Transparency Myanmar

transparency.myanmar@gmail.com

AFP, 13th Sept 2010

  တောင်ကိုးရီးယား ကြက်ခြေနီ အဖွဲ့က တနင်္လာနေ့က ပြောကြားရာတွင် ၎င်းသည် ရေဘေးဒဏ် ခံရသော မြောက်ကိုးရီးယားအတွက် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ ဆန်နှင့် ဘိလပ်မြေများ ပို့ပေးမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ လက္ခဏာသည် လပေါင်းများစွာ တင်းမာမှုများ ရှိနေရာမှ နောက်ဆုံး တိုးတက်မှု လက္ခဏာပင် ဖြစ်သည်။

တောင်ကိုးရီးယား ကြက်ခြေနီ အဖွဲ့သည် သောကြာနေ့က မြောက်ကိုးရီးယား ကြက်ခြေနီ အဖွဲ့ဖြင့် ၁၉၅၀-၅၃ စစ်ပွဲ အတွင်း ကတည်းက ကွဲကွာနေသူများ ပြန်လည် တွေ့ဆုံရေးအတွက် စကားပြောခဲ့သည်။

အဆိုပါ အစီအစဉ်ကို ပြန်လည် စတင်ရန် မြောက်ကိုးရီးယားက တစ်ပတ်ခန့်က အကြံပြုခဲ့ခြင်း ဖြစ်သည်။

ယခု ပေးမည့် အကူအညီသည် ဝမ် ၁၀ဘီလျံ (ဒေါ်လာ ၈.၃ သန်း) တန်ဖိုး ရှိပြီး ဆန်တန်ချိန် (၅၀၀၀)၊ ဘိလပ်မြေ တန်ချိန် (၁၀၀၀၀) နှင့် အသင့်စား ခေါက်ဆွဲထုပ် (၃) သန်း ပါဝင်ကြောင်း ကြက်ခြေနီ အကြီးအကဲ Yoo Chong-Ha က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားက ဆောက်လုပ်ရေး ပစ္စည်းများ တောင်းဆိုခဲ့ပြီး၊ စစ်ရေး ကိစ္စတွင် အသုံးပြုမည် ဟု သံသယ ရှိရသည်။

"မြေတူးစက်တွေ တောင်းဆိုတာကတော့ စဉ်းစားကြည့်တယ်၊ ကြက်ခြေနီ မဟုတ်ဘူး၊ အစိုးရ ဖြစ်လိမ့်မယ်'' ဟု Yoo  က ပြောသည်။

ယခု ပေးသည့် ဆန်သည် လူနှစ်သိန်းအား ရက် (၅၀) ကျွေးမွေးနိုင်ပြီး၊ ရေကြီးခဲ့သော တရုတ် နယ်စပ်ရှိ Sinuiji မြို့သို့ တိုက်ရိုက် ပို့ဆောင်ပေးခဲ့သည်ဟု Yoo က ပြောသည်။

ယခု ပေးသော အကူအညီများ အတွက် ငွေကို တောင်ကိုးရီးယား အစိုးရက ကျခံကြောင်း ၎င်းက ပြောသည်။

မတ်လ အတွင်းက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်ကာ ရေတပ်သား ၄၆ ဦး အသက် ဆုံးရှုံးခဲ့ရခြင်းမှာ မြောက်ကိုးရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုးလ်က စွပ်စွဲခဲ့ပြီး နောက်ပိုင်း ၂ နိုင်ငံ ဆက်ဆံရေး အေးစက် တင်းမာ နေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စွပ်စွဲမှုကို ပြုံယမ်းက ငြင်းဆန်ထားသည်။

သို့သော် ပြီးခဲ့သော အပတ်က တောင်ကိုးရီးယား ရေလုပ်သားများကို မြောက်ကိုးရီးယားက ပြန်လွှတ်ပေးခဲ့ပြီး ၂ နိုင်ငံ ပြန်လည် တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ်သစ်များကို ပြုံယမ်းက ကမ်းလှမ်းခဲ့သည်။

ဆိုးလ်က ပေးမည့် ကယ်ဆယ်ရေး အကူအညီသည် လွန်ခဲ့သည့် နှစ်က ရပ်ဆိုင်းသွားခဲ့သော ပြန်လည် ပေါင်းစည်းရေး ဆွေးနွေးပွဲများနှင့် ဆက်စပ်ခြင်း မရှိဟု Yoo  က ဆိုသည်။ အကယ်၍ ၂ ဖက်စလုံး သဘော တူညီမှု ရရှိပါက ဆွေးနွေးပွဲများကို နောက်လ မတိုင်မီ ပြုလုပ်ရန် မျှော်လင့် ထားသည်ဟုလည်း ၎င်းက ပြောကြားသည်။

ကိုးရီးယား ကျွန်းဆွယ် ၂ ပိုင်း ကွဲသွားသည့် ကိုးရီးယား စစ်ပွဲအပြီး မြောက်ဖက်တွင် ကျန်ရစ်ခဲ့သော မိသားစုများနှင့် တွေ့ဆုံလိုသည့် တောင်ကိုးရီးယား ၈ သောင်းခန့်မှာ ၎င်းတို့အနက် နှစ်စဉ် ၄၀၀၀ ခန့် သေဆုံး ကွယ်လွန်လျက် ရှိသည်ဟုလည်း Yoo က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment