေးလျက်ရှိသည်။

၁၂။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီသည် အစိုးရ၏ အပြင်ဖက်မှ အလုပ်လုပ်မည်လော။ အစိုးရနှင့် ပူးပေါင်းမည်လော။ အဖြေမှာမူ မသိရှိနိုင်သေးပါ။ နိုဝင်ဘာ (၈) ရက် အင်တာဗျူးတွင် သူမက ဖြေကြားခဲ့ရာ၌ “ပြည်သူတွေက တက်ကြွပြီး၊ စိတ်ဝင်စားမှုရှိရင် အစိုးရကလည်း တက်ကြွ လာပြီး တိုင်းပြည်တိုးတက်လာမှ ဖြစ်ပါတယ်။ အားလုံးက အခုလိုပုံစံနဲ့ တက်ကြွနေမယ်ဆိုရင် နိုင်ငံရေးပြောင်းလဲမှုအတွက် လမ်းကြောင်းက ချောမွေ့ ပါလိမ့်မယ်။ ကျွန်မတို့ ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ ပိုပြီးထိရောက်တာပေါ့လေ”ပာု ပြောကြားခဲ့သည်။

၁၃။ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသားစည်းလုံးမှုနှင့် နိုင်ငံရေးအရ ထိပ်တိုက်မတွေ့ရေးတို့သည် သူမ၏ ဦးတည်ချက်များဖြစ်ပုံရသည်။ ထိုဦးတည်ချက် များအရ သူမအနေဖြင့် အစိုးရကို တရုတ်နှင့်ဆက်ဆံရေးတွင် အခက်အခဲများ မဖြစ်ပေါ်စေရန် ပြင်ဆင်ထားသည်။ ထို့ကြောင့် သူမသည် ရခိုင်ဒေသမှ လူများတရုတ်၏ ပိုက်လိုင်းနှင့် ကျောက်ဖြူရှိ ခေတ်မှီဆိပ်ကမ်းအား ဆန့်ကျင်နေမှုအား ထောက်ခံလိုခြင်းရှိလိမ့်မည် မပာုတ်ပေ။

                                 ********************************

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု တစ်နှစ်ပြည့် မိန့်ခွန်းပြောကြား

(The Telegraph မှ 15 Nov 2011 ရက်စွဲပါ “Aung San Suu Kyi marks one year of freedom in Burma” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တပ်မတော်သြဇာလွှမ်းသော နိုင်ငံရေးနယ်ပယ်တွင် အပြည့်အဝ ထိတွေ့လှုပ်ရှားရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း တနလာင်္နေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး နိုင်ငံကို ပြောင်းလဲလိုသော ဆန္ဒသည်လည်း စစ်မှန်ကြောင်း ထောက်ခံပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပါတီဌာနချုပ်၌ ရှားရှားပါးပါး မိန့်ခွန်း ပြောကြားရာ၌ သမ္မတဦးသိန်းစိန်သည် သူမနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်မည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပုံရကြောင်း ပြောဆိုကြေညာခဲ့သည်။ ပျက်စီးလု နီးပါးဖြစ်နေသော NLD ပါတီကိုလည်း သူမလွတ်မြောက်လာပြီးနောက်ပိုင်း ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်ပာု သူမကပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်ရင် လှုပ်ရှားမှုတွေပြည့်နေပြီး အားအင်ပြည့်ဖြိုးစေတဲ့ကိစ္စတွေ၊ ကျေနပ်အားတက်စရာကောင်းတဲ့ကိစ္စတွေ အတော် များများ ရှိခဲ့တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ ဒီမိုကရေစီကွန်ရက်တစ်ခုဖွဲ့စည်းမယ့် ရည်ရွယ်ချက်ကို ကျွန်မပြောခဲ့ဘူးပါတယ်။ ဒီကွန်ရက်ပာာ မနှစ်က အောင်မြင်အောင် လုပ်ဆောင်ခဲ့တဲ့ကိစ္စတွေထဲက တစ်ခုပေါ့” ပာု သူမက ဆက်လက်ပြောဆိုသည်။

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒီမိုကရေစီခေါင်းဆောင်သည် ဒီမိုကရေစီအရေးအတွက် နိုင်ငံ့ဂုတ်စီး အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းကြောင့် ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသည်။

မနေ့ကမူ သူမသည် ရန်ကုန်မြို့လယ် ပါတီဌာနချုပ်ရှိ ပူအိုက်ကျဉ်းကျပ်သော အခန်းတွင်း စင်မြင့်ပေါ်တွင် မနှစ်က စတင်လွတ်မြောက်လာပြီး နောက်ပိုင်း မည်မျှ ပြောင်းလဲသွားခဲ့သည်ကို ရှင်းလင်းပြောဆိုခဲ့လေသည်။

“လုပ်ဖို့လိုအပ်နေတဲ့ အလုပ်တွေက အများကြီးပါပဲ။ မှန်မှန်ကန်ကန် လုပ်မိအောင်တော့ ဂရုစိုက်ရမှာပါ။ အရင်ကထက် အများကြီးပိုပြီး ပင်ပန်းပါတယ်” ပာု သူမကဆိုသည်။

သူမ၏ NLD ပါတီသည် ဥပဒေကြောင်းအရ ဖျက်သိမ်းခံထားရသော်လည်း သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲလာမှုများကို တုန့်ပြန်သည့်အနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်ရန် သောကြာနေ့တွင် တွေ့ဆုံစည်းဝေးကြမည် ဖြစ်သည်။

“အခုအချိန်မှာ ငါတို့၊ သူတို့ ဆိုတဲ့ကိစ္စမျိုး လုံးဝမရှိပါဘူး။ နှစ်ဦးနှစ်ဖက် ယုံကြည်နားလည်မှုကို အခြေခံပြီး တူညီတဲ့ အမျိုးသားပန်းတိုင်ကို ဦးတည်ရောက်ရှိဖို့ အတူတကွ လုပ်ဆောင်နေကြတာပါ။ သမ္မတဦးသိန်းစိန်နဲ့ ကျွန်မတွေ့ဆုံခဲ့ပြီးပါပြီ။ နိုင်ငံကိုပြောင်းလဲချင်တဲ့ သူရဲ့ဆန္ဒပာာ တကယ် စစ်မှန်တယ်လို့ ကျွန်မအနေနဲ့ ယုံကြည်ပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကမ္ဘာကျော် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ အင်းလျားကန်စောင်းနေအိမ်၌ အကျယ်ချုပ် ထိန်းသိမ်းခံ နေရချိန်တွင် ပါတီအတွက် လမ်းကြောင်းသစ်ကို ကောက်ကြောင်းဆွဲခဲ့ခြင်း ဖြစ်သည်။

မနှစ်က နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲများကို သပိတ်မှောက်သော NLD ပါတီကို အစိုးရက ဥပဒေအရ ဖျက်သိမ်းအရေးယူခဲ့သည်။ ယင်းလွှတ်တော်သည် အမတ်နေရာ ၈၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော တပ်မတော်အစိုးရအတွက် ရာဘာတံဆိပ်တုံး ထုပေးရသော အဖွဲ့အစည်း ဖြစ်သည်။ လာမည့် သောကြာနေ့ NLD ခေါင်းဆောင်ပိုင်း တွေ့ဆုံစည်းဝေးချိန်တွင် လစ်လပ်အမတ် ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ရေးကိစ္စကို ဆွေးနွေး ဆုံးဖြတ်ကြမည်ဖြစ်သည်။

သို့သော် အတိုက်အခံပါတီနှင့် အစိုးရတို့၏ နွေးထွေးလာသော ဆက်ဆံရေးတွင် အတားအဆီးများ ရှိနေဆဲပင်ဖြစ်သည်။ အကျဉ်းထောင်များထဲ တွင် ကျန်နေသေးသော နိုင်ငံရေးအကျဉ်းသား ၅၉၁ ဦးစာရင်းကို NLD ပါတီက ထုတ်ပြန်ထားသည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စမှာလည်း အစိုးရပိုင် လူ့အခွင့်အရေးကော်မရှင်က အကြံပြုတင်ပြထားသည့်တိုင်အောင် အစိုးရအဖွဲ့အတွင်း ကန့်ကွက်မှုများကြောင့် မနေ့က ဆိုင်းငံ့ ထားခဲ့သည်ပာု သိရှိရသည်။

နိုင်ငံ၏ မြောက်ပိုင်းတောင်တန်းများပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် လတ်တလော တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုတွင် အဓိက သက်ဆိုင်သူတပ်မတော်၏ ကဏ္ဍကိုလည်း အတိုက်အခံပါတီက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။

“လောလောဆယ် လူတိုင်းစိုးရိမ်ပူပန်နေတဲ့ ကိစ္စကတော့ တိုင်းပြည်တွင်း ငြိမ်းချမ်းရေးပျက်ပြားနေတဲ့ကိစ္စပါပဲ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကို ကျွန်မတို့ စိုးရိမ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ကျွန်မလုပ်နိုင်သမျှလုပ်ပေးဖို့ အမြဲတမ်း အဆင်သင့်ရှိနေပါတယ်” ပာု သူမကပြောကြားထားသည်။

တပ်မတော်က အသာစီးယူထားသော ဥပဒေများအား သဘောတူလက်မှတ်ထိုးရေးကိစ္စကို ပါတီခေါင်းဆောင်များက သံသယပွားနေကြဆဲပင် ဖြစ်သည်။

တပ်မတော်အား စစ်အစိုးရ ပြန်လည်ဖွဲ့စည်းခွင့်တရားဝင်အောင် ခွင့်ပြုထားသည့် အခြေခံဥပဒေကို NLD ပါတီ ဝါရင့်ခေါင်းဆောင် ဦးဝင်းတင်က မနေ့ကပင် ထောက်ပြဝေဖန်ခဲ့သည်။

“စနစ်ကို ရိုးရိုးသားသားပြောင်းလဲဖို့ တကယ်ရည်ရွယ်သလားဆိုတာကို ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ သဘောအတိုင်း လိုက်ပါဆောင်ရွက်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ NLD ပါတီထဲက ပြုပြင်ပြောင်းလဲရေးဝါဒီတွေကလည်း စစ်ဗိုလ်ချုပ်တွေရဲ့ ဝက်အူရစ် ဖြည်းဖြည်းချင်းလျှော့ပေးမယ့် အစီအစဉ်အပေါ် လောင်းကြေးထပ်ဖို့ ခေါင်းဆောင်ပိုင်းကို တွန်းအားပေးနေကြပါတယ်” ပာု ဦးဝင်းတင်က ရှင်းလင်းပြောဆိုခဲ့သည်။

“တကယ်လို့ တစ်စုံတစ်ခုကို ခင်ဗျားယုံကြည်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပေးဖို့လိုပါတယ်။ ဒါမှမပာုတ်ရင် ဘာမှ မျှော်လင့်ချက် မရှိတော့ပါဘူး” ပာု ပြောကြားသူမှာ ပါတီ၏ အခြေခံပိုင်း လှုပ်ရှားမှုများထဲမှ ဗေဒါသင်တန်းကျောင်း၏ ဒါရိုက်တာ မျိုးရန်နောင်သိန်း ဖြစ်သည်။ အရာရာပာာ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ ကျွန်တော်ကတော့ အပြုသဘောနဲ့ အကောင်းဖက်က မြင်ကြည့်ဖို့ ဆန္ဒရှိပါတယ် ပာု ယင်းကပြောကြားသည်။

                                        **********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs