AFP, 23rd October 2010
တရုတ် အကြီးတန်း စစ်တပ် အရာရှိများ ပါဝင်သော အုပ်စု တစ်စုသည် မြောက်ကိုးရီးယားတွင် လေးရက်တာ ခရီးစတင်ရန် စနေနေ့က ပြုံယမ်းသို့ ရောက်ရှိလာခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာက သတင်း ဖော်ပြခဲ့သည်။
တရုတ် နိုင်ငံပိုင် သတင်း အေဂျင်စီ Xinhua က ပြောကြားရာတွင် ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌ Guo Boxiong ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ကိုးရီးယား စစ်ပွဲသို့ တရုတ်တပ်များ ဝင်ရောက်ခြင်း အနှစ် (၆၀) ပြည့် အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ အဖွဲ့သည် မြောက်ကိုးရီးယား စစ်တပ်မှ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့နောက် ညစာ တည်ခင်းခဲ့ကြောင်း ပြုံယမ်း၏ တရားဝင် မီဒီယာ ဖြစ်သော ကိုးရီးယား ဗဟို သတင်းဌာန (KCNA) က ပြောကြားခဲ့သည်။
Guo က ရောက်ရှိသည့် အချိန် သတင်း ထုတ်ပြန်ချက်တွင် ယခု ခရီးစဉ် နှစ်နိုင်ငံကြား ရိုးရာမပျက် ချစ်ကြည်ရေးကို တိုးမြှင့် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
အလွန် ဆင်းရဲပြီး အထီးကျန် စွန့်ပစ်ခံထားရသော မြောက်ကိုးရီးယား အတွက် တစ်ဦးတည်းသော အဓိက မဟာမိတ် ဖြစ်သော တရုတ်သည် ပြီးခဲ့သည့် မတ်လက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုးရီးယားဖက်မှ ရပ်တည်ခဲ့ပြီး၊ ပြုံယမ်းအပေါ် တာဝန်ရှိကြောင်း ပြောဆိုရန် ငြင်းဆန်ခဲ့သည်။
မြောက်ကိုးရီးယား ခေါင်းဆောင် Kim Jong-Il သည် ယခုနှစ်တွင် တရုတ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက် လည်ပတ်ခဲ့ပြီး၊ သြဂုတ်လက နောက်ဆုံး လည်ပတ်ခဲ့ရာ ၎င်းသား Kim Jong-Un အား အာဏာ ဆက်ခံစေရေးတွင် တရုတ်၏ ထောက်ခံမှု ရရန် သွားရောက်ခဲ့ခြင်း ဖြစ်ပုံ ရသည်ဟု သုံးသပ်သူ အများစုက ဆိုသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.