online.wsj.com, 26th January 2010
(Jan 19 မှ Kalley Currie ၏ India Can Move the needle on Burma မှ ကောက်နုတ် ဖော်ပြသည်။)
မြန်မာနိုင်ငံတွင် လက်နက်များ တပ်ဆင်နေမှုများသည် မြန်မာနိုင်ငံရှိ အာဏာ ရူးသွပ်သော ဗိုလ်ချုပ်များ၊ ဆိုးသွမ်းသော ဗိုလ်ချုပ်များ၏ အစီအမံ အိပ်မက်များ မဟုတ်ပါ။ တရုတ်တို့၏ သေချာစွာ စီမံထားသော ရွေ့ကွက် ဖြစ်ပြီး၊ တရုတ်က အိန္ဒိယ၏ ရန်ကို ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကို ကြားခံအဖြစ် အသုံးပြုနေခြင်းသာ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဤမျှလောက် ကာကွယ်ရေး၊ တိုက်ခိုက်ရေးတို့အတွက် လက်နက် တပ်ဆင်ရန် အကြောင်းပြချက် မရှိချေ။ အာဆီယံ အိမ်နီးချင်းများ အန္တရာယ်လည်း မရှိပါ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်လည်း ဆိပ်ကမ်း၊ နယ်နမိတ် ပြဿနာ မရှိပါ။ ပြည်တွင်း မငြိမ်သက်မှုများကို အာဏာရှင်ဆန်ဆန် ထိန်းချုပ်ဖို့ ဆိုလျှင် ယခင်ရှိပြီး သာမန် လက်နက်များ ဖြင့် လုံလောက်ပြီ ဖြစ်ပါသည်။
တရုတ်သည် ၁၉၆၀ ခုနှစ် များဆီက အိန္ဒိယ၏ ဟိမဝန္တာ နယ်မြေအတွင်း စတုရန်း မိုင်သန်း ပေါင်းများစွာ နှင့် တိဗက်တို့ကို တရားမဝင် နေရာယူထားမှုဖြင့် မတင်းတိမ်ပဲ အိန္ဒိယကို နယ်စပ်ကိစ္စနှင့် ပတ်သက်၍ မကြာခဏ တူးဆွပါသည်။ တရုတ်သည် အိန္ဒိယ၏ အနောက်မြောက် နယ်မြေမှ Arunachal Pradesh နယ်ကို တောင်းဆိုလျက် ရှိပါသည်။ မြန်မာနိုင်ငံသည် တရုတ်၏ ကျောထောက် နောက်ခံပြုမှုဖြင့် လက်နက်အင်အား တောင့်တင်းပါက၊ အိန္ဒိယသည် ရင်ဆိုင်ရမည့် စစ်မျက်နှာ တစ်ခု တိုးလာမည် ဖြစ်ပါသည်။ ယခုအခါ အိန္ဒိယသည် ၎င်း၏ အရှေ့ဖက် ပြည်နယ်များတွင် Maoist သူပုန် များနှင့် ပြဿနာ ရင်ဆိုင်နေရပါသည်။
အိန္ဒိယ အနေဖြင့် တရုတ်နှင့် မြန်မာနိုင်ငံများကို ယုံကြည်ရလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ချူအင်လိုင်းသည် နေရူး၏ ယုံကြည်မှုနှင့် Pansheel မူများကို လိုက်နာရန် ပျက် ကွက်ခဲ့ပါသည်။ ထိုကတည်းက အိန္ဒိယသည် တရုတ်ကို ယုံကြည်ရသည့် စာရင်းတွင် ပယ်ဖျက်ခဲ့ရ သည်။ သို့သော် အိန္ဒိယ၏ ခေါင်းဆောင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း စစ်ပွဲ ဆန့်ကျင်သူ ဖြစ်သည့် အလျှောက်၊ အိန္ဒိယ ပြည်သူများကို အနာဂတ်အတွက် လုံခြုံရေး စိတ်ချရသည်ဟု သက်သေ ပြရမည့်အစား စကားပြောခြင်း ဖြင့်သာ အချိန်ကုန်နေပါသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.