yangonchronicle2011 |
၂၅.၂.၂၀၁၂
ပြည်တွင်းသတင်းများ
- လယ်မြေများ ပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာတင်
- ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကြောင့် ပြည်တွင်းငါးလုပ်ငန်း အရှုံးပေါ်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း
- ကော့မှူးကလွဲလျှင် ကျန်နေရာများ အရှုံးခံနိုင်ဟု ကြံ့ခိုင်ရေးထိပ်ပိုင်းတာဝန်ရှိသူတချို့ ပြောဆို
- ဖေဖော်ဝါရီလကုန်ပိုင်းမှ NDF ကိုယ်စားလှယ်လောင်းများ စတင်မဲဆွယ်မည်
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
*****************************************
ပြည်တွင်းသတင်းများ
လယ်မြေများ ပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာတင်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ လွန်ကျော်ကျေးရွာအုပ်စု၊ ပေတောကျေးရွာရှိ တောင်သူလယ်သမား (၁၃၀) တို့က လက်မှတ်ရေးထိုး၍ နိုင်ငံတော်မှ သိမ်းဆည်ထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရထံသို့ ၂၀၁၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အသ နားခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ တောင်သူလယ်သမားများ ပေးပို့ခဲ့သည့် အသနားခံစာတွင် နိုင်ငံတော်မှ ၁၉၇၈-၁၉၇၉ ခုနှစ်ကတည်းကပင် လယ်သမားများ၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေဧက (၂၀၀၀) ကျော်ကို နိုင်ငံတော်၏ စိုက်ပျိုးရေးခြံလုပ်ကိုင်ရန် သိမ်းဆည်းခဲ့သည့်အတွက် ၎င်းဒေသမှ တောင်သူလယ်သမားများမှာ လယ်ယာခြံမြေများအပြင် ၎င်းတို့ အခြေချနေထိုင်သော ကျေးရွာနှင့် ဘုရားကျောင်းကန်များကိုပါ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ထိုသို့ လယ်သမားများ ရွှေ့ပြောင်းပေးခဲ့ရသော်လည်း လျော်ကြေးငွေတစုံတရာ ရရှိခဲ့ခြင်းမရှိသည့်အတွက် တောင်သူလယ်သမားများမှာ လက် လုပ် လက်စားဘဝဖြင့် ရုန်းကန်ခဲ့ရပြီး နိုင်ငံတော်စီမံကိန်း အောင်မြင်မှုမရရှိသည့်အတွက် ရပ်ဆိုင်းလိုက်ရပြီးနောက် နယ်မြေခံတပ်ဖွဲ့တစ်ခုမှ တောင်သူ များအား တစ်ဧက ဝါ(၁၅) ပိဿာနှုန်း၊ စပါးတစ်ဧက (၁၈)တင်းနှုန်းဖြင့်တစ်ရာသီ တစ်ခါပေးသွင်း၍ လုပ်ကိုင်စေခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရထံ တောင်သူများ ပေးပို့သည့် အသနားခံစာတွင် ဖော်ပြခဲ့သည်။
တောင်သူများအနေဖြင့် စိုက်ပျိုးမှုများမှ ရရှိသည့် နှစ်သီးပေါင်း တစ်နှစ်လျှင် ငွေကျပ် (၁၀၀၀၀၀) ခန့်ပေးသွင်း၍ လုပ်ဆောင်လျက်ရှိသော်လည်း မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများ၏ဘဝမှာ အဆင်ပြေနိုင်ခြင်းမရှိဘဲ အခက်အခဲ အကြပ်အတည်းဖြင့်သာ ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့၏ လယ်ယာမြေများကို ပြန်လည်ရရှိစေရန် အလို့ငှာ တိုင်းဒေသကြီးအစိုးရထံသို့ အသနားခံစာတင်ပြခဲ့ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကြောင့် ပြည်တွင်းငါးလုပ်ငန်း အရှုံးပေါ်
ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်ရေးစရိတ် သုံးစွဲမှုနှုန်းထားများမှာ ပြန်လည်ရရှိသည့် ဈေးနှုန်းများထက် ပိုမိုများပြားနေ သည့်အတွက် ငါးလုပ်ငန်းရှင်များအနေဖြင့် အရှုံးပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။
ထိုသို့ ပြည်တွင်း ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရှုံးနေရခြင်းမှာ ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရာတွင် ကြားပွဲစား များအား ပေးချေရသည့် ငွေတို့ကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ပြီး ယခင်က နယ်သို့ မွေးမြူရေးငါးများအား ပို့ဆောင်လျှင် သယ်ယူစရိတ်မှာ ယခင်က တစ် ပိဿာလျှင် ၃၀ ကျပ်မှ ၄၅ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ သယ်ယူစရိတ်များမှာ ကျပ် ၇၀ ခန့်အထိ ဈေးတက်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းဆိုသည်မှာ ချိန်ဆထုတ်လုပ်ရသော ရေရှည်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အတွက် ငွေကြေးနှင့် ဈေးနှုန်း အ ပြောင်းအလဲ ဖြစ်ပေါ်လာပါကလည်း ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ငါးသယံဇာတ ပြုန်းတီးမှုများနှင့်အတူ ငါးသ လောက်ငါးမျိုး ပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ယခင်က ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းဆီးရာတွင် သင်္ဘော ၅ စီး၊ ၆ စီးခန့်သာ ဖမ်းဆီးခဲ့သော်လည်း ယခုအခါ ငါးဖမ်းဆီးသူ များသည် ဝိုင်းကြီးချုပ်ပိုက်ဖြင့် ငါးများဖမ်းဆီးလျက်ရှိသည့်အပြင် ငါးဖမ်းဆီးသည့် သင်္ဘောများမှာလည်း အစီး ၆၀၊ ၇၀ ခန့် ရှိလာသည့်အတွက် ယခုကဲ့သို့ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးများ ပြုန်းတီးရခြင်းဖြစ်ကြောင်း သိရသည်။
YC
*****************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း
ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအား ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ဖြင့် ၂၀၁၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။
ရပ်/ကျေး အုပ်ချုပ်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ ၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညို လေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်စေရမည်ပာု ပြဋ္ဌာန်းထားသည့်အလျောက် ရပ်/ကျေး အုပ် ချုပ်ရေးမှူးများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း သိရသည်။
ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် အခန်း (၁၅) ခန်းပါရှိပြီး ယင်းအခန်းများမှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရပ်ကွက်(သို့) ကျေးရွာအုပ်စုများ ဖွဲ့စည်းရေး၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွင် ပြည့်စုံရမည့်အရည်အချင်းများ၊ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန် ပေးခြင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လုပ်ငန်းအခြေခံများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာ ဝန်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း(သို့) ရပ်စဲခြင်းနှင့် အစားထိုးခန့်အပ်ခြင်း၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၏ တာဝန်ဝတ္တရားများ၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ချီး မြှင့်ထောက်ပံ့ငွေ၊ ရုံးအသုံးစရိတ်၊ ရပ်ကွက်(သို့) ကျေးရွာ အုပ်စုစာရေးအခန်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်း မျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်များကိုအလွဲသုံးစားပြုလုပ်ခြင်း၊ အရှိန်အဝါကို အ သုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်သြဇာသုံးခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် ဖော်ပြပါရှိသည်။
ထိုသို့ ခန့်အပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် (သို့) ကျေးရွာအတွင်းရှိ အများပြည်သူ ကြည်ညိုလေးစားမှုရှိသည့် ရပ်မိ၊ ရပ်ဖ ငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်ဖြစ်ကာ ၎င်းကြီးကြပ်ရေးမှူးများမှ ပြည်သူတို့၏ ဆန္ဒမဲရယူ၍ ရပ်ကွက်အုပ်ချုပ်မှူးလောင်း စာ ရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ စိစစ်၍ ပုဒ်မ ၅ ပါ အရည် အချင်းနှင့် ပြည်စုံသည့် ပုဂ္ဂိုလ်အား ရပ်ကွက်(သို့) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်ဖြစ်သည်။
ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သတ်တမ်းသည် ပြည်သူ့လွှတ်တော်၏ သတ်တမ်းနှင့်အညီ ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးအဖြစ် ရွေးကောက်ခံရာတွင် သုံးကြိမ်ထက်ပိုရမည်မပာုတ်ကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်နေ့မှ စတင်၍ မိမိတာဝန်ထမ်းဆောင်နေစဉ် သက်တမ်းအတွင်း ၎င်းပါတီ၊ အဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်း မပြုရပာု ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင် ဖော်ပြပါရှိသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်(သို့) ကျေးရွာအတွင်းနေထိုင်သူများ၏ နေအိမ်ဥပစာလုံခြုံမှုနှင့် ပစ္စည်းလုံခြုံမှု အခွင့်အရေး၊ သာ သနာတော်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများ ပြုစုပျိုးထောင်ခွင့်၊ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။
ရပ်ကွက် (သို့) အုပ်ချုပ်ရေးမှူး ရုံးများအတွက် အသုံးစရိတ်များကိုနှစ်စဉ် ရသုံးမှန်းခြေငွေစာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေ ပမာဏကို ခွဲဝေသတ်မှတ်လျာထားရမည်ဖြစ်ပြီး ပုဒ်မ ၂၉ အရ ခွဲဝေသတ်မှတ်ထားသော ရန်ပုံငွေကို ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ညွှန်ကြားချက်နှင့်အညီ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ်တကျ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
YC
-----------------------------------------------------------------------------------------------------------------------------------
ကော့မှူးကလွဲလျှင် ကျန်နေရာများ အရှုံးခံနိုင်ဟု ကြံ့ခိုင်ရေးထိပ်ပိုင်းတာဝန်ရှိသူတချို့ ပြောဆို
လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအနက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူး မဲဆန္ဒနယ်မှလွဲလျှင်ကျန် ၄၇နေရာ အရှုံးပေးသွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လစ်လပ်မဲဆန္ဒနယ် ၇ နေရာ၏ အောင်နိုင်ရေးတာဝန်ခံ ကြံ့ခိုင်ရေးပါ တီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောကြားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးအဆိုအရ သိရသည်။
ဦးအောင်သိန်းလင်းအနေဖြင့် ကော့မှူးသို့ သွားရောက်နေသည်မှာ ၇ ခေါက်ထက် မနည်းရှိပြီဖြစ်ပြီး လက်ရှိကျင်းပနေသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် တတိယပုံမှန်အစည်းအဝေးသို့ပင် တက်ရောက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို မရှုံးနိမ့်ရေးအတွက် နေ့မအားညမအား ကြိုစား နေကြောင်း လွတ်တော်သတင်းရပ်ကွက်မှ သိရှိရသည်။
ကော့မှူးမှ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုယှဉ်ပြိုင်မည့်သူမှာ ဒေသခံတစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ က ဦးအောင်သိန်းလင်း ကိုယ်တိုင်လာရောက်ပြီး ဖြိုးစေတနာအခမဲ့ဆေးခန်းကို ဖွင့်လှစ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။
ကြံ့ခိုင်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကလည်း ယခုလစ်လပ်မဲဆန္ဒနယ်များသည် ၎င်းတို့ပါတီ အနိုင်ရထားသည့် နေရာသာ ဖြစ်ကြောင်း မည်သူကိုမှ အလျှော့ပေးရန် မရှိကြောင်း ပါတီဝင်များကို ပြောကြားထားကြောင်း ဟင်္သာတမြို့မှ ပါတီဝင်တစ်ဦးက ပြောဆိုသည်။
ရွေးကောက်ပွဲအနိုင်ရရန် ပါတီတိုင်း ကြိုးပမ်းကြသည့် ဒီမိုကရေစီ၏ အနစ်သာရဖြစ်ကြောင်း သို့ရာတွင် တရာမျှတစွာ အနိင်ရရန်လိုသကဲ့သို့ ရှုံးသည့်ပါတီမှာလည်း အညစ်မခံရမှသာဖြစ်ကြောင်း NLD နှင့်ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများနှင့် နိုင်ငံတကာ ထောက်ခံမှုရှိသည်ဟုဆိုပြိး ပန်း မဝင်ခင် တက်မထောင်မိရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်တစ်ဦးက သုံးသပ်ပြောကြားသည်။
နိုင်ငံတစ်ခု အသွင်ကူးပြောင်းရေးစနစ်တစ်ခုမှ စနစ်တခုသို့ ပြောင်းရာတွင် ပြည်သူလူထု၏ ထောက်ခံမှုသက်သက်ဖြင့်မရဘဲ ဥစ္စာလိုရင် ဥစ္စာခဲ ဆိုသည့်အတိုင်း ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။
MP
-----------------------------------------------------------------------------------------------------------------------------------
ဖေဖော်ဝါရီလကုန်ပိုင်းမှ NDF ကိုယ်စားလှယ်လောင်းများ စတင်မဲဆွယ်မည်
လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများကို ဖေဖော်ဝါရီလကုန်ပိုင်းမှသာ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ကိုယ်စားလှယ်လောင်းများ၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုများကို ဖေ ဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ စီစဉ်ရခြင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တရားဝင် ထုတ် ပြန်ပြီးချိန်ထိ စောင့်ဆိုင်းနေရခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် NDF ပါတီ၏ သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများမှ NDF ပါတီဝင်ရောက်ယှဉ်ပြိုင်မည့် လစ်လပ်မဲဆန္ဒနယ်များတွင် ပါတီ စည်းရုံးရေးများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း NDF ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကိုယ်စားလှယ်လောင်းအမည်စာရင်း ထွက်ရှိပြီးမှသာ စည်းရုံးရေး စတင်ဆင်းမည် ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် နိုင်ငံတကာအလယ်မှာလည်း ဂုဏ်သိက္ခာရှိလာမယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေလည်း ရုတ်သိမ်းလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ လက်ရှိ အရေးကြီးဆုံးကတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအမှန်တကယ်လိုလားတဲ့ ပုဂ္ဂိုလ်တွေများများရောက်ဖို့ပါပဲ” ပာု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှစွာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မကြာ သေးမီ ကာလအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများကို လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိကြောင်း သိရသည်။
YC
****************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ကျွန်တော်တို့ဆီမှာလည်း ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တချို့မှာ သုံးလေးနှစ်လောက် တစ်ပိုင်းတန်းလန်းနဲ့ ပစ်ထားခဲ့တဲ့လမ်းတွေ အခုတ လောမှ အားချင်း အပြီးသတ်နေတယ် ဆိုတဲ့သတင်းတွေ ကြားနေရတယ်ဗျ။ အဲသလို အလောသုံးဆယ်လမ်းတွေ ပြင်နေတာနဲ့ ရွေးကောက်ပွဲ ဆက်စပ် နေခြင်း ရှိ၊မရှိ အခုလောလောဆယ်မှာ မသိရသေးပေမယ့် မကြာခင် သိလာရမှာပါလို့ အဲဒီမြို့နယ်တွေရဲ့ ဒေသခံတွေ ပြောနေကြတယ်လို့ သိရတယ်ဗျ။ ဘာပဲဖြစ်ဖြစ် သူတို့နေလာခဲ့တဲ့ ကာလတစ်လျှောက်လုံး ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့ လမ်းတွေ အခုတလော ‘ဟောတစ်ခု….ဟောတစ်ခု’ ကောင်းလာနေတာ ကိုကြည့်ပြီး ဒေသခံပြည်သူတွေ ပြုံးပျော်နေကြတယ်လို့ သိရတယ်ဗျာ။ ကျွန်တော်တို့နဲ့ အဝေးကြီးပေမယ့် အဲဒီမြို့နယ်တွေက ပြည်သူတွေ ပျော်တယ်ဆို တော့ ကျွန်တော်တို့လည်း ပျော်ပါတယ်ဗျာ။ ‘ဒါတောင် ဒီမိုကရေစီရဲ့ အစပဲ ရှိသေးတယ်ကွ’
ဖေဖော်ဝါရီ ၂၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ် (၈၃) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “မည်သူနိုင်နိုင် တရားသဖြင့် အနိုင်ယူပါ” ဆောင်းပါးမှ ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“အခု ဝန်ကြီးဌာနတွေ ပြန်ကြည့်မယ်ဆိုရင် အားလုံးက အလုံးစုံ ပြောင်းလဲသွားတယ်ဆိုတာကို မတွေ့ရသေးပါဘူး။ သရုပ်ပြနေတဲ့ အဆင့်လောက်ပဲ ရှိနေ သေးတယ်လို့ ထင်တယ်။ အမှန်တကယ်လုပ်သင့်လုပ်ထိုက်တာကို မလုပ်ကြသေးဘူးလို့ မြင်တယ်။ လယ်ယာစိုက်ပျိုးရေးဌာနကတော့ သရုပ်ပြနေတယ်။ အမှန်တကယ်ထိရောက်တဲ့ လက်တွေ့တွေမှာတော့ မလုပ်နိုင်သေးဘူး။ အမှန်ကတော့ ဝန်ကြီးကိုယ်တိုင် လုပ်စရာမလိုဘူး။ အခုလက်ရှိ ပြောင်းလဲလာ တယ်လို့ ဆိုရမယ့် ဝန်ကြီးဌာနတွေကတော့ ကျွန်တော့်အမြင်ပေါ့နော်။ စက်မှုဝန်ကြီးဌာန၊ ရထားဝန်ကြီးဌာနတို့လို့ မြင်တယ်။ သူတို့က စေတနာပါတယ်လို့ မြင်တယ်။ လယ်ယာစိုက်ပျိုးရေးကတော့ အခုချိန်ထိ တောင်သူတွေနဲ့ အံဝင်မှုမရှိသေးတဲ့ စပါးမျိုးတွေနဲ့ တဝဲလည်လည် ဖြစ်နေတယ်လို့ မြင်တယ်။ ဖိလစ် ပိုင်မှာဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနကပဲ ဘယ်ဒေသမှာ ဘယ်လိုမျိုးစပါးကိုစိုက်၊ ဘယ်ဒေသမှတော့ ဘယ်စပါးမျိုး ကိုစိုက်ဆိုပြီးတော့ ညွှန်ကြားပေး တယ်။ ဒီမှာလဲ ဒီလိုပဲလုပ်သင့်တယ်”
ဖေဖော်ဝါရီ ၂၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၈) တွင်ပါသည့် “ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစ အုပ်ချုပ်ရေးမ ဏ္ဍိုင် ဘယ်စံနှုန်းနဲ့ လှမ်းနေလဲ” သတင်းဆောင်းပါးမှ အမျိုးသားဒီမိုကရေစီအင် အားစုပါတီ နိုင်ငံရေး ခေါင်းဆောင် ဦးခင်မောင်ဆွေ၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
**************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.