Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 6th February 2010

          မြန်မာနိုင်ငံ မာတာဘန် (Martaban) ပင်လယ်ကွေ့ရှိ ဓာတ်ငွေ့ တူးစင်သည် ၎င်း၏ တွင်းအသစ်မှ စီးပွားဖြစ် ထုတ်လုပ်မှု စတင်ရန် အဆင်သင့် ဖြစ်လုနီးပါး ရှိနေပြီဟု တရားဝင် မြန်မာ မီဒီယာများ၏ အဆိုအရ သိရှိရပါသည်။

          နိုင်ငံပိုင် New Light of Myanmar သတင်းစာ ဖော်ပြမှုတွင် ဓာတ်ငွေ့ တွင်းသစ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ မပါရှိသော်လည်း မလေးရှား ကုမ္ပဏီသို့ လိုင်စင် ချပေးထားသော M-1 လုပ်ကွက် ဖြစ်နိုင်သည်ဟု စီးပွားရေး အကဲခတ်များက ထင်မြင်ချက် ပေးပါသည်။

          မလေးရှား ကုမ္ပဏီ Rimbunan Petrogas သည် ၂၀၀၈ တွင် M-1 လုပ်ကွက်၌ ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အခြား ကုမ္ပဏီ တစ်ခု စွန့်ခွာသွားသော နေရာကို ရယူခဲ့ခြင်း ဖြစ်သည်။

          အမေရိကန် စွမ်းအင် ဘီလူးကြီး Exxon Mobil ၏ လုပ်ငန်းခွဲ Esso သည် အဆိုပါ နေရာတွင် စီးပွားဖြစ် မထွက်ရှိနိုင်ဟု သတ်မှတ်ပြီး စွန့်ခွာခြင်း မပြုမှီ ရှာဖွေရေးလွန် တူးစက် ၂ ခုဖြင့် ဓာတ်ငွေ့ သိုက်ကို စမ်းသပ်ခဲ့ပြီး ဖြစ်သည်။

          ဓာတ်ငွေ့သိုက် ရှာဖွေ တူးဖော်ခြင်းတွင် Rimbunan Petrogas ၏ လုပ်ဖော်ကိုင်ဘက် IGE သည် စင်ကာပူတွင် လျို့ဝှက် မှတ်ပုံထားသော ကုမ္ပဏီ ဖြစ်၍ အဆိုပါ IGE ကို စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏ သားများ ဖြစ်သည့် နေအောင်နှင့် ပြည်အောင်က ပိုင်ဆိုင်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment