Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013(Interview)
Document yangonchronicle 2013(Interview)

Snapshot of the item below:
yangonchronicle 2013(Interview)

 

*

*

31.1.2013

တွေ့ဆုံမေးမြန်းခန်း

(ပြည်တွင်း၊ ပြည်ပမီဒီယာများမှဖော်ပြပြီးအင်တာဗျူးများကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည်တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၀၆) တွင်ပါရှိသော “လွတ်လပ်သောဗဟိုဘဏ်အဖွဲ့အစည်းဖြစ်လာရန် ဆောင်ရွက်နေ” ခေါင်းစဉ်ဖြင့် ဖော်ပြထားသောမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် နှင့် တွေ့ဆုံမေးမြန်းချက်ဖြစ်သည်။)

မေး။ဗဟိုဘဏ်အနေနဲ့လွတ်လပ်သောအဖွဲ့အစည်းဖြစ်ဖို့ ဘယ်တော့လောက်ရည်မှန်းထားပါတယ်။

ဖြေ။ယခုကျင်းပနေတဲ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးတာနဲ့ ဒီဥပဒေနဲ့အညီဗဟိုဘဏ်ရဲ့ လုပ်ငန်းတာဝန်တွေကိုစတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေအရ Autonomous Central Bank ဖြစ်လာမှာ ဖြစ်ပါတယ်။

မေး။ဖြစ်ပေါ်လာမယ့်အနာဂတ် ဗဟိုဘဏ်ဟာလက်ရှိဗဟိုဘဏ်နဲ့ ဘယ်လိုကွာခြားသွားမှာပါလဲ။

ဖြေ။ မြန်မာနိုင်ငံမှာ Fiscal Policy နဲ့ Monetary Policy ကို အဖွဲ့အစည်းတစ်ခုကမူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဗဟိုဘဏ်ဥပဒေသစ်ပြဋ္ဌာန်းပြီးတဲ့အခါမှာတော့ Fiscal Policy နဲ့ Monetary Policy ကို အဖွဲ့အစည်းနှစ်ခုက သီးခြားစီမူဝါဒချမှတ်ပြီးတစ်ခုနဲ့ တစ်ခုအပြန်အလှန်ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။ Monetary Policy ကို အဓိကတာဝန်ယူရမယ့် အဖွဲ့အစည်းဟာ ဗဟိုဘဏ်ဖြစ်လာပါမယ်။ ဒါဟာပစ္စုပ္ပာန် ဗဟိုဘဏ်နဲ့ အဓိကခြားနားသွားတဲ့အချက် ဖြစ်ပါတယ်။

မေး။ အနာဂတ်ဗဟိုဘဏ်ရဲ့တာဝန်တွေ ထမ်းဆောင်ဖို့ ဆရာတို့ ဗဟိုဘဏ်ဝန်ထမ်းတွေ အသင့်ဖြစ်ရဲ့လား။

ဖြေ။          အလွန်မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ အခုထွက်လာမယ့် ဗဟိုဘဏ်ဥပဒေသစ်ကိုဒီနှစ်မှာပြဋ္ဌာန်းခဲ့ရင် ဗဟိုဘဏ် ဥပဒေ ၂၀၁၃ ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိဗဟိုဘဏ်ဥပဒေကိုတော့ ဗဟိုဘဏ် ဥပဒေ ၁၉၉၀ လို့ခေါ်ပါတယ်။ Autonomous Central Bank တည်ထောင်ဖို့ ယခုအစိုးရနဲ့ လွှတ်တော်က စတင်ပြောဆိုလမ်းညွှန်မှု ပေးလာတာဖြစ်ပါတယ်။ ကျွန်တော် ဘဏ်မှာလုပ်လာတာ ၃၆ နှစ်ရှိပါပြီ။ အစိုးရအမျိုးမျိုးရဲ့ အောက်မှာဘဏ်ဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်လာခဲ့ပါတယ်။ ဘယ်အစိုးရကမှ ဒီ Idea မရှိခဲ့ပါဘူး။ ဒီလို Policy မျိုးမချခဲ့ပါဘူး။ ရေမရှိရင် သစ်ပင်မရှင်နိုင်သလို ဘဏ်လုပ်ငန်းမဖွံ့ဖြိုးတဲ့တိုင်းပြည်ဟာ ဘယ်လိုမှ စီးပွါးရေးမတိုးတက်နိုင်ပါဘူး။ လက်ရှိအစိုးရနဲ့လွှတ်တော် ဟာဒီအချက်ကို ကောင်းကောင်းသိပုံရပါတယ်။ ဒါ့ကြောင့် Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ထက်ထက်မြက်မြက် ရှိမယ့် Autonomous Central Bank သာဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

                Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန်မှုနဲ့အတူ ပူးတွဲပါလာတာက အမြန်ဆုံးတည်ထောင်ဖို့ပါ လမ်းညွှန်လာပါတယ်။ လက်ရှိဗဟိုဘဏ် ဥပဒေ ၁၉၉၀ နဲ့လုပ်မယ်ဆိုရင် လုပ်နိုင် ကိုင်နိုင်မယ့် အခွင့်အလမ်းတစ်ချို့ ရှိပေမယ့် ဗဟိုဘဏ်ဥပဒေသစ်ရေးဆွဲပြီးလုပ်မှသာစံမီတဲ့ Autonomous Central Bank ဖြစ်မှာမို့ ဗဟိုဝန်ထမ်းတွေဟာ ဗဟိုဘဏ်ဥပဒေသစ်ကို တစ်ဖက်ကရေးဆွဲရင်း တစ်ဖက်ကလည်း ဝန်ထမ်းဖွဲ့စည်းပုံအသစ်ရေးဆွဲခဲ့ပါတယ်။ ဌာနများ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဌာနအသစ်များဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေသစ် မထွက်ပေါ်ခင် ဗဟိုဘဏ်ဥပဒေ ၁၉၉၀ ထဲက လုပ်နိုင်သမျှအလုပ်တွေကိုလည်းလုပ်ခဲ့ပါတယ်။ ဒါတွေ အားလုံးလက်ရှိဗဟိုဘဏ်ဝန်ထမ်းတွေအားလုံးစုပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်။

မေး။ လက်ရှိဗဟိုဘဏ်ဝန်ထမ်းတွေ စုပေါင်းရေးလိုက်တဲ့ ဗဟိုဘဏ် ဥပဒေသစ်ဟာ နိုင်ငံတကာစံချိန်မီပါ့မလားဆရာ။

ဖြေ။          ဒီမေးခွန်းအတွက်လည်းကျေးဇူးတင်ပါတယ်။ နိုင်ငံတကာစံမီပါ့မလားဆိုတာနဲ့ ပတ်သက်လို့ပြောရရင် Autonomous Central Bank ချင်းတူပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူနိုင်ပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် မဟာဗျူဟာမှာတူပေမယ့် နည်းဗျူဟာမှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတစ်ထပ်တည်း မတူကြပါဘူး။

                မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် IMF Articles IV အရ IMF က ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးနဲ့ ငွေရေးကြေးရေးအခြေအနေကို နှစ်စဉ်လာရောက် လေ့လာပါတယ်။ IMF ဝန်ထမ်းတွေလာတိုင်းအစိုးရဌာန၊ သမဝါယမဌာန၊ ပုဂ္ဂလိကဌာနတွေ အားလုံးတွေ့ဆုံပါတယ်။ သူတို့တောင်းတဲ့ Data အားလုံးကိုလည်းဌာနအားလုံးကိုလည်းပေးရပါတယ်။ သူတို့ကလည်း နှစ်စဉ်အကြံပြုတဲ့ စာတမ်းတွေထုတ်ပြန်ပါတယ်။

                ကျွန်တော်ပြောချင်တာက IMF မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်က Data တွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွါးရေးနဲ့ ငွေရေးကြေးရေးအခြေအနေကိုသိတယ်။ ဗဟိုဘဏ်ဥပဒေသစ်ကို ဗဟိုဘဏ်ဝန်ထမ်းတွေ ရေးဆွဲစဉ်ကာလတစ်လျှောက်လုံးမှာ IMF က ဗဟိုဘဏ်ကို အကြိမ်ကြိမ်လာပြီး လေ့လာသုံးသပ်တယ်။ အကြံပြုတယ်။ ဗဟိုဘဏ်ဝန်ထမ်းတွေရေးဆွဲတဲ့  ဥပဒေကြမ်းဟာ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးနဲ့ စီးပွါးရေးအခြေအနေအရသင့်တော်မှုရှိတဲ့ Autonomous Central Bank တစ်ခုထူထောင်ဖို့ပြည့်စုံတဲ့ ဥပဒေတစ်ခု ဖြစ်တယ်လို့ IMF ကလက်ခံတယ်။ ဗဟိုဘဏ်ဝန်ထမ်းတွေရေးဆွဲတဲ့ ဥပဒေကြမ်းကို သတင်းစာကနေတစ်ဆင့် ပြည်သူတွေစီချပြပြီး အကြံဥာဏ်တွေ ယူခဲ့တယ်။ ရှေ့နေရုံးချုပ်ကိုလည်း တင်ပြခဲ့တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြခဲ့တယ်။ လွှတ်တော်ကိုလည်း တင်ပြခဲ့တယ်။ လွှတ်တော်မှာလည်း ပညာရှင်တွေနဲ့ဖွဲ့ထားတဲ့ ကော်မတီရှိပါတယ်။ Experience ရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဒီလိုအဆင့်ဆင့်ဖြတ်သန်းပြီးမှ ထွက်ပေါ်လာမယ့် ဥပဒေဖြစ်ပါတယ်။

မေး။ ခုနကဆရာပြောသွားတယ်။ ဗဟိုဘဏ်ဥပဒေသစ် ရေးဆွဲစဉ်မှာ ဗဟိုဘဏ်က ဌာနအသစ်တွေဖွဲ့စည်းခဲ့တယ်လို့ ပြောတယ်။ ဘယ်လိုဌာနတွေပါလဲဆရာ။

ဖြေ။          အသစ်ထွက်လာမယ့် ဗဟိုဘဏ်ဥပဒေအရလုပ်ရမယ့် အလုပ်အသစ်တွေ အတွက် မရှိသေးတဲ့ ဌာနအသစ်တွေ ဖွဲ့ရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ငွေရေးကြေးရေးမူဝါဒဌာန (Monetary Policy Affairs) တို့၊ ငွေရေးကြေးရေးဈေးကွက်ဌာန (Financial Affairs) တို့ ဖြစ်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းတဲ့ ဌာနတွေကတော့ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန (Currency Management) တို့၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြီးကြပ် စစ်ဆေးရေးဌာန (Financial Management) တို့၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းရေးဌာန (Payment & Settlement System ) တို့ ၊ ဘဏ်တွင်းစာရင်းစစ်ဌာန (Internal Audit) တို့ ဖြစ်ပါတယ်။ Inter Audit ဟာ Autonomous Central Bank အတွက် အလွန်အရေးကြီးပါတယ်။ Independent ဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းရပါတယ်။ သူက Internal Audit ဖြစ်ပါတယ်။ External Audit လည်းရှိရပါမယ်။ ဥပဒေအသစ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက External Auditor ဖြစ်လာမှာပါ။

မေး။ ဗဟိုဘဏ်ဥပဒေသစ် မထွက်ခင် ဗဟိုဘဏ်ဥပဒေ ၁၉၉၀ နဲပလုပ်လို့ရတာတွေကိုလည်းလုပ်ခဲ့တယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘာတွေလုပ်ခဲ့တာပါလဲ။

ဖြေ။          ကျွန်တော်ရှေ့မှာပြောခဲ့သလိုလွှတ်တော်က Autonomous Central Bank ကိုထူထောင်ဖို့ လမ်းညွှန်မှုနဲ့ အတူအမြန်ထူထောင်ဖို့ဆိုတာပါ ပါလာပါတယ်။ အမြန်ထူထောင်နိုင်ဖို့ ဘဏ်ဝန်ထမ်းတွေဟာဥပဒေအသစ်ရေးဆွဲရင်းဗဟိုဘဏ်ဥပဒေ ၁၉၉၀ ကတည်းကလုပ်နိုင်တာတွေလုပ်ခဲ့ပါတယ်။ ထင်ရှားတာ တစ်ခုပြောရရင် တစ်ချိန်က မြန်မာကျပ်ငွေဟာအမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာအစိုးရကဈေးတစ်မျိုး၊ အပြင်ဈေးကတစ်မျိုး၊ အခွန်အခတွေ ပေးဆောင်တော့တစ်မျိုးနဲ့ အမျိုးမျိုးဖြစ်နေပါတယ်။ နှစ်ပေါင်း ၅၀ လောက်က ကမောက်ကမဖြစ်ခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်း Exchange Rate တွေကိုအခုအခါမှာတော့ တစ်မျိုးတည်းဖြစ်အောင် လုပ်နိုင်ခဲ့ပါပြီ။

မေး။ ဗဟိုဘဏ်ဥပဒေသစ်ထွက်လာရင် ဘယ်လုပ်ငန်းတွေကိုအရင်ဆုံးလုပ်ရမှာလဲဆရာ။

ဖြေ။          ဗဟိုဘဏ်ဥပဒေသစ်က ၂၀၁၃ မှာထွက်လာရင် ဗဟိုဘဏ်ဥပဒေ ၂၀၁၃ လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပဒေထွက်ထွက်ချင်း ဥပဒေသစ်မှာပါတဲ့ လုပ်ငန်းအားလုံးကို ချက်ချင်းလုပ်လို့ရမှာမဟုတ်သေးပါဘူး။ Transactional Period တစ်ခုကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ဥပဒေ ၂၀၁၃ အရ စတင်လုပ်နိုင်တဲ့ အလုပ်တွေကိုစတင်လုပ်ရမှာဖြစ်သလိုမလုပ်နိုင်သေးတဲ့ အလုပ်တွေကိုတော့ ဗဟိုဘဏ်ဥပဒေ ၁၉၉၀ အရလုပ်ကိုင်ရင်း Transactional Period ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

**********************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၃၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာပြဿနာ၏ ဇစ်မြစ်ကို အာဆီယံကိုင်တွယ်ဖြေရှင်းသင့်ဟု ပါလီမန်များအဖွဲ့သုံးသပ်

(Bangkok Post သတင်းစာမှ 29 Jan 2013 ရက်စွဲပါ Asean should address root of Rohingya problem, says parliamentary group ကို ဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာပြဿနာ၏ ဇစ်မြစ်ကို အာဆီယံကိုင်တွယ်ဖြေရှင်းသင့်ဟု ပါလီမန်များအဖွဲ့သုံးသပ်

(Bangkok Post သတင်းစာမှ 29 Jan 2013 ရက်စွဲပါ Asean should address root of Rohingya problem, says parliamentary group ကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင်ကျင့်သုံးသော မြန်မာအစိုးရ၏ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာမူဝါဒသည် ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့နေထိုင်မှုအတွက် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း အဆီယံပါလီမန်များအဖွဲ့-မြန်မာ(AIPMC) က ထုတ်ဖော်ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာလူမျိုးများအနေဖြင့် အခြားနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခံရခြင်းမျိုး ခံရဖွယ်ရှိကြောင်း AIPMC မှ ဒုတိယဥက္ကဌ Kraisak Choonhavan ကပြောကြားသည်။

အာဆီယံအနေဖြင့် ရိုဟင်ဂျာအရေးကိစ္စတွင် ပြဿနာ၏ဇာတ်မြစ်အား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဟုလည်း ၎င်းက ကြေညာချက်တွင် အပြစ်တင်ရေးသားထားသည်။

အမှန်တကယ်တွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအစိုးရအပေါ် ဖိအားပေးမှုများပိုမိုပြုလုပ်ကာ ရိုဟင်ဂျာလူမျိုးစုများ၏ အခြေခံအခွင့်အရေးများရရှိအောင် အခိုင်အမာလုပ်ဆောင်ပေးသင့်သည်ဟု မစ္စတာ Kraisak က ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ဒေသတွင်းမှ ဥပဒေရေးရာအာဏာပိုင်များ၊ လူ့အခွင့်အရေးအေဂျင်စီများနှင့် အနီးကပ်လက်တွဲပူးပေါင်းကာ ရိုဟင်ဂျာဒုက္ခသည်များ လူမှောင်ခိုကူးခံရမှုကို တိုက်ဖျက်သင့်သည်ဟု ၎င်းကဆိုသည်။

လတ်တလော သက်သေအထောက်အထားများအရ အချို့သောထိုင်းအာဏာပိုင်များသည် လူမှောင်ခိုကူးမှု လုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်နေသည်ဟု AIPMC ကထုတ်ပြန်သော ကြေညာချက်တွင်ပါရှိသည်။

AIPMC ၏ ဥက္ကဌ နှင့် အင်ဒိုနီးရှားပါလီမန်အမတ် Eva Kusuma Sundari ကမူ ရိုဟင်ဂျာလူမျိုးများ၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မပြုလုပ်နိုင်သည့် အာဆီယံကို ပြစ်တင်ပြောဆိုသည်။ မြန်မာအစိုးရ၏ မူဝါဒသည် ရိုဟင်ဂျာလူမျိုးများကို အပယ်ခံဘဝသို့ရောက်ရှိစေကြောင်း၊ ၎င်းတို့အတွက် အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ယူခွင့် သို့မဟုတ် ဆေးဝါးကုသခွင့်လည်းမရရှိကြကြောင်း ၎င်းကဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံအစိုးရများ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်တွင် ရိုဟင်ဂျာအရေးကိစ္စကို Ms Eva Kusuma Sundari ကတင်သွင်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၃၁.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ဒီ KIO,KIA တွေကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ။ ပြီးတော့ ဒေသခံပြည်သူတွေခမျာမှာလည်း အိုးမဲ့၊ အိမ်မဲ့အနေအထားတွေ ဖြစ်နေပြီ၊ ဒီလိုအနေအထားမျိုးမှာ မြန်မာ့တပ်မတော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ ဒါကို အမေရိကန်တို့၊ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ၊ ဘာတွေနဲ့ တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေး၊ ဘာလေး ပြောကြတယ်။ တိုက်လေယာဉ်ဝယ်ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ်မှာပေါ့။ စစ်တိုက်စရာမရှိရင် လူတင်လေယာဉ်တွေပဲဝယ်ပြီး ပိုက်ဆံရှာမှာပေါ့။ ပြောရရင် KIO,KIA ကိစ္စ တပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ ဝေဖန်ချက်က လုံးဝအဓိပ္ပါယ်မရှိဘူး။ ”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၇) တွင် ပါရှိသော “ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍ အမေရိကန်၏ပြောဆိုမှုက အဓိပ္ပါယ်မရှိကြောင်း ဦးအောင်သိန်းလင်း ပြော” သတင်းမှ ဦးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“စည်းကမ်းပိုင်းက ကျောင်းသား၊ကျောင်းသူတွေရဲ့ အနီးကပ်ကျောင်းတက်ချိန်မှန်ဖို့၊ Assignment ကို ပြင်ပ စာအုပ်တွေကနေ ကူးယူဖြေဆိုတဲ့စနစ်အစား ကျောင်းသား၊ ကျောင်းသူ အနေနဲ့ သင်ခန်းစာအပေါ် သူဘယ်လောက် နားလည်သလဲဆိုတဲ့ စနစ်မျိုးကို အကောင်အထည်ဖော်မယ်။ လက်ရှိကျင့်သုံးနေတဲ့စနစ်က အရမ်းကို နိမ့်ကျနေတယ်။ ဘွဲ့လက်မှတ်တစ်ခု ရရုံသက်သက်အတွက် ကျောင်းလာတက် နေသလို ဖြစ်နေတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Fresh News Journal အတွဲ (၁/၀၄၅) တွင်ပါရှိသော “အဝေးသင်ပညာရေး အဆင့်နိမ့်လွန်းတယ် ဘွဲ့ရရုံအတွက် ကျောင်းလာနေသလိုဖြစ်နေတယ်” သတင်းမှ အရှေ့ပိုင်းတက္ကသိုလ်မှ ကထိကတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့သူတွေအပါအဝင် မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို တိုးတက်စေဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို မကြုံစဖူးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ ရှေ့ဆက်ပြီး ရေရှည်လျှောက်ရဦးမယ့် စီးပွားရေးပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီ။ လုပ်စရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ လူတိုင်းအတွက်စီးပွားရေး လုပ်ငန်းတွေ ကောင်းမွန်ဖြစ်ထွန်းလာရေး ဆောင်ရွက်ချက်တွေကို ပိုမိုအားကောင်းလာစေဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီဆောင်ရွက်သွားဖို့ ကတိပြုထား ပြီးသား ဖြစ်ပါတယ်။ အာရှ ဖွံ့ဖြိုးဘဏ်အပါအဝင် ကမ္ဘာ့ဘဏ်နဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့နေရာမှာ ဂျပန်အစိုးရနဲ့ အခြားမိတ်ဆွေနိုင်ငံများကပါ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရေး၊ တိုးတက်မှုအားကောင်းလာရေးနဲ့ အလုပ်အကိုင်ဖန်တီးရေးကဏ္ဍတွေမှာ ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Fresh News Journal အတွဲ (၁/၀၄၅) တွင်ပါရှိသော “ရေရှည်လျှောက်ရမည့် စီးပွားရေးပြုပြင်လမ်းကြောင်းပေါ် ရောက်နေပြီ။ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၄၄၀ ပေးအပ်ရန် သဘောတူထားပြီဟုဆို” သတင်းမှ ကမ္ဘာ့ဘဏ်၏ မြန်မာပြည်တာဝန်ခံ ညွှန်ကြားရေးမှူး Annette Dixon  ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးလို့ရမယ်လို့ ပြောပါတယ်။ လိုင်ဇာကို သိမ်းရုံနဲ့ ကချင်ကုန်သွားမှာ မဟုတ်ပါဘူး။ ရွှေလက်နဲ့ခေါ်တုန်းလာပါ၊ Bullet နဲ့ခေါ်တာ မလိုချင်ပါနဲ့ ဆိုတဲ့အပေါ်မှာတော့ ကျွန်မအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော တိုင်းရင်းသားတစ်ယောက်အနေနဲ့ရော၊ ကချင်တစ်ယောကအနေနဲ့ပါ အဲဒါကို လုံးဝကန့်ကွက်ပါတယ်။ လိုင်ဇာကို သိမ်းပြီးမှ ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာ လုပ်လည်းမလုပ်သင့်သလို ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ လိုင်ဇာကို သိမ်းလို့ ကချင်လူမျိုး အမြစ်ပြတ်ပြီး ကျန်တဲ့လူမျိုးတွေနဲ့ပဲ ငြိမ်းချမ်းရေးတည်ဆောက်လို့လဲ မရပါဘူး။ UNFC မှာ ကချင်လည်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်တာဖြစ်လို့ ကချင်မပါဘဲနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ပဲ ဆွေးနွေးသွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကချင်တိုင်းရင်းသားဆိုတာ ကချင်ပြည်နယ်မှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး တင်မက တစ်ကမ္ဘာလုံးမှာရှိပါတယ်။ ”

ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၄၄) တွင်ပါရှိသော “အမျိုးသားလွှတ်တော်၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးချက်အချို့အပေါ် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကိစ္စကလည်း ခင်ဗျားတို့ပြောတာ ကျွန်တော်တို့က ဝိုင်းကူပေးပါ။ သူ့ကို သမ္မတကြီးက နှုတ်နဲ့လည်းပြောထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ သူ ကူညီချင်တဲ အခန်းကဏ္ဍက ဝင်ကူလို့ ရပါတယ်။ သူပါမယ်ဆိုရင် ကျွန်တော်တို့က ဝမ်းသာပါတယ်။ သူ တစ်နေ့ပါလာမှာ ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်လည်း နီးနီးကပ်ကပ်ဆောင်ရွက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် သူလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ခင်ဗျားတို့ မျှော်လင့်သလို ပါလာမှာပါ။”

ဇန်နဝါရီလ ၃၁ ရက်နေ့&#