Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၈.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
  2. အများပိုင်ကုမ္ပဏီများ၏ လုပ်ဆောင်ချက် ပြည်သူမြင်ရန် ချပြရမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံမည်
  2. မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်
  3. အမျိုးသားလွှတ်တော် အာဆီယံဆိုင်ရာ ကော်မတီ ၃ ရပ်ဖွဲ့စည်း

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ဖြစ်သည့် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြင်ဆင်ပြောင်းလဲကောက်ခံမည့် အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ကြေငြာစာများနှင့် ပတ်သက်၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၂ မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

၎င်း ရှင်းလင်းဆွေးနွေးပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်း ရှင်များ၊ ပညာရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတွင် မကြာသေးမီက ပြောင်းလဲပြင်ဆင်ထုတ်ပြန်လိုက်သည့် အခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့မှ စတင်၍ ပြည်တွင်းတွင် ပြောင်းလဲကောက်ခံမည့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်မှသာ စတင်ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွင်း အခွန်အများဆုံး ပေးဆောင်သော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်တို့ စာရင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဧပြီလ ၁ ရက်နေ့စပြီးတော့ အခွန်နှုန်းထားတွေကို ပြင်ဆင်ကောက်ခံတော့မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမယ့် နားမလည်တဲ့ အချက်တွေ တော်တော်များများရှိသေးတယ်။ ခုလို အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပြီးတော့ အခွန်ဆိုင်ရာ ကိစ္စရပ်တွေအတွက် ရှင်းလင်းပေးတယ်ဆိုတော့ လုပ်ငန်းရှင်တွေအတွက် ဝမ်းသားစရာပေါ့”ပာု မြန်မာ့ စီးပွားရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အများပိုင်ကုမ္ပဏီများ၏ လုပ်ဆောင်ချက် ပြည်သူမြင်ရန် ချပြရမည်

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိထားသည့် အများပိုင်ကုမ္ပဏီ ၂၁ ခုအနေဖြင့် ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိ နိုင်စေရန် ထုတ်ဖော်ပြသရမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလို အများပိုင်ကုမ္ပဏီတွေရဲ့ ဆောင်ရွက်ချက်တွေကို ခုလို ပြည်သူတွေအကြား ချပြခိုင်းတာပာာ ပြည်သူတွေ ယုံကြည်မှုရှိစေဖို့နဲ့ လုပ်ကိုင် ဆောင်ရွက်မှု ကျွမ်းကျင်မှုရှိစေဖို့အတွက်ပဲ ရည်ရွယ်ပါတယ်။ ပြီးတော့ အများပိုင်ကုမ္ပဏီ ထူထောင်ခွင့်ဆိုင်ရ အချက်အလက်တွေမှာလည်း ပြည်သူတွေကို လုပ်ငန်းစဉ် ချပြရမယ်ဆိုတဲ့အချက်ပါပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်တွင်း၌ လုပ်ကိုင်ခွင့်ရရှိသည့် အများပိုင်ကုမ္ပဏီများအနေဖြင့် လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိနိုင်စေရန် လုပ်ဆောင်ရာတွင် နိုင်ငံပိုင် သတင်းစာ၊ ဂျာနယ်နှင့် သက်ဆိုင်ရာမီဒီယာပေါ်များမှ တစ်ဆင့် ဆောင်ရွက်သွား ရ မည်ဖြစ်ပြီး အများပိုင်ကုမ္ပဏီထူထောင်ရာတွင် မတည်ငွေ ၅၀၀ ဖြင့် အစုရှင် ခုနှစ်ယောက်စုပေါင်းကာ တည်ထောင်၍ ရေရှည် လုပ်ကိုင်နိုင်မည့် လုပ်ငန်းများဖြစ်ရမည်ဖြစ်ကြောင်း မူဝါဒများ ချမှတ်ခဲ့သည်။

“တခြားနိုင်ငံတွေမှာ အများပိုင်ကုမ္ပဏီတွေကို ပြည်သူတွေ ယုံကြည်မှုအားနည်းတဲ့အတွက် အောင်မြင်မှု မရခဲ့ပါဘူး။ ဒါ့ကြောင့် အများပိုင် ကုမ္ပဏီတွေ အောင်မြင်နိုင်မယ့်နည်းလမ်းတွေကို သေသေချာချာ နည်းစနစ်ကျကျနဲ့ လုပ်ဆောင်ရလေ့ ရှိပါတယ်”ပာု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စတင်၍ ရပ်နားထားသည့် အများပိုင်ကုမ္ပဏီ ထူထောင်ခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Ref:Popular News

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၂၀၁၂ မတ်လ ၂၉ ရက်နေ့တွင်ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုတွေ့ဆုံမယ့် တွေ့ဆုံပွဲကို နေပြည်တော်က တာဝန်ခံ ဒေါက်တာမြင့်ကြည် လာမယ့်လို့ ကြားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီးတော့ ဆွေးနွေးစရာလေးတွေလည်းရှိပါတယ်။ တင်ပြစရာလေးတွေလည်း ရှိပါတယ်။”ပာု ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတမှုရှိစေရေးအတွက် အဓိကတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတမှုရှိရှိနဲ့ လုပ်ဆောင်ပေးသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ကတိပေးထားတာပဲ။ သူတို့ကတိ အတိုင်း တကယ်လုပ်၊ မလုပ်ဆိုတာကတော့ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းကျမှ သိရမှာပဲ။ အရင် ၂၀၁၀ ရွေးကောက်ပွဲ မဲခိုးတာတွေ၊ မသမာမှု ကျူးလွန်တာ တွေဆိုရင်တော့ ဘယ်လိုမှကို သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်မှာ မပာုတ်တော့ဘူး”ပာု ၂၀၁၀ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ် မဲဆန္ဒနယ် (၄၈) နေရာရှိပြီး ၎င်း လစ်လပ်မဲဆန္ဒနယ်များ၌ နိုင်ငံရေးပါတီ (၁၇) ခုမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ သတင်းထုတ်ပြန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်မှ ၂၀၁၂ မတ်လ ၂၇ ရက်နေ့ ရက်နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အား ဖျက်သိမ်းခြင်းမပာုတ်ကြောင်း သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၂) ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ယခုကဲ့သို့ သတင်းထုတ်ပြန်ကြေညာရခြင်းမှာ ၂၀၁၂ မတ်လ ၁၆ ရက် နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ဗပိာုအဖွဲ့အစည်း၌ ထည့်သွင်းထားခြင်းနှင့် ရသုံးမှန်း ခြေငွေစာရင်းတွင် အသုံးစရိတ်ထည့်ထားခြင်းကို ပယ်ဖျက်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းများမှာ ပြည်တွင်းပြည်ပနှင့် ပြည်သူလူထုထံသို့ ပျံ့နှံ့သွားပြီး အမျိုးသား လူ့အခွင့်အရေုးကော်မရှင် ကို ဖျက်သိမ်းလိုက်သည်ပာူသော ယူဆချက်များ ရှိနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

                မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားမူလအခွင့်အရေးများ မြှင့်တင် ရေးနှင့် ကာကွယ်ရေးတို့ကိုဆောင်ရွက်ရန်၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသား များ၏ လူ့အခွင့်အရေးများ တိုးတက်ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရာတွင် အသွင်သဏ္ဍာန်နှင့် အနှစ်သာရပါ ပြည့်ဝစေရန် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြခဲ့သည်။

ထို့ပြင် လက်ရှိအချိန်ထိတိုင် မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ခြင်း မရှိသည့် အပြင် နိုင်ငံသမ္မတမှ ဖွဲ့စည်းထားသော အုပ်ချုပ်မှုအာဏာရအဖွဲ့အစည်းဖြစ်သည့်အတွက် ဗပိာုအဖွဲ့အစည်းတွင် အကျုံးမဝင်၍ ဘတ်ဂျက် (ရသုံးမှန်းခြေ) ငွေစာရင်း အသုံးစရိတ်တွင် ထည့်သွင်းထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်ခြင်းတို့ကို ပျက်ပြယ်ခြင်း မရှိ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ရေရှည် ဆောင် ရွက်သွားမည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အပြင် အစိုးရအဖွဲ့၏ ထိန်းချုပ်မှုများမှကင်းလွတ်ပြီး သီးခြားရပ်တည်မည့် အဖွဲ့တစ်ဖွဲ့ဖြစ်လာနိုင်စေရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန်လိုအပ်ပြီး Paris Principles အရ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အား သက်ဆိုင်ရာအစိုးရက လုံလောက်သော ဘဏ္ဍာငွေများ ထောက်ပံ့ ရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားလွှတ်တော် အာဆီယံဆိုင်ရာ ကော်မတီ ၃ ရပ်ဖွဲ့စည်း

နေပြည်တော်ရှိ အမျိုးသားလွှတ်တော်တွင် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နီုင်ရန် အာဆီယံဆိုင်ရာ ကော်မတီ ၃ ရပ်ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း ၂၀၁၂ မတ်လ ၂၀၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်၌ ယခုဖွဲ့စည်းလိုက်သည့် အမျိုးသားလွှတ်တော် အာဆီယံဆိုင်ရာ ကော်မတီ ၃ ရပ်မှာ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ ကော်မတီ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ ကော်မတီနှင့် အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ကော်မတီတို့ ဖြစ်ကြောင်း သိရသည်။

“လာမည့် ၂၀၁၄ မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ကို ယူရတော့မှာပါ။ဒီတော့ အာဆီယံနိုင်ငံဆိုင်ရာ ကိစ္စတွေအတွက် ခုကတည်းက ကြိုတင်ပြင်ဆင်သင့်နေပါပြီ။ အခုလို အမျိုးသားလွှတ်တော်မှာ အာဆီယံဆိုင်ရာ ကော်မတီကို ဖွဲ့စည်းလိုက်တာကလဲ လာမည့် အာဆီယံဥက္ကဋ္ဌနေရာ အတွက် ကြိုတင်ပြင်ဆင်တာပါ”ပာု လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

အမျိုးသားလွှတ်တော်၏ အာဆီယံဆိုင်ရာ ကော်မတီ ၃ ရပ်တွင် ဥက္ကဋ္ဌများအဖြစ် ဦးညွှန့်တင်၊ ဒေါက်တာ မြင့်ကြည်နှင့် ဦးဝင်းမောင်တို့ကို ခန့်အပ် ခဲ့ပြီး အာဆီယံဆိုင်ရာ ကော်မတီများ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ မတ်လ ၂၂ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ သတ္တုနှင့် သယံဇာတရေးရာကော်မတီကို အမျိုး သားလွှတ်တော်(ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်-၉ မှ ကိုယ်စားလှယ်) ဦးနေဝင်းမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။အမျိုးသားလွှတ်တော်၏ ယခင်ဖွဲ့စည်းခဲ့သည့် အမျိုးသားလွှတ်တော် ကော်မတီ (၁၀) ရပ်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကော်မတီ ၁၀ ရပ်၏ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ဥက္ကဋ္ဌများမှာ လွှတ်တော် အခွင့်အရေး ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဦးမြငြိမ်း အား လည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးမောင်အား လည်းကောင်း၊ အမျိုးသား စီမံကိန်းရေးရာကော်မတီ၌  ဥက္ကဋ္ဌအဖြစ် ဦးဇော်မြင့်ဖေအားလည်းကောင်း၊ ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဦးစံထွန်းအားလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒေါ်နန်းနီနီအေးအားလည်း ကောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒေါက်တာခင်ရွှေအားလည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် ဆိုင်ရာကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ပါမောက္ခ ဒေါက်တာမြဦးအားလည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးရာကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး မောင်မောင် ထူးအားလည်းကောင်း၊ တောင်သူလယ်သမားနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒေါက်တာမြင့်ကြည်အား လည်းကောင်း၊ အစိုးရမပာုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဦးဝင်းနောင်အားလည်းကောင်း ပြင်ဆင်ခန့်အပ်ခဲ့ကြောင်း သိရ သည်။

Ref:7Day News

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 “တရားစီရင်ရေးပိုင်းကတော့ ဘာမှကို သိပ်အပြောင်းအလဲမရှိသေးဘူးလို့ ထင်ပါတယ်။ ဒါတွေကို တဖြည်းဖြည်း ပြော်းလဲလာအောင် လုပ်ဖို့ကတော့ လွှတ်တော်ကပဲ အဓိကအားဖြင့် တွန်းအားပေးရမယ်ထင်ပါတယ်။ တရားစီရင်ရေးမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် နည်းလမ်းတွေရှာကြရမယ်။ စနစ် သစ်တွေ ကျင့်သုံးနိုင်အောင် လွှတ်တော်က ဥပဒေတွေ၊ လုပ်ထုံး လုပ်ငန်းတွေပြုစုပြဋ္ဌာန်းကြရလိမ့်မယ်ထင်ပါတယ်”

မတ် ၂၈ ထုတ် Weekly ELEVEN NEWS အတွဲ (၁၇) အမှတ် (၂၆) တွင်ပါသည့် “အစိုးရသစ်၏ တစ်နှစ်တာ ကလာအတွင်း မဏ္ဍိုင်ကြီး လေးရပ် ၏ ပြောင်းလဲတိုးတက်မှု အခြေအနေ၌ တရားစီရင်ရေးမဏ္ဍိုင်သည် အနှေးကွေးဆုံးဖြစ်နေသည်ဟု Eleven Media Group ၏ စစ်တမ်းက ဖော်ပြနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်များကလည်း အလားတူ သုံးသပ်” သတင်းဆောင်းပါးမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“စည်ပင်ဝန်ထမ်းတွေ သုံးလ တစ်ကြိမ်လာကောက်ပါတယ်။ အစိုးရဝန်ထမ်းတွေက စာရွက်စာတမ်းနဲ့အတူ လာကောက် တာဆိုတော့လည်း ကျွန်တော်တို့ အနေနဲ့ ငြင်းခွင့်မရှိပါဘူး။ ဘာအတွက်ကြောင့် ကောက်ခံရတယ်ဆိုပြီး ရှင်းပြရင်တော့ အစိုးရနဲ့ ပြည်သူကြားမှာပိုအဆင်ပြေနိုင်ပါလိမ့်မယ်”

မတ် ၂၉ ထုတ် Popular News အတွဲ (၄) အမှတ် (၁၃) တွင်ပါသည့် “မြို့ပြဖွံ့ဖြိုးရေးအတွက် အထွေထွေအခွန် ကောက်ခံခြင်းဟုဆို” သတင်းမှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်နေ အမျိုးသားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“လုပ်ငန်းစဉ်တွေကို ပြန်ချပြရမယ်ဆိုတာတော့ မဟုတ်သေးဘူး။ အများပိုင်ကုမ္ပဏီကို ခွင့်ပြုပေးထားပြီး နှစ်စဉ် အခွန်ဆောင်နေတဲ့အတွက်ပြန်ပြီး မှတ်ပုံတင်ရတာတို့၊ လုပ်ငန်းစဉ်တွေ ချပြတာတို့၊ သက်တမ်းတိုးတာ တို့တွေကို စင်ကာပူမှာ တောင် မလုပ်ရဘူး”

မတ် ၂၉ ထုတ် Popular News အတွဲ (၄) အမှတ် (၁၃) တွင်ပါသည့် “အများပိုင်ကုမ္ပဏီများ၏ လုပ်ငန်းစဉ် ပြည်သူ မြင်အောင် ထုတ်ဖော်ရ တော့မည်” သတင်းမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment