Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ခရီးသွားလုပ်ငန်းကြောင့် မြန်မာနှင့်ထိုင်းအကြား ဆင်မှောင်ခိုအရောင်းအ၀ယ်ဖြစ်ပွားနေ

( The Guardian မှ 24 July 2012 ရက်စွဲပါ “Tourism driving illegal elephant trade in Burma and Thailand”  သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ကမ္ဘာတွင် ကျဆင်းမှုကြောင့်ဂျပန်၏ပို့ကုန် ဇွန်လတွင်ကျဆင်း

( 25 July 2012 ရက်စွဲပါ BBC News မှ Japan’s exports slide in June hurt by global slowdown ကိုဘာသာပြန်ဆိုသည်)

  1. နေပြည်တော်မှလေ့လာသင်ယူရန်ပြုံယမ်းကို အမေရိကန်သံအမတ်တိုက်တွန်း

(The Korea Times မှ 25 July 2012 ရက်စွဲပါ “US ambassador urges NK to learn from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ခရီးသွားလုပ်ငန်းကြောင့် မြန်မာနှင့်ထိုင်းအကြား ဆင်မှောင်ခိုအရောင်းအ၀ယ်ဖြစ်ပွားနေ

( The Guardian မှ 24 July 2012 ရက်စွဲပါ “Tourism driving illegal elephant trade in Burma and Thailand”  သတင်းကို ဘာသာပြန်ဆိုသည်။)

မျိုးသုန်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသော အာရှဆင်ရိုင်းများကို ထိုင်းခရီးသွားလုပ်ငန်းအတွက် အသုံးတော်ခံရန် နယ်စပ်ဖြတ်ကူး တရားမဝင် ရောင်းဝယ်နေမှုသည် ရှားပါးတိရိစ္ဆာန်မျိုးစိတ်များ၏ အနာဂါတ်ကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း Ecologist Film Unit(EFU)၏ စုံစမ်းစစ်ဆေး တွေ့ရှိမှုများက ဖော်ထုတ်လိုက်ပြီဖြစ်သည်။

နှစ်စဉ်အနည်းဆုံးအားဖြင့် အရေအတွက် ၅၀ မှ ၁၀၀ အကြားရှိသော ဆင်ပေါက်လေးများနှင့် ဆင်ပျိုမလေးသည် ၄င်းတို့၏နေရပ်ဇာတိ မြန်မာသစ်တောများမှခွာကာ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းစဉ်များတွင် အသုံးတော်ခံရန် တရားမဝင်ပို့ဆောင် ရောင်းချခြင်းခံနေရသည်ကို Link TV၊ Elephant family အင်ဂျီအိုနှင့် EFU တို့ ပူးပေါင်းစီစဉ် ထုတ်လုပ်သောဗီဒီယိုက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

၎င်း တိရိစ္ဆာန်အများစုကို ထိုင်းနိုင်ငံ၌ပွဲတော်များတွင် လှည့်လည်ရန်၊ သဘာဝတောရိုင်းတိရိစ္ဆာန်ဥယျာဉ်များတွင် ဧည့်သည်များကို ဆွဲဆောင်ရန်နှင့် ခရီးသွားစခန်းများတွင် တိုးရစ်များစီးနင်းရန်အတွက် အသုံးပြုကြခြင်းဖြစ်သည်။

၎င်းဖြစ်ရပ်အတွင်း မရေတွက်နိုင်သောဆင်များ သေဆုံးခဲ့ကြပြီး မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လက်ကျန်ဆင်မျိုးစိတ်များကို ခြိမ်းခြောက်နေပြီဟု ပတ်ဝန်းကျင်ထိန်းသိန်းရေး လှုပ်ရှားသူများက သတိပေး ပြောကြားခဲ့သည်။

သဘာဝသစ်တောများထဲမှ ဆင်ပေါက်ကလေးများကိုဖမ်းဆီးရာတွင် ခုခံကာကွယ်ကြသော ဆင်မိခင်များနှင့် ဆင်အုပ်မိသားစုဝင်ဆင်များကို အော်တိုမက်တစ်ရိုင်ဖယ်များဖြင့် ပစ်ခတ်နှိမ်နင်းသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားတတ်သည်။ ဖမ်းဆီးရမိသော ဆင်ပေါက်များကို ကျိုးသွင်း၊ တုတ်နှောင်၊ အစာမကျွေးပဲ ရိုက်နှက်ညှင်းပန်းသော စိတ်ဓာတ်ဦးချိုးသည့် လုပ်ငန်းစဉ်တွင်လည်း ၃ ကောင်လျှင် ၁ ကောင်ခန့်သာ အသက်ရှင် ကျန်ရစ်သည်ဟု ခန့်မှန်းထားကြသည်။

ထိုင်းနိုင်ငံခရီးသွားစခန်းများသို့ နှစ်စဉ်လာရောက်လည်ပတ်သော ခန့်မှန်းခြေဗြိတိသျှခရီးသွားဧည့်သည် တစ်သန်းခန့်သည် အဆိုပါ လူမဆန်သော တိရိစ္ဆာန်အရောင်းအဝယ်ဖြစ်စဉ်ကို မရည်ရွယ်ပဲ မီးထိုးမြှောက်ပင့်ပေးရာ ရောက်နေသည်ဟူသော အငြင်းပွားမှုများ ထွက်ပေါ်လာသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၃ မတ်လတွင်ကျင်းပမည့် Convention on International Trade in Endangered Species of Fauna and Flora CITES ညီလာခံမတိုင်မီ အထက်ဖော်ပြပါ ဆင်မှောင်ခိုရောင်းဝယ်မှုများကို အသစ်ထပ်မံနှိမ်နင်းရန် တိရိစ္ဆာန်ကာကွယ်ရေးလှုပ်ရှားသူများက ထိုင်း အာဏာပိုင်များကို တောင်းဆိုထားသည်။

                                                                    ******************************************

ကမ္ဘာတွင် ကျဆင်းမှုကြောင့်ဂျပန်၏ပို့ကုန် ဇွန်လတွင်ကျဆင်း

( 25 July 2012 ရက်စွဲပါ BBC News မှ Japan’s exports slide in June hurt by global slowdown ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ဇွန်လတွင်းလေးလအတွင်း ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့သည်။ တရုတ်နှင့် ဥရောပကဲ့သို့သော အဓိက ဈေးကွက်များတွင် ဝယ်လိုအားထိခိုက်သောကြောင့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်သည် လွန်ခဲ့သောနှစ်ကထက်စာလျှင် ၂.၃% ကျဆင်းခဲ့ရာ လွန်ခဲ့သည့်လက ၁၀% ခုန်တက်ခဲ့သည်။

ဥရောပသမဂ္ဂသို့ သဘောင်္တင်ပို့မှုမှာ ၂၁.၃% ထိကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့ သဘောင်္တင်ပို့မှုမှာ ၇.၃% ထိ ကျဆင်းခဲ့သည်။

ဂျပန်နိုင်ငံသည် တိုးတက်မှုအတွက် ပို့ကုန်ပေါ်တွင် ကြီးစွာမှီခိုရလျှက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုသည် ၎င်း၏စီးပွားရေးကို ထိခိုက်မည်ကို စိုးရိမ်မှုများရှိလာသည်။

သုံးသပ်သူများက သတိပေးရာတွင် ပို့ကုန်တင်ပို့မှုသည် လာမည့်အနီးကပ်ဆုံး အနာဂတ်တွင်လည်း အားနည်းနေနိုင်သေးကြောင်း ဆိုသည်။

“ပို့ကုန်ပာာ ဆက်လက်နှေးကွေးနေဆဲဖြစ်ပါတယ်။ အခုဘဏ္ဍနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဂျပန်စီးပွားရေးအတွက် ပြင်ပကမှာယူမှုကို များများမမျှော်လင့်နိုင်ပါဘူး”ဟု မစ်ဆူဟိုသုတေသနအဖွဲ့မှ အကြီးတန်းစီးပွားရေးပညာရှင် Yasuo Yamamoto က ပြောသည်။

Mr Yamamoto က ဆက်လက်ပြောကြားရာတွင် အကယ်၍ ဥရောပဇုန်မှ ကြွေးမြီပြဿနာနှင့် အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးများ ဆက်လက်နှေးကွေးနေပါက ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်စီးပွားရေးမှာ ပို၍သတိပြုမိဖွယ် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

“ဂျပန်ရဲ့စီးပွားရေးဟာ စီးပွားရေးပျက်ကပ်ဆီကို ကျဆင်းနေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

မူဝါဒချမှတ်သူများ စဉ်းစားရပိုမိုရှုပ်ထွေးစေသည့်အဖြစ်မှာ ဇွန်လတွင် သွင်းကုန်များလည်း ကျဆင်းသွားခြင်း ဖြစ်သည်။ ထိုအချက်က ပြသသည်မှာ ပို့ကုန်ကျဆင်းမှုကို ကာမိစေရန် ဂျပန်နိုင်ငံပြည်တွင်းစားသုံးမှုမှာလည်း တိုးတက်မလာကြောင်း ပြဆိုခြင်းဖြစ်သည်။

ဇွန်လတွင် ယခင်နှစ်ကနှင့်စာလျှင် ပို့ကုန်မှာ ၂.၂% ကျဆင်းခဲ့ပြီးမေလက ၉% ကျော် ခုန်တက်ခဲ့ပါသည်။

သွင်းကုန်ကျဆင်းမှု၏ အဓိကကဏ္ဍမှာ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ဖြစ်သည်။ သုံးသပ်သူများက ပြောကြားရာတွင် အခြားကုန်ပစ္စည်းများ ဂျပန်နိုင်ငံသို့ သဘောင်္ဝင်ရောက်မှုကျဆင်းခြင်းမှာ ပြည်သူစားသုံးမှုတွင်ခြုံကြည့်ပါက အားနည်းမှုရှိသည်ကို ပြသသည်ဟု ဆိုသည်။

သံနှင့်သံမဏိထုတ်ကုန်ပစ္စည်း တင်သွင်းမှုမှာ ၁၂% ကျဆင်းခဲ့ပြီး ဖဲရပ်မပါသောသတ္တု(Non-Ferrous metals)များ တင်သွင်းမှုမှာလည်း ၁၀% ကျော် ကျဆင်းခဲ့သည်။

ဝေဖန်သုံးသပ်သူများကပြောကြားရာတွင် ပို့ကုန်ကျဆင်းမှုတွင် ပြည်တွင်းစားသုံးမှုကျဆင်းမှုက ထပ်မံပံ့ပိုးလိုက်သောအခါ ဂျပန်နိုင်ငံ၏ တိုးတက်မှု နှေးကွေးနေဦးမည်ကို ပြသနေသည်။

“ဧပြီလကို ပြန်ကြည့်မယ်ဆိုလျှင် ဂျပန်နိုင်ငံရဲ့ အဓိကမြင်ကွင်းကတော့ ပြည်တွင်းစားသုံးမှု ပြန်လည်တက်လာရေးနဲ့ ပို့ကုန်တိုးချဲ့ရေးတွေမှာ ထူထူထောင်ထောင် ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ပို့ကုန်သက်သက်ကို ကြည့်ရင်တော့ အခြေအနေ မကောင်းတော့ပါဘူး”ဟု Deutsche Securities မှ Seji Adachi က ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ နလံထူမှုဟာ အခုနှစ်ပထမနှစ်ဝက်က ထိပ်ဆုံးမှာရောက်ခဲ့ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

                                                                    ***********************************

နေပြည်တော်မှလေ့လာသင်ယူရန်ပြုံယမ်းကို အမေရိကန်သံအမတ်တိုက်တွန်း

(The Korea Times မှ 25 July 2012 ရက်စွဲပါ “US ambassador urges NK to learn from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်သံအမတ်ကြီးက မြောက်ကိုရီးယားနိုင်ငံအား ပြည်သူများဘဝတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လေ့လာသင်ယူရန် တိုက်တွန်းလိုက်သော်လည်း နျူကလီးယားရည်မှန်းချက်ကို မစွန့်လွှတ်ပါက ဆက်လက် ပစ်ပယ်ထားခြင်း ခံရလိမ့်မည်ဟု ပြုံယမ်းခေါင်းဆောင်ပိုင်းကို ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်သည်။

“စားနပ်ရိက္ခာအကူအညီ ရရှိရန်အတွက် နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရန် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဝါရှင်တန်နှင့် သဘောတူညီထားခြင်းကို ပြုံယမ်းက ဧပြီလတွင်တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ကာ ချိုးဖောက်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲပြန်စရေးကိစ္စကို အမေရိကန်အစိုးရက အယုံအကြည်မရှိတော့”ဟု တောင်ကိုရီးယားဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံမှာ တူညီတဲ့အချက် တော်တော်များပါတယ်။ ဆိုးတဲ့ကိစ္စတွေမှာလည်း အများကြီးတူကြတယ်။ ဒါပေမယ့် မြန်မာခေါင်းဆောင်တွေက အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတယ်။ သူတို့ပြည်သူတွေရဲ့ဘဝတိုးတက်စေဖို့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

“ဒီလိုလမ်းမှန်ပေါ်ရောက်လာတဲ့ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ခြင်းအသိအမှတ်ပြု ကြိုဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်တွေလည်း ဒီလိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကျွန်တော်တို့ကလည်း အပြုသဘောတုန့်ပြန် ကြိုဆိုကြမှပါ”ဟု အမေရိကန်သံအမတ်ကြီး ဆန်ကင်မ်က ပြောကြားသည်။

ဧပြီ ၁၃ ရက်တွင် ပြုံယမ်းက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ပြီးနောက်ပိုင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် ဖျက်သိမ်းရေးဆိုင်ရာ ၆ နိုင်ငံဆွေးနွေးပွဲ ပြန်စရေးကြိုးပမ်းမှုများ အေးစက်သွားခဲ့သည်။

အာခံသောပြုံယမ်း၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်သော်လည်း စစ်သုံးတာဝေးဒုံးကျည်ကို ရုပ်ဖျက်စမ်းသပ်မှုအဖြစ် လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခဲ့ပြီး ဝါရှင်တန်နှင့် အပေးအယူလုပ်ထားသော စားနပ်ရိက္ခာထောက်ပံ့ကယ်ဆယ်ရေးအစီအစဉ်လည်း ပျက်ပြား သွားခဲ့ရသည်။

“ဖေဖော်ဝါရီ ၂၉ ရက် စားနပ်ရိက္ခာထောက်ပံ့ရေး သဘောတူညီချက်ဟာ ပြုံယမ်းခေါင်းဆောင်သစ်တွေရဲ့ နျူကလီးယား ဆွေးနွေးပွဲအပေါ် သဘောထားကို လေ့လာဆန်းစစ်ဖို့ ကျွန်တော်တို့ကြိုးစားကြည့်တာပါ။ ဒါပေမယ့် သဘောတူစာချုပ် မှင်မခြောက် သေးခင်မှာပဲ မြောက်ကိုရီးယားက စည်းကမ်းဖောက်ဖျက်ပြီး တာဝေးပစ်ဒုံးကျည် စမ်းသပ်ခဲ့ပါတယ်။ပြုံယမ်းရဲ့ အခုလိုလုပ်ရပ်တွေကြောင့် ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်”ဟု ယခင် ၆ နိုင်ငံ အစည်းအဝေးပွဲကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သူ သံအမတ်ကြီး ဆန်းကင်မ်က ပြောကြားသည်။

သံအမတ်ကြီးက ဆက်လက်၍“ဧပြီလ ဒုံးကျည်စမ်းသပ်မှုကြောင့် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေပြန်စဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြုံယမ်းအနေနဲ့ အခုလိုရန်စခြိမ်းခြောက်မှုတွေကြောင့် ကောင်းတဲ့ရလဒ်မရနိုင်ပါဘူး။ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်ပြီးကိုင်ဆွဲထားမယ်ဆိုရင် ဆက်လက်ပစ်ပယ်ထားခြင်း ခံရပါလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်းသည် ဖခင်၏အာဏာအမွေကိုဆက်ခံပြီး ၇ လအကြာတွင် အာဏာခြေကုတ်မြဲရန် လှုပ်ရှားမှုအဖြစ် တပ်မတော်အကြီးအကဲ ရီယွန်ဟိုကို ရာထူးမှထုတ်ပယ်ပြီးနောက် ပြီးခဲ့သောအပတ်တွင် (ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး)မာရှယ်ဘွဲ့ကို ခံယူခဲ့ကြောင်းသိရှိရသည်။ယင်းသို့ အာဏာကုလားထိုင် ခြေကုတ်မြဲရန်ပြိုင်ဘက်များအား ရာထူးထုတ်ပယ်ဖမ်းဆီးခြင်းကို မြန်မာအာဏာပိုင် အသိုင်းအဝိုင်းတွင် အာဏာတည်ဆောက်သည်ဟု ခေါ်ဝေါ်ကြသည်။

        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ သွင်းကုန်ကန့်သတ်ပိတ်ပင်ထားမှု ဖြေလျော့ရန် အချိန်သတ်မှတ်ချက်မရှိသေးပာု အမေရိကန်အစိုးရ တာဝန်ရှိသူပြော

(23 July 2012 ရက်စွဲပါ Reuters မှ Doug Palmer ရေးသားသော No timetable for easing import ban on Myanmar: US official ကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီးပွားရေးဇုန်ကို ပံ့ပိုးရန် ထိုင်း-မြန်မာ သဘောတူ

(Reuters News မှ 23 July 2012 ရက်စွဲပါ “Thailand, Myanmar agree to support Dawei economic zone”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျပန် Daiwa ကုမ္ပဏီက မြန်မာတွင် ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်း

(Reuters News မှ 23 July 2012 ရက်စွဲပါ “Daiwa Looks to Lead $ 380 mln investment in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ သွင်းကုန်ကန့်သတ်ပိတ်ပင်ထားမှု ဖြေလျော့ရန် အချိန်သတ်မှတ်ချက်မရှိသေးပာု အမေရိကန်အစိုးရ တာဝန်ရှိသူပြော

(23 July 2012 ရက်စွဲပါ Reuters မှ Doug Palmer ရေးသားသော No timetable for easing import ban on Myanmar: US official ကိုဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသော စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများအပေါ် အားတက်မှုရှိကြောင်း၊ သို့သော် မြန်မာနိုင်ငံမှပစ္စည်းများတင်သွင်းခြင်းကို ကာလရှည်ကြာပိတ်ပင်ထားခြင်းကို ဖြေလျော့မပေးမီ နောက်ထပ်တိုးတက်မှုများ မြင်တွေ့ရန် လိုအပ်ကြောင်း ထိပ်တန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က ပြောကြားခဲ့သည်။

မကြာမီက နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့တွေ့ဆုံရာတွင် အတူရှိနေခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူပုဂ္ဂိုလ် Robert Hormats က Center for Strategic and International Studies သို့ပြောကြားရာတွင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေခြင်းအတွက် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။

“ဝန်ကြီး ပီာလာရီကလင်တန်နဲ့ တွေ့ဆုံရာမှာ ဦးသိန်းစိန်ပာာ ပြောပြတာအလွန်ရှင်းပါတယ်။ သူပာာ သူ့နိုင်ငံသားတွေလူနေမှုအဆင့်မြင့်လာမယ့် အရာတွေလုပ်လိုတယ်လို့ ဆိုပါတယ်။ ဆွဲဆောင်မှုရှိတယ်လို့ထင်ပါတယ်။ လက်ခံနိုင်ဖွယ်ရှိတယ်လို့လဲ ထင်ပါတယ်”ပာု Hormats ကပြောသည်။

သမ္မတ Obama အစိုးရသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုအချို့ကို ဖြေလျော့ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးရန် ခွင့်ပြုခဲ့သည်။

အမေရိကန်မှ အမတ်များသည် အဆိုပါကိစ္စကို အစိုးရကကိုင်တွယ်ရန် ယေဘူယျအားဖြင့် ထောက်ခံခဲ့သည်။ ၎င်းတို့သည် လာမည့်ရက်များအတွင်း မြန်မာနိုင်ငံမှ သွင်းကုန်များပိတ်ပင်ထားမှုအား ဆက်လက်သက်တမ်းတိုးရန်နှင့် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ကိုင်လိုပါက အရေးယူမှုများရုတ်သိမ်းနိုင်ရေး အိမ်ဖြူတော်သို့ အာဏာအပ်နှင်းနိုင်ရေးတို့အတွက် ဆန္ဒမဲပေးကြရန် ရှိသည်။

အခြားအမေရိကန်အရေးယူမှုများတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပတ္တမြား၊ ကျောက်စိမ်းတို့နှင့်ပြုလုပ်သောာ ရတနာများပိတ်ပင်ခြင်းနှင့် ကမ္ဘာ့ဘဏ်နှင့်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကဲ့သို့သော ငွေချေးသောအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ ငွေချေးခြင်းကို ပိတ်ပင်ထားခြင်းများ ပါဝင်သည်။

Hormat ကပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးခြင်းကဲ့သို့သော နောက်ထပ်လုပ်ဆောင်မှုများ ရှိလာပါက တုန့်ပြန်မှုအနေဖြင့် အမေရိကန်အစိုးရက အရေးယူမှုများ ပိုမိုဖယ်ရှားပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။

သို့သော် အကောင်းဆုံးအခြေအနေများဖြစ်လာခဲ့လျှင်ပင် သွင်းကုန်ပိတ်ပင်ထားမှုကို မည်မျှလျင်လျင်မြန်မြန် ရုတ်သိမ်းပေးနိုင်မည်ဆိုသည်ကို ၎င်းက ပြောကြားသွားခြင်းမရှိပေ။

အမေရိကန်သို့မြန်မာ့ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်ထားခြင်းအား ရုတ်သိမ်းပေးခဲ့ပါက အလုပ်လက်မဲ့နှုန်း ၂၅% ခန့်ရှိပြီး အလုပ်လက်မဲ့နှုန်း ဆိုးဝါးစွာမြင့်တက်နေမှုကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၂ ခုနှစ်က မြန်မာနိုင်ငံမှ အဝတ်အထည်နှင့် အခြားကုန်ပစ္စည်းများ ဒေါ်လာ(၃၅၆.၄)သန်းဖိုး တင်သွင်းခဲ့ရာ၊ သွင်းကုန်ပိတ်ပင်ခြင်းမပြုမီ အပြည့်အဝတင်သွင်းခဲ့သော နောက်ဆုံးနှစ်ဖြစ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် သွင်းကုန်မပိတ်မီ ဒေါ်လာ(၂၇၅.၇)သန်းဖိုး တင်သွင်းခဲ့ပြီး နောက်နှစ်များတွင် ပိတ်သွားခဲ့သည်။                    

                                                                ***********************************************

ထားဝယ်စီးပွားရေးဇုန်ကို ပံ့ပိုးရန် ထိုင်း-မြန်မာ သဘောတူ

(Reuters News မှ 23 July 2012 ရက်စွဲပါ “Thailand, Myanmar agree to support Dawei economic zone”သတင်းကို ဘာသာပြန်ဆိုသည်)

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများရရှိရန် ခက်ခဲနေသော ဘီလျံများစွာကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်းစက်မှုဇုန်အတွက် များစွာလိုအပ်နေသော ထိန်းကူအားပေးမှုကို ထိုင်း-မြန်မာခေါင်းဆောင်နှစ်ဦးက တနင်္လာနေ့တွင် ပူးပေါင်းပေးအပ်ခဲ့ကြသည်။

ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့က “လစ်ချာဘန်ရေနက်ဆိပ်ကမ်း အပါအဝင် ထိုင်းအရှေ့ကမ်းရိုးတန်း စက်မှုဒေသနှင့် မပာာဗျူပာာမြောက်တည်ရှိသော ထားဝယ်စက်မှုဇုနကို ချိတ်ဆက်ရန် သဘောတူညီသည်”ပာု ပြောကြားခဲ့သည်။

သို့သော် နှစ်ဖက်ဝန်ကြီးများ သြဂုတ်လမှစ၍ ပုံမှန်အစည်းအဝေးများ စတင်မည့်ကိစ္စမှလွဲ၍ အသေးစိတ်ပြောဆိုကြခြင်းမရှိပါ။

Sanctions များကြောင့် နှစ်ပေါင်းများစွာ တုန့်ဆိုင်းနေခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းဖြင့် ခြုံးခြုံးကျမြန်မာ့စီးပွားရေးကို ပြန်နှိုးရန်လုံးပမ်းနေသော သက်တမ်းနု အရပ်သားတစ်ပိုင်းအစိုးရ၏ အရေးကြီးဆုံးစီမံကိန်းများထဲတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက အကောင်အထည်ဖော်မည့် ဒေါ်လာ ဘီလျံ ၅၀ တန် ထားဝယ်စီမံကိန်းသည်လည်းတစ်ခု ဖြစ်နိုင်သည်။

အီတာလျံ-ထိုင်းကုမ္ပဏီ ရုန်းကန်နေရသော ထားဝယ်စီမံကိန်းကို အတူတကွပံ့ပိုးပေးကြမည်ပာု အစိုးရနှစ်ဖွဲ့စလုံးက ပြေကြားခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

သို့သော်လည်း သံမဏီစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ ရေနံဓာတုလုပ်ငန်းများ၊ ဓာတ်အားပေးစက်ရုံများ ထည့်သွင်းရန်စီစဉ်ထားသော ၂၅၀ စတုရန်းကီလိုမီတာ ထားဝယ်စက်မှုဇုန်စီမံကိန်းအား မည်၍မည်မျှ၊ မည်ကဲ့သို့ ကူညီမည်ဆိုသည်ကို ခေါင်းဆောင်နှစ်ဦးက ပြေကြားခြင်းမရှိခဲ့ပါ။

ဒေါ်လာ ၂.၅ ဘီလျံကုန်ကျပြီး ၂၀၁၈ တွင်ပြီးစီးမည့် ထားဝယ်ရေနက်ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ထိုင်းအရှေ့ဖက် ကမ်းရိုးတန်းအား ကားလမ်း၊ ရထားလမ်းများပါဝင်သော ပို့ဆောင်ရေးစင်္ကြန်လမ်းဖြင့် ချိတ်ဆက်ကာ ကုန်စည်များပို့ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

၎င်းကုန်စည်များကို ထိုင်းစက်မှုဇုန်များတွင် အသုံးပြုခြင်း(သို့)အခြားနိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းတို့ ပြုလုပ်နိုင်မည့်အပြင် ရေလမ်းကြောင်းကျပ်သော မလက္ကလာရေလက်ကြားကို ရှောင်သည့်လမ်းကြောင်းကို ရရှိမည်ဖြစ်သည်။

အီတာလျံ-ထိုင်း ကုမ္ပဏီအကြီးအကဲ ပရမ်ချိုင်းကာနာဆူတာက “ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံကို မြန်မာအစိုးရက ပယ်ချပြီးနောက်တွင် ဓာတ်ငွေ့နဲကျောက်မီးသွေးလောင်စာသုံး၊ ရေအားသုံးဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်ထားပြီး ဂျပန်ကုမ္ပဏီများနှင့် ဆွေးနွေးမှု ပြုလုပ်နေသည်”ပာု မကြာသေးမီကပင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထားဝယ်စက်မှုဇုန်စီမံကိန်းတွင် ရှယ်ယာ ၂၅ ရာခိုင်နှုန်းပါဝင်သော Max Myanmar ဦးဇော်ဇော်က နောက်ဆုတ်ရန်ဆုံးဖြတ်လိုက်ပြီးနောက်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီအနေဖြင့် နောက်ထပ်ဒေသခံ စီးပွားဖက်ပါတနာရရှိရန် အပူတပြင်းရှာဖွေနေသည်ပာု သိရသည်။

                                                    ******************************************

ဂျပန် Daiwa ကုမ္ပဏီက မြန်မာတွင် ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှုပ်နှံရန် မျှော်မှန်း

(Reuters News မှ 23 July 2012 ရက်စွဲပါ “Daiwa Looks to Lead $ 380 mln investment in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန် Daiwa Securities Group သည် အင်အားကြီး ဂျပန်နည်းပညာ ကုမ္ပဏီကြီးများနှင့်လက်တွဲ၍ မြန်မာအစိုးရ၏ သတင်းနည်းပညာ အခြေခံ အဆောက်အဦးတည်ဆောက်မှုတွင် ဒေါ်လာ ၃၈၀ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းလျက်ရှိသည်။

စစ်အုပ်ချုပ်ရေးလက်အောက်မှ ရုန်းထကာ စီးပွားရေးတံခါးဖွင့်ရန် လုံးပမ်းနေသောမြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံက နေရာရရန် ယှဉ်ပြိုင် နေကြောင်းကို ယခုအစီအစဉ်က ညွှန်ပြနေသည်။

မြန်မာနိုင်ငံနှင့်ယခင်ကပင် အဆက်အသွယ်ရှိခဲ့သော Daiwa သည် မြန်မာစတော့အိတ်ချိန်း တည်ဆောက်မှုကိုကူညီရန် ရွေးချယ်ခံထားရသည့်အပြင် ဘဏ်လုပ်ငန်း၊ ကွန်ပျူတာကွန်ယက်တည်ဆောက်မှု စီစဉ်ရေးဆွဲရေးအတွက်ပါ မြန်မာဗပိာုဘဏ်၏ရွေးချယ်ခြင်းခံရသည်ပာု Daiwa အမှုဆောင်အရာရှိက ပြောကြားသည်။

အထက်ပါစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားကြောင်း Panasonic၊ Toshiba၊ Hitachi၊ NEC နှင့် KDDI ကုမ္ပဏီများက ပြောဆို ထားသည်ပာု Daiwa Institute of Research အကြီးအကဲတာကာရှိဖူကိုင်က Reuters နှင့်အင်တာဗျူးတွင် ပြောကြားသည်။

“ဂျပန်ကုမ္ပဏီတွေကိုပဲ လက်တွဲတဲ့လမ်းကြောင်းနဲ့ မြန်မာနိုင်ငံကို ကျွန်တော်တို့ဝင်နေပါတယ်”ပာု ၎င်းကပြောကြားသည်။ ပါတနာဖြစ်နိုင်သူများက ၎င်းထုတ်ဖော်ပြောဆိုထားသော ကုမ္ပဏီများကမူ မှတ်ချက်ပေးရန်ငြင်းဆန်ထားကြသည်။

Daiwa သည် ဆေးရုံများ၊ စာသင်ကျောင်းများ အပါအဝင် မြန်မာအစိုးရဝန်ကြီးဌာနအားလုံးကို Cloud Computing Systems နှင့် ချိတ်ဆက် ပေးမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားနှင့် Network အင်ဂျင်နီယာရှားပါးနေဆဲမြန်မာနိုင်ငံတွင် server-based Systems များ တည်ဆောက်ရန်အတွက် ယင်းနည်းလမ်းသည်သာ အမြန်ဆုံးနှင့် ကုန်ကျစ၇ိတ် အသက်သာဆုံးဖြစ်သည်ပာု သိရသည်။

အဆိုပါ Cloud Computing Systems အတွက် ဒေါ်လာ ၃၈၄ သန်းကုန်ကျမည်ပာု မျှော်မှန်းထားပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့မှ ဗပာိုဘဏ်ကွန်ယက်ကို စတင်ချိတ်ဆက်မည်ပာု တာကာရှီဖူကိုင်းက ပြောကြားသည်။

 

စတော့အိတ်ချိန်းစီမံကိန်း

ယခုရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကြောင့် မေလက စတော့အိတ်ချိန်းတည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်ရရှိထားသော Daiwa ၏ ဂျပန်-မြန်မာအကြား မပာာဗျူပာာမြောက်နေရာရရှိမှုကို ပိုမိုခိုင်မာစေလိမ့်မည်ဖြစ်သည်။

မြန်မာစတော့အိတ်ချိန်းစီမံချက်ကို Daiwa နှင့် Tokyo Stock Exchange တို့ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။

JICA ကရန်ပုံငွေထောက်ပံ့သော ‘မြန်မာဘဏ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်မှုစနစ်’လေ့လာခြင်းကိုလည်း Fujitsu နှင့် NTT Data တို့က စတင်ဆောင်ရွက်နေပြီပာု သိရသည်။

Daiwa က ပူးပေါင်းဆောင်ရွက်နေသော သေးငယ်သည့် Myanmar Securities exchange စနစ်ကို အပြည့်အဝအရောင်းအဝယ် ပြုလုပ်သော ဌာနအဖြစ်အဆင့်မြင့်ရန် ယန်းငွေ ၂ ဘီလျံကုန်ကျမည်ပာု ဖူကိုင်းကဆိုသည်။

ယင်းစတော့အိတ်ချိန်းသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှိးမြှုပ်နှံမှုများရောက်လာအောင် ကူညီဆွဲဆောင်ပေးမည်ဖြစ်ပြိး ၂၀၁၅ တွင်အပြီးသတ် အဆင့်မြှင့်ကာ လည်ပတ်မည်ပာုဆိုသည်။

စတော့အိတ်ချိန်းစတင်ရာတွင် စာရင်းတင်ရန်အတွက် ဓာတ်ငွေ့ကုမ္ပဏီ၊ သတ္တုတွင်းကုမ္ပဏီ၊ စိုက်ပျိုးရေး၊ ကုမ္ပဏီများအပါအဝင် မြန်မာကုမ္ပဏီ ၂၀ ကျော်ကို Daiwa ကချဉ်းကပ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွက် စံနမူနာအဖြစ် ဗီယက်နမ်ကိုညွှန်ပြသော ဖူကိုင်းက “၂၀၂၀ နောက်ဆုံးထား၍ ကုမ္ပဏီ ၁၈၀ မှ ၃၀၀ ခန့်အထိ စာရေးပေးကာ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ကြမည်ပာု မျှော်လင့်ထားကြောင်းနှင့် ကုမ္ပဏီ ၃၀၀ ခန့်စာရင်းဝင်လာပါက ယန်းငွေ ၁ ဘီလျံခန့် အကြမ်းဖျင်း ပြန်လည်မြတ်စွန်းနိုင်ကြောင်း”ရှင်းလင်းပြောကြားသည်။

Daiwa သည် အောက်တိုဘာလတွင် မြန်မာ ACE Data Systems နှင့် ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတစ်ခု ထူထောင်ဖွဲ့စည်းရန် စီစဉ် ထားသည်ပာုလည်း သိရှိရသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive