Xinhua News, 6 Dec 2009
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (Japan International Cooperation Agency JICA )နှင့် မြန်မာဆိပ်ကမ်းအာဏာပိုင်တို့သည် ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှ တံတားအား ပြန်လည်တည်ဆောက်ရန် JICA က ကူညီမှုအတွက် MOV ရေးထိုးခဲ့ကြောင်း ရန်ကုန် New Light of Myanmar တွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါသည်။
အဆိုပါ ဆိပ်ခံတံတား ပြန်လည်တည်ဆောက်ရေးသည် ပြီးခဲ့သည့်နှစ် ဆိုက်ကလုံး နာဂစ် ကြောင့် ပျက်စီးခဲ့ရသော ရန်ကုန်ဆိပ်ကမ်းတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဆိပ်ကမ်း ဖြည့် ဆည်းမှု တိုးတက်ရေးအတွက် ကျန်ရှိသော ဒုတိယအဆင့် စီမံကိန်းဖြစ်ပါသည်။
၂၆ လ အရေးပေါ် ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွင် ပထမအဆင့် အနေဖြင့် နာဂစ် ကြောင့် ပျက်စီးခဲ့သော ရန်ကုန်ဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာန ပြန်လည်တည် ဆောက်ရေး လုပ်ငန်းကို ကိုးလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယခုနှစ်မေလတွင် JICA သည် မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် ငါးလုပ်ငန်းပြန်လည် ထူ ထောင်ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ ပစ္စည်းကရိယာများကို လှူဒါန်းခဲ့ပါသည်။ ရေစုပ်စက်များ၊ အင် ဂျင်များ၊ ရေခဲသေတ္တာများ၊ ငါးဖမ်းပိုက်များ၊ အောက်ဆီဂျင်ဗူးများနှင့် အခြားငါးဖမ်းလုပ်ငန်းဆိုင်ရာ ပစ္စည်းများ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၀၄၆၃ တန်ဖိုးလှူဒါန်းခဲ့ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.