Transparency Myanmar

transparency.myanmar@gmail.com

Financial Times, Palph Atkins and Goff Dyer, 10th February 2010

ယမန်နှစ်က တရုတ်သည် ဂျာမနီကို ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် အများဆုံး ကုန်ပစ္စည်း တင်ပို့သူ အဖြစ် နံပါတ်တစ် နေရာတွင် ရပ်တည်ခဲ့သည်ဟု      ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများ အရသိရသည်။

          ဒီဇင်ဘာလ ကုန်သွယ်မှု ကိန်းဂဏန်းများအရ ဂျာမနီသည် နှစ်စပိုင်း ကမ္ဘာ့ စီးပွားရေး ပျက်ကပ်မှ စ၍ ၂၀၀၉ ခုနှစ်အတွင်း ဥရောပ၏ အကြီးဆုံး စီးပွားရေး ဖြစ်ကြောင်း မီးမောင်းထိုး ပြခဲ့သည်။ သို့သော် ဂျာမနီ၏ ကုန်ပစ္စည်း တင်ပို့မှုသည် ယမန်နှစ်ကနှင့် ယှဉ်လျှင် ၁၈.၄ % ကျဆင်းခဲ့ပြီး၊ ၁၉၅၀ မှစ၍ နှစ်ချင်း နှိုင်းယှဉ်မှုတွင် အများဆုံး ကျဆင်းမှု ဖြစ်ကြောင်း ဖက်ဒရယ် စာရင်းအင်း ဌာနမှ ကိန်းဂဏန်းများအရ သိရှိရသည်။

          ယမန်နှစ်က ဂျာမနီ၏ စုစုပေါင်း ပို့ကုန် တန်ဖိုးသည် ဒေါ်လာ ၁၁၂၁.၃ ဘီလီယံ ရှိခဲ့ရာ တရုတ်၏ ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁၂၀၁.၇ ဘီလီယံ ရှိခဲ့သည်။

          ဂျာမနီ နိုင်ငံတွင်မူ ထိပ်ဆုံးမှ ဖယ်ပေးလိုက်ရသော်လည်း ကြီးကြီးမားမား ပြောဆိုမှုများ မရှိခဲ့ပေ။ တရုတ်ကလည်း ထိုနံပါတ် တစ်နေရာကို ယူရန် ချိန်ရွယ်နေသည်မှာ ကြာပြီ ဖြစ်သည်။ အချို့ နိုင်ငံတကာက ဂျာမနီ အစိုးရအား ပြည်တွင်း စားသုံးမှု တိုးမြှင့်ရေး လုပ်ဆောင်မှု မရှိဟု ဝေဖန်ခြင်းကိုသာ ခံရဖွယ် ရှိသည်။ ဂျာမနီ နိုင်ငံ၏ သွင်းကုန် တန်ဖိုးကလည်း ပို့ကုန်အတိုင်းပင် ကျဆင်းခဲ့ရာ မနှစ်က ၁၇.၂ % ကျဆင်းခဲ့သည်။

          တစ်ချိန်တည်းတွင် ဂျာမနီ အနေဖြင့်မူ မနှစ်က နှစ်ကုန်ပိုင်းတွင် ပို့ကုန်များ အံ့သြဖွယ် ပြန်လည် တိုးတက်လာမှုကြောင့် စိတ်သက်သာရာ ရစေသည်။ ဒီဇင်ဘာလက လေးလ ဆက်တိုက် ပို့ကုန် ပမာဏ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာလကထက် ၃ % တက်လာခဲ့ရာ၊ မေလမှ စ၍ အားကောင်းစွာ ပြန်လည် ထူထောင်လာနိုင်ခြင်း ဖြစ်သည်။

          ပို့ကုန် မြင့်တက်လာသည့် ကိန်းဂဏန်းများသည် ပြီးခဲ့သည့်နှစ် နောက်ဆုံး လေးလပတ် စီးပွားရေး တိုးတက်မှုနှုန်းကို တိုးတက်လာစေသည်။ ပို့ကုန် မြင့်တက်လာမှုသည် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်း ဂျာမနီ စက်မှုလုပ်ငန်းများတွင် အမှာစာများ စိတ်ပျက်ဖွယ် ကျဆင်းခဲ့မှုအား စိတ်သက်သာရာ ရစေသည်။

          ဖရန့်ဖွတ်ရှိ Commerzbank မှ စီးပွားရေး ပညာရှင် Simon Junker က ပြောကြားရာတွင် စီးပွားရေးနှင့် ပတ်သက်၍ မိမိကိုယ် မိမိ ယုံကြည်မှုများ တိုင်းထွာ သိရှိလာရကြောင်း၊ ပိုက်လိုင်း အမှာစာများ ရရှိမှုသည် ဂျာမနီ၏ ပို့ကုန်သည် လာမည့် လများအတွင်း ဆက်လက် တိုးတက်နေဦးမည် ဖြစ်ကြောင်း ဆိုသည်။ သို့သော် ဂရိနှင့် ၎င်း၏ မဟာမိတ် ဥရောပဇုန် အတွင်းရှိ တိုင်းပြည်များတွင် ဖြစ်ပေါ်သော ပြဿနာကြောင့် အစတွင် တွန်းအားပေးမှု နှေးကွေးနိုင်ကြောင်း ပြောသွားသည်။

          ဂျာမနီ၏ ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်သော ဥရောပဇုန်နှင့် အပြင်ဘက် ဆက်စပ်နေသော နိုင်ငံများတွင် မကြာမီက မြင်သာထင်သာ ရှိလာသော ပိုက်လိုင်း ဖွဲ့စည်းပုံ ပြဿနာများသည် ဂျာမနီ၏ ပို့ကုန်လုပ်ငန်း အတက်ဖက် ပြမှုကို အနည်းငယ် ထိခိုက်နိုင်ကြောင်း Junker က ပြောသည်။

          တရုတ်တို့၏ ကုန်ပစ္စည်း တင်ပို့မှုမှာလည်း မနှစ်က ဆိုးရွားစွာ ခံစားခဲ့ရသည်။ ၁၉၇၈ မှ စ၍ ပထမဆုံး အကြိမ်အဖြစ် ပို့ကုန် ၁၆ % ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်း ပို့ကုန် တိုးတက်သည့် လက္ခဏာများ ပြခဲ့ပြီး၊ ဒီဇင်ဘာလတွင် ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်ပါက ၁၇.၇ % တက်လာခဲ့ပြီး၊ ယခု အပတ် အကုန် ကိန်းဂဏန်းများ ထုတ်ပြန်ချိန်တွင် ဇန်နဝါရီလ၌ ၂၀ % တက်လာမည်ဟု ခန့်မှန်းကြသည်။ သို့သော် မသဲကွဲသည့် အချက်မှာ ဥရောပနှင့် အမေရိကန်ရှိ ကုန်သည်များ ပြန်လည် သိုလှောင်မှုကြောင့်လော။ စားသုံးသူများ၏ အမှန်တကယ် ဝယ်ယူမှုကြောင့်လောကိုမူ မသိရှိနိုင်သေးပေ။

          တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေသည် မနှစ်က ၃၄ % ထိ ကျဆင်းခဲ့ပြီး ဒေါ်လာ ၁၉၆ ဘီလီယံသာ ရှိခဲ့ရာ၊ သွင်းကုန် ကျဆင်းမှုမှာ အစိုးရက ငွေများ ထည့်သွင်းမှုကြောင့် နှေးကွေးခဲ့ပါသည်။ သို့သော် အချို့ စီးပွားရေး ပညာရှင်များက ခန့်မှန်းရာတွင် ကမ္ဘာ့ စီးပွားရေး နာလံထူလာမှုနှင့် တရုတ် ရင်းနှီး မြှုပ်နှံမှုများ နှေးကွေးသွားသောကြောင့် ယခုနှစ်တွင် ပိုငွေ ပိုမို ပြနိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment