Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. တရုတ်စီးပွားရေး ကြီးထွားမှုနောက်ဆုံးကွာတား၌ နှေးကွေး၍ ၈.၉% သာရှိ

(16 Jan 2012 ရက်စွဲပါ BBC News မှ China’s economic growth slows to 8.9% in fourth quarter ကို ဘာသာပြန်ဆိုသည်)

  1. တရုတ်နှင့်ကုန်သွယ်ရေးလိုငွေပြမှု ကန်ဒေါ်လာ သန်း ၄၀၀ ထိရောက်ရှိ

(Monster and Critics မှ 15 Jan 2012 ရက်စွဲပါ Myanmar trade with China hits 400 million dollars ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံကုန်သွယ်ရေးလမ်းကြောင်း မြန်မာဖွင့်လှစ်

(The Nation သတင်းစာမှ 14 Jan 2012 ရက်စွဲပါ Burma opening up to Asean trade links ကို ဘာသာပြန်ဆိုသည်)

*******************************************************************************************************

တရုတ်စီးပွားရေး ကြီးထွားမှုနောက်ဆုံးကွာတား၌ နှေးကွေး၍ ၈.၉% သာရှိ

(16 Jan 2012 ရက်စွဲပါ BBC News မှ China’s economic growth slows to 8.9% in fourth quarter ကို ဘာသာပြန်ဆိုသည်)

ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း အနှေးကွေးဆုံးနှုန်းဖြင့် တိုးတက်ခဲ့ကြောင်း အစိုးရက နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများက ပြသနေသည်။ ပြည်တွင်း အသားတင်ထုတ်လုပ်မှု(GDP)သည် ပြီးခဲ့သော ဒီဇင်ဘာလ ကုန်ဆုံးသော သုံးလပတ်တွင် ယခင်တစ်နှစ်က ထက် ၈.၉% တိုးတက်ခဲ့သည်။ ပြီးခဲ့သည့် လေးလပတ်က ၉.၁% တိုးတက်မှုရှိခဲ့ရာမှ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်လုံး တိုးတက်မှုနှုန်း ၉.၂% ရှိခဲ့ရာ၊ ၂၀၁၀ ခုနှစ်က ၁၀.၃% ထက်ကျဆင်းခဲ့ကြောင်း စာရင်းအင်းဗျူရိုမှ အချက်အလက်များက ပြသ နေသည်။ သုံးသပ်သူများက စီးပွားရေးသည် ယခုနှစ်တွင်လည်း နှေးကွေးဦးမည်ပာု မျှော်မှန်းထားကြောင်း ပြောသည်။ “၂၀၁၂ တစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင် ပထမကွာတားမှာတင် သိသိသာသာနှေးကွေးလာတာ တွေ့ရပါမယ်။ ဘာလို့လဲဆိုတော့ ငွေကြေးဆိုင်ရာတင်းကြပ်မှုတွေရဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်ပါတယ်” ပာု HSBC ပုဂ္ဂလိကဘဏ်မှ အာရှဗျူပာာချမှတ်ရေး အကြီးအကဲ Arjuna Mahendran ကပြောကြားသည်။ “နောက်နှစ်မှာတော့ ပြန်ကောင်းလာပါလိမ့်မယ်” ပာု ၎င်းက ပြောသည်။

ယခင်နှစ်များအတွင်း ငွေကြေးများ ထည့်သွင်းပေးသော လုပ်ဆောင်မှုကို ပြုလုပ်ခဲ့သောကြောင့် ပိုင်ဆိုင်မှုများ ပူဖောင်းကြီးလာမှုကို ဖန်တီး ပေးသလို ဖြစ်ခဲ့ခြင်းကြောင့် တိုးတက်မှုကို အနည်းငယ်နှေးကွေးပြီး ဆက်တိုက်အဆင်ပြေစေမည့် အဆင့်တစ်ခုတွင် ရှိနေစေရန် လုပ်ဆောင်ခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုများတွင် အခြေပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်များတွင် ပူဖောင်းမပေါက်စေရန် ငွေချေးမှုကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး ငွေကြေး ဖြည့်ဆည်းမှုများကို တင်းကြပ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုများတွင် အခြေပစ္စည်းနှင့် ရင်းနှီးမြှုပ်နှံမှုဈေးကွက်များတွင် ပူဖောင်းမပေါက်စေရန် ငွေချေးမှုကို ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီး ငွေကြေးဖြည့်ဆီးမှုများကို တင်းကြပ်ခဲ့သည်။

အင်္ဂါနေ့က အချက်အလက်များက ပြသရာတွင် တရုတ်နိုင်ငံ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင် ၂၀၁၁ ခုနှစ်က ၂၇.၉% စာတိုးတက်ခဲ့ပြီး၊ ဇန်နဝါရီမှ နိုဝင်ဘာအတွင်း နှစ်စဉ် တိုးတက်မှုနှုန်း ၂၉.၉% သာကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်း ဗျူရိုကပြောသည်။ သို့သော် တိုးတက်မှုနှုန်းကို လွှမ်းမိုးသော အချက်မှာ ပြည်တွင်းကိစ္စရပ်များခြင်းမပာုတ်ပေ။ ထည့်သွင်း စဉ်းစားရမည့် ကိစ္စမှာ ဥရောပနှင့် အမေရိကန်မှ မှာယူမှု အားနည်း လာခြင်းကြောင့် ပို့ကုန် ကျဆင်းလာခြင်းကြောင့်လည်း ဖြစ်သည်။

တစ်ပြည်လုံးရှိ စက်ရုံများနှင့် ဝပ်ရှော့များမှ ထုတ်လုပ်မှုသည် ၂၀၁၁ တစ်ခုလုံး ၁၃.၉%သာတိုးတက်ခဲ့ရာ ၂၀၁၀ က ထက်စာလျှင် နှေးကွေးသော နှုန်းထားဖြစ်သည်။ အချို့သုံးသပ်သူများက တရုတ်နိုင်ငံအား ၎င်း၏ တိုးတက်ကြီးထွားမှုမပာာဗျူပာာအား နှေးကွေးသော်လည်း ပိုမို၍ အဆက်မပြတ်တိုးတက်နေမည့် အဆင့်၌ရှိစေရန် မပာာဗျူပာာပြောင်းလဲကျင့်သုံးရန် တောင်းဆိုလျက်ရှိသည်။ “ကြီးထွားလာမှုကို ကြည့်ရင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမှုကြောင့်ပဲဖြစ်နေတာကို တွေ့ရပါမယ်” ပာု Beijing ရှိတက္ကသိုလ်တစ်ခုမှ တွဲဖက်ပါမောက္ခ Patrick Chovanec ကပြောကြားခဲ့သည်။ “သူတို့ပာာ အဆင်မပြတ် တိုးတက်မှုလမ်းကြောင်းကို အာရုံပြုရာမှာ ရင်းနှီးမြှုပ်နှံမှုထက် တရုတ်ပြည်တွင်းက ပြည်တွင်းဈေးကွက်ကို အာရုံပြုရမှာ ဖြစ်ပါတယ်” ပာု ၎င်းကပြောသည်။ တရုတ်အာဏာပိုင်များသည် နိုင်ငံအား ပို့ကုန်ပေါ်တွင် မှီခိုနေမှုကို လျော့ချရန် ပြည်တွင်းစားသုံးမှု တိုးမြှင့်နိုင်ရေးကို ကြိုးပမ်းလျက်ရှိသည်။

******************************************************************************

တရုတ်နှင့်ကုန်သွယ်ရေးလိုငွေပြမှု ကန်ဒေါ်လာ သန်း ၄၀၀ ထိရောက်ရှိ

(Monster and Critics မှ 15 Jan 2012 ရက်စွဲပါ Myanmar trade with China hits 400 million dollars ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့်ကုန်မာအပိုပစ္စည်းများတင်သွင်းမှုနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိလိုငွေပြခဲ့ကြောင်း သတင်းပေးပို့မှုများအရသိရသည်။ မြန်မာနှင့် တရုတ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိရာတွင် မြန်မာမှတရုတ်သို့ တွင်းထွက်ပစ္စည်းများ၊ ရာဘာ၊ အသီးအနှံ၊ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုမှာ ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံခန့်တန်ဖိုးရှိသည်။ တရုတ်ပြည်မှ ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စားသုံးသူကုန်ပစ္စည်းများ တင်သွင်းမှု စုစုပေါင်းမှာ ၂ ဘီလီယံဒေါ်လာတန်ဖိုးရှိကြောင်း The Myanmar Times ဂျာနယ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သောကိန်းဂဏန်းများကို ကိုးကားရေးသားဖော်ပြသည်။

"အပြန်အလှန်ကုန်သွယ်မှုကတော့ ဆက်လက်တိုးမြင့်သွားဦးမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဈေးကွက်က အင်မတန်ကြီးမားတာရယ်၊ မြန်မာ အစိုးရက အနာဂတ်ကာလမှာ နယ်စပ်ကုန်သွယ်ရေးဇုန်တွေကို ကချင်ပြည်နယ်မှာ ဖွင့်လှစ်သွားဖို့စီစဉ်နေတာရယ်ကြောင့်ပါ" ဟု ယင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးကပြောကြားသည်။

တရုတ်နှင့် ကုန်သွယ်ရေးလိုငွေပြမှုသည် ပြည်တွင်းအခြေခံအဆောက်အဦ စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ အတွက် သွင်းကုန်တင်သွင်းမှုများ မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ယမန်နှစ်က မြန်မာနိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၉ ဒဿမ ၆ ဘီလီယံဒေါ်လာထိရှိခဲ့ကြောင်း မြန်မာ့ ရင်းနှီးမြှုပ်နှံရေး ကော်မရှင်၏ အဆိုအရ သိရသည်။

**********************************************************************************

အာဆီယံကုန်သွယ်ရေးလမ်းကြောင်း မြန်မာဖွင့်လှစ်

(The Nation သတင်းစာမှ 14 Jan 2012 ရက်စွဲပါ Burma opening up to Asean trade links ကို ဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေးကုမ္ပဏီမှ Managing Director ဖြစ်သူ Dr Somchet Thinphong သည် Ital-Thai Group ကိုယ်စား မြန်မာနိုင်ငံတွင် ဧရာမအခြေခံ အဆောက်အဦ နှင့် ရင်းနှီးမြှုပ်နှံရေးအစီအစဉ်ကြီးတစ်ခုကို ဦးစီးလုပ်ဆောင်လျက် ရှိသည်။

"လွန်ခဲ့တဲ့ တစ်နှစ်ခန့်လောက်ကတည်းက ကျွန်တောတို့ မြန်မာအစိုးရထံမှ သဘောတူခွင့်ပြုချက် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံက ထားဝယ်ရဲ့ပင်လယ်ကမ်းခြေဘက်မှာ စတုရန်းကီလိုမီတာ ၂၅၀ အထိကြီးမားကျယ်ပြန့်တဲ့ စီမံကိန်းဧရိယာကို ဒီဇိုင်းချပေးခဲ့တယ်။ ထားဝယ် အထူးစီးပွားရေးဇုန်အဖြစ်ပေါ့ဗျာ" ဟု ၎င်းကပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အဆိုပါအထူး စီးပွားရေးဇုန် သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုင်းအဝိုင်း(Asean Economic Community) သာထွက်ပေါ်လာပါက အဆိုပါထားဝယ်စီမံကိန်းကြီးသည် အာဆီယံ အရှေ့-အနောက်စီးပွားရေးစင်္ကြံတွင် အနောက်ဘက်မှ ပူးပေါင်းပါဝင်လာမည် ဖြစ်သည်။ အရှေ့ဘက်တွင်မူ ဗီက်နမ်နိုင်ငံ Quy Nohn စီတီ၊ ကမ္ဘောဒီးယားမှ Siem Reap နှင့် Si Sophon၊ ထိုင်းနိုင်ငံ ဘန်ကောက်၊ ထိုမှတစ်ဆင့် ထားဝယ်သို့ ဆက်သွားမည်ဖြစ်သည်။ တောင်တရုတ်ပင်လယ်(ဗီယက်နမ်) နှင့် အက်ဒမန်ပင်လယ်(မြန်မာ) တို့အကြား ချိတ်ဆက်မှုအဖြစ် လေးနိုင်ငံ ဆက်သွယ်သော အဝေးပြေးလမ်းမကြီးတစ်ခုလည်း ပေါ်ထွန်းလာလိမ့်မည်ဖြစ်၏။ အာဆီယံအသိုင်းအဝိုင်းဟူသည်မှာ ထိုသို့ လမ်းပန်းဆက်သွယ်မှုများ၊ ကုန်စည်ထောက်ပို့မှုများ စသည်ဖြင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများဖြစ်ပေါ်လာရန် ရည်ရွယ်သလို နယ်စပ်ဖြတ်ကျော် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု၊ ဥပဒေနည်းစနစ် အစရှိသည်တို့ပါဝင်သည့် အင်စတီကျူးရှင်းဆိုင်ရာ ချိတ်ဆက်မှုများ ထွက်ပေါ်လာရန် ဦးတည်ထားခြင်း ဖြစ်သည်။ စံတန်ဖိုးသတ်မှတ်ဖန်တီးမှု အကြောင်းအရ အာဆီယံနိုင်ငံတိုင်းအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာများကို မဖြစ်မနေ သတ်မှတ်ပြဋ္ဌာန်း ကြရမည်သာဖြစ်သည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံက ဒီဇိုင်းရေးဆွဲမှုတွင် ထူးချွန်မှုရှိသည် ဆိုပါက ထိုနိုင်ငံအနေဖြင့် ဒီဇိုင်းရေးဆွဲမှုကိုသာ စူးစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင်ထူးချွန်ကောင်းမွန်သည့်နိုင်ငံအနေဖြင့်လည်း ယင်းကိစ္စကိုသာ အာရုံစိုက်လုပ်ကိုင်ရမည် ဖြစ်သည်။

အထူးအရေးကြီးသည့်အချက်မှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းအပြန်အလှန် ကူညီထောက်ပံ့ပေးရေး မဖြစ်မနေပေါ်ထွန်းလာရန်သာ ဖြစ်သည်။ ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်း၏ အခရာကျသောအစိတ်အပိုင်းမှာ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် လိုအပ်သော အခြေခံအဆောက်အဦများ စတင် တည်ဆောက်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ ရေအရင်းအမြစ်များ ထုတ်ဖော်အသုံးပြုနိုင်ရေးပင်ဖြစ်သည်။ ထိုမှတစ်ဆင့် စတီး၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေနံဓာတုတို့နှင့်ပတ်သက်သော စက်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရဇုန်နှင့် ခရီးသွားလုပ်ငန်းများ အစရှိသည်တို့ကို အပိုင်းလိုက် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်သည်။

ယင်းဧရာမစီမံကိန်းကြီးတစ်ခုလုံးအတွက် ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ သို့မဟုတ် ဘတ်ငွေ ၂၄၀ ဘီလီယံဖြစ်သည်။ ထားဝယ်လျှပ်စစ်ဓာတ်အားစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ယခင်က ကျောက်မီးသွေးစွမ်းအင် အသုံးပြုရန်လျာထားခဲ့သော်လည်း မြန်မာအစိုးရက ရေနံသို့မဟုတ် သဘာဝဓာတ်ငွေ့စွမ်းအင်ကို ပြောင်းလဲအသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများ၏ ဆန့်ကျင် ကန့်ကွက်မှုများကြောင့် ဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်၍ ကြည့်မည်ဆိုလျှင်လည်း ယခုအခါ ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခုလုံးက မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အမြင်မှာပြောင်းလဲလာပြီဖြစ်သည်။ မြန်မာပြည်၏ အလားအလာကို မြင်တွေ့နေရပြီဖြစ်ပြီး တံခါးဖွင့်စနစ်ကျင့်သုံးရန် ပြည်သူများက လိုလားလျက်ရှိသည်။ ယခုဆိုလျှင် မြန်မာနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့သည် အပြုသဘောဆောင်လာကြပြီး မြန်မာသို့ သွားရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေကြပြီဖြစ်သည်။

မကြာသေးခင်ကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သွားရောက် လည်ပတ်မှုကြောင့် အခြေအနေများ တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးလိုက်ရာရောက်ခဲ့သည်။ ဟီလာရီ၏ မြန်မာခရီးစဉ်သည် အဓိပ္ပာယ်ပေါင်းများစွာကို ဖော်ကျူးသည်။ လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရေစီနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မည့် ကိစ္စကိုကြည့်လျှင် မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စတင်ဖိတ်ခေါ်မှုပြုသည့် အချက်ပြမှု တစ်ရပ်ဖြစ်သည်ကို တွေ့နိုင်သည်။ ယင်းထားဝယ်စီမံကိန်းကြီးသည် ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံတို့မှ နီးစပ်မှုရှိပြီး နှိုင်းရအကျိုးအမြတ်ရှိသည့် ရင်းနှီးမြှုပ်နှံသူများကို အဓိက ပစ်မှတ်ထားသည်။ ရေနက်ဆိပ်ကမ်းနှင့် အခြေခံအဆောက်အဦများ တည်ဆောက်မှုမှာ လာမည့် ၄ နှစ်တာကာလတွင် ပြီးဆုံးမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခုအချိန်ကတည်းက ထားဝယ်၌ စက်ရုံ၊ အလုပ်ရုံများစတင်ထူထောင်ထားနိုင်ပြီဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှ ထားဝယ်သို့ အကွာအဝေးမှာ ကီလိုမီတာ ၃၅၀ မျှသာရှိသည်။ ထိုင်းအစိုးရ၏ စီမံကိန်းတစ်ခုဖြစ်သော Bang Yai မှ Kanchanaburi၊ ထိုမှတစ်ဆင့် မြန်မာနယ်စပ်သို့ မော်တော်ကားလမ်း ဖောက်လုပ်ရေးမှာလည်း ယင်းဧရာမစီမံကိန်းကြီးအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်သည်။ "ပမာဏအတိုင်းအတာအရပြောမယ်ဆိုရင် ဒီ စတုရန်းကီလိုမီတာ ၂၅၀ ရှိတဲ့ ဧရာမစီမံကိန်းကြီးဟာ ထိုင်းနိုင်ငံအရှေ့ဘက် ပင်လယ်ကမ်းခြေပိုင်းထက် ၁၀ ဆလောက် ကြီးမားပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုလျှင် ထိုင်းနိုင်ငံရဲ့ Laem Chabang ဆိပ်ကမ်းထက် နှစ်ဆလောက်ကြီးမားတယ်။  အဲဒီ Laem Chabang ဆိပ်ကမ်းကနေ ထားဝယ်ကို အဝေးပြေးကားလမ်းမကြီးကနေ ဆက်သွယ်နိုင်တယ်ဆိုတော့ အရင်အိန္ဒိယသမုဒ္ဒရာဘက်ကို ထိုင်းကုန်ပစ္စည်းတွေတင်ပို့တဲ့ သမားရိုးကျပင်လယ်ရေကြောင်းလမ်း ခရီးရှည်ကြီး လိုအပ်တော့မှာမဟုတ်ပါဘူး" ဟု Dr Somchet Thinaphong က ပြောကြားသည်။

********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၇.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်မည်ဟု အမေရိကန်ထုတ်ဖော်

(UPI သတင်းဌာနမှ 16 Jan 2012 ရက်စွဲပါ McConnell: US to review Sanctions ကို ဘာသာပြန်ဆိုသည်)

  1. ဝေဖန်တိုက်ခိုက်သူများစွာအပေါ် မြန်မာနိုင်ငံ ကျော်လွှားအနိုင်ရ

(The Wall Street Journal မှ 16 January 2012 ရက်စွဲပါ “Myanmar wins over more old foes” ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်မည်ဟု အမေရိကန်ထုတ်ဖော်

(UPI သတင်းဌာနမှ 16 Jan 2012 ရက်စွဲပါ McConnell: US to review Sanctions ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို အမေရိကန်ပြည်ထောင်စု ဆီးနိတ်မှ ရီပတ်ဘလီကန်များ၏ ခေါင်းဆောင် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) က ကြိုဆိုလိုက်ပြီး ထပ်မံဖြစ်ပေါ်လာမည့် ပြုပြင်ပြောင်းလဲမှုများသည် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်စေနိုင်မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန် ဦးဆောင်ထောက်ခံခဲ့သူ မစ်ခ်ျ မက်ကော်နဲလ်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် အတွင်း မြို့တော်ဟောင်း ရန်ကုန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် "တိုင်းပြည်သည် စစ်မှန်သောပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး မှန်ကန်သောလမ်းကြောင်းသို့ ဦးတည်လျက်ရှိသည် ဟူသောအချက်ကို ၎င်းယုံကြည်လက်ခံအောင် သူမကပြောဆိုခဲ့ကြောင်း” Kyodo News သတင်းဌာနက ဖော်ပြသည်။

စစ်တပ်ကျောထောက်နောက်ခံအရပ်သားအစိုးရသစ်သည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဖိနှိပ် ချုပ်ခြယ်တတ်သော စစ်အစိုးရထံမှ အာဏာ ရရှိခဲ့သည့်အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးကိုလုပ်ကိုင်လာခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသည် လာမည့်ဧပြီလ ၁ ရက်နေ့၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယင်းရွေးကောက်ပွဲ၌ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအစိုးရက ယခုရက်သတ္တပတ်များအတွင်း နိုင်ငံရေးတွင်ထင်ရှားကျော်ကြားသော အကျဉ်းသားများကိုလည်း လွှတ်ပေးခဲ့သည်။

“ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုရှိ၊ မရှိကို လေ့လာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲပြီးရင် ကျွန်တော်တို့အနေနဲ့ မြန်မာအပေါ်သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဖြစ်မယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ၎င်းက သတင်းထောက်များကိုပြောကြားကြောင်း Kyodo သတင်းဌာနကရေးသားသည်။

လတ်တလော မြန်မာအစိုးရနှင့် ကရင်သူပုန်များအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိမှုကိုလည်း မစ္စတာ မစ်ခ်ျ မက်ကော်နဲလ်က ကြိုဆိုပြီး အလားတူ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရန် လိုအပ်ကြောင်း သတိပေးပြောဆိုသည်။ “အခုလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ တိုးတက်မှုတွေ ဖြစ်လာတာကို ကျွန်တော်တို့တွေ့မြင်လိုပါတယ်” ဟု ၎င်းကပြောကြားသည်။ ထို့ပြင် မိမိအနေဖြင့် ယခု အချိန်သည် မြန်မာနိုင်ငံ၌ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ထားရှိရန် သင့်တော်သည့်အချိန်ဖြစ်သည်ဟူသော နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ အမြင်နှင့် ထပ်တူထပ်မျှရှိကြောင်း ပြောကြားသည်။ မစ္စတာ မစ်ခ်ျ မက်ကော်နဲလ်သည် ဇန်နဝါရီလ ၁၇ ရက်(ယနေ့)တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်သည်။

*******************************************************************************

ဝေဖန်တိုက်ခိုက်သူများစွာအပေါ် မြန်မာနိုင်ငံ ကျော်လွှားအနိုင်ရ

(The Wall Street Journal မှ 16 January 2012 ရက်စွဲပါ “Myanmar wins over more old foes” ကို ဘာသာ ပြန်ဆိုသည်)

သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်သောမူဝါဒများကို နော်ဝေးနိုင်ငံက ရုတ်သိမ်းရန် ပြင်ဆင်ဆောင်ရွက် နေချိန်တွင် မြန်မာနိုင်ငံသို့ လတ်တလော ရောက်ရှိနေသည့် သော့ချက်ကျ အမေရိကန် လွှတ်တော်အမတ်က မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ခံအားပေကြောင်း တနလာင်္နေ့က ထုတ်ဖော်ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားသော Sanctions ဥပဒေများကို နှစ်စဉ်သက်တမ်းတိုးရန် ၂၀၀၃ မှစ၍ ဆော်သြခဲ့သူ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ်သည် ရန်ကုန်မြို့တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ အင်တာနက် ပိတ်ဆို့ထားမှုများ ဖယ်ရှားပေးခြင်း၊ အလုပ်သမားသမဂ္ဂများကို ခွင့်ပြုခြင်း၊ အဓိကအတိုက်အခံပါတီကို တရားဝင်မှတ်ပုံတင်ခွင့်ပြုခြင်းအပါအဝင် ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်များအတွက် လက်ရှိအစိုးရကို ချီးကျူးပြောဆိုခဲ့သည်။

“ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း လုပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ ကိစ္စရပ်များစွာထဲမှာ ကျွန်တော်တို့ မြင်တွေ့ချင်တာ ကတော့ တိုင်းရင်သားလက်နက်ကိုင်အုပ်စုတွေနဲ့ တင်းမာမှုတွေကို ဆက်ပြီး လျှော့ချသွားဖို့နဲ့ ဧပြီ ၁ ရက်မှာ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို တကယ်လွတ်လပ်၊ မျှတစွာ ကျင်းပပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ဆီနိတ်တာက ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ထုတ်ပြန်သည်။

အနောက်နိုင်ငံများက နှစ်ပေါင်းများစွာ ဖိအားပေးပြီးနောက်တွင် မြန်ာမအစိုးရက နိုင်ငံရေးသမား အကျဉ်းသားများစွာကို မကြာသေးမီက လွှတ်ပေးလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံမှု အပြည့်အဝ ပြန်လည်ထူထောင်တော့မည်ဟု သောကြာနေ့က ကြေညာခဲ့သည်။ သို့သော်လည်း အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ထားသော Sanctions များ ရုတ်သိမ်းပေးခြင်းကဲ့သို့ ပိုမိုအရေးပါသော ဖြေလျှော့ပေးမှုများကိုမူ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအား တွေ့မြင်သည်အထိ ဝါရှင်တန်က စဉ်းစားဦးမည်မဟုတ်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ယူဆထားသည်။

အခြားနိုင်ငံများက ဝါရှင်တန်ထက်ပင် ခြေတစ်လှမ်းစောနေကြသည်။ နော်ဝေးနိုင်ငံက ယင်း၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်ထားသော ၁၉၉၀ ခုနှစ်များက မူဝါဒကို ရုတ်သိမ်းတော့မည်ဖြစ်ကြောင်း စနေနေ့က ကြေညာလိုက်ပြီဖြစ်သည်။ ထိုကဲ့သို့ စီးပွားရေးလုပ်ငန်း များစွာကို ဟန့်တားထားသောဥပဒေ ရုတ်သိမ်းပေးခြင်းသည် မြန်မာနိုင်ငံ၏ နောက်ဆုံးပြောင်းလဲမှုများကို သဘောကျသောနိုင်ငံများ ပို၍ ပို၍ များလာသည့် လက္ခဏာပင်ဖြစ်သည်။

သြစတြေးလျနိုင်ငံကလည်း လက်နက်ကုန်သွယ်မှုတားမြစ်ချက်ကို ဆက်လက် ထားရှိသည့်တိုင်အောင် ငွေကြေးဆိုင်ရာနှင့် ခရီးသွားလာခွင့် တားမြစ်ခံထားရသော ပုဂ္ဂိုလ်တစ်ဦးချင်းစာရင်းမှ မြန်မာနိုင်ငံသားများကို ပယ်ဖျက်ပေးတော့မည်ဟု လွန်ခဲ့သော တစ်ပတ်က ကြေညာခဲ့သည်။

နော်ဝေးနိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင် မဟုတ်သော်ငြားလည်း ကျွန်းနှင့်သစ်မာ၊ ကျောက်မျက်ရတနာစသော ကဏ္ဍအချို့ကို တားမြစ်မှု အပါအဝင် လက်နက်ကုန်သွယ်မှုကို တားမြစ်ထားသော အီးယူ Sanctions များကိုမူ လိုက်နာမည်ဟု ဆိုသည်။ ယင်း Sanctions များကို ယခုနှစ်အတွင်း ပြန်လည်သုံးသပ်တော့မည်ဟု မျှော်လင့်ရသည်။

“နော်ဝေးနိုင်ငံရဲ့ မူဝါဒပြောင်းလဲမှုဟာ မြန်မာအစိုးရကို သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ကောင်းကျိုး ပေးမယ်လို့ အချက်ပြလိုက်တာပါ။ ဒီနိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့၊ ဆင်းရဲမှုကို လျှော့ချဖို့အတွက် နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေ ပါတယ်။ လူနေမှုအဆင့်အတန်း ပိုမို ကောင်းမွန်လာတာဟာ ဒီမိုကရေစီ ဆက်လက်ကူပြောင်ရေးကို တွန်းအားပေးပေးဖို့ အထောက်အကူရမှာပါ။ အခုအချိန်က စပြီး နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရောင်းဝယ်၊ မြှုပ်နှံမှု မလုပ်ကြဖို့ တိုက်တွန်းမှာမဟုတ်တော့ပါဘူး” ဟု နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Store က ပြောကြားခဲ့သည်။

Mr. Store ၏ လက်ထောက်က လက်တွေ့ အနေအထားများကို အကဲဖြတ်ရန်အတွက် မြန်မာနိုင်ငံသို့ ယခုလကုန် သွားရောက်ရန် စီစဉ်နေသည်ဟု ပြောကြားသည်။ နော်ဝေတို့၏ မူဝါဒပြောင်းလဲမှုနှင့် နီးစပ်သော ပုဂ္ဂိုလ်က ဆက်လက်၍ “နော်ဝေကုမ္ပဏီများစွာသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြကြောင်း၊ သို့သော်လည်း ဤအချက်က မူဝါဒပြောင်းလဲရေး ဆုံးဖြတ်ချက်ကို တွန်းအားပေးခဲ့ကြခြင်း မဟုတ်ကြောင်း” ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်တွင် ရောက်ရှိခဲ့သော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်)ကလည်း “ပြင်သစ်နှင့် အီးယူတို့အနေဖြင့် မြန်မာ အစိုးရ၏ သိသာထင်ရှားသော တိုးတက်ပြသမှုများကို အပြူသဘောဖြင့် ကောင်းမွန်စွာ ထိထိရောက်ရောက် တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့ပြီး နှစ်နိုင်ငံ ထောက်ပံ့ကူညီမှုကိုလည်း တိုးမြှင့်မည် ဖြစ်ကြောင်း” ကြေညာခဲ့သည်။

မြန်မာနိုင်ငံက အစိုးရရဲ့ လစ်ဘရယ်လမ်းစဉ် ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ ကူးပြောင်းမှု တိုးတက်အရှိန်ရလာချိန်မှာ Sanctions တွေကို တစ်ဆင့်ပြီး တစ်ဆင့် ရုတ်သိမ်းပေးသွားမည်ဟုလည်း အလန်ယု(ပ်) က ပြောကြားခဲ့သည်။ ယခင်က မြန်မာအစိုးရသည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ နယ်စပ်များ အနီး ဒေသများတွင် တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်ခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက် ရှိသည်ဟု စွပ်စွဲခံခဲ့ရသည်။ သို့သော်လည်း အငြင်းပွားဖွယ်ရွေးကောက်ပွဲများ အပြီး မနှစ်က အာဏာရလာသော အရပ်ဖက်အစိုးရသည် အနောက်နိုင်ငံများ တောင်းဆိုထားကြသော ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက် အကောင်အထည်ဖော် ပြသခြင်းဖြင့် အနောက်နိုင်ငံ အစိုးရများအပေါ် ကျော်လွှား အနိုင်ယူပြရန် ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့သည်။ ယခုအခါ လူ့အခွင့်အရေးအုပ်စုအချို့ကပင် မြန်မာအစိုးရအပေါ် တုန့်ပြန်ချီးမြှင့်မှုအချို့ပေးကာ ထောက်ခံကြောင်း ပြောကြားခဲ့ကြပြီ ဖြစ်သည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs