(The Irrawaddy : 26 - 10 - 2009)
အသက်(၄၂)နှစ်ရှိပြီဖြစ်သော အေးကြူသည် သူမတင်ရှိနေသောအကြွေးကိစ္စအကြောင်း ပြောရန်စကားပင်မထွက်တော့။ "အကြွေးရှင်ကနေ့တိုင်း ကျွန်မနောက်ကိုလိုက်ပြီး သူ့ရဲ့အကြွေး ကို အမြန်ပြန်ဆပ်ဖို့ပြောနေပါတယ်၊ ဒါပေမယ့် အလုပ်မရှိပဲနဲ့ ကျွန်မဘယ်လိုလုပ်ကြွေးဆပ်နိုင် မှာလဲ" ဟု ကလေး(၂)ယောက်အမေ မအေးကြူကပြောသည်။
အေးကြူသည် သူမ၏မိသားစုနှင့်အတူ ယာယီထိုးထားသောတဲတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက နေခဲ့ပါသည်။ မုန်တိုင်းက သူမရဲ့နေအိမ်ကိုဖျက်ဆီးခဲ့သည်။ ဘိုကလေးမှ မော်တော်ဘုတ်ဖြင့် မိနစ်(၁၅၀)ခန့် သွားရသောမုန်တိုင်းဒဏ်ကို အဆိုးဆုံးခံရသည်။ စက်ဆန်းကျေးရွာသည် ဧရာဝတီမြစ်ဝ၏ ထိပ်တွင် ရှိပါသည်။
ဧပြီလအတွင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့နယ်ရှိ ဘားကွင်းများတွင် ဆားထုတ်ယူခဲ့ကြသည်။ အလုပ်သမားများသည် ၎င်းတို့၏မိသားစုရှင်သန်ရပ်တည်ရေးအတွက် ပိုက်ဆံချေးရန် ဆန်ဝယ်ခဲ့ရသည်။
နာဂစ်မုန်တိုင်း မတိုင်မီက အေးကြူနှင့် သူမ၏ခင်ပွန်းတို့သည် အနီးနားရှိရွာများရှိ လယ်သမားများ၏ လယ်များတွင် နေ့စားအလုပ်သမားအဖြစ် ပုံမှန်အလုပ်ရှိခဲ့ပါသည်။ မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းတွင် အလုပ်ရရှိနိုင်မှု နည်းပါးသွားသောကြောင့် အေးကြူနှင့် သူမ၏ခင်ပွန်း တို့သည် တစ်လလျှင် (၂၅)ရာခိုင်နှုန်း အတိုးဖြင့် ငွေချေးခဲ့ကြရသည်။ အိမ်တအိမ်၏ လစဉ်အိမ်သုံးစရိတ် ဒေါ်လာ (၅၀)ခန့်ကျနေသည့် ကာလတွင် သူမ၏ မိသားစုမှာ ဒေါ်လာ (၃၀)ခန့်သာ ၀င်ငွေရှိပါသည်။ "ကျွန်မတို့မှာ ကြွေးယူဖို့ကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး၊ ကလေးတွေအတွက် ဆန် ၀ယ်ရပါတယ်" ဟုပြောသည်။ သူမသည် ဒေါ်လာ (၄၀၀)ခန့်နှင့် ညီမျှသော အကြွေးတင်နေပြီဖြစ် ကြောင်းလည်း ပြောပြသည်။
မုန်တိုင်း တိုက်ခတ်ပြီးခဲ့သည်မှာ (၁၈)လခန့် ရှိခဲ့ပြီ ဖြစ်သော်လည်း၊ ဆိုင်ကလုန်းဒဏ်ခံရ သော မြစ်ဝကျွန်းပေါ်ရှိ ထောင်ပေါင်းများစွာသော အိမ်ထောင်စုများမှာ အကြွေးနွံထဲသို့နစ်မြှုပ်နေ ရပါသည်။ အလုပ်ရနိုင်မှု အခြေအနေလည်း ပိုပြီးနည်းလာသည်။
ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် လွန်ခဲ့သည့်နှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူ (၁၄၀,၀၀၀)ခန့်သေဆုံးခဲ့ရပြီး၊ လူ (၂) သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး၊ ထောင်ပေါင်းများစွာ လူတို့သည် စားဝတ်နေရေးအခက်အခဲများ တွေ့ကြုံခဲ့ရသည်။ မုန်တိုင်း အပြင်းထန်ဆုံး ဖြစ်သည့် ဒေသများတွင် အဓိကစီးပွားရေး လုပ်ငန်းကြီး (၂)ခုဖြစ်သည့် စိုက်ပျိုးရေး နှင့် ရေလုပ်ငန်းများမှာလည်း ပျက်စီးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရက ထောက်ပံ့မှုများ ပေးခဲ့သော်လည်း အဆိုပါ စီးပွားရေးလုပ်ငန်း (၂)ခုလုံးမှာ အပြည့်အ၀ ပြန်လည်နလံ ထူနိုင်ခြင်း မရှိခဲ့ပေ။ ငါးဖမ်းလှေ များနှင့် လယ်လုပ်ငန်းအပေါ် မှီခိုနေရသော နေ့စားအလုပ်သမား အများစုမှာ ငွေချေးမှု ပြုလုပ်လာ ရသည်။ သူတို့၏ချေးငွေကို ဆန်ဝယ်ယူဖို့အတွက် ဖြစ်ကြောင်း အများစုကပြောသည်။
Rapid Food Security Assessment ၏ ပြောကြားချက်အရ အများစုဖြစ်သည့် (၈၃) ရာခိုင်နှုန်းသော နမူနာ နေအိမ်များတွင် နေထိုင်သူများသည် အစားအသောက် ၀ယ်ရန်အတွက် ငွေချေးနေရကြောင်း သိရပါသည်။ အတိုးနှုန်းမှလည်း တနေရာနှင့် တနေရာမတူပေ။ တချို့က အတိုး ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိသော်လည်း၊ အချို့က ၂၅ မှ ၅၀ ရာခိုင်နှုန်းအထိ ချေးငှားသူ၏ အခြေအနေပေါ်တွင် ကြည့်၍ချေးကြသည်။ ငွေချေးသူများမှာ ငွေချေးရန် အခက်အခဲ များရှိပါသည်။ ရွာထဲတွင်ရှိသော ထောက်ခံသူက အာမခံပေးမှသာ ငွေချေး၍ ရပါသည်။
"ကျွန်မတို့ချေးငွေတွေကို တတ်နိုင်သ၍ အမြန်ပြန်ပေးချင်ပါတယ်"ဟု စက်ဆန်းရွာရှိ မုန်တိုင်းကြောင့် မုဆိုးမဖြစ်သူတစ်ဦးကပြောသည်။
"ဒါပေမယ့် ကျွန်မတို့ တစ်နေ့ထမင်းတစ်နပ်စားဖို့တောင်မှ အနိုင်နိုင်ရုန်းကန်နေရတယ်" ဟုလည်း ပြောသည်။
လူသားချင်း စာနာထောက်ထားသော အဖွဲ့များက စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများကို ပိုမို ခိုင်မာသော အခြေခံများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဤလုပ်ငန်းများ ပုံမှန်လုံးဝ မဖြစ်မခြင်း၊ နေ့စားအလုပ်သမားများသည် အလုပ်ရနိုင်မှု အခွင့်အလမ်းများ ရှိမည်မဟုတ်ဟု ဗြိတိန်တွင် အခြေစိုက်သော CARE အဖွဲ့က ပြောသည်။ ဤစီးပွားရေးကဏ္ဍကို ပြန်လည်ထူထောင်ခြင်းသည် နေ့စားလုပ်သားများအတွက် ရေရှည်မှာ အကောင်းဆုံးဖြစ်ကြောင်း ပြောခဲ့သည်။
--
Posted By icypress to Sensible Rumour at 11/01/2009 01:38:00 AM