The Penisulaqatar.com, 11th April 2010
မြန်မာ အစိုးရသည် ၎င်း၏ ပိုင်နက် အတွင်း ပုန်းခိုနေသည့် အိန္ဒိယ အစိုးရ ဆန့်ကျင်သည့် သူပုန်များအား စတင် တိုက်ခိုက်ရန် အတွက် အိန္ဒိယ နိုင်ငံထဲမှ စစ်ရေး အကူအညီ ရရှိရန် ကြိုးစားခဲ့သည်ဟု ထိပ်တန်း သံတမန် တစ်ဦးက ပြောကြားသည်။
"သူပုန်တွေကို ပူးပေါင်း ညှိနှိုင်း တိုက်ခိုက်ဖို့ လိုအပ်တဲ့ စစ်ရေး အကူအညီ ပေးဖို့ အိန္ဒိယ နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယကလည်း စစ်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သဘောတူပါတယ်" ဟု အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကြည်သိန်းက "ကုန်းတွင်းပိတ်မှ လမ်းပွင့်လာမည့် ကင်းစတက် အတွင်းမှ အရှေ့မြောက် အိန္ဒိယ" ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ကဏ္ဍ ပေါင်းစုံ နည်းပညာ နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဘင်္ဂလား ပင်လယ်အော် လှုပ်ရှားမှု အဖွဲ့ BIMSTEC သည် တောင်အာရှ နှင့် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန် နှင့် နီပေါ နိုင်ငံများ အဖွဲ့ဝင် အဖြစ် ပါဝင်သည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
"ကျွန်တော်တို့မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ ပူပန်မှုနဲ့ ဒီပြဿနာကို ဖြေရှင်းချင်တဲ့ စိတ်ကို ကျွန်တော်တို့ နားလည်ပေမယ့် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အိန္ဒိယက ထောက်ပံ့ ကူညီမှသာ စစ်ဆင်ရေး အစီအစဉ်ကို စတင် နိုင်ပါလိမ့်မယ်" ဟု ဦးကြည်သိန်းက ပြောကြားသည်။
သို့ရာတွင် မြန်မာက အိန္ဒိယထံမှ တောင်းဆိုသော စစ်ရေး အကူအညီ အမျိုးအစားကို ထုတ်ဖော် ပြောကြားရန် ၎င်းက ငြင်းဆိုသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.