Transparency Myanmar

transparency.myanmar@gmail.com

burmadigest.info, By Nehginpao Kipgen, 12th February 2010

          ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်၊ ကချင်နှင့် ချင်းတောင်မှ ကိုယ်စားလှယ်များ နှင့် မြန်မာ ကြားဖြတ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ၂၃ ဦးသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းရန်အတွက် ရှမ်းပြည်နယ် ပင်လုံမြို့၌ သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။

          မြန်မာ စစ်အစိုးရသည် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံအား အင်္ဂလိပ် အခေါ်အဝေါ် Union of Burma မှ Union of Myanmar အဖြစ် ပြောင်းလဲခဲ့သည်။ သို့သော် မြန်မာ အတိုက်အခံများနှင့် အနောက်နိုင်ငံများက Burma ဟုသာ ဆက်လက် သုံးစွဲခဲ့ပြီး၊ အရှေ့ဖက် နိုင်ငံများနှင့် ကုလသမဂ္ဂကသာ Myanmar ဟု သုံးစွဲခဲ့သည်။

          ပင်လုံစာချုပ်သည် ခေတ်သစ် မြန်မာ့သမိုင်းတွင် အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့ပါသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား ခေါင်းဆောင်များကို ညှိုနှိုင်းရေး စားပွဲသို့ ရောက်ရှိလာအောင် ပြုလုပ်ရာတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် ၎င်းသည် အသက် ၃၂ နှစ် အရွယ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည်။

          ပြည်ထောင်စုနေ့သည် ၁၉၄၈ ဇန်နဝါရီလတွင် ဗြိတိသျှ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ရာ၌ ၎င်း၏ ဖြစ်တည်မှုသည် အကျိုး သက်ရောက်မှုများ ရှိခဲ့ရုံမျှမက နိုင်ငံတွင် တိုင်းရင်းသားများနှင့် ဆိုင်သော နိုင်ငံရေး ပဋိပက္ခများနှင့်လည်း ပတ်သက်မှု ရှိနေသည်။ ပြည်ထောင်စုနေ့၏ အရေးကြီးသော အချက်တစ်ခုမှာ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံအတွက် နေအိမ်ကြီး တစ်ခုအဖြစ် ဖြစ်တည် နေနိုင်ခြင်းမှာလည်း ၎င်း၏ သက်ရောက်မှုများပင် ဖြစ်သည်။

          ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်သို့ လွတ်လပ်ရေးအတွက် သွားရောက် ညှိနှိုင်းစဉ်က တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိပေ။ အစည်းအဝေးတွင် ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီက အစွန်အဖျား ဒေသများမှ ခေါင်းဆောင်များကို ၎င်းတို့၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး ပြည်ထောင်စုအတွင်းသို့ ဇွတ်အတင်း မသွတ်သွင်းသင့်ကြောင်း တောင်းဆိုခဲ့ သည်။

          သို့သော် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံမှ တိုင်းသူပြည်သားများကို သွေးခွဲထားသူမှာ ဗြိတိသျှတို့ပင် ဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့သည်။ ၁၉၄၇ ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် လန်ဒန်၏ The Times သတင်းစာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်အား ဖော်ပြရာတွင် မြန်မာနိုင်ငံသွား နေသော လမ်းကို မိမိ အတွေ့အကြုံအရ ဤနေရာတွင် မိမိ ရဲရဲကြီး ပြောရဲကြောင်း၊ လူမျိုးများ အားလုံးကို လွတ်လပ်ခွင့် အပြည့်အဝ ပေးမည့် စုစည်း ညီညွတ်သော မြန်မာနိုင်ငံသို့ သွားရန် လမ်းတွင် ဖြေရှင်း၍ မရသော အခက်အခဲ ဆိုသည်မှာ မရှိသင့်ကြောင်း၊ အားလုံး တွေ့ဆုံရန် အခွင့်အလမ်းရှိလျှင် ပြည်ပ ပယောဂများ၏ ဝင်ရောက် စွက်ဖက်မှုများ မပါပဲ အတူတကွ အလုပ်လုပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

          ဗြိတိသျှကို ကာလ ကြာရှည် စိုးရိမ်ပြီး၊ သံသယ ဖြစ်နေသော အနာဂတ် မြန်မာနိုင်ငံတွင် နယ်စွန်နယ်ဖျား ဒေသများတွင် သာတူညီမျှ ဆက်ဆံလိမ့်မည် မဟုတ် ဟူသော အချက်ကို ဗိုလ်ချုပ် အောင်ဆန်းက အစွန်အဖျား ဒေသမှ ပြည်သူများကို "မြန်မာတွေ တစ်ကျပ်ရရင်၊ ခင်ဗျားတို့လည်း တစ်ကျပ် ရရမယ်" ဟူသော စကားဖြင့် အာမခံခဲ့သည်။

          ဗိုလ်ချုပ်အောင်ဆန်းထံမှ အာမခံချက်ကို ရရှိပြီးနောက်တွင် ချင်းတောင်၊ ကချင်နှင့် ရှမ်းပြည်မှ ခေါင်းဆောင်များသည် မြန်မာ ကြားဖြတ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့သည်။ နယ်ခြားဒေသ ခေါင်းဆောင်များသည် အစိုးရနှင့် ချက်ခြင်း ပူးပေါင်း ဆောင်ရွက်မှု လွတ်မြောက်ခွင့် မြန်မြန် ရလိမ့်မည်ဟု ယုံကြည်ကြသည်။

          ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စုစည်းဖွဲ့စည်းရန် သဘောတူကြပြီး၊ အပြန်အလှန်အားဖြင့် ၎င်းတို့ဒေသ အုပ်ချုပ်ရေးအတွက် အာဏာ အပြည့်အဝ ရရှိရန် ကတိများပေး ခဲ့ရပါသည်။ ထိုအချိန်တွင် ကရင်များသည် ဗြိတိသျှတို့က ၎င်းတို့အား သီးခြား လွတ်လပ်သော ပြည်နယ်အဖြစ် ခွင့်ပြုလိမ့်မည်ဟု ယုံကြည်ကြသည်။

          ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စုစည်း ဖွဲ့စည်းရန် သဘောတူကြပြီး၊ အပြန်အလှန်အားဖြင့် ၎င်းတို့ဒေသ အုပ်ချုပ်ရေးအတွက် အာဏာ အပြည့်အဝ ရရှိရန် နှင့် တိုင်းပြည်၏ ကြွယ်ဝမှုများအတွက် ညီတူညီမျှ ခွဲဝေ ရရှိရန် ကတိများ ပေးခဲ့ရပါသည်။ ထိုအချိန်တွင် ကရင်များသည် ဗြိတိသျှတို့က ၎င်းတို့အား သီးခြား လွတ်လပ်သော ပြည်နယ်အဖြစ် ခွင့်ပြုလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။

          ပင်လုံ ကွန်ဖရင့်တွင် အရေးကြီးသော သဘော တူညီချက် တစ်ခုမှာ တိုင်းရင်းသားများအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ပေးရေးပင် ဖြစ်သည်။ ထိုကိစ္စမှာ ယနေ့ထိ ဘာမျှ ဖြစ်မလာခဲ့ပေ။ သဘောတူညီချက်သည် အခြေခံအားဖြင့် စုစည်းညီညွှတ်သော တိုင်းပြည် ထူထောင်ရန် အတွက်သာ ဖြစ်ပြီး၊ နယ်ခြား ဒေသများတွင် ရိုးရာအတိုင်း မိမိဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ရပ်ဆိုင်းရန် ရည်ရွယ်ခဲ့ခြင်း မရှိပေ။

          အထက်ပါ သဘော တူညီချက်ကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသောကြောင့် မြန်မာအများစု ပါဝင်သော ဗဟို အစိုးရနှင့် အခြား တိုင်းရင်းသား လူမျိုးများ ကြားတွင် နားလည်မှု လွဲ၍ ယုံကြည်မှုများ ပျောက်ကွယ်ခဲ့ရသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပင်မ တောင်းဆိုချက်အဖြစ် တိုင်းရင်းသားများက ၁၉၄၇ ကတည်းက တောင်းဆိုခဲ့ကြပြီး၊ ယနေ့အထိ အခြေခံ ကျသော အရေးကိစ္စ တစ်ခု အဖြစ် ကျန်နေဆဲ ဖြစ်သည်။

          ယနေ့ ဖြစ်ပေါ်နေသော လက်နက်ကိုင် တော်လှန်ရေး အပါအဝင် တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေး ပဋိပက္ခများသည် ပင်လုံစာချုပ် သဘော တူညီချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်း၏ ကြီးမားသော အကျိုးဆက်များပင် ဖြစ်သည်။ အဆိုပါ တိုင်းရင်းသား အရေးများကို ဖြေရှင်းခြင်း မပြုခဲ့လျှင် ဒီမိုကရေစီ ရရှိသည့်တိုင် မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပဋိပက္ခများ ကျန်ရှိ နေလိမ့်ဦးမည် ဖြစ်သည်။

          ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးခြင်းသည် ယခင် နယ်ခြားဒေသများကို ၎င်းတို့၏ အရေးအတွက် နိုင်ငံရေးအရ အဖြေတစ်ခု ဖြစ်သည်။ သို့သော် စစ်အစိုးရက ပြည်ထောင်စု ပြိုကွဲစေမည့် အချက်တစ်ခု အဖြစ် မြင်နေသည်။

          နိုင်ငံရေးအရ ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးခြင်းသည် ခွဲထွက်ခြင်း၏ တူညီသော သက်ရောက်မှု မဟုတ်ပေ။ တနည်းအားဖြင့် ပြောရလျှင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများသည် ခွဲထွက်ရေး သမားများ သော်လည်းကောင်း၊ သီးခြား လွတ်လပ်ခွင့် တောင်းသူများ သော်လည်းကောင်း မဟုတ်ကြပါ။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အုပ်ချုပ်ခြင်းသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ရိုးရာတို့ကို ထိန်းသိမ်းရန် အခွင့်အလမ်း ရလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြသည်။

          တိုင်းရင်းသားများသည် မြန်မာနိုင်ငံ ဧရိယာ၏ အကြမ်းအားဖြင့် သုံးပုံ နှစ်ပုံ ခန့်တွင် နေထိုင်ကြပြီး နိုင်ငံ လူဦးရေး၏ ၃၀ % ရှိပါသည်။ တိုင်းရင်းသားများသည် ကုလသမဂ္ဂက ၁၉၉၄ ကတည်းက သဘောတူခဲ့သော စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားများ ပါဝင်သော သုံးပွင့်ဆိုင် စကားပြောခြင်းကို ကာလ ရှည်ကြာကပင် တောင်းဆိုခဲ့သည်။

          ဗိုလ်ချုပ်အောင်ဆန်းကလည်း နယ်ခြားဒေသများတွင် နိုင်ငံရေးအရ သာတူညီမျှနှင့် နိုင်ငံရေး အာဏာအတွက် ကတိပြုခဲ့ခြင်း မရှိခဲ့ပါက မြန်မာနိုင်ငံလည်း ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။

          မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ အားလုံးကို လူဦးရေ အနည်းအများ မဟူ သာတူညီမျှ ရပိုင်ခွင့်များ ပေးမည် ဆိုလျှင် မြန်မာနိုင်ငံသည် စုစည်း ညီညွှတ်ပြီး၊ တောက်ပသည့် လူ့အဖွဲ့အစည်း ဖြစ်လာနိုင်ပေသည်။ တိုင်းရင်းသား လူမျိုးတိုင်းအား ၎င်းတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် စာပေအား ပြုစု ပျိုးထောင်ရေး၊ မြှင့်တင်ရေး ပြုလုပ်ခွင့် ပေးရမည် ဖြစ်သည်။

          စစ်အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးစုများကို စစ်ရေးအရ သော်လည်း ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်းသည် ပြည်ထောင်စုနေ့၏ အနှစ်သာရကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

          ပြည်ထောင်စုနေ့သည် ၆၃ နှစ် မြောက်သည့်တိုင်၊ ပြည်ထောင်စုနေ့၏ အနှစ်သာရများကို တိုင်းရင်းသား လူမျိုးများကို ဖြည့်ဆည်းပေးရန် ငြင်းဆန်လျက် ရှိနေသေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment