Transparency Myanmar

transparency.myanmar@gmail.com

(IPS : 15 - 10 - 09)
ဝေဖန်သူများက "အပြောကြီးသောအဖွဲ့" ဟုသတ်မှတ်ခြင်းခံရသည့် ကုလသမဂ္ဂ၏ လက်အောက်ခံ ဒေသတွင်းအဖွဲ့အစည်း UNESCAP သည် အောင်မြင်မှုနည်းပါးသည့် ရလဒ်ကိုသာ အကောင်အထည်ဖော်နိုင်သောကြောင့်၊ သူ့အပေါ်အများက ထားရှိသည့်အမြင်ကို ပြောင်းလဲရန် အတွက် အာရှတွင် အစိုးမရသော မြန်မာအစိုးရနှင့် သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။
ဘန်ကောက်မြို့တွင် ရုံးစိုက်သော Economic and Social Commission for Asia and Pacific (ESCAP) အား မြန်မာစစ်အစိုးရက သူ့အခက်အခဲကြုံတွေ့ရသော စိုက်ပျိုးစီးပွားရေး ကဏ္ဍကို အကူအညီပေးရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသည်။ သက်တမ်း (၆၂)နှစ်ရှိပြီဖြစ်သော ကုလသမဂ္ဂ ၏လက်အောက်ခံအဖွဲ့အစည်းက မြန်မာနိုင်ငံကြွေးမြှီကိစ္စ ပြဿနာကြုံမှုကို ကူညီရန်ကိစ္စသည် သူ့တိုးတက်မှုအတွက် စိန်ခေါ်မှုများဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ESCAP အကြီးအကဲ Nocleen Heyzer က စိုက်ပျိုးရေးမူဝါဒများ၊ ဆန်ဈေးနှုန်းသတ်မှတ်ချက်နှင့် ကျေးလက်ဒေသ ချေးငွေကိစ္စများကို အကူအညီပေးရန် မြန်မာအစိုးရမေတ္တာရပ်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒေသအတွင်းရှိ အခြားသောနိုင်ငံများတွင် အဆိုပါပြဿနာမျိုးကို မည်ကဲ့သို့ ဖြေရှင်းခဲ့ကြောင်းနှင့် စံပြလုပ်ဆောင် မှုများကိုလည်း ဝေမျှအသိပေးရန် တောင်းဆိုခြင်းခံခဲ့ရသည်။
ESCAP နှင့်မြန်မာတို့၏ ကနဦးသဘောတူညီချက်ကို သြဂုတ်လက Heyzer ၏ (၆)ရက် ခရီးစဉ်အတွင်း အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ တောင်းခံမှုတွင် ESCAP ကို တရားဝင်အဆင့်တစ်ခု ကူညီမှုများပေးရန် မြန်မာအစိုးရက ဖိတ်ခေါ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ် ကြောင်းလည်း Heyzer က ပြောကြားခဲ့သည်။ သူမမှာ ကုလသမဂ္ဂ၏အကြီးဆုံးသော လက်အောက်ခံအဖွဲ့အစည်း၏ အကြီးအကဲအဖြစ် လွန်ခဲ့သည့် (၂)နှစ်ကခန့်ထားခြင်းခံခဲ့ရခြင်းဖြစ် သည်။ ကျေးလက်လူထုကို ကူညီပေးရန်အတွက် မြန်မာအစိုးရနှင့် နားလည်ယုံကြည်မှုကို တည်ဆောက်လျက်ရှိကြောင်းသိရှိရသည်။
လျှို့ဝှက်ရန် ဖိနှိပ်ချုပ်ချယ်သော မြန်မာစစ်အစိုးရက ယခုကဲ့သို့သော ကုလသမဂ္ဂထောက် ပံ့မှုကို လက်ခံခြင်းဖြင့် ၎င်းတို့တံခါးဖွင့်လာခြင်းကို ညွှန်ပြလျှက်ရှိပါသည်။ ခရီးစဉ်အတွင်း မိုးစပါး စိုက်ကွက်များဖြင့် စိမ်းစိုနေသော စပါးခင်းများဘေးတွင် လယ်သမားများနှင့်တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့သည်။ အများစုမှာ ကျေးလက်ချေးငွေနည်းပါးမှုကြောင့်နှင့် မြေသြဇာဈေးကြီးမှုကြောင့် ကြွေး တင်နေကြကြောင်း လေ့လာသိရှိခဲ့ရကြောင်းပြောပါသည်။ သူတို့သည် ငွေချေးသူများအပေါ်တွင် များစွာမှီခိုနေရကြောင်းလည်း ပြောခဲ့သည်။
Heyzer က သူမသည် လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးဗိုလ်ချုပ်ဌေးဦးနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းတို့က သေချာစွာနားထောင်ခဲ့ပြီး လက်ရှိကျေးလက်ချေးငွေပေါ်လစီကို ပြောင်းရန်ပင် စဉ်းစားခဲ့ကြကြောင်းပြောသည်။ လယ်သမားများ မည်ကဲ့သို့ ကျေးလက်ချေးငွေကို ရရှိနိုင်ကြောင်းကို ၀န်ကြီးနှင့်ဆွေးနွေးခဲ့ပါသည်။ ၀န်ကြီးနှင့် အခြားသောအရာရှိများသည် အကြံပြု ချက်အသစ်များကို နားထောင်ရန် ဆန္ဒရှိခဲ့သည်။
ESCAP ၏မွန်မြတ်သော ဆန္ဒကို မြန်မာနိုင်ငံတွင်အကောင်အထည်ဖေါ်ရန်အတွက် ကြီးမားသော ပြောင်းလဲမှုလိုအပ်ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမှီက နိုင်ငံခြားသို့ ဆန်တင်ပို့မှုအများဆုံးသောနိုင်ငံ ဖြစ်ခဲ့ပါသည်။ ယနေ့တွင်မူ ယခင်အခြေအနေနှင့် ဆန့်ကျင်လျက် အာဟာရချို့တဲ့မှုက အလွန်ဆိုးဝါးနေပြီး၊ နိုင်ငံလူဦးရေ (၅၇)သန်းရှိသည့် တိုင်းပြည်အတွင်း (၃)ပုံ (၁)ပုံသော ကလေးတို့မှာ အာဟာရချို့တဲ့မှုခံစားနေရကြောင်း၊ ကုလသမဂ္ဂလည်း ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာရှားပါးသောဒေသတစ်ခုအဖြစ် သတ်မှတ်ထား ကြောင်းပြောခဲ့သည်။
ESCAP အတွက် အားမရစရာတစ်ခုမှာ ယုံကြည်စိတ်ချဖွယ်မရှိသော သတင်းအချက် အလက်များကြောင့် နာမည်ဆိုးထွက်သည့်နိုင်ငံတွင် စပါးစိုက်ပျိုးသောဒေသအကျယ်အ၀န်းနှင့် ကြွေးမှီကြောင့် ဒုက္ခရောက်နေသော လယ်သမားအရေအတွက် အတိအကျကိုသိရန်အတွက် ဖြစ်ကြောင်းပြောသည်။ မေလအတွင်းက တိုင်းပြည်၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံတွင်း၌ စပါးပိုလျှံစွာထွက်နေပြီဟု ထုတ်ဖေါ်ပြောခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍတွင် ထူးခြားစွာ တိုးတက်မှုကြောင့် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (F.A.O) က ခန့်မှန်းချေ စပါးစိုက်ဧရိယာ (၇.၈)မီလီယံဟက်တာစိုက် ထားကြောင်း၊ ၂၀၀၃-၂၀၀၄ ခုနှစ်အတွင်းက (၆.၅) မီလီယံဟက်တာရှိခဲ့ကြောင်းပြောခဲ့သည်။ ဆန်ကြိတ်ခွဲမှုသည်လည်း ၂၀၀၃-၂၀၀၄ ခုနှစ်တွင် တန်ချိန်(၃၀.၅) မီလီယံသို့တက်လာပါသည်။ အဆိုပါကိန်းဂဏန်းများသည် တရားဝင်ခန့်မှန်းချက်များဖြစ်ပါသည်။
သြစတြေးလျနိုင်ငံတွင် အခြေပြုသော မြန်မာ့စီးပွားရေးအတွက် လွတ်လပ်သောသုံးသပ်မှု ကို ပြုလုပ်သည့် အကယ်ဒမီ၏သုတေသနအဖွဲ့က အထက်ပါခန့်မှန်းချက်သည် အမှန်တကယ် ပမာဏနှင့် များစွာကွာနေကြောင်း ပြောကြားသည်။ Burma Economic Watch မှ Sean Turnell က အီးမေးအင်တာဗျူးတစ်ခုတွင် FAO, WFP နှင့် လွတ်လပ်သောသုတေသနပြုသူများထံမှ ရရှိသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံရှိလယ်ယာစိုက်ပျိုးရေးအခြေအနေသည် ဆိုးရွားနေကြောင်း၊ မြန်မာစိုက်ပျိုးရေးတိုးတက်နေသည်ဟု ပြောချက်နှင့် လုံးဝကိုက်ညီမှုမရှိ ကြောင်း ပြောကြားပါသည်။
FAO မှ ရရှိထားသော စပါးထွက်ရှိမှုပမာဏသည် စီးပွားရေးအရ ထုတ်လုပ်သောအကြီးစား စိုက်ပျိုးရေးကုမ္ပဏီများ၏ တိုးတက်လာသောပမာဏကို ဖေါ်ပြခြင်းဖြစ်နိုင်ကြောင်း၊ Fiery Dragons စာအုပ်ရေးသားသူစာရေးဆရာကပြောပါသည်။ မြန်မာနိုင်ငံဘဏ်လုပ်ငန်း၊ ငွေချေးသူ များနှင့် အသေးစားငွေချေးလုပ်ငန်းများရှိသော်လည်း အသေးစားမိသားစုလယ်သမားများသည် အခက်အခဲများရှိနေကြောင်းသိရသည်။
အငယ်စားလုပ်ကိုင်မှုလယ်သမားအတွက် ကျေးလက်ချေးငွေမရှိခြင်းသည် ပြဿနာကို ဖြစ်ပေါ်စေပါသည်ဟု Turnell ကပြောခဲ့သည်။ မြန်မာအစိုးရ၏ပေါ်လစီမှာ ကူညီရန်မဟုတ်ဘဲ အခြားသောကိစ္စများအတွက်သာဖြစ်ကြောင်း၊ သူတို့သည် ကျေးလက်ချေးငွေစီမံကိန်းရပ်တန့် သွားစဉ်က မည်သို့မျှလုပ်မပေးပဲ ထိုင်ကြည့်နေခဲ့ကြောင်းပြောပါသည်။
မြန်မာလယ်သမားများ ရင်ဆိုင်နေရသော ကြွေးတင်ခြင်းကိစ္စသည် ဗြိတိန်လူသားချင်း စာနာမှုအေဂျင်စီ Oxfam ၏ ဧပြီလ အစီရင်ခံစာကြောင့် လူသိရှင်ကြားဖြစ်လာပါသည်။ အဆိုပါ အစီရင်ခံစာပါ အချက်အလက်များမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းခံခဲ့ရသည့်ဒေသရှိ လယ်စိုက်ပျိုး သူများအပေါ် အခြေခံထားကြောင်း၊ မုန်တိုင်းသည် စပါးစိုက်ပျိုးသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကို လွန်ခဲ့သည့်နှစ် မေလအတွင်းကတိုက်ခတ်ခဲ့ပြီး လူ ၁၄၀၀၀၀ ခန့်သေဆုံးပြီး၊ လူဦးရေ ၂.၄ သန်းမှာ ဒုက္ခရောက်ခဲ့ပြီး၊ စပါးခင်းများစွာကို ပျက်စီးစေခဲ့ပါသည်။
မြန်မာနိုင်ငံတွင် အဆိုးဝါးဆုံးဖြစ်ခဲ့သော မုန်တိုင်းတိုက်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ် သူ ရာပေါင်းများစွာနှင့် ထောင်ပေါင်းများစွာသော လူတို့သည် ကြွေးများအကြားတွင် နစ်နေပြီး၊ ၎င်းတို့၏ချေးငွေနှင့် စိုက်ထုတ်ငွေအကြွေးသံသရာသည် လယ်ယာကဏ္ဍတွင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ လယ်မစိုက်မှီထဲက ချေးငွေကိုယူပြီးရိတ်သိမ်းပြီးမှ ပြန်ဆပ်ကြလေ့ရှိသည်ဟု Oxfam ၏ နိုင်ငံဒါရိုက်တာ Claire Light က ပြောကြားခဲ့သည်။ ဆိုင်ကလုန်းသည် လယ်များစိုက်ပျိုးပြီးချိန် တွင် တိုက်ခတ်ခဲ့၍ စိုက်ခင်းများအားလုံးပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတ၀ှမ်းလုံးရှိလယ်သမား၏ပြဿနာသည် တိုင်းပြည်တွင် တရားဝင်ကျေးလက် ငွေချေးခြင်းကို ပြုလုပ်သည့်အဖွဲ့တစ်ဖွဲ့သာရှိသောကြောင့် ဖြစ်ပါသည်။ မြန်မာ့စိုက်ပျိုးရေးဘဏ် ဖြစ်သည်။ အဆိုပါဘဏ်သည်လည်း ချေးငွေကို အကန့်အသတ်ပမာဏသာ ထုတ်ချေးပါသည်။
မြန်မာစိုက်ပျိုးရေးဘဏ်ကလယ်သမားများသို့ ထုတ်ချေးသောငွေပမာဏတစ်ဧကလျှင် ၈၀၀၀ ကျပ်နှုန်း (ဒေါ်လာ ၈) မှာ စပါးထုတ်လုပ်ခြင်း ကုန်ကျစရိတ်၏ အစိတ်အပိုင်းလေးတစ်ခု သာဖြစ်နေသည်ဟု Havard တက္ကသိုလ်မှ မြန်မာ့ကျေးလက်စီးပွားကိစ္စကို သုတေသနပြုသူများက ပြောခဲ့သည်။ နွေစပါးတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုစရိတ်သည် တရားဝင်ခန့်မှန်းချက်အရ ကျပ် ၁၈၀၀၀၀ (ဒေါ်လာ ၁၈၀ ခန့်) နှင့် မိုးစပါးအတွက် ကျပ် ၁၃၀,၀၀၀ (ဒေါ်လာ ၁၃၀) ခန့်ရှိပါသည်။
အ၀ယ်ဒိုင်များတွင် အစိုးရက စပါးဝယ်ယူရာတွင် ဈေးနှုန်းထိန်းချုပ်ထားမှုက လယ်သမား များအတွက် အခြားသော ပြဿနာတစ်ခုဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် အစိုးရပေါ်လစီ ဖြင့် စပါးဈေးနိမ့်ကျနေအောင် ပြုလုပ်ခြင်းသည် လယ်သမားများကမူ ထိုစပါးမှရရှိသည့်ဝင်ငွေကို နည်းအောင်လျှို့ဝှက်ထိန်းချုပ်ထားသည်နှင့် တူနေသည်ဟု Havard တက္ကသိုလ်၏ ယခုနှစ်ဦးပိုင်း တွင် ထုတ်ပြန်ခဲ့သော မြန်မာစိုက်ပျိုးစီးပွားရေးသုံးသပ်ချက်တွင် ဖေါ်ပြထားသည်။ မြန်မာ လယ်သမားများသည် အကြွေးနစ်နေသည့်ချေးငွေရရှိပြီး စပါးဈေးများကောင်းစေကာမူ လယ်သမားအများစုသည် ပြဿနာအကြီးအကျယ်တွေ့နေရဦးမည်ဖြစ်ပါသည်။

--
Posted By icypress to Sensible Rumour at 10/22/2009 12:44:00 AM

0 comments:

Post a Comment