23 Oct, 09
News 4 U, News Desk
ဆယ်စုနှစ်၂ စုမျှ ဆက်ဆံရေးအေးစက်နေခဲ့ပြီးနောက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်သည့်အနေနှင့် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ ထိပ်တန်းသံတမန်တစ်ဦးကို လာမည့်အပတ်တွင် နေပြည်တော်သို့ စေလွှတ်မည်ဖြစ်ပြီး မူဝါဒအသစ်အရ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့်လည်း ထိရောက်စွာ တိုင်ပင်ညှိနှိုင်းမည် ဖြစ်သည်။
ပြန်လည်နွေးထွေး သင့်မြတ်ရေး ကြိုးပမ်းမှုများသည် နှေးကွေး၍ ထိခိုက်မှုများ ရှိနိုင်ကြောင်း ဝါရှင်တန်က စိုးရိမ်ပူပန်သည့်အတွက် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။
၎င်း၏ နေပြည်တော်သို့ အသွားခရီးစဉ်တွင် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်၍ အိန္ဒိယခါင်းဆောင်များနှင့် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံမူဝါဒသစ် ရည်မှန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ ၎င်းသည် ယခင်အပတ်ကလည်း မြန်မာနိုင်ငံအရေးကို ကိုင်တွယ်သူ တရုတ်အစိုးရ ထိပ်တန်းအရာရှိများနှင့် ဘီဂျင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းက အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဖော်ပြရာတွင် မျှတမှုရှိရမည်ဟု ယူဆကြောင်း မိမိတို့ အဆိုပြုထားသော ဆွေးနွေးမှုများကို တရုတ်က အလွန်အမင်း စိတ်ဝင်စားနေကြောင်းနှင့် အမေရိကန်သည် အရှေ့တောင်အာရှဒေသတစ်ခုလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုကို အရှိန်မြှင့်နေသည်ဟု တရုတ်က ယူဆပုံရပြီး ဂရုတစိုက် စောင့်ကြည့်လျက် ရှိသည်ဟု ၎င်းက ပြောပါသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်မည့် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ရေးကိစ္စတွင် တရုတ်နိုင်ငံက သီးသန့် အကူအညီပေးရန် အတိအကျတိုက်တွန်းခဲ့ပြီး အမေရိကန်၏ စေ့စပ်ဆွေးနွေးရေး မူဝါဒသစ်အပေါ် တရုတ်က အပြည့်အဝ ထောက်ခံအားပေးရန် တောင်းဆိုခဲ့သည်ဟု အိမ်ဖြူတော်နိုင်ငံခြား ဆက်ဆံရေးကော်မတီ ကြားနာမှုမတိုင်မီ ၎င်းက ပြောခဲ့သည်။
အချက်အလက် ရှာဖွေရေးမစ်ရှင်အဖြစ် မြန်မာနိုင်ငံသို့ လာမည့်အပတ်တွင် သွားရောက်ရန် ရည်ရွယ်ထားသည်ဟုလည်း သိရှိရသည်။
--
Posted By icypress to Sensible Rumour at 10/27/2009 11:53:00 AM