Transparency Myanmar

transparency.myanmar@gmail.com

(From VOA News)

30 - Oct - 2009

          အမေရိကန်အစိုးရ ၀ါရင့်တာဝန်ရှိသူနှစ်ဦးသည် ရှေ့လာမည့် ရက်သတ္တပတ်တွင် မြန်မာ အစိုးရ အဖွဲ့ဝင်များနှင့် လည်းကောင်း၊ အတိုက်အခံများနှင့် လည်းကောင်း တွေ့ဆုံနိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့က ပြောကြားလိုက်ပါသည်။

          အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် သူ၏လက်ထောက် Scot Marciel တို့သည် ၂ ရက်ကြာခရီးစဉ်အဖြစ် လာမည့်အင်္ဂါနေ့တွင် သွားရောက်မည်ဖြစ် ကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရ ပုဂ္ဂိုလ် Robert Wood ကပြောပါသည်။

          ၎င်းတို့သည် မြန်မာစစ်ခေါင်းဆောင်ကြီးများနှင့်လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်းတွေ့ဆုံလိမ့်မည်ဖြစ်ပါသည်။

          Campbell သည် စက်တင်ဘာလက နယူးယောက်တွင် မြန်မာအစိုးရတာဝန်ရှိသူအချို့နှင့် တွေ့ဆုံခဲ့ပါသည်။

          အမေရိကန် ဆီနိတ်တာ Jim Webb သည် သြဂုတ်လက  မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း တွေ့ဆုံခဲ့ပါ သည်။

          အမေရိကန်နှင့်ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် လွှတ်ပေးရန် ဖိအားပေးလျက်ရှိပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment