Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, 10th March 2010

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ပါတီတွင် ပါဝင်ခွင့် မရစေရန်နှင့် ယခုနှစ် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးထားသော ရွေးကောက်ပွဲ ဥပဒေသစ်အား ဗြိတိန်နိုင်ငံက ဝမ်းနည်းကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်သည်။

မိမိတို့ အနေဖြင့် ယခု တွေ့ရသော ဥပဒေများ၏ ရလဒ်များ အတွက် စိုးရိမ်ပူပန်မိကြောင်း၊ အစိုးရ၊ တိုင်းရင်းသားများနှင့် အတိုက်အခံများကြား တွေ့ဆုံ၍ ဥပဒေထုတ်ခြင်း  မရှိသည့် အတွက် ဝမ်းနည်းမိကြောင်း ဗြိတိန်နိုင်ငံရေး ဝန်ကြီး Ivan Lewis က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခြင်း မရှိပဲ၊ ရွေးကောက်ပွဲသည် လက်ခံ နိုင်လိမ့်မည် ဟု မယုံကြည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွေးကောက်ပွဲအား လက်ခံနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေး၍ နိုင်ငံရေး လုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်ခွင့်ပေးရန် ၎င်းက ထပ်လောင်း တောင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော ဥပဒေတွင် ပြစ်ဒဏ်ကျခံနေရသော လူတစ်ဦးသည် နိုင်ငံရေး ပါတီဝင် မဟုတ်စေရဟု ဖော်ပြထားသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခု ဥပဒေကို လိုက်နာခြင်း မရှိပါက ဖျက်သိမ်းခံရမည် ဖြစ်သည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံ နေရသည်။

တနင်္လာနေ့က ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ NLD သည် မှတ်ပုံတင်ရန် ရက်ပေါင်း ၆၀ အချိန်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို အစိုးရက မကြေညာသေးသော်လည်း အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပမည်ဟု မျှော်လင့်ရပြီး NLD ကမူ ရွေးကောက်ပွဲတွင် ပါဝင်မည်ဟု မကြေညာသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment