Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အသွင်ကူးပြောင်းရေးကာလ နှင့် လူမှုရေး နာကျင်မှုများကို ကုစားခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

အသွင်ကူးပြောင်းရေးကာလ နှင့် လူမှုရေးနာကျင်မှုများကို ကုစားခြင်း

နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်မှုပုံစံပြောင်းလဲနေသည့် ကာလကို အသွင်ကူးပြောင်းရေးကာလဟု ခေါ်ဆိုလေ့ရှိသည်။ ဤနေရာတွင် အစိုးရအ ပြောင်းအလဲဖြစ်ခြင်း( Government Change) မဟုတ်ပဲ အုပ်ချုပ်မှုပုံစံ အပြောင်းအလဲဖြစ်ခြင်း( Governance Change) ဟု သတိချပ်စေလိုသည်။ ဆိုလို သည်မှာ အုပ်ချုပ်သည့် အစိုးရများ၊ ယင်းအစိုးရအဖွဲ့များမှ လူပုဂ္ဂိုလ်များ ပြောင်းလဲသွားခြင်းထက် ယင်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အထွေအထူး ဥပမာ ပြစရာမလိုသည်မှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် ကွက်တိထင်ဟပ်နေခြင်းပင်ဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလဟု ဆိုရခြင်းသည်ပင်လျှင် ထိုနိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များ ပြောင်းလဲနေဆဲ( Changing) ဖြစ်နေ သည်၊ ရည်မှန်းချက်ပန်းတိုင်မရောက်သေးမီ  စနစ်အဟောင်းနှင့် စနစ်အသစ်အကြား ပြုပြင်စရာရှိသည်များကို ပြုပြင်နေရဆဲကာလ ဖြစ်နေသောကြောင့် ဖြစ်သည်။ အုပ်ချုပ်သည့် အစိုးရပုံစံသာမက ဗျူရိုကရေစီစနစ်များ၊ စီးပွားရေးစနစ်များနှင့် လူမှုရေးစနစ်များပါ လိုက်ပါပြောင်းလဲနေဆဲကာလဟု ဆိုနိုင် သည်။

နိုင်ငံတစ်နိုင်ငံ အပြောင်းအလဲဖြစ်သည့်အခါတွင် ရန်မှန်းထားသည့် ပြောင်းလဲမှုဆီသို့ မရောက်မီ ကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်နှစ်ခုမှာ ရည်မှန်းထားသည့် အပြောင်းအလဲအတွက် လိုအပ်သော လူသား၊ နည်းပညာ၊ စနစ်များ ပြုပြင်တည်ဆောက်ရခြင်းနှင့် အတိတ်က အမှားများအတွက် သင်ခန်းစာယူခြင်း၊ ပြုပြင်ခြင်း၊ ပေးဆပ်ခြင်းများ ပြုလုပ်ရခြင်းဖြစ်သည်။

ယခု မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်ကာလတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေး၊ ဗျူရိုကရေစီစနစ်များ ပြုပြင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရပိုင်ခွင့်များသည် အောက်ခြေအဆင့်များထိ ပျံ့နှံ့ရေး၊ အရေးအကြီးဆုံးဖြစ်သည့် အစိုးရနှင့် နိုင်ငံသားများ၏ အရည်အသွေးမြှင့်တင်ရေး စသည့် ကိစ္စရပ်များသည် ကူးပြောင်းမည့် စနစ်အသစ်အတွက် လိုအပ်မည့် အခြေခံများကို တည်ဆောက် နေရခြင်း ဖြစ်သည်။

ယခု တင်ပြလိုသည့် ကိစ္စရပ်မှာ အတိတ်က အမှားများအတွက် သင်ခန်းစာယူ၍ ပြုပြင်ခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများ ပြုလုပ်ရန်ဖြစ်သည်။ အ မှန်စင်စစ် မြန်မာ့သမိုင်းတလျှောက် သင်ခန်းစာယူစရာများ အမြောက်အများရှိခဲ့သည့်တိုင် သင်ခန်းစာမယူနိုင်ခဲ့ကြသည်က များပါသည်။ ပေးဆပ်မှုတွေ အမြောက်အများရှိခဲ့သည်တိုင် ဝဋ်ကြွေးဟု သဘောထား၍ သင်ပုန်းချေလိုက်ကြသည်များလည်း ရှိပါသည်။ အတိတ်ကအမှားများအတွက် သင်ခန်းစာယူ ခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများဆိုသည့် ကိစ္စရပ်များသည် အသွင်ကူးပြောင်းရေးကာလ၌ လူ့အခွင့်အရေးကိစ္စကို ညွှန်းဆိုသည့် ကိစ္စရပ်များ ပင်ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံ၏ အခြေအနေကို ဥပမာပေးရလျှင် ယခင်က စစ်အာဏာရှင် လက်အောက်၌ လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိခဲ့ပြီး လူတိုင်းနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့် မရခဲ့ပေ။ ယခုမူ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူတိုင်းနိုင်ငံရေးတွင် ပါဝင်ခွင့်ရ ရေးဆိုသည့် ကိစ္စရပ်များမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်နိုင်ပြီဖြစ်ပြီး ပန်းတိုင်ရောက်ရန် လိုအပ်သည့် စွမ်းရည်များကို ဖြည့်တင်းရန် သာ လိုပါတော့သည်။ သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ မလာမီက ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မည်သို့ ပြန်လည်ပေး ဆပ်ကြရမည်နည်းဆိုသည့် ကိစ္စရပ်များလည်း ရှိလာပြီဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ အရဆိုပါက ယခင် စစ်အစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့သည့်  လူ့အခွင့်အရေး ချိုးဖောက်မှုများအ တွက် တာဝန်ရှိခဲ့သူများကို အရေးယူ အပြစ်ပေးရန် မဖြစ်နိုင်တော့သည့် အခြေအနေပင်ဖြစ်ပါသည်။  သို့ရာတွင် ပြည်သူလူထုအပေါ်၌ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူများကို သိသိကြီးနှင့် အရေးယူ အပြစ်ပေးနိုင်ခြင်းမရှိသည်မှာလည်း တရားမျှတသည့် ကိစ္စမဟုတ်ပေ။ တရားမျှတမှုဆိုသည့် စ ကားရပ်သည်ပင်လျှင် အသွင်ကူးပြောင်းရေးကာလ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အမှန်တရားအတိုင်းဖြစ်စေရန်ဟု ရည်ညွှန်းသည့် စကားရပ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ၌လည်း အသွင်ကူးပြောင်းရေးကာလများတွင် ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်ခဲ့သူများအား အရေးယူအပြစ်ပေးခဲ့သည့် အစဉ်အလာလည်း ရှိပါသည်။ အရေးယူ အပြစ်ပေးခြင်းဆိုရာဝယ် ယင်းပုဂ္ဂိုလ်များအား တရားရုံးတင်အပြစ်ပေးခြင်း၊ ထောင် ဒဏ်အပြစ်ပေးခြင်းများထက် ပိုသော ကိစ္စရပ်များလည်း ရှိလိမ့်မည်ဖြစ်ပါသည်။ ဥပမာဆိုရလျှင် ကမ္ဘောဒီးယားမှ ပိုပေါ့၊ အီရတ်မှ ဆက်ဒမ်ဟူစိန်တို့မှာ ယ ခင်က ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုများအတွက် ရုံးတင်စစ်ဆေးခြင်းခံရပြီး ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် အသီးသီး ကျခံရ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အချို့နိုင်ငံများတွင်မူ ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထိုကဲ့သို့ အရေးယူ အပြစ် ပေးခြင်း မရှိသည့်တိုင်အောင် ထိုလူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် ပုဂ္ဂိုလ်များအား ၎င်းတို့၏ အပြစ်ကို ပြည်သူထံ ဝန်ချတောင်းပန်စေခြင်း၊ ၎င်းတို့အား အနာဂတ် နိုင်ငံရေးတွင် ပါဝင်ခွင့် ပိတ်ပင်ခြင်းနှင့် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများမှာ အမှန်တကယ်ဖြစ်ခဲ့ပါသည်ဟု ဝန်ခံထွက်ဆိုစေခြင်း စသည်ဖြင့် အပြစ်ပေး အရေးယူလေ့ရှိပါသည်။ ဤသည်မှာ ယခင်အစိုးရဟောင်းမှ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား သေစားသေစေနှင့် ထောင် ဒဏ်များ ချမှတ်လျှင် ၎င်းတို့အား သစ္စာခံသည့် အုပ်စုများ၏ တုံ့ပြန်မှုကြောင့် လက်စားချေသည့် သံသရာ ရှည်သွားမည်ဆိုးသောကြောင့် ဖြစ်သည်။ သို့ရာ တွင် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ၎င်းတို့ကိုယ်တိုင်လည်း ထိခိုက်မှုမရှိဘဲ ကျူးလွန်ခံရသူများလည်း စိတ်ကျေနပ်မှု တစ်စုံတစ်ရာ ရရှိနိုင်မည့် အခြေအနေမျိုး ဖြစ်သလို တိုင်းပြည်အတွက်လည်း အမှန်တရားဖြစ်၍ ဤနည်းမှာ ငြိမ်းချမ်းသည့်နည်းဟု ဆိုနိုင်မည်ဖြစ်သည်။

နောက်တစ်နည်းမှာ ပြန်လည်ပေးဆပ်ခြင်း ဖြစ်သည်။ တစ်ချိန်က စနစ်တစ်ခုအတွင်း၊ စစ်ပွဲတစ်ခုအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် လူပုဂ္ဂိုလ်များကို အသွင်ကူးပြောင်းရေးကာလ၌ ပြန်လည်ပေးဆပ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုပေးခြင်းမျိုးဖြစ်သည်။ ယနေ့ခေတ် ဂျပန်အစိုးရက ဒု တိယကမ္ဘာစစ်အတွင်းက တရုတ်ပြည်တွင် ပုလိပ်ရောဂါပိုးများ ကြဲချခဲ့မှု၊ ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများအား ဇိမ်မယ်အဖြစ်၊ လိင်ကျေးကျွန်များအဖြစ် အတင်းအဓမ္မ သွတ်သွင်းခဲ့မှုများအတွက် ဝန်ချတောင်းပန်မှုမျိုးကို တွေ့နိုင်သလို သီရိလင်္ကာနှင့် နီပေါနိုင်ငံများ၌ စစ်ဖြစ်ပွားရာဒေသများမှ အိမ်ထောင် စုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ အိမ်ထောင်ဦးစီး မတရားသတ်ဖြတ်ခံရ၍ ခိုကိုးရာမဲ့နေသည့် မိသားစုများကို ဂရုဏာကြေးပေးခြင်း၊ အသက်ရှင် ကျန်ရစ်သော်လည်း အတိတ်က အဓမ္မပြုခံခဲ့ရမှုများအတွက် လျော်ကြေးပေးခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ အသွင်ကူးပြောင်း ရေးကာလ၌ နိုင်ငံရေးတွင် ပါဝင်ခွင့်ရလာခဲ့သည့် အတိုက်အခံအုပ်စုများ၊ ယခင်အစိုးရလက်ထက်က ထိန်းသိမ်းခံ နိုင်ငံရေးသမားများအတွက်လည်း ယ ခင်က ၎င်းတို့အား စွပ်စွဲပြောဆိုခဲ့သည့် လူဆိုးများ၊ တိုင်းပြည်အုံကြွမှုဖြစ်စေရန် လုပ်ဆောင်သူများ၊ နိုင်ငံတော် သစ္စာဖောက်များစသည့် တံဆိပ်ကပ်မှုများ ကို ပယ်ဖျက်၍ ၎င်းတို့၏ အပြစ်ကင်းစင်မှု၊ ဖြူစင်မှုတို့ကို လက်ရှိအစိုးရက အသိအမှတ်ပြုပေးခြင်း၊ ဂုဏ်ပြုပေးခြင်း၊ လူသားချင်းဆိုင်ရာ ဆုတံဆိပ်များ ပေးအပ်ခြင်းမျိုးဖြစ်သည်။ ဤသည်မှာ အနာဂတ် နိုင်ငံရေးအတွက်သာမက လူတစ်ဦးချင်းခံစားခဲ့ရသည့်၊ ပေးဆပ်ခဲ့ရသည့် လူမှုရေး နာကျင်မှုများအ တွက် မည်သူ့ကိုမျှ ထိခိုက်နစ်နာခြင်းမရှိသည့် ကျေနပ်နှစ်သိမ့်နိုင်မည့် အစီအစဉ်မျိုးပင်ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တိုင်စာပေါင်း ထောင်ချီ၍ရရှိထားသည်ဖြစ်ရာ စနစ်ဟောင်းအတွင်း လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရမှုများအတွက် အသွင်ကူးပြောင်းရေးကာလများ၌ အမှန်တရားဖော်ထုတ်ခြင်း၊ တရားမျှတမှုရှိစေခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများအတွက် နိုင်ငံတကာ ၌ အသွင်ကူးပြောင်းရေး ကာလများအတွင်း ထိုသို့သော ကိစ္စရပ်များ ဖြေရှင်းခဲ့ပုံများကို လေ့လာ၍ မိမိနိုင်ငံ၏ အနေအထားနှင့် ကိုက်ညီအောင် ယူငင်သုံး စွဲနိုင်ရန် လိုအပ်လိမ့်မည်ဖြစ်ပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment