yangonchronicle2011 Op-Ed |
၁၃.၃.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် All Inclusive Economics Process
****************************************
ဆောင်းပါးကဏ္ဍ
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် All Inclusive Economics Process
ထက်ခိုင်
(Yangon Times အတွဲ (၂၈) အမှတ် (၅၆၀)မှ ထုတ်ယူဖော်ပြသည်)
နိဒါန်း
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ State of the Union Address တွင် အဓိကအားဖြင့် အပိုင်းကြီး (၂) ပိုင်းခွဲခြားသွားသဖြင့် ယင်းအပိုင်း (၂)ပိုင်း အပေါ် လေ့လာဆန်းစစ်ခြင်းအားဖြင့် Stakeholder များအားလုံး မိမိတို့အလုပ်ကို မိမိတို့ လုပ်ဆောင်နိုင်ကြရန် ရည်ရွယ်သည်။ နံပါတ် (၁) အပိုင်းမှာ All Inclusive Political Process ဖြစ်ပြီး ဒုတိယအပိုင်းမှာ All Inclusive Economic Process ဖြစ်သည်။ နိုင်ငံရေးမျက်နှာစာတွင် အားလုံးပါဝင်ခွင့် ပုံပေါ်လာနေခြင်းမှာ နိုင်ငံတော်မှ ဖန်တီးပေးသော Political Space ဖြစ်ပေါ်လာခြင်း၊ ယင်း Poltical Space တွင် Player အားလုံးထပ်မံ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးခြင်း၊ ကျန်ရှိသည့် Playerများကလည်း ယင်း Space တွင် ကစားနိုင်ရန် လျှောက်လှမ်းလာခြင်းစသည့် Process ကို မြင်တွေ့နိုင်သည်။ ဤနေရာတွင် အရေးကြီးသည်မှာ ဖွင့်ပေးသော Space မှာ မည်ကာမတ္တ Space မဟုတ်ဘဲ Level Play Field ဖြစ်စေရန်၊ Level Play Field ဖြစ် လာတော့မည်ဟု ခံစားနိုင်ကြစေရန် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော နိုင်ငံတော် အပိုင်းမှ အားထုတ်မှုဖြစ်သည်။ (ယင်းအားထုတ်မှုတွင် Player များကို အသိအမှတ်ပြုခြင်း၊ Process တွင်ပါဝင်နိုင်ရန် ကန့်သတ်ချက်များ ဖယ်ရှားပေးခြင်း၊ Processကို ယုံကြည်စေရန်၊ Process အောင်မြင်စေရန် လိုအပ်သလို အလျှော့အတင်း ပြု လုပ်ပေးခြင်း၊ Adjustment တို့ကို ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။
စီးပွားရေးမျက်နှာစာ နောက်ကျကျန်ရစ်ခဲ့ရခြင်း၏ တရားခံ
စူပါပါဝါနိုင်ငံကြီးများအပါအဝင် ပြည်တွင်း၊ ပြည်ပမှ မေးမြန်းနေကြသော စဉ်းစားခန်းဖွင့်၍ Brain Stroming ပြုလုပ်ကာ သဘောထား ထင်မြင် ချက်အမျိုးမျိုး ဖြစ်ပေါ်နေကြသော “နိုင်ငံရေးမျက်နှာစာတွင် ပြုပြင်ပြောင်းလဲမှုများ မြန်နေပြီး စီးပွားရေးမျက်နှာစာတွင် ပြုပြင်ပြောင်းလဲမှုများ မည်သည့် အတွက်ကြောင့် နှေးကွေးနောက်ကျ ကျန်ရစ်ခဲ့ပါသနည်း” ဟူသောမေးခွန်းသည် အထက်ပါမျက်နှာစာနှစ်ခုမှ Process နှစ်ခုကို နှိုင်းယှဉ် စဉ်းစားကြည့် လျှင် ကျေနပ်တန်ဖွယ်ရာ ကောင်းသော အဖြေတစ်ရပ်ရရှိနိုင်မည်ဟု ယူဆမိသည်။
အရှင်းဆုံးအဖြေထုတ်ရလျှင် နိုင်ငံတော်၏ လိုက်လျောမှုသည် အဓိကကျနေသလို ယင်းလိုက်လျောမှုသည် နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပဋိညာဉ်မူဘောင်ဟူ၍ ပြောကြားသွားခြင်းကို သတိပြုမိလျှင် အဓိကဇတ်ဆောင်များ မည်သည့်အတွက်ကြောင့် လက်ခံခဲ့သည်ကို မှန်းဆ ကြည့်နိုင်မည်ဖြစ်သည်။ တစ်ဖန် မြန်မာနိုင်ငံရေးတွင် Key Player များ၏ အရေအတွက် လက်ချိုးရေတွက်၍ ခက်ခဲ့သည့်အပြင် အလွယ်တကူ မြင်တွေ့သိရှိနိုင်ခြင်း မရှိသော Hidden Player များလည်းရှိနေသည်ဟု သဘောရသောကြောင့် ဆုံမှတ်တစ်ခုသို့ ရောက်ရှိနိုင်ရေးသည် အလှမ်းဝေး နေခြင်းပင် ဖြစ်သည်။ အလားတူ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကျသော Rule of the Game မှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ တစ်လွှာ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကတ်လွှာ၊ အသစ်ပြဋ္ဌာန်း/ပြင်ဆင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများက တစ်လွှာ စသည့်အားဖြင့် Regulatory Authority သုံးမျိုးသုံးစားရှိနေပြီး နိုင်ငံရေးနယ်ပယ် ရှင်းလင်းလွယ်ကူမှုမရှိသော အနေအထားကို တွေ့ရှိရသည်။ ဆိုလိုသည်မှာ နိုင်ငံရေးနယ်ပယ်တွင် Rule of the Game မှာ အထင်အရှား ရှင်းလင်းပြတ်သားနေသော်လည်း စီးပွားရေးနယ်ပယ်တွင် ရှင်းလင်း ပြတ်သားမှု မရှိခြင်းကြောင့် မြန်မာ့စီးပွားရေး နောက်ကျနှေးကွေးနေရစ်ခဲ့ခြင်းသာ ဖြစ်သည်။
Player မျိုးစုံ Rule မျိုးစုံ
ဗဟိုဦးစီး စီမံကိန်းစီးပွားရေးစနစ်မှ အသွင်ကူးပြောင်းရခြင်းဖြစ်၍ အတိတ်ကာလ၌ Player အားလုံးပါဝင်ခွင့် ကန့်သတ်ခဲ့သော အနေအထားသည် အထိုင်ပြောင်းသော်လည်း ဟန်ချက်မတည်ငြိမ်သေးသော အခြေအနေသို့ ရောက်ရှိနေချိန် ဖြစ်သည်။ ယနေ့တောင်းဆိုနေသော နိုင်ငံသားတိုင်း အလုပ်လုပ်ပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ တန်းတူရည်တူ ယှဉ်ပြိုင်လုပ်ကိုင်ခွင့် ရရှိရေး အစရှိသည့် Level Play Field သည်လည်း ကောင်း၊ Player အားလုံးပါဝင်နိုင်ခွင့်အတွက်လည်းကောင်း အဓိကဖြစ်သော Rule of the Game ကထိန်းချုပ်ထားသည်ကို မြင်တွေ့နိုင်သည်။ မည်သည့်လုပ်ငန်းများကိုတော့ အမျိုးသားလုံခြုံရေးအရ လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးအရ လည်းကောင်း နိုင်ငံတော်ကသာ လုပ်ကိုင်စေ၊ မည်သည့်လုပ်ငန်းများကိုတော့ ပုဂ္ဂလိကသော် လည်းကောင်း ယှဉ်ပြိုင်လုပ်ကိုင်စေ၊ မည်သည့်လုပ်ငန်း များကိုတော့ ပုဂ္ဂလိကများကသာလုပ်ကိုင်စေ စသည့် တိကျပြတ်သားသော မူဝါဒများလည်း ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် လုပ်ပိုင်ခွင့် မကွဲပြား သေးသည့် စပ်ကူးမပ်ကူး အသွင်ကူးပြောင်းရေးလမ်းခုလတ်ဟု ဆိုနိုင်သည်။ ဤသည်တို့ကို ပိုင်းခြားသတ်မှတ်၍ စည်းပြတ်စေရန် စည်းတားပေးခြင်း သည် မရှိမဖြစ် Rule of the Game ဖြစ်သည်။
လက်ရှိအနေအထားကို အရှင်းဆုံးမြင်အောင်ကြည့်လျှင် Player မျိုးစုံ Rlue မျိုးစုံနှင့် စည်းမပြတ်သေးသော သဘောကို မြင်တွေ့နိုင်မည် ဖြစ်သောကြောင့် တန်းတူအခွင့်အရေးရရှိရေးဟု တောင်းဆိုသည့် Player များက တောင်းဆိုနေကြသလို အကျိုးကျေးဇူး ခံစားနေကြရသူများကလည်း နှိုင်းရအားသာချက်ကို မစွန့်လိုကြပေ။ ယင်းသို့ အကျိုးစီးပွား ကွာခြားနေခြင်းကြောင့် လျှေက်လှမ်းနေသော ဂိမ်း၏စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် သတ်မှတ်ရန် ဝန်လေးနေသူများက တစ်ဖက်၊ တန်းတူအခွင့်အရေးအတွက် ပြင်ဆင်လိုသူများကတစ်ဖက် ကွဲပြားနေခြင်းလည်း ဖြစ်သည်။ ကုန်ထုတ် သတ္တိ တိုးပွားရေးအတွက် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲရေးတွင်လည်း အလားတူဖြစ်နေရာ နိုင်ငံသားတိုင်း၏ ပိုင်ခွင့် (ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်) သည်လည်း ကွာဟချက်များရှိနေသည်သာဖြစ်သည်။
Institutional Capacity
Player မျိုးစုံ Rule မျိုးစုံ စီးပွားရေးအခင်းအကျင်းမှ Player အားလုံးပါဝင်ပြီး တညီတညွှတ်တည်းသော Rule of the Game စီးပွားရေး အခင်းအကျင်းသို့ ကူးပြောင်းရောက်ရှိလာပြီး ယင်းအခင်းအကျင်း ခိုင်မာတည်တံ့ရေးမှာ Rule of the Game ကို သတ်မှတ်ပေးသော Institution များ၏ Capacity ပေါ်တွင် အထူးပင်မူ တည်နေသည်။ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု နောက်ကျနှေးကွေးနေရခြင်း၏ အခြေခံပြဿနာမှာ Institutional Capacity ပြဿနာသာဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ Institutional Capacity ပြဿနာသာ ဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ Institutional Capacityသည် လည်း Player မျိုးစုံ၊ Rlue မျိုးစုံကို လျင်လျင်မြန်မြန် စနစ်တကျ ဖြေရှင်းပေးနိုင် မည်လား၊ မည်မျှအထိ ဝေးဝေး လျှောက်နိုင်သ နည်း၊ ယင်း Institutional Capactity ပိုမိုခိုင်မာအားကောင်းအောင် မည်သို့ဆောင်ရွက်ကြမည်နည်းဟူသော Solution ကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ Civil Society တို့ အချင်းချင်းအကြားရှိ အညမညသေဘာတရားက အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ယင်းတို့အနေဖြင့် Player များဘက်သလို့ ခြုံငုံလေ့လာဆန်းစစ်ပြီး စည်းမျဉ်းများ သတ်မှတ်ပေးရမည်ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး၏ မျှော်မှန်းချက်ဖြစ်သော “၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ LDC ဘဝမှရုန်းထွက်နိုင်ရေး” ဟူသော ပန်းတိုင်သို့ နိုင်ငံတော်ရော နိုင်ငံသားများပါ ပြိုင်တူရောက်နိုင်ရန်မှာ Institutional Capacity ၏ ခြေလှမ်းများပေါ် မူတည်နေသည်။ မြန်မာ့ စီးပွားရေးဦးမော့ရေးဟူသည်မှာ ရေရှည်သဘောသာမက တစ်ခုလုံးပါဝင်နိုင်စေသောသဘောကို ဖော်ဆောင် ကြရာတွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ Civil Society တို့အကြား မည်မျှအထိ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်သနည်း ဟူသောအချက်ပေါ်တွင် မူတည်နေရုံသာမက ယင်း ဒေါက်တိုင်ကြီး သုံးခုမှ စုပေါင်းစွမ်းအား Synergy မည်မျှ အထိ ထုတ်ပေးနိုင်သည်ဟူသော အချက်အပေါ်တွင်လည်း မူတည်နေပေသည်။
မြန်မာ့နိုင်ငံရေးတွင် Plyer များအတွက် Political Space များပေါ်လာအောင် ဖန်တီးပေးနိုင်ပြီး Player များကလည်း ပါဝင်ခွင့်ကို လက်ခံ နိုင်ခဲ့ပြီဖြစ်ရာ မြန်မာ့စီးပွားရေးတွင် Player များအတွက် Economics Space များ ပေါ်လာ အောင် ဖန်တီးပေးနိုင်ပြီး Player များကလည်း ပါဝင်ခွင့်ကို လက်ခံနိုင်ရေးမှာ ကြီးမားလှသော စိန်ခေါ်မှုမဟုတ်ဟူ၍ သဘောရသည်။ ယင်း Institution များ အရေးကြီးသလို ယင်းသို့သတ်မှတ်ပေးလိုက်သော Rule of the Game များမှာလည်း အရေးကြီးသဖြင့် ခိုင်မာသော Institution၊ ခိုင်မာသော Rule of the Game များ ထွက်ပေါ်လာဖို့ အသက်တမျှ အရေးကြီး သည်။ အစိုးရများမည်သို့ ပြောင်းပြောင်း၊ မည်သည့်နိုင်ငံရေးပါတီ က အစိုးရဖွဲ့ဖွဲ့ Institution နှင့် Rule of the Game များ ခိုင်မာတည်တံ့ပြီး နိုင်ငံတကာ၊ ပြည်တွင်း အပြောင်းအလဲများနှင့်အညီ လိုက်လျာညီထွေ တုံ့ပြန်ဖြေရှင်းပေး နိုင်သော Capacity အရှည်တည်တံ့မှသာ နိုင်ငံတော်နှင့် နိုင်ငံသားတို့ ပန်းတိုင်ကို အစဉ်အမြဲရောက်ရှိနိုင်မည် ဖြစ်သည်။ သို့ ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးတွင် All Inclusive Political Process တဖြည်ဖြည်းချင်း ပုံပေါ်လာပြီးသည့်နောက် လက်ရှိအနေအထားတွင် ဈေးကွက်စီးပွားရေး အသွင်ကူးပြောင်းရေးတွင် All Inclusive Economic Process တဖြည်းဖြည်းချင်း ပုံပေါ်လာစေရန်အတွက် Stakeholder အားလုံးက မျက်မှောက်ပြုကြရန်အရေးကြီးကြောင်း အလေးအနက်ထား မေတ္တာ ရပ်ခံ တင်ပြလိုက်ရပေသည်။
********************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.