Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၄.၂၀၁၁

ပြည်တွင်းသတင်းများ

သင်္ကြန်ရက်ဖြစ်သော်လည်း စက်သုံးဆီဆိုင်များတွင် ဆီတန်းစီမှုလျော့သွားခြင်းမရှိ

ရန်ကုန်၊ မတ်၁၃။

သင်္ကြန်အကြိုနေ့ ရောက်ပြီဖြစ်သော်လည်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရန် တန်းဆီနေသော ယာဉ်တန်းကြီးမှာ လျော့ကျ သွားခြင်း မရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

“ဒီနေ့ သင်္ကြန်ရက်ရောက်ပြီဆိုမယ့် ဆီလာတန်းဆီတဲ့ကားတွေ နည်းမယ်ထင်နေတာ ဆိုင်စဖွင့်တာနဲ့ ပုံမှန်ပဲ။ အရင်နေ့တွေလိုပဲ တန်းဆီနေတဲ့ ကားတွေက တစ်မျှော်တစ်ခေါ်ပဲ။” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စက်သုံးဆီရဖို့ကတော့ လက်ရှိအချိန်မှာ အရေးကြီးဆုံးပဲ။ နေ့ခင်းဘက် လူထွက်နည်းတဲ့အချိန်လေး ဆီရအောင် တန်းဆီထားမှ ဒီနေ့အတွက် ဝင်ငွေကိုက်မှာ၊ သင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် လူထွက်တာ နည်းတော့။ တစ်မနက်လုံးကားဆွဲတာ တသောင်းပဲ ရသေးတယ်။”ဟု အောင်ဆန်းကွင်း ဆီဆိုင် တွင် ဆီတန်းဆီနေသူ အငှားကားယာဉ်မောင်းတဦးမှ ဆိုသည်။ “ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ နောက်ဆုံး ကိုယ်ဆီတန်းဆီထားလို့ ကားထဲမှာ ဆီရှိနေပြီဆိုရင် စိတ်အေးရပြီ။”ဟု ဆက်လက် ပြောကြားသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဆီတန်းစီနေသော ကားများတွင် ဓာတ်ဆီနှင့်မောင်းနှင်ရသော ကားများသည် အများစုဖြစ်ပြီး ဓာတ်ဆီ တစ်ဂါ လံ၏ ပြင်ပပေါက်ဈေးနှင့် ဆိုင်ရောင်းဈေးသည် ၂၀၀၀ ကျပ်ခန့် ကွာဟသဖြင့် ဓာတ်ဆီအား အဓိကထား တန်းဆီဝယ်ယူကြခြင်း ဖြစ်ကြောင်း ပုဂ္ဂလိက စက်သုံးဆီဆိုင် မန်နေဂျာတစ်ဦးမှသုံးသပ်ပြသည်။

ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ ရောင်းချသော စက်သုံးဆီဈေးမှာ ဓာတ်ဆီတစ်ဂါလံလျှင် ၂၅၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် ၃၆၀၀ ကျပ် ရောင်း ချလျှက်ရှိသော်လည်း မှောင်ခိုစက်သုံးဆီ ဈေးကွက်တွင်မှု ဓာတ်ဆီတစ်ဂါလံ ပေါက်ဈေးမှာ ၄၈၀၀ ကျပ်နှင့်ဒီဇယ်တစ်ဂါလန် ပေါက်ဈေးမှာ ၄၅၀၀ ကျပ် ဖြစ်နေကြောင်း မှောင်ခိုရောင်းဝယ်နေသူများထံမှ သိရသည်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၈ ဆိုင်၊ မန္တလေးတိုင်းဒေသ ကြီးတွင် ၁၁ ဆိုင် ခန်းဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

သတင်းဌာနအချို့ “တပ်မတော်” ဟူသည့် စကားလုံးအား သုံးစွဲလာ

ရန်ကုန်၊ မတ်၁၃။

မြန်မာနိုင်ငံအတွက်ရည်ရွယ်ကာ စီစဉ်ထုတ်လွှင့်နေသည့် သတင်းဌာနအချို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော သတင်းများ၌ “တပ်မတော်” ဟူသော စကားလုံးအား သုံးနှုန်းလာမှုကို တွေ့ရှိရသည်ဟု အင်တာနက်သတင်းစာမျက်နှာအား ပုံမှန်ဝင်ရောက် ကြည့်ရှုနေသူများက ဆိုသည်။

“အရင်တုန်းက ဒီလို အကြောင်းတွေကိုရေးရင် စစ်တပ်လို့ သုံးတာတွေပဲရှိတယ်။ အရင်တုန်းကတော့ စစ်အစိုးရ၊ မြန်မာစစ်အစိုးရလို့ သုံးတယ်။ တပ်မတော်လို့သုံးတာ မရှိဘူး။ အခု အစိုးရသစ်ပေါ်ပြီးမှ တပ်မတော်တို့၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့အသုံးအနှုန်းတွေ သုံးလာတာ တွေ့ရတယ်။” ဟု အင်တာနက်သတင်းဝက်ဆိုက်များအား အမြဲကြည့်ရှုသူ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတစ်ဦးမှဆိုသည်။

ယင်းကဲ့သို့ “တပ်မတော်” ဟူသည့် စကားလုံးသုံးနှုန်းမှုအား အစိုးရသစ်တက်ပြီးချိန်တွင်မှစ၍ သုံးစွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ ဒီမိုကရေစီ စနစ်၌ အရပ်သားအစိုးရလက်အောက်တွင်သာ တပ်မတော်ရှိပြီး၊ မြန်မာနိုင်ငံတွင်လည်း အသစ်ပေါ်ထွန်းလာသော အစိုးရသည် အရပ်သားအစိုးရ ဖြစ် သည့်အတွက် အစိုးရနှင့်စစ်တပ်ကို စာဖတ်သူများ ခွဲခြားမြင်နိုင်စေရန် “တပ်မတော်”ဟူသည့် စကားလုံးအား သုံးနှုန်းခြင်းဖြစ်နိုင်ကြောင်း အဆိုပါ သတင်း အယ်ဒီတာက သုံးသပ် သည်။

တပ်မတော်ဟူသော စကားလုံးအား တွင်တွင်ကျယ်ကျယ် သုံးစွဲလာပါက ယခင်က သုံးနှုန်းနေသည့် စစ်တပ်၊ စစ်အစိုးရ၊ မြန်မာစစ်အစိုးရ ဟူသည့် စကားလုံးသည် တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်ကြောင်း စာဖတ်ပရိတ်သတ်တစ်ချို့မှ သုံးသပ်သည်။

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတစ်ဦးက “ဒီလို အသုံးအနှုန်းကို သတင်းဌာနအနေနဲ့ကြည့်ရင် သုံးတာ ဟုတ်ပါတယ်။ ဒါပေမယ့် သတင်း ဌာနအနေနဲ့ ပြန်စဉ်းစားရမှာက သူတို့ကို သတင်းဌာနထောင်ပေးထားတာ မြန်မာနိုင်ငံနဲ့မြန်မာတိုင်းရင်းသားတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပြည့် ပြည့်ဝဝရရှိဖို့ကို ရည်ရွယ်ပြီး သတင်းဌာနထောင်ထားတာလေ။ အခုတော့ ရွေးကောက်ပွဲ မတရားတာလည်းသိ၊ ပေါ်လာတဲ့အစိုးရက စစ်ရိပ်နဲ့မကင်းတာ လည်း သိရဲ့သားနဲ့ ဒီလိုစကားလုံး သုံးနှုန်းတာတော့ မဖြစ်သင့်ပါဘူး။ ဒါပေမယ့် သူတို့တွေမှာလည်း ဒီလိုစကားလုံးသုံးရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုတော့ ရှိမှာပါ။”ဟု ဆိုသည်။        

မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားများအတွက် တိုင်းရင်းသားဘာသာစကား အသီးသီးဖြင့် ထုတ်လွှင့်ပေးနေသော ရေဒီယိုသတင်းဌာန ၄ ခု ရှိပြီး တိုင်းရင်းသားဘာသာစကား အသီးသီးဖြင့် ဖော်ပြပေးနေသော သတင်းဝက်ဆိုဒ်များ မှာ ၂၀ ကျော်ရှိကြောင်း သိရသည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ၈ ဦးသာရှိ

ဟားခါး၊ ဧပြီ ၁၂။

အသစ်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့အသီးသီးတွင် ဝန်ကြီး ၉ ဦးစီ ရှိကြသော်လည်း ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီး ၈ ဦးသာရှိသည်ကိုသာ တွေ့ရသည်။

ထိုကဲ့သို့ ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ၈ ဦးသာ ခန့်အပ်ခြင်းမှာ ဝန်ကြီးချူပ်ဦးဟုန်းငိုင်းမှ ဝန်ကြီးအဖြစ် အဆိုတင်သွင်းသော ပြည်ခိုင် ဖြိုးပါတီ ကန်ပက်လက် မဲဆန္ဒနယ်မြေမှ အရွေးခံရသူ ဦးကွီထန်းကို ချင်းတိုင်းရင်းသား နှစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ(CNP)နှင့် ချင်းတိုးတက် ရေး ပါတီ(CPP)တို့မှ လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ပြီး ပယ်ချခံခဲ့ရသောကြောင့် လစ်လပ်သွားခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့်သူမှာ အသက် ၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟု ဖော်ပြထားသော ကြောင့် အသက် ၃၅ နှစ်မပြည့်သေးသော ဦးကွီထန်းကို ဝန်ကြီးအဖြစ် ခန့်အပ်ခွင့်မရှိဟုဆိုကာ ချင်းတိုင်းရင်သားပါတီနှစ်ခုမှ လွှတ်တော်အမတ်များက ကန့်ကွက်ခဲ့ကြပြီး ပြန်လည်ပယ်ချခံခဲ့ရခြင်း ဖြစ်သည်။

လစ်လပ်သွားသည့် ဝန်ကြီးတစ်နေရာအတွက် ဝန်ကြီးချုပ်ဦးဟုန်းငိုင်းက အစားထိုးခန့်အပ်ခြင်းမရှိဘဲ ဦးကွီထန်း အသက် ၃၅ နှစ် ပြည့်မြောက် လာပါက ၎င်းကိုပြန်လည်ခန့်အပ်ဖို့ စီစဉ်နေခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပြသည်။

“ ဦးကွီထန်းက အသက် ၃၅ နှစ်ပြည့်ဖို့ ၁၇ ရက်လိုသေးလို့ စီပီပီနှင့် စီအဲန်ပီအမတ်တွေက ကန့်ကွက်လိုက်တယ်။ ယခု လူမှုရေးဝန်ကြီးကပဲ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနကို တွဲကိုင်မလား။ ဒါမှ မဟုတ် ဦးကွီထန်းအတွက်ပဲ ရာထားသလား မပြောတတ်ဘူး”ဟု ၎င်းက ဆက်လက် ပြော ကြားသည်။

ချင်းတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး(၂)ဦးရှိန်ထွန်းက “ ကျွန်တော်တို့အနေနဲ့ မှန်းရတာ တော်တော်ခက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ကိုးဦးရှိရမယ်ပေါ့နော် ဒါပေမဲ့အခုလောလောဆယ် ရှစ်ဦးထဲရှိတဲ့အခါကျတော့ ကျွန်တော်တို့မှန်းရတဲ့သဘောကတော့   နိုင်ငံတော် အစိုးရကနေ ပြည်ထောင်စုဘက်ကို တွဲပြီးကိုင်ခိုင်းမယ့် သဘောမှာ ရှိနေတယ်လို့ခန့်မှန်းရတယ်” ဟု ပြောကြားသည်။

ချင်းပြည်နယ်၏ ဝန်ကြီးဌာန ၈ ခုတို့မှာ (၁) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန (၂) ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန (၃)  စီးပွားရေး ဝန် ကြီးဌာန (၄) စိုက်ပျိုးရေးဝန်ကြီးဌာန (၅) စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောဝန်ကြီးဌာန (၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန (၇) လူမှုရေးဝန်ကြီးဌာန (၈)  စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် စက်မှုလက်မှုဝန်ကြီးဌာနတို့ဖြစ်သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အရင်နှစ်တွေက ဒီလို အချိန်ဆို မိုးလင်းမိုးချုပ် လက်မလည်အောင် ရောင်းရတယ်။ ဒီနှစ် အရောင်းအဝယ် အရမ်းပါးတယ်။ ကိုရင်သင်္ကန်းနဲ့ သီလရှင် သင်္ကန်းလောက်ပဲ ရောင်းရတယ်။ ရာသီဥတု ဖောက်ပြန်ပြီး လူတွေ စီးပွားရေး ထိခိုက်ကုန်တာကြောင့် ဖြစ်နိုင်တယ်”ဟု ဗဟန်းဈေးရှေ့ရှိ ရာမည သင်္ကန်း တိုက်မှ ဒေါ်နုနုစိန်က ပြောကြားသည်။

“ ဒါအပြင် ရှင်လောင်းတွေ ဝတ်လေ့ရှိတဲ့  စလွယ်၊ မကိုဋ်နဲ့ လက်စည်းတွေလည်း ငှားအားကျလာတယ်။ မနှစ်က ဒီအချိန်ဆို ရှင်လောင်းလှည့်ပွဲ ငါးပွဲလောက် ငှားပြီးပြီ။ ဒီနှစ်တော့  နှစ်ပွဲလောက်ပဲ ငှားရသေးတယ်။ငှားရတဲ့ အစုံရေကလည်း နည်း တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီ ၁၂ ရက်ထုတ် TRUE NEWS JOURNAL အတွဲ (၃)၊အမှတ် (၃၃) တွင်ပါရှိသည့်  “သင်္ကြန်နီးသော်လည်း သင်္ကန်း ပရိက္ခရာ  အရောင်း အဝယ်အေး” သတင်းမှ ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ ဂိတ်တွေ အေ&