Transparency Myanmar

transparency.myanmar@gmail.com

By Linda Mottram, Canberra Correspondent, 23rd April 2010

ၟသစေၟတးလ် ဝန်ကြီးချုပ် Kevin Rudd က ရက်စက်စွာ ဖိနှိပ် အုပ်စိုးသော မြန်မာနှင့် ဆူဒန် ကဲ့သို့သော နိုင်ငံများနှင့် ဆက်နွယ်မှုများကို အဆုံးသတ်ရန် တရုတ်နိုင်ငံအား တောင်းဆိုလိုက်ပြီး အဆိုပါ နိုင်ငံများသည် တည်ငြိမ်သည့် ကမ္ဘာကြီး ဖြစ်ပေါ်စေရန် အထောက်အကူပြုခြင်း မရှိဟု ပြောၟကားလိုက်သည်။

ကင်ဘာရာရှိ Australian National University တွင် ၂၀၁၀ Morrison Lecture ပို့ချချက်ကို ပြုလုပ်ခဲ့စဉ် Mr. Rudd က တရုတ်နိုင်ငံတွင် ၟသစေၟတးလ် စင်တာအသစ် တည်ထောင်ရန် ၟသစေၟတးလ် ဒေါ်လာ ၅၃ သန်း အသုံးပြုမည်ဟုေၟကညာခဲ့သည်။

Rio Tinto ကုမဏြီသည် ယခင် အမှုဆောင် ၟသစေၟတးလ် နိုင်ငံသား Stern Hu ကို တရားရုံးတင် စစ်ဆေးမှု နောက်ပိုင်း တရုတ်နိုင်ငံ အပေါ် Kevin Rudd က ပထမဆုံး မှတ်ချက် ပေးရာတွင် နှစ်နိုင်ငံ အၟကား အနှောက်အယှက် ဖြစ်စေသော စိုးရွံ့မှုများ မရှိဘဲ ခွန်အားပြည့် လန်းဆန်းသော ဆက်ဆံရေးသာ ရှိသင့်သည်ဟု ပြောၟကားခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် လျော်ညီစွာ လုပ်ဆောင်တတ်ရန် လိုအပ်နေသေးသည်ဟု ၎င်းက ဆိုသည်။

"ဥပမာ အနေနဲ့ ပြောရရင် ကမ္ဘာတဝှမ်းက တခြားနိုင်ငံတွေက ပစ်ပယ်ထားဖို့ ကြိုးစားနေတဲ့ မြန်မာနဲ့ ဆူဒန်လို နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ ပတ်သက် ဆက်စပ်နေတာဟာ ကမ္ဘာ အတွက် အကူအညီ မရပါဘူး။ အေၟကာင်းကတော့ နိုင်ငံတကာစနစ်ရဲ့ ပေါင်းစည်း ညီညွတ်မှုကို ဒီနိုင်ငံတွေက အနှောင့်အယှက် ပေးနေလို့ပါပဲ" ဟု ၎င်းက ပြောၟကားခဲ့သည်။

"မြန်မာနဲ့ ဆူဒန်လို တည်ငြိမ်မှု ပျက်ပြားစေတဲ့ အစိုးရတွေ၊ အာဖဂန် နစ္စတန်နဲ့ အီရန်လို ကမ္ဘာ လုံခြုံရေးကို စိမ်ခေါ်နေတဲ့ ကိစ္စတွေ အပေါ် ဆန့်ကျင်တဲ့ နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုတွေကို ပိုပြီး ထောက်ခံ အားပေးဖို့ တရုတ်နိုင်ငံက လုပ်နိုင်ရပါလိမ့်မယ်။ လုပ်လည်း လုပ်သင့်ပါတယ်" ဟု Kevin Rudd က မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း အနီးရှိ ရာဘာ စိုက်ခင်းပိုင်ရှင်နှင့် အလုပ်သမား လေးဦးကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဧပြီလ ၁၈ ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းလိုက်ေၟကာင်း Kachin News Gourp (KNG) က သတင်း ပေးပို့သည်။ အလုပ်သမား နှစ်ဦးအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသော ရာဘာစိုက်ခင်း ပိုင်ရှင်မှာ Chyinghkrange ကျေးရွာနေ Ze Lum ဆိုသူ ဖြစ်သည်။

ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအတွင်း ဗုံးများ ပေါက်ကွဲခဲ့သလို သင်္ကြန် အချိန်ကာလ အတွင်းက ရန်ကုန်မြို့တော်တွင် ဗုံးသုံးလုံး ပေါက်ကွဲခဲ့သည်။ ထိုင်းနိုင်ငံ အခြေစိုက် KNG သတင်း အယ်ဒီတာ Lapai Naw Din က " တကယ်တော့ သူတို့မှာ အပြစ် မရှိပါဘူး။ မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း စတင်တော့ သူ့ရဲ့ ရာဘာခြံ ကြီးကို မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။သူက ကုမဏြီကို လျော်ေၟကး တောင်းခဲ့တယ်။ ဒါပေမဲ့ ကုမဏြီက လျော်ေၟကး ပေးဖို့ ကိစ္စကို ပယ်ချခဲ့တယ်" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ မြစ်ကြီးနား ရဲဌာနသို့ Irrawaddy သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေၟကားခြင်း မရှိပေ။ သတင်း ပေးပို့ချက်အရ မြစ်ဆုံ ရေလှောင်တမံ ဗုံးပေါက်ကွဲမှုတွင် လူ လေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အများစုမှာ တရုတ် အလုပ်သမားများ ဖြစ်ၟကသည်။

အေးရှားဝေါလ် ကုမဏြီရုံးခန်း ရှေ့ဘက်တွင် အနည်းဆုံး ဗုံးသုံးလုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။ အေးရှားဝေါလ်သည် အဆိုပါ စီမံကိန်းအတွက် အဓိက ကန်ထရိုက်တာ ဖြစ်ပြီး စီမံကိန်းကို တရုတ် နိုင်ငံပိုင် ကုမဏြီ ဖြစ်သော China Power Investment Corporation(CPI) က ငွေေၟကး မတည်ပေးခြင်း ဖြစ်သည်။

ဒေသခံများ၏ အဆိုအရ ယခုအခါ အဆိုပါ ဗုံးပေါက်ကွဲမှုေၟကာင့် စီမံကိန်း တစ်ဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု သိရသည်။ တရုတ်-မြန်မာ နယ်စပ်တွင် နေထိုင်သော ကချင် သတင်းရင်းမြစ် ဖြစ်သော Aung Wa က "မြစ်ကြီးနားက ဧရာဝတီ ဗလမင်းထင် တံတားကို ဖြတ်တဲ့ လူတိုင်းကို အာဏာပိုင်တွေက အသေးစိတ် စစ်ဆေးၟကတယ်။ ပါလာသမျှ ပစ္စည်းတွေ အားလုံးကိုလည်း စစ်ၟကတယ်။ ဗုံးမပေါက်ခင်တုန်းက ဗလမင်းထင် တံတားကို ၂၄ နာရီ ဖြတ်လို့ ရတယ်။ အခုတော့ ည ၇ နာရီ ကျော်ရင် ပေးမဖြတ်တော့ဘူး" ဟု Irrawaddy သို့ ပြောသည်။

အဆိုပါ စီမံကိန်းတွင် CPI ကုမဏြီမှ တရုတ် အလုပ်သမား ၃၀၀ ခန့် လုပ်ကိုင်လျက် ရှိသည်။ လူ့အခွင့်အရေး အဖွဲ့များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက အဆိုပါ စီမံကိန်းကို ပြစ်တင် ရှုတ်ချၟကသည်။ ယင်း ရေလှောင်တမံ တည်ဆောက်ခြင်းေၟကာင့် လူပေါင်း ၁၅၀၀၀ ခန့် နေရာ ရွှေ့ပြောင်း နေထိုင်ခဲ့ၟကရသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ၏ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို လုပ်ကြံ သတ်ဖြတ်မည့် လျှို့ဝှက် အစီအစဉ် တစ်ရပ်အား ထုတ်ဖော်နိုင်ခဲ့ေၟကာင်း တောင်ကိုရီးယား အစိုးရက အသိပေးလိုက်သည်။

၁၉၉၇ ခုနှစ်အတွင်း မြောက်ကိုရီးယားမှ တောင်ကိုရီးယားသို့ ပြည်ပြေးဘဝဖြင့် ထွက်ပြေး ရောက်ရှိလာသော မြောက်ကိုရီးယား အကြီးတန်း အရာရှိကြီးတစ်ဦး ဖြစ်သည့် မစ္စတာ Hawang Jang-yop (၈၇ နှစ်) အား လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်လျက် ရှိသော မြောက်ကိုရီးယား နိုင်ငံသား နှစ်ဦးကို ဖမ်းမိလိုက်သည်ဟု တောင်ကိုရီးယားက ဆိုသည်။ မစ္စတာ Hawang Jang-yop သည် တစ်ချိန်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် ယုံၟကည် စိတ်ချရသော အနီးကပ် မိတ်ဆွေ အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး ၎င်းအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေသော ပြည်ပြေးနှစ်ဦးမှာ မိမိကိုယ်မိမိ ပြည်ပြေးများအဖြစ် ဝန်ခံ ပြောဆိုထားေၟကာင်း တောင်ကိုရီးယား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

တောင်ကိုရီးယား Yonhap သတင်းဌာန အဆိုအရ မစ္စတာ Hawang Jang-yop ကို လုပ်ကြံ သတ်ဖြတ်မည့်သူ နှစ်ဦး၏ အမည်မှာ Kim နှင့် Tong ဆိုသူများ ဖြစ်ၟကပြီး ၎င်းတို့သည် ထိုင်းနိုင်ငံမှ တစ်ဆင့် တောင်ကိုရီးယား နိုင်ငံသို့ ပြည်ပြေးများအဖြစ် ဝင်ရောက် လာၟကခြင်း ဖြစ်သည်။

မၟကာသေးမီက မြောက်ကိုရီးယား ပြုံးယမ်း အစိုးရ၏ အင်တာနက် ဝက်ဘ်ဆိုက်တွင် မစ္စတာ Hawang သည် သစ္စာဖောက်မှုေၟကာင့် သေခြင်းတရားနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ခြိမ်းခြောက် ရေးသားခဲ့သည်ကို တွေ့ရသည်။

လက်ရှိ အနေအထားတွင် မစ္စတာ Hawang အား လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်ခဲ့သူ နှစ်ဦးအား တောင်ကိုရီးယား အာဏာပိုင်များက စစ်ဆေး မေးမြန်းလျက် ရှိသည်ဟု ဆိုသည်။ တောင်ကိုရီးယား အရာရှိကြီး တစ်ဦး၏ အဆိုအရ ဖမ်းမိသော မြောက်ကိုရီးယား နှစ်ဦးသည် "သစ္စာဖောက်သူ၏ လည်မျိုကို ဓားဖြင့် လှီးရမည်" ဟူသော အမိန့်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်ဟု AP သတင်းဌာနက
ကိုးကား ဖော်ပြသည်။

မစ္စတာ Hawang သည် တစ်ချိန်က မြောက်ကိုရီးယား အလုပ်သမား ပါတီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြောက်ကိုရီးယား၏ ခက်ခဲ ၟကမ်းတမ်းသော စီးပွားရေး ပေါ်လစီများေၟကာင့် ၁၉၉၀ ပြည့်နှစ်များအတွင်း အငတ်ဘေးကြီး ဆိုက်ရောက်လာချိန်တွင် ထွက်ပြေးလာခြင်း ဖြစ်ေၟကာင်း ၎င်းက ပြောဆိုသည်။ မစ္စတာ Hawang သည် ၎င်း ချစ်ခင်ရသော မိသားစု ရင်းချာများကို ထားရစ်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ သူ၏ လုပ်ရပ်ေၟကာင့် မိသားစုဝင် အတော်များများမှာ အလုပ်သမား စခန်းသို့ ပို့ခြင်း ခံခဲ့ရသည်။

လက်ရှိ အနေအထားတွင် မစ္စတာ Hawang သည် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ပြီး သတင်းစာ ဆရာများနှင့် တွေ့ဆုံကာ သင်ခန်းစာပေးရန် စီစဉ်လျက် ရှိသည်။ ၎င်းအနေဖြင့် မိမိ လုပ်ကိုင်ခဲ့သမျှအပေါ် နောင်တရမည် မဟုတ်ေၟကာင်း ပြောဆိုမည်ဟု ဆိုသည်။

ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက် John Sudworth က မြောက်ကိုရီးယား အစိုးရသည် မစ္စတာ Hawang ၏သစ္စာဖောက်မှုကို မည်သို့မျှ မမေ့ မဖျောက်နိုင်ဘဲ ရှိသည်မှာ သိသာ ထင်ရှားလွန်းသည်ဟု ပြောၟကားသည်။ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ ဝက်ဘ်ဆိုက်တွင် မစ္စတာ Hawang အား "သစ္စာဖောက်၊ ဆန်ကုန်မြေလေး" အဖြစ် ပြစ်တင် ရှုတ်ချဖော်ပြထားသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံအပေါ် ထားရှိသော အမေရိကန်သမ၌တ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြန်လည် ဆန်းစစ်သင့်သည်ဟု အမေရိကန် ဆီနိတ်တာများ၏ တိုက်တွန်း ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ဝါရှင်တန် အစိုးရက မြန်မာ့ရေးရာ မူဝါဒကို ပြောင်းလဲမည် မဟုတ်ေၟကာင်း ကာကွယ် ပြောဆိုလိုက်သည်။

အမေရိကန် အစိုးရ ပြည်သူ့ရေးရာ လက်ထောက်ဝန်ကြီး P J Crowley ကအိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် မြန်မာ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို အဆက်မပြတ် ကျင့်သုံးသွားမည် ဖြစ်ေၟကာင်း၊ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကိုလည်း ဖယ်ရှားမည် မဟုတ်ေၟကာင်း၊ မိမိတို့၏ မူဝါဒေၟကာင့် အပြုသဘော ဆောင်သော ရလဒ်များ ထွက်ပေါ် လာမည်ဟု မျှော်လင့်ေၟကာင်း ပြောဆိုသည်။

"မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုဟာ တစ်နှစ်တာအတွင်း ထွက်ပေါ်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာ့ အရေးကိစ္စကိုလည်း တစ်နှစ်အတွင်း ဖြေရှင်းလို့ ရမှာ မဟုတ်ပါဘူး" ဟု P J Crowley က ပြောသည်။

"မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒကို နားလည် သဘောပေါက်အောင် ရီဗျူးလုပ်ခဲ့ပြီးမှ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးခဲ့တာပါ။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောရရင်စီးပွားရေး ပိတ်ဆို့ အရေးယူမှု သက်သက်နဲ့ ရလဒ် မထွက်ခဲ့လို့ အဲဒီလို ပြောင်းလဲ ကျင့်သုံးခဲ့ရတာပါ။ မြန်မာ စစ်အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ အရေးကြီးတဲ့ကိစ္စ တွေကို ဒိုင်ယာလော့ခ်တွေ လုပ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ အဲဒီအတိုင်း ဒိုင်ယာလော့ခ် လုပ်သွားၟကဦးမှာပါ" ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ကျင်းပ ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် အဆက်မပြတ် စေ့စပ် ညှိနှိုင်းပြီး စီးပွားရေး ပိတ်ဆို့ အရေးယူမည့် မူဝါဒသစ်ကို ကျင့်သုံးမည် ဖြစ်ေၟကာင်း ထုတ်ဖော်ေၟကညာခဲ့သည်။

အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် ထိုအချိန်မှ စ၍ စစ်အစိုးရနှင့် နှစ်ကြိမ်တိုင်တိုင် စေ့စပ်ညှိနှိုင်းခဲ့ပြီး ဖြစ်သည့်တိုင် သိသာ ထင်ရှားသော အောင်မြင်မှု တစ်စုံတရာ မရရှိသေးပေ။ စစ်အစိုးရက ကျင်းပ ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲမှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

"ကၜွန်တော်တို့ ပြောခဲ့သလိုပါပဲ။ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ကၜွန်တော်တို့ အတော့်ကို စိတ်ပျက်မိပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ ဥပဒေပေါ့။ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေ အဆက်မပြတ် ပေးနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေး စိန်ခေါ်မှုတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာပါ။ မြန်မာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့သူတွေ အားလုံး ဒိုင်ယာလော့ခ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ နိုင်ငံရေးသမားတွေ ဒီထက် ပိုပြီး ပူးပေါင်း ပါဝင်နိုင်ဖို့ တံခါးဖွင့်ပေးဖို့လည်း လိုအပ်ပါတယ်" ဟု ၎င်းက သုံးသပ်သည်။

"ကၜွန်တော်တို့က မြန်မာနိုင်ငံကို ခိုင်မာတဲ့ အမှာစကားတွေ ဆက်တိုက် ပေးပို့သွားမှာ ဖြစ်ပါတယ်။ အချိန်ကာလ တစ်ခု ကျော်သွားရင် ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ကၜွန်တော်တို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ အင်မတန် ခက်ခဲတဲ့ဖြစ်စဉ် လို့တော့ ကၜွန်တော်တို့ မထင်မြင်မိပါဘူး။ အံ့အားသင့်မှုလည်း မဖြစ်မိပါဘူး" ဟု ဆက်လက် ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက "ကၜွန်တော်တို့ စိုးရိမ်ပူပန်မိတဲ့ အေၟကာင်း ထုတ်ဖော်ပြသပြီးပါပြီ။ လက်ရှိ အနေအထားအရ ပြောရရင် ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်ကို ကၜွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး" ဟု တုံ့ပြန် ဖြေၟကားသည်။

မြောက်ကိုရီးယားသည် ဧပြီ လလယ်ခန့်က မြန်မာနိုင်ငံသို့ စစ်လက်နက်များ တင်ပို့ခဲ့သည် ဟူသော သတင်း ပေးပို့ချက်များနှင့် ပတ်သက်ပြီး Crowley က မြန်မာ အစိုးရအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရန် တာဝန် ရှိသည်ဟု ဆိုသည်။

"မြန်မာ အပါအဝင် အခြားနိုင်ငံတွေ အားလုံး မြောက်ကိုရီးယားနဲ့ ဆက်ဆံတဲ့အခါ၊ အပေးအယူ လုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု ဆိုတာကို ထုတ်ဖော် ပြသဖို့ တာဝန်ရှိပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား အၟကား စစ်ရေးအရ အဆက်အသွယ် ရှိတယ်ဆိုတဲ့ ကိစ္စအပေါ် ကၜွန်တော်တို့ အထူးပင် စိုးရိမ် ပူပန်မိပါတယ်။ မြန်မာ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ၟကလိမ့်မယ်လို့ အမေရိကန် အစိုးရက မျှော်လင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.theage.com, By Eva Sundari, 22nd April 2010

လွန်ခဲ့သော အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ကြီးမားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သလို အင်ဒိုနီးရှား အပါအဝင် အိမ်နီးချင်း နိုင်ငံများ၏ ကြိုးပမ်းမှုဖြစ်သော ကြိုတင် သတ်မှတ်ချက် မထားသည့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒကိုလည်း တွေ့မြင်ခဲ့ရသည်။ အာဆီယံတွင် အပြစ်ရှိသည့် အဆိုပါ စည်းကမ်းမဲ့ ဆွေးနွေးရေးကို ကျင့်သုံးမှုေၟကာင့် အလွန် ရဲရင့်၍ မျှော်လင့်ချက် များစွာ ထားၟကသော မြန်မာ အိမ်နီးချင်းများထံ ကောင်းမွန်သော ပြောင်းလဲမှုကို ဆောင်ၟကဉ်းပေးရန် ပျက်ကွက်ခဲ့ပြီ ဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး၏ အကျိုးရလဒ်များသည် သာမန် မြန်မာ ပြည်သူများထံ မရောက်ရှိခဲ့ဘဲ ကအစား ဆင်းရဲမွဲတေမှု မြင့်မားလာကာ ကျန်းမာရေး ကဏ္ဍအတွက် ငွေသုံးစွဲမှု ကျဆင်းသွားသည်။ ထို့ပြင် လက်နက်သစ်များ တပ်ဆင်ထားသော အစိုးရ စစ်တပ် များေၟကာင့် တိုင်းရင်းသား အမျိုးသမီးများ အပေါ် လိင်ကိစ္စ အၟကမ်းဖက်မှု၊ နှိပ်စက် ညဉ်းပမ်းမှု၊ သတ်ဖြတ်မှုများ ပေါ်ပေါက်၍ လူ့အခွင့်အရေး ပြဿနာမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပြဿနာမှာေၟကကွဲဖွယ် အကျိုးဆက်များ နှင့်အတူ ပိုမိုဆိုးဝါးလာလျက် ရှိသည်။

အသက် ငါးနှစ်အောက် ကလေးငယ်များမှာ ဆယ်ယောက်တွင် တစ်ယောက် သေဆုံးလျက် ရှိပြီး အဆိုပါ ကိန်းဂဏန်းမှာ မြန်မာ စစ်တပ်က အရပ်သားများကို အၟကမ်းဖက်နေသော ရှမ်းပြည် အရှေ့ပိုင်းတွင် ၂ ဆ မြင့်တက်နေသည်။ ကလေးသူငယ်များအား စစ်သားသစ် အဖြစ် အဓမ၌ စုဆောင်းမှုမှာလည်း အစိုးရက ရပ်ဆိုင်းရန် ကတိပေးထားသည့် ၟကားမှ ဆက်လက် ဖြစ်ပွားနေသည်။

ကြိုတင် သတ်မှတ်ချက် မထားသည့် ဆွေးနွေးမှု၏ အကျိုးဆက်မှာ ရိုဟင်ဂျာ လှေစီး ခရီးသည်များ၏ေၟကကွဲဖွယ် ဖြစ်ရပ်၌ အင်ဒိုနီးရှား နှင့် အာဆီယံကိုပါ အပြစ်ရှိစေခဲ့ခြင်း ဖြစ်သည်။ ကအခြေအနေတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကင်းမဲ့ရုံသာမကဘဲ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း အရေးပါသော ပြုပြင် ပြောင်းလဲမှုကို ဆောင်ၟကည်းပေးမည့်ပုံ မရပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှ ရရှိသော ဝင်ငွေေၟကာင့် စစ်ဖက် အာဏာရှင် အစိုးရမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ရန် စွမ်းရည် ရရှိခဲ့သည့် အဓမ၌ ခိုင်းစေခြင်း၊ နှိပ်စက် ညှဉ်းပမ်းခြင်း၊ ဥပဒေမဲ့ အပြစ်ပေးခြင်း၊ မုဒိန်းမှု ကျူးလွန်ခြင်း၊ အတင်းအကျပ် ပြောင်းရွှေ့ခြင်း စသည်တို့ အပါအဝင် ချိုးဖောက် ကျူးလွန်မှုများမှာ မြန်မာနိုင်ငံ တဝှမ်း ထင်ရှားသော သက်သေ၊ အထောက်အထားများ ရှိနေသည်။ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO နှင့် မြန်မာနိုင်ငံတွင်း အမျိုးသမီးများ အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဆိုင်ရာ နိုင်ငံတကာ တရားရုံးတို့က မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေသည်ဟု သတ်မှတ်ထားၟကသည်။

နိုင်ငံခြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များမှ ပိုက်ဆံများသည် ရက်စက်စွာ ဆက်လက် ဖိနှိပ်နေသော စစ်တပ်ထဲ ရောက်ရှိသွားသကဲ့သို့ ကိုယ်ကျိုးစီးပွား ရှာနေသည့် စစ်ဗိုလ်ချုပ်များ တစ်ဦးချင်းထံ ရောက်ရှိသွားသည်။ ကအခြေအနေများေၟကာင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို ထောက်ခံသူ မည်သူနှင့်မဆို ဆွေးနွေးရန် အေၟကာင်း မရှိသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက စေ့စပ် ဆွေးနွေးရေး စားပွဲဝိုင်းသို့ မည်သူကိုမျှ ခေါ်လာနိုင်ခြင်း မရှိပါ။

ပြီးခဲ့သော နှစ်က ဒေါ်အောင်ဆန်းစုၟကည်သည် လက်ရှိ ချမှတ်ထားဆဲ ဖြစ်သော အရေးယူ ပိတ်ဆို့မှုများကို 'ဘုတ်' တစ်ခု သဖွယ် အောင်မြင်စွာ အသုံးပြုကာ မြန်မာအစိုးရနှင့် ၂ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် လည်းကောင်း၊ အမေရိကန်၊ ဗြိတိန်၊ ၟသစေၟတးလ်၊ သံအမတ်များနှင့် ၆ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် လည်းကောင်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်ကို တွေ့ရသည်။

မီဒီယာများတွင် မည်သို့ ဖော်ပြၟကစေကာမူ ဒေါ်အောင်ဆန်းစုၟကည်က အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်သည့် သူမ၏ သဘောထား တစုံတရာ ပြောင်းလဲမှု ရှိသည်ဟု ရည်ညွှန်းခဲ့ခြင်း မရှိသလို ချမှတ်ထားသော ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အတွက်လည်း တောင်းဆိုခဲ့ခြင်း မရှိပါ။ မဖြစ်နိုင်ဟုတော့ မဆိုနိုင်ပါ။ အကယ်၍များ မြန်မာ အစိုးရက တရားဥပဒေ၊ နယ်မြေနှင့် နိုင်ငံသားများ အပေါ် အကန့်အသတ်မဲ့ ထင်တိုင်းကြဲ အုပ်ချုပ်၊ ထိန်းချုပ်မှုများကို ရုတ်သိမ်းခြင်းဖြင့် ၎င်းတို့ ဆန္ဒအလျောက် အလျှော့ပေး လိုက်လျောမှုကို ပြသနိုင်သည် ဆိုသော အချက်ကို အမှန်တကယ်ပင် စဉ်းစားၟကည့်သင့်သည်။

အသစ် ချမှတ်မည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ အရေးယူရေး အစီအစဉ်တွင် အထူးသဖြင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ထည့်သွင်းခဲ့မည် ဆိုပါက ဒေါ်အောင်ဆန်းစုၟကည် အနေအထား အပါအဝင် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ နေရာ ရရှိရေး မျှော်မှန်းချက်ကို ပိုမို ခိုင်မာစေမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုၟကည်ကို အထောက်အပံ့ပေးရန် အပိုဆောင်း မျှော်မှန်းထားသည့် ပိုမို ထိရောက်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ အရေးယူရေး အစီအစဉ်သစ်များသည် အောက်ပါ အချက်များကို အခြေခံ၍ ချမှတ်ရလိမ့်မည်။

-      တပ်မတော် အစိုးရက ၎င်းတို့၏ သီးသန့် အကျိုးအတွက် နိုင်ငံတော်၏ သယံဇာတများ ဖြစ်သော ရေနံနှင့် ဓါတ်ငွေ့သိုက်များ အပေါ် ကိုယ်ကျိုးရှာနေမှုမှ ကာကွယ်ရေး

-      တည်ဆောက်ရေး စီမံကိန်း ရှိရာ ဒေသများ တလျှောက် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို တားဆီးရန် စစ်ဖက် အစိုးရ၏ ဒေါ်လာ ဘီလျံနှင့် ချီသော ဘဏ္ဍာငွေများကို ပိတ်ပင်ရေး

-      နိုင်ငံခြား ကုမဏြီများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများတွင် ပါဝင် ပတ်သက်ခြင်း (သို့) ဆက်နွယ်ခြင်း မရှိေၟကာင်း သေချာအောင် ပြုလုပ်ရေး စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံ ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အရေးယူ ပိတ်ဆို့မှုများမှာ မူလကပင် ချမှတ်ထားခဲ့ပြီး ဖြစ်သည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ရေး အစီအစဉ်များကို အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ကနေဒါ နိုင်ငံတို့က လက်ခံထားပြီး ဖြစ်သလို ပုဂ္ဂလိက ကုမဏြီများနှင့် နိုင်ငံ တစ်နိုင်ငံချင်းကလည်း ၎င်းတို့ ဆန္ဒအလျှောက် ပိတ်ဆို့မှုများ ချမှတ်ထားသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပစ်မှတ်ထား ပိတ်ဆို့ရေးကို နိုင်ငံ တစ်နိုင်ငံချင်းက စတင် ကျင့်သုံးပါက နိုင်ငံပေါင်းစုံ၊ ဘက်ပေါင်းစုံ ချဉ်းကပ် ကိုင်တွယ်မှုကို ပိုမို အားကောင်းစေလိမ့်မည် ဖြစ်သည်။

ၟသစေၟတးလ် Twinza Oil ကဲ့သို့ ကုမဏြီများ စတင် ရင်းနှီးမြှုပ်နှံနေသည့် ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍမှ အမြတ်ငွေများ တပ်မတော်၏ အိတ်ကပ်ထဲသို့ ရောက်ရှိနေသည့် တိုက်ရိုက် လမ်းေၟကာင်း ဖြစ်နေ၍ ကအချက်မှာ အထူးသဖြင့် အရေးကြီးနေသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်း အတွက် မိမိတို့အတွက် တာဝန်ရှိသည်ကို အာဆီယံကလည်း လက်ခံသည်။ အေၟကာင်းမှာ စစ်ဖက် အစိုးရ၏ နိုင်ငံရေးနှင့် စီးပွားရေး ခိုင်မာအောင် ဆက်လက် ပါဝင် ဆောင်ရွက်နေၟကခြင်းေၟကာင့် ဖြစ်သည်။ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲလာအောင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရေးယူ ပိတ်ဆို့မှု ချမှတ်ရေး ကဲ့သို့သော ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို အသုံးပြုခြင်း မရှိပါက အခြားနိုင်ငံများသည်လည်း အလားတူ လုပ်ဆောင်လာၟကမည် ဖြစ်၍ မြန်မာနိုင်ငံတွင်းမှ အနေအထားများ အတွက် အာဆီယံကို အပြစ်တင် ရတော့မည် ဖြစ်သည်။

ၟသစေၟတးလ် နိုင်ငံသည် ဒေသတွင်း လုံခြုံရေးနှင့် ဒီမိုကရေစီကို ကာကွယ်သူ အဖြစ် နာမည်ကောင်း ရထားသည်။ သို့သော် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ၟသစေၟတးလ် ကုမၾဏီမ်ားက ရန်ပုံငွေ ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းအောင် မဖြစ်မနေ လုပ်ရမည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်း မရှိပါက အဆိုပါ နာမည်ကောင်းကို လက်လွှတ်ရဖွယ် ရှိသည်။ ယခုနှစ်သည် မြန်မာနိုင်ငံကို ရှင်းလင်းစွာ ဖွင့်ဆိုမည့် နှစ်အဖြစ် ချီတက်နေသည်။ မြန်မာနိုင်ငံရေး အဓိက ပလေယာများကို စေ့စပ် ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ခေါင်းဆောင်ရန် ရည်ရွယ်ချက်ဖြင့် သတ်သတ်မှတ်မှတ် ဖိအားပေးရန် ၟသစေၟတးလ် နိုင်ငံက ကတိပြုထားသည့် အားလျော်စွာ စစ်ဖက် အစိုးရ၊ အာဆီယံ အစိုးရများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကၜွန်ုပ်တို့၏ ရဲရင့်သော အိမ်နီးချင်း ပြည်သူများ ဖြစ်သည့် ဒီမိုကရေစီ တောင်းဆိုရေး အတွက် စည်းလုံးနေၟကသည့် မြန်မာ တိုင်းရင်းသားပေါင်းစုံ ပြည်သူများထံ ရှင်းလင်းသော  အသိပေး သဝဏ်လွှာ ပို့ဆောင်ရန် ကၜွန်ုပ်တို့ အတူတကွ လုပ်ဆောင်ၟကပါစို့ ဟု တိုက်တွန်းလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia News, 22nd April 2010

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာ အစိုးရက ၎င်း၏ အင်အားကို တောင့်တင်းအောင် ပြုလုပ်နေသည်မှာ KIA တပ်ဖွဲ့ကို ဧပြီ ၂၈ ရက် နောက်ဆုံးထား၍ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် ရာဇသံပေးခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ကချင် တပ်ဖွဲ့မှာ မတရားသင်းေၟကညာခံရဖွယ် ရှိသည်။ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးခွင်၌ ဗုံးပေါက်ကွဲမှုေၟကာင့်လည်း တင်းမာမှုများ ကြီးထွားလာခဲ့သည်။ မည်သူက စပစ်မည် ဆိုသည်ကို ပြည်သူများက စောင့်ၟကည့်နေၟကေၟကာင်း Asia News ထံ အောက်ပါအတိုင်း သတင်း ပေးပို့ လာသည်။

တရုတ်နိုင်ငံနှင့် နယ်စပ် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် စစ်ရိပ် စစ်ငွေ့များ သန်းနေသည်။ မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးများ အတွဲလိုက် ပေါက်ကွဲခဲ့ခြင်းနှင့် မြန်မာ အစိုးရက KIA ကို နယ်ခြားစောင့်တပ် ဖွဲ့စည်း အသွင်ပြောင်းရန် ရာဇသံ ပေးထားမှုတို့ေၟကာင့် တင်းမာမှုများ ဆက်လက် ကြီးထွားနေသည်။ ပထမဆုံး ပစ်ခတ်မှုကို မည်သူက စမည် ဆိုသည်ကို ပြည်သူတို့က စောင့်ၟကည့်နေေၟကာင်း ပြည်တွင်း သတင်းရပ်ကွက်က Asia News သို့ ပြောၟကားသည်။

နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်းရန် ကချင် စစ်ခေါင်းဆောင်များက ငြင်းဆန်ပါက KIA ကို တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်ရန် အဆင်သင့် ရှိသည်ဟု မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ပြောၟကားထားသည်။ အသွင်ပြောင်း ပူးပေါင်းရေး အတွက် နောက်ဆုံး သတ်မှတ်ရက်မှာ ဧပြီ ၂၈ ရက် ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် မြန်မာ စစ်တပ်မှ ကုန်တင်ယာဉ် ၁၀၀ ခန့်သည် KIA ဌာနချုပ် အနီးသို့ ရွှေ့ပြောင်းနေပြီး ပဋိပက္ခ အတွက် အဆင်သင့် ပြင်ဆင်နေသည်ကို တွေ့ရသည်။

ကချင် တပ်ဖွဲ့၏ နိုင်ငံရေး အဖွဲ့ဖြစ်သော KIO ကို မြန်မာ့ နိုင်ငံရေးတွင် သိသိသာသာ နေရာပေးခြင်း မရှိပါက နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းမည် မဟုတ်ဟု KIA က ငြင်းဆန်ထားသည်။ ယခုနှစ် ရွေးကောက်ပွဲများ မကျင်းပမီ KIO က ကအချက်ကို အလိုရှိနေခြင်း ဖြစ်သည်။

ဧပြီ ၂၈ ရက်တွင် KIA က နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်းခြင်း မရှိပါက တရားမဝင် အဖွဲ့အဖြစ်ေၟကညာရန် မြန်မာ စစ်တပ်က အဆင်သင့် ရှိနေပြီး တင်းမာမှုများ လျင်မြန်စွာ ကြီးထွားနေသည်ဟု ဒေသ သတင်းများက ဆိုသည်။ နှစ်ဖက် တပ်ဖွဲ့များ ထိပ်တိုက်တွေ့မည့် အနေအထား ရှိသည်ဟု ဆိုသည်။

မြစ်ကြီးနား ဒေသခံများက ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ကို ကြိုက်နှစ်သက် ၟကသော်လည်း ယခု နောက်ပိုင်းတွင် မြန်မာ စစ်ဖက် အစိုးရကို ရင်ဆိုင်ရန် ခိုင်မာသော ဖွဲ့စည်းမှု ချို့တဲ့နေသည်ဟု သိရသည်။

ပြီးခဲ့သော စနေနေ့တွင် မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း နယ်မြေကို လှုပ်ခါ သွားစေခဲ့သော အတွဲလိုက် ဗုံးပေါက်ကွဲမှုများက သတိပေး တပ်လှန့်မှု အဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

တည်ဆောက်ရေးခွင်၏ တောင်ဘက် ၁၀ ကီလိုမီတာ အကွာရှိ လုံကာဇွပ် ကျေးရွာမှ အေရှားဝေါ ကုမဏြီရုံးတွင် ဗုံးများ ပေါက်ကွဲခဲ့သလို အနီးအနား ရွာများတွင် ဗုံးအများစု ပေါက်ကွဲခဲ့ပြီး အတည်မပြုနိုင်သေးသော သတင်းများအရ တရုတ် လူမျိုး ၇ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မြစ်ဆုံ ရေလှောင်တမံသည် ပြည်မကြီး၏ အကြီးဆုံး နိုင်ငံပိုင် စွမ်းအင် ကုမဏြီ China Power Investment Corporation ၊ မြန်မာ အေရှားဝေါ ကုမဏြီနှင့် မြန်မာ အစိုးရ ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက်မည့် စီမံကိန်း တစ်ခု ဖြစ်သည်။

အဆိုပါ ရေလှောင်တမံ ပြီးစီးခဲ့ပါက လျှပ်စစ်ဓာတ်အား ၃၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် မျှော်လင့်ထားပြီး တရုတ် ယူနန်ပြည်နယ်သို့ ရောင်းချမည် ဖြစ်သည်။

အဆိုပါ စီမံကိန်း၏ ရေဝပ် ဧရိယာေၟကာင့် ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ လူပေါင်း ၁၅၀၀၀ ခန့်ကို ရေလှောင်တမံ၏ အထက်ဖက်သို့ အတင်းအကျပ် ရွှေ့ပြောင်းခဲ့သည်။

ယင်းစီမံကိန်းသည် Virgin Mary ရုပ်ထုနှင့် ဂူကို ပျက်ဆီးစေသည်ဟု ဒေသခံများက ကန့်ကွက်ခဲ့ၟကသည်။ ကချင်ပြည်နယ်တွင် ကြီးမားသော ခရစ်ယာန် အသိုင်းအဝိုင်း ရှိနေပြီး ဒေသခံ အများစုမှာ ဘုရားသခင်ကို လွန်စွာ ယုံၟကည် ကိုးကွယ်သူများ ဖြစ်သည်။

ဗုံးပေါက်ကွဲမှုများ အတွက် KIO ကို မြန်မာ စစ်ဖက် အစိုးရက အပြစ်တင်ခဲ့သည်။ ကချင် အဖွဲ့အစည်းကမူ တစ်စုံတစ်ရာ ပတ်သက်မှု မရှိေၟကာင်း ငြင်းဆိုသည်။ ၎င်းတို့က ကကိစ္စသည် ရေလှောင်တမံ စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်ခြင်း ဖြစ်ေၟကာင်း လက်ခံ အသိအမှတ် ပြုသော်လည်း အထက်ပါ အၟကမ်းဖက်မှု အတွက် အစိုးရတွင်သာ တာဝန်ရှိေၟကာင်း ပြန်လည် အပြစ်တင်ခဲ့သည်။ တင်းမာမှုများ အလျင်အမြန် ကြီးထွားလာမှု နှင့်အတူ အေၟကာင်းအရာ တစုံတရာေၟကာင့် စစ်ပွဲ ဖြစ်ပွားလာတော့မည်ကို ဒေသခံ ပြည်သူတို့က မျှော်လင့်ထားၟကသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

n2.news.yahoo.com, 22 April 2010

          မြန်မာ စစ်အစိုးရ၏ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်သုံးဦးသည် အခွန်ထမ်း ပြည်သူများ ကျခံသော ငွေများဖြင့် နယူးဇီလန်နိုင်ငံတွင် အင်္ဂလိပ်ဘာသာ သင်ၟကားလျက် ရှိသည်ဟု သိရသည်။

          နိုင်ငံခြားရေးဝန်ကြီး Murray McCully က မနေ့က အတည်ပြု ပြောၟကားရာတွင် မြန်မာ အစိုးရ အရာရှိ သုံးဦးကို နယူးဇီလန်တွင် ပညာသင်ၟကားရန် သဘောတူခဲ့ပြီး ဖြစ်ေၟကာင်း နောက်ထပ် ထပ်မံ ရောက်ရှိလာရန် ရှိေၟကာင်းလည်း ပြောခဲ့သည်ဟု Dominion Post က သတင်း ပေးပို့ခဲ့သည်။

          အဆိုပါ ကိစ္စအား Otago academic မှ ကန့်ကွက်ခဲ့ရာ အဆိုပါ ပညာသင်လာမည့် ဝန်ထမ်းများသည် နိုင်ငံတကာမှ ရှုတ်ချနေသော စစ်အစိုးရ၏ လူများ ဖြစ်မည် ဖြစ်ေၟကာင်း ပြောသည်။

"အစိုးရကတော့ သူ့ကို ဆန့်ကျင်တဲ့ သူတွေကိုတော့ လွှတ်မယ် မထင်ပါဘူး" ဟု Otago တက္ကသိုလ်မှ ပါမောက္ခ Kevin Clements က ပြောသည်။

မြန်မာနိုင်ငံသည် စစ်တပ် အစိုးရမှ အုပ်ချုပ်ပြီး အတိုက်အခံများကို နှိပ်ကွပ်နေသော နိုင်ငံ ဖြစ်သည်။

Labour ပါလီမန် အဖွဲ့ဝင် ဖြစ်သူ Burma Cross – Party Parliamentary Group ဥက္ကဌ Maryan Street က ပြောၟကားရာတွင် ကသို့သော အစိုးရမျိုးကို အထောက်အပံ့ပြုမည့် အစီအစဉ်မျိုး မလုပ်သင့်ေၟကာင်း ပြောသည်။

Ms Street က ပြောၟကားရာတွင် ယခုစာလာသင်သော အစိုးရလူများသည် ကနိုင်ငံရှိ ဒုက္ခသည်များကို လာရောက် ထောက်လှမ်းခြင်း ဖြစ်နိုင်ေၟကာင်း၊ ထို့နောက် မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိသားစုများကို နှိပ်စက်ကောင်း နှိပ်စက်နိုင်ေၟကာင်း ဆိုသည်။

"အခုကိစ္စဟာ လူသားချင်း စာနာသော ကူညီ ထောက်ပံ့မှုနှင့် မတူပါဘူး။ ကိုယ့်နိုင်ငံကို ပြန်ပြီး တိုးတက်အောင် လုပ်ပေးမယ့် နိုင်ငံသားတွေကို လေ့ကျင့်ပေးတာနဲ့လည်း မတူပါဘူး" ဟု သူမက ပြောသည်။

နိုင်ငံခြားရေး ဝန်ကြီး Mr. McCully သည် ယခင်က မြန်မာ အစိုးရ ခေါင်းဆောင်များကို မြန်မာနိုင်ငံမှ လူသတ်သမားများ (Butchers of Burma) ဟု ပြောခဲ့သူ ဖြစ်ပြီး၊ ၎င်းက အစိုးရ ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာ လေ့ကျင့် သင်ၟကားရေး အစီအစဉ်ကို ပြန်လည် သုံးသပ်ပြီး ခွင့်ပြုခဲ့ခြင်း ဖြစ်ေၟကာင်း ပြောခဲ့သည်။

မြန်မာနိုင်ငံ ခေါင်းဆောင်များ အပေါ် ဆက်ဆံရေး ပြောင်းလဲသွားမှုနှင့် ပတ်သက်၍ တရားမျှတမှု ရှိမရှိ မေးမြန်းသောအခါ McCully က နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေ ရှိေၟကာင်း ပြောသည်။

အမေရိကန်သည်ပင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်းေၟကာင့် မြန်မာ အစိုးရနှင့် ပိုမို ဆက်ဆံလာရာ ယခုကိစ္စမှာလည်း နိုင်ငံတကာနှင့်အတူ လိုက်ပါဆောင်ရွက်ရခြင်း ဖြစ်ပေသည်။

ယခု အစီအစဉ် အတွက် မြန်မာ အစိုးရသည် ပညာသင် တစ်ဦး အတွက် ခြောက်လကျော် ပညာသင် စရိတ် ဒေါ်လာ ၃၅၀၀၀ ကျသင့်မည် ဖြစ်ေၟကာင်း Mr McCully က ပြောၟကားသည်။

၁၉၉၈ ကတည်းက နယူးဇီလန်သို့ မြန်မာ အစိုးရ တာဝန်ရှိသူ ၃၅ ဦး လာရောက်ခဲ့သည်။

Labour နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Chris Carter က ပြောၟကားရာတွင် ပညာသင်လာမည့် မြန်မာ ဝန်ထမ်းများအား ဒီမိုကရေစီသည် မည်သို့ လုပ်သင့်သည် ဆိုသည်ကို ပြသရန် အရေးကြီးသည်ဟု ဆိုသည်။

Greens' နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Keith Locke က ပြောၟကားရာတွင် ယခု အစီအစဉ်တွင် ပါဝင်မည့် မြန်မာများသည်၊ တိုင်းသူပြည်သားများ အပေါ် သစ္စာရှိသင့်ေၟကာင်း ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Latimes.com, By Mark Magnier, 22nd April 2010

ဘန်ကောက်မြို့လယ် စီးပွားရေး ရပ်ကွက်တွင် ဗုံး ၅ လုံး ပေါက်ကွဲခဲ့ရာ ရဲအရာရှိများက အဆိုပါ ဗုံးသည် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ပန်းခြံ တစ်ခု အတွင်းမှ စတင် မြစ်ဖျားခံခြင်း ဖြစ်သည်ဟု ပြောၟကားနေသော်လည်း 'ရှပ်နီ' များကမူ တာဝန်ရှိသည် ဆိုခြင်းကို ငြင်းပယ်ထားေၟကာင်း သိရှိရသည်။

လူတစ်ဦး သေဆုံး၍ ၇၅ ဦး ဒဏ်ရာရခဲ့သော ၟကာသပတေးနေ့က ဘန်ကောက် စီးပွားရေး ရပ်ကွက် ဗုံးပေါက်ကွဲမှုသည် ရှေ့မတိုး နောက်မဆုတ် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားနေသော ထိုင်းနိုင်ငံ မြို့တော်တွင် ၂ ပတ် အတွင်း ဒုတိယ အကြိမ် အဖြစ် လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ထောက် ဝန်ကြီးချုပ် ဆူသက်သောင်ဆူဘန်က နိုင်ငံတဝှမ်းမှ ရုပ်သံ ပရိသတ်များကို ပြောၟကားရာ၌ ဟိုတယ် တစ်ခု အနီးတွင် တစ်လုံး၊ ဆီးလုံလမ်း ဘဏ်တိုက် အနီးတွင် တစ်လုံး ပေါက်ကွဲခဲ့သော M – 79 လက်ပစ်ဗုံးများသည် ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ဘန်ကောက် ပန်းခြံ အတွင်းမှ မြစ်ဖျားခံသည် ဆိုသည်။ သို့ရာတွင် မည်သူတွင် တာဝန်ရှိေၟကာင်း အတိအကျ မပြောနိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

"ထိခိုက်ဒဏ်ရာ ရသူတွေကို ကၜွန်တော်တို့ အစိုးရက ဝမ်းနည်းစကား ပြောၟကားလိုပါတယ်" ဟု ပြောဆိုခဲ့သော 'ဆူသက်' က လုံခြုံရေး အတွက် ပြည်သူများအား ထိုနေရာမှ ထွက်ခွာပေးရန် တောင်းဆိုခဲ့ပြီး "နောက်ထပ် ပဋိပက္ခတွေ ထပ်ဖြစ်လာမှာ စိုးရိမ်လို့ ဒီနေရာမှ လုံခြုံရေး တပ်ဖွဲ့တွေ ပိုပြီး ချသွားမှာပါ" ဟု ပြောၟကားခဲ့သည်။

ရှပ်နီများဟု ကျော်ၟကားသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ် ရပ်ကွက်များကို သိမ်းပိုက်ထားၟကပြီး လက်ရှိ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားအား ရာထူးမှ နှုတ်ထွက်၊ လွှတ်တော် ဖျက်သိမ်းကာ နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုနေၟကသည်။

ကျေးလက် နှင့် အခြေခံ လူတန်းစား မြို့နယ်များမှ ရောက်ရှိလာသော ဆန္ဒပြသူများစွာသည် ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုေၟကာင့် ပြည်ပတွင် တိမ်းရှောင်နေသည့် ယခင် ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။ ၎င်းတို့က အဘီဆစ် အစိုးရသည် ရေပေါ်ဆီများသာ ဖြစ်ပြီး တရားဝင် အစိုးရ မဟုတ်ေၟကာင်း နှင့် လူထု ဆန္ဒမဲ မပါဘဲ အာဏာရလာသူများသာ ဖြစ်သည်ဟု စွပ်စွဲထားသည်။

၎င်းတို့နှင့် ဆန့်ကျင်ဘက် အုပ်စုမှာ 'ရှပ်ဝါ' များ ဖြစ်ပြီး အဆိုပါ ရှပ်ဝါများသည် ဘုရင့် သစ္စာခံများ၊ ထိုင်းစစ်တပ် နှင့် ဆန္ဒရှိသည့်အတိုင်း အရာရာကို ထိန်းချုပ်လိုသူ နောက်ကွယ်မှ အာဏာရှင် တစ်စုနှင့် မဟာမိတ်ဖွဲ့ထားသည်။

တတိယ အုပ်စုကို ထောက်ခံသူများကမူ ရေရှည်နိုင်ငံရေး ပြဿနာ နှင့် အခြေခံ လူတန်းစား တော်လှန်မှုတို့ အပေါ် စိတ်ပါဝင်စားခြင်း မရှိဘဲ ဈေးဝယ်စင်တင်များ ပိတ်ရခြင်း၊ ခရီးသွားလုပ်ငန်း ထိခိုက် ကျဆင်းနေခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းမှုတို့အပေါ် စိတ်မသက်မသာ ဖြစ်နေၟကသည်။

ဆီးလုံလမ်းမှ ဘဏ်ဝန်ထမ်း တစ်ဦး ဖြစ်သူ အသက် ၃၀ အရွယ် ပရူချာလာဒါ သီနိုဂိုက "ပထမတော့ ကၜွန်တော့်မှာ အရောင်အသွေး မရှိပါဘူး၊ အလယ်အလတ် လမ်းစဉ်သမားပေါ့ဗျာ" ဟု ဗုံးမပေါက်ကွဲမီက ပြောၟကားခဲ့သည်။ "အခုတော့ သူတို့က စီးပွားရေး ရပ်ကွက်ထဲ ဝင်လာပြီး ဒီနေရာက ဝန်ထမ်းတွေကို အန္တရာယ် ပေးနေပြီ။ အခုဆိုရင် နေ့လယ်စာ ထွက်စားတာ၊ အလုပ်သွားရတာက စိန်ခေါ်မှု တစ်ခုလို ဖြစ်လာပြီ" ဟု ၎င်းက ဆိုသည်။

ၟကာသပတေးနေ့ ဗုံးပေါက်ကွဲမှုသည် မိမိတို့တွင် တာဝန်မရှိဟု ရှပ်နီများက ငြင်းဆိုေၟကာင်း၊ ဆန္ဒပြ ခေါင်းဆောင် နာတာဝပ်ဆိုင်ကူး ပြောၟကားသည့် အတိုင်း Channel – 7 ရုပ်သံလိုင်းက ထုတ်လွှင့်သွားသည်။

နိုင်ငံအား နိုင်ငံခြားငွေ အများဆုံး ရှာဖွေ ပေးနေသော ထိုင်းခရီးသွား လုပ်ငန်းသည် ၂၀၀၉ ခုနှစ် ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ၆.၅ % အထိ စွမ်းဆောင်ခဲ့သည်။ အဆိုပါ ခရီးသွား လုပ်ငန်း စီးပွားရေးသည် ယခုအခါ အကြီးအကျယ် ပျက်စီးတော့မည်ဟု ဘဏ္ဍာရေး ဝန်ကြီး ကွန်ချာတီ ကာဗန်နစ်က လောလောဆယ် ပြောၟကားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 22nd April 2010

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) သည် အစိုးရက မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် သတ်မှတ် ပေးထားသော နောက်ဆုံးရက်ကို ကျော်လွန်ခဲ့ပြီး ဖြစ်ရာ KIO က လက်မခံဘဲ ပယ်ချခဲ့သည် ဟု သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့မှ ဗိုလ်မှူးကြီး သက်ပုံတို့ အပါအဝင် အစိုးရ စစ်တပ်မှ ကိုယ်စားလှယ် လေးဦးနှင့် KIO မှ ဥက္ကဌ Layauk Zauhara ၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာနှင့် ဒုဦးစီးချုပ် ဗိုလ်မှူးကြီး ဂမ်မော်တို့သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တစ်နာရီခွဲၟကာ ၟကာသပတေးနေ့ နံနက်က တွေ့ဆုံခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် KIO သည် အစိုးရ၏ အစီအစဉ်ကို လက်မခံေၟကာင်း ပြောၟကားခဲ့သည်။

"ကၜွန်တော်တို့က သူတို့ကို လက်မခံေၟကာင်း ပြောခဲ့ပါတယ်။ ကချင် လူထုကရော KIO အောက်ဆုံးက အဖွဲ့ဝင်များကပါ အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်" ဟု အစည်းအဝေးတွင် ပါဝင်သော ကိုယ်စားလှယ် တစ်ဦးက မဇ္ဈိမသို့ ပြောၟကားခဲ့သည်။

KIO က ထပ်တလဲလဲ ပြောခဲ့သည်မှာ ၎င်းတို့ ကချင်တပ်ရင်း အနေဖြင့် ဖက်ဒရယ် စစ်တပ် အဖြစ်သာ ပူးပေါင်းမည့် အစီအစဉ်ကိုသာ ခိုင်ခိုင်မာမာ ရပ်တည်မည် ဖြစ်ေၟကာင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ် စိုးဝင်းက KIO ၏ ပြန်ၟကားချက်ကို နေပြည်တော်သို့ တင်ပြပေးမည် ဖြစ်ေၟကာင်း ပြောခဲ့သည်ဟု အဆိုပါ ကိုယ်စားလှယ်က ပြောသည်။

KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး Sin Wah က ပြောၟကားရာတွင် ၎င်းတို့ အဖွဲ့အနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်းသာ အဖြေရှာလိုေၟကာင်း ပြောၟကားခဲ့သည်။

"အစိုးရက ကၜွန်တော်တို့ကို တိုက်ခိုက်လာမှာကတော့ သူတို့သဘောပါပဲ။ ဘာမှ မပြောလိုပါဘူး။ ကၜွန်တော်တို့ကတော့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတာပါပဲ" ဟု ၎င်းက မဇ္ဈိမသို့ ပြောသည်။

KIO သည် အင်အား ၂၀၀၀၀ ခန့် ရှိပြီး ပုံမှန် စစ်သား ၈၀၀၀ ခန့် ရှိသည်။ KIO က နေပြည်တော်သို့ စစ်ရေး အသုံးမပြုရန် သတိပေးထားသည်။

အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသို့ ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်မှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ရာဇသံ ၃ ခု ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း KIO နှင့်အတူ အစိုးရ၏ ရာဇသံကို ပယ်ချခဲ့သည်။

"ဒီနေ့က အစိုးရကို အေၟကာင်းပြန်ရမှာ နောက်ဆုံးနေ့လေ။ ဒါပေမယ့် သူတို့ လိုချင်တာနဲ့ ကၜွန်တော်တို့ ဖြစ်ချင်တာက တခြားစီ ဖြစ်နေတယ်။ ကၜွန်တော်တို့ အချက် ကိုးချက် အဆိုပြု တင်ပြတာကို သူတို့က ရှစ်ချက် ပယ်ချတယ်။ သူတို့က ကၜွန်တော်တို့ရဲ့ အချုပ်အချာ နယ်မြေ ပိုင်ဆိုင်ခွင့်ကို လက်မခံတော့ ကၜွန်တော်တို့ ဘာမှ ဆက်ပြောစရာ မလိုတော့ပါဘူး" ဟု UWSA အရာရှိ တစ်ဦးက မဇ္ဈိမသို့ ပြောၟကားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, By Aye Nai, 22nd April 2010

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် ဆိုးဝါးသော သောက်သုံးရေသန့် ပြတ်လပ်မှုေၟကာင့် ကူးစက်ရောဂါများ ပြန့်ပွားလာမည်ကို စိုးရိမ်ရေၟကာင်း ဒေသခံများက ပြောၟကားၟကသည်။

ပြဿနာ၏ ပင်မမှာ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း ဖြစ်ပြီး မုန်တိုင်းေၟကာင့် ကျဉ်းမြောင်းသော ကုန်းမြေ ဧရိယာများ ပျက်စီးခဲ့ပြီး၊ သောက်ရေ ရရှိနိုင်သော ရေကန်များ ညစ်ညမ်းသွားသော ပြဿနာမှာ ယခု နှစ်နှစ်တိုင်သည့်တိုင် ရှိနေဆဲ ဖြစ်သည်။

"ကၜွန်တော်တို့ သောက်ရေ အတွက် အသုံးပြုနေတဲ့ မြို့ထဲက ရေကန်မှာ ရေက မကောင်းတော့ဘူး" ဟု ဧရာဝတီတိုင်း ဘိုကလေးမြို့ခံ တစ်ဦးက ပြောသည်။ "မၟကာသေးမီ နှစ်တွေက ရေကန်ကို ပြန်လည် ပြုပြင်ရေး လုပ်ပြီးတော့၊ ရေက အနီရောင် တောက်တောက်ကို ပြောင်းသွားတယ်။ အဲဒီရေက သောက်ဖို့ မကောင်းဘူးဗျ" ဟု ၎င်းက ပြောသည်။

"အခု နွေရာသီ ရောက်လာတော့ အခြေအနေကို ပိုဆိုးလာတယ်။ ရေကန်တွေက ခန်းကုန်ပြီ။ မြစ်ထဲက ရေတွေနဲ့ ကန်ထဲကို ဖြည့်ပြီး သောက်ရေ ရဖို့ ကၜွန်တော်တို့ လုပ်ရမယ်" ဟု ၎င်းက ဖြည့်စွက် ပြောသည်။

နောက်ဆုံးတွင် လူများသည် ရေတစ်စည်လျှင် ၁၀၀၀ ကျပ် (တစ်ဒေါ်လာ) နှင့် မဝယ်မဖြစ် ဝယ်သုံးနေၟကရသည် ဖြစ်ရာ အဆိုပါ ဆင်းရဲသော ဒေသမှ လူများအဖို့ ဈေးနှုန်းအရ ဖိစီးမှုများ ဖြစ်လာရသည်။ ဒေသခံ တစ်ဦးက ပြောၟကားရာတွင် အကူအညီပေးရေး အေဂျင်စီတွေက ပေးထားတဲ့ ရေသန့် ဆေးပြားတွေကလည်း ပြတ်လပ်ကုန်ပြီ ဖြစ်ေၟကာင်း ပြောပြသည်။

"ကၜွန်တော် မနေ့က ဆေးရုံ ရောက်ခဲ့တယ်။ အချို့ ဗိုက်နာပြီး ဝမ်းရောဂါ ဖြစ်နေတာ တွေ့ခဲ့ရတယ်။ ဒါပေမယ့် လူတော့ သိပ်မများသေးပါဘူး။ အသေအပျောက်လဲ မရှိသေးဘူး" ဟု ၎င်းက ပြောသည်။

လပွတ္တာမြို့ အနီးတွင် နေထိုင်သူ တစ်ဦးက ပြောၟကားရာတွင် ရေပြတ်လပ်မှုသည် မြို့ပေါ်သို့ မထိခိုက်သေးေၟကာင်း၊ လပွတ္တာ အနီးတွင် ရှိသော ရွာများတွင် မြစ်ထဲသို့ ပင်လယ်ရေများ ဝင်ရောက်လာမှုေၟကာင့် ထိခိုက်မှုများ ရှိေၟကာင်း ပြောသည်။

အခြား ဧရာဝတီသား တစ်ဦးက ပြောၟကားရာတွင်မူ ယခုလို ရာသီမျိုးတွင် ရေပြတ်လတ်မှုသည် ဖြစ်လေ့ဖြစ်ထ ရှိေၟကာင်း၊ ထို့ေၟကာင့် အသည်းရောဂါ အဖြစ်များပြီး၊ ရောဂါ ဖြစ်သော ဦးရေများလာသည်ဟု ဆိုသည်။

ဝါးခယ်မ ဆေးရုံရှိ မြို့နယ် အဆင့် ကျန်းမာရေး အရာရှိ တစ်ဦးက ပြောၟကားရာတွင် နွေရာသီ ရေပြတ်သည်မှာ ဖြစ်လေ့ရှိေၟကာင်း ရေပြတ်သော ဒေသမှ လူများကို ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ရန် တိုက်တွန်းထားေၟကာင်း ဆိုသည်။

"ကၜွန်တော်တို့က ရေသန့်ကို သုံးဖို့၊ ရေကို ကျိုချက်သောက်ဖို့နဲ့ ရေကန်တွေမှာ ကလိုရင်းတွေ ထည့်ဖို့ ပညာပေး နေပါတယ်" ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့ရှိ ပြည်တွင်း NGO တစ်ခုက ပြောၟကားရာတွင် ရေပြတ်လပ်မှုသည် အရေးကြီးသော ပြဿနာ တစ်ခု အဖြစ် ရောက်မလာသေးေၟကာင်း၊ သို့သော် ယခင် ပြုလုပ်ပေးနေသော ရေသန့် စီမံချက်များမှာ ကုလသမဂ္ဂ ကလေးများ အေဂျင်စီက ရန်ပုံငွေ ပြန်လည် ရုတ်သိမ်းသွားသည့် နောက်ပိုင်း ရပ်ဆိုင်းသွားေၟကာင်း စောဒက တက်သည်။

"ကၜွန်တော်တို့ နွေရာသီ ရေဖြန့်ဖြူးရေး အစီအစဉ်ကို ရန်ပုံငွေ မရှိလို့ ရပ်လိုက်ရပါတယ်။ မနှစ်က အေဂျင်စီက ရန်ပုံငွေ ချပေးတော့ လုပ်နိုင်ပေမဲ့၊ အခုနှစ် ဘယ်သူမှ ငွေပေးမယ့် လူမရှိတော့ မလုပ်နိုင်တော့ဘူး" ဟု အဆိုပါ NGO က ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါေၟကာင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.