Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၆.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာပြည်မှထွက်ပြေးသူ ဒုက္ခသည်များအား လက်သင့်ခံပေးရန် အာရှနိုင်ငံများကို UNHCR တိုက်တွန်းပြောဆို

(13 Nov 2012 ရက်စွဲပါ ANN မှ UN asks Asia States to Accept Burma Refugees ကိုဘာသာ ပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

 မြန်မာပြည်မှထွက်ပြေးသူ ဒုက္ခသည်များအား လက်သင့်ခံပေးရန် အာရှနိုင်ငံများကို UNHCR တိုက်တွန်းပြောဆို

(13 Nov 2012 ရက်စွဲပါ ANN မှ UN asks Asia States to Accept Burma Refugees ကိုဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများအတွက်နယ်စပ်ဝင်ပေါက်များကို ဖွင့်လှစ်ပေးထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများကို တိုက်တွန်းပြောကြားသည်။

မကြာသေးခင်က မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာမွတ်စလင်များပါဝင်သည့် လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိကြောင်း UNHCR ကဆိုသည်။

သတင်းများအရ လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်က ဘင်္ဂလားပင်လယ်အော်တွင် လူ ၂၄၀ ခန့် တင်ဆောင်လာသည့် လှေတစ်စီး နစ်မြုပ်ခဲ့ကြောင်း၊ လှေပေါ်တွင်လိုက်ပါလာသူများထဲတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်စလင်များလည်းပါဝင်ကြောင်းသိရသည်။

UNHCR မှပြောရေးဆိုခွင့်ရှိသူ Melissa Fleming က "နစ်မြုပ်သွားသော လှေနှစ်စင်းမှ လူပေါင်း ၄၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ရေတပ် ကင်းလှည့်တပ်ဖွဲ့နှင့် ငါးဖမ်းသမားများက ကယ်ဆယ်နိုင်ခဲ့ကြောင်း" ပြောကြားသည်။

"ရေပေါ်မှာ အလောင်းတွေ ပေါလောပေါ်နေတာကို တွေ့ခဲ့ကြတယ်။ အဲဒါကြောင့် ကျန်ရှိတဲ့ လူပေါင်း ၂၀၀ လောက်ရဲ့ကံကြမ္မာ ကောင်းမွန်နိုင်မယ်လို့ ကျွန်မတို့မထင်မိပါဘူး။ ဒီဖြစ်ရပ်နှစ်ခုက ဘာကိုအချက်ပေးနေသလဲဆိုရင် ဘင်္ဂလားပင်လယ်အော်တွင်း လှေတွေ၊ သင်္ဘောတွေသွားလာမှုနဲ့ပတ်သက်ပြီး စတင်သတိထားရမယ်ဆိုတာကိုပါ။ နိုင်ငံခိုလှုံခွင့်ရဖို့ကြိုးပမ်းသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းရွှေ့ပြည်သူတွေ အရှေ့တောင်အာရှဒေသနိုင်ငံတွေမှာ လုံခြုံမှုရှိတဲ့ ခိုလှုံရာရရှိရေးဆိုတဲ့မျှော်လင့်ချက်ကြောင့် ငါးဖမ်းလှေတွေပေါ်မှာ သူတို့အသက်ကိုစတေးပြီး သွားလာကြတဲ့အချိန်တွေမှာဖြစ်တာပါ" ဟု ၎င်းကပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ အောက်တိုဘာလမှ ၂၀၁၂ မတ်လအကြား ရေကြောင်းသွားလာရေးရာသီတွင် ဘင်္ဂလား ပင်လယ်အော်ကိုဖြတ်သန်းထွက်ပြေးသူ(မြန်မာနိုင်ငံမှ) ၇၀၀၀ မှ ၈၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ လက်ရှိအနေအထားတွင် ရခိုင်ဗုဒ္ဓဘာသာ ဝင်များနှင့် မွတ်စလင်ရိုဟင်ဂျာများအကြား တင်းမာမှုပိုမိုမြင့်တက်လာသည်ဖြစ်ရာ ဘင်္ဂလားပင်လယ်အော်ဒေသမှတစ်ဆင့် အလားတူ လှေဖြင့် ထွက်ပြေးတိမ်းရှောင်မည့်သူဦးရေပိုမိုများပြားလာနိုင်ကြောင်း UNHCR ကခန့်မှန်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လကစတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် လူပေါင်း ဒါဇင်နှင့်သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အိမ်ခြေထောင်ပေါင်းများစွာပျက်စီးဆုံးရှုံးပြီး လူပေါင်းတစ်သိန်းကျော် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

UNHCR မှ ပြောရေးဆိုခွင့်ရှိသူ Melissa Fleming က ရိုဟင်ဂျာများအနေဖြင့် ဖိနှိပ်ခံရခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ကြောက်ရွံ့ထိတ်လန့် ခြင်းအစရှိသည်တို့ကြောင့် ဘင်္ဂလားပင်လယ်အော်ကို အသက်စွန့်၍ဖြတ်သန်းကာ ထွက်ပြေးကြမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

“မြန်မာအစိုးရအနေနဲ့ အဓိကပြဿနာအချို့ကို အရေးတယူဆောင်ရွက်ပေးဖို့ ကျွန်မတို့တိုက်တွန်းထားပါတယ်။ ဘယ်လိုပြဿနာလဲဆိုတော့ ပြည်သူတွေ ထွက်ပြေးပြောင်းရွှေ့အောင် ဖိအားပေးမယ့်ပြဿနာမျိုးတွေပါ” ဟု ၎င်းကဆိုသည်။

“ဒီအရေးကိစ္စတွေဟာ နိုင်ငံသားဖြစ်ခွင့်ပြဿနာ၊ နိုင်ငံမဲ့ပြဿနာ စတာတွေနဲ့ ချိတ်ဆက်နေပါတယ်။ အခြေအနေက ပြန်ပြီး အေးဆေးလာပေမယ့် နည်းနည်းလေးမှအထိမခံနိုင်တဲ့အနေအထားမှာရှိပါတယ်။ တင်းမာမှုတွေကတော့ဆက်လက်ကျန်ရှိနေပါတယ်။ နောက်ထပ်တစ်ခါ

ဆူပူအုံကြွမှုကြီးထပ်ဖြစ်ဦးမလားဆိုတဲ့ စိုးရွံ့ထိတ်လန့်မှုတွေလည်း ရှိနေပါတယ်”

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment