yangonchronicle2011 Op-Ed |
၂၃.၆.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများသိမ်မွေ့စာ ကိုင်တွယ်ရမည့် ရိုဟင်ဂျာပြဿနာ
*****************************************
ဆောင်းပါးကဏ္ဍ
မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများသိမ်မွေ့စာ ကိုင်တွယ်ရမည့် ရိုဟင်ဂျာပြဿနာ
အောင်မောင်း
လတ်တလောအကြောင်းအရင်း
ရိုဟင်ဂျာအရေးကိစ္စသည် လက်ရှိ အဓိကရုဏ်းများ ငြိမ်သက်သွားသည်နှင့် အလိုလျောက်ချုပ်ငြိမ်းသွားမည့် ကိစ္စရပ်မျိုး မဟုတ်ပေ။ အဓိက ရုဏ်းများ၏ မီးပွားစများသည် မည်သည့်အချိန်ထိ ဆက်၍ တငွေ့ငွေ့ကျန်နေဦးမည်နည်း။ ယခုဖြစ်ပွားသော အဓိကရုဏ်းများက နဂိုကမှ တစောင်းနှင့် မျက်ချေး မတည့်ကြသော ရိုဟင်ဂျာနှင့် ရခိုင်တို့ကို ထာဝရဝေးကွာသွားစေသည်ကတော့ သေချာပါသည်။ ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံ၊ မြန်မာက လည်း အသိအမှတ်မပြုသော ထိုရိုဟင်ဂျာကိစ္စကို မည်သို့ဖြေရှင်းကြမည်နည်း။ သေချာသည်ကတော့ သိန်းဂဏန်းမျှရှိနေသော လူအုပ်ကြီးကို အမျိုးသား ရေးဟူသည့် အကြောင်းပြချက်တစ်ခုတည်းဖြင့် လူမျိုးတုံး သတ်ဖြတ်ပစ်၍လည်း မရနိုင်တော့ပေ။
အစိုးရ၏ အနေအထား
ထိုရိုဟင်ဂျာတို့၏အစမှာ အင်္ဂလိပ်ခေတ်က လယ်လုပ်ရန်ခေါ်သွင်းလာခဲ့သည့် ဘင်္ဂလီလူမျိုးများသာ ဖြစ်သည်။ ထိုစဉ်က အနည်းစုသာ ဖြစ် သည်။ လွတ်လပ်ရေးရပြီးသည့်အခါ ဘင်္ဂလားဘက်လည်းမပါ၊ မြန်မာဘက်သို့လည်းမပါဘဲ သီးခြားနယ်မြေ ထူထောင်လိုကြသည့် လူမျိုးစုဖြစ်သည်။ ဖဆ ပလ အစိုးရခေတ် နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာအဖြစ် ကြေညာလိုက်သည့်အခါတွင် ခါတော်မီဝင်၍ မူဂျာဟစ်အမည်ဖြင့် တိုင်းရင်းသား အစ္စလာမ် ဘာသာဝင်များ ပုံစမ်းဖမ်း၍ ဖဆပလအစိုးရကို ဆန့်ကျင်ကြခြင်းဖြစ်၏။ မူလကပင် ဌာနေတိုင်းရင်းသားဖြစ်ခဲ့သော ရှမ်း၊ ရခိုင်တို့နှင့်ယှဉ်လျှင် မည်သို့မျှ တိုင်းရင်းသား လက်နက်ကိုင်မဟုတ်ဟုသာ ဆိုရမည်ဖြစ်သည်။ သို့ရာတွင် အနှီရိုဟင်ဂျာတို့ကို မြန်မာနိုင်ငံရေးသမားတို့က ခြေရှုပ်ခဲ့သည်။ ရိုဟင်ဂျာမှာ တိုင်းရင်းသားညီအကိုတစ်မျိုးပါဟု ထိုစဉ်က ဘုရားဒကာ ဝန်ကြီးချုပ်က ကြေညာ၍ ဖဆပလမဲရရေးအတွက် စည်းရုံးခဲ့သည်။ ဗကပတို့က မူဂျာဟစ်ကို ရိုဟင်ဂျာဟု ဖန်တီးပေးလိုက်သည်မှာ ၁၉၉၀ခုနှစ်ဝန်းကျင်ဖြစ်၍ ရိုဟင်ဂျာ၏အဖမှာ ဗကပဟု ဆိုရမည်လားမသိ။ တပ်မတော်အစိုးရ လက်ထက်တွင် တော့ ခြစားမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး မှတ်ပုံတင်ဝယ်နိုင်သော ရိုဟင်ဂျာသူဌေးတွေ ပေါ်လာသည်။ အစိုးရဌာနများ၊ ရဲစခန်းများအထိ ပေါက် ရောက်သဖြင့် ဒေသခံရခိုင်တို့မှာ မနေ့တနေ့က ဝင်လာသော ရိုဟင်ဂျာက အခွင့်အရေးပိုရနေသည်ဟု ခံစားလာရသည်။ အဆိုးဆုံး မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲရရှိနေရးအတွက် ထိုရိုဟင်ဂျာများကို မှတ်ပုံတင်ပေးမည်ဟု စည်းရုံး၍မဲရရှိရန် ကြိုပမ်းရာမှ လွှတ်တော်ထဲတွင် ရိုဟင်ဂျာအမတ် ရှိလာသည်အထိ ဖြစ်လာရသည်။
အစိုးရအနေဖြင့် လက်ရှိအခြေအနေတွင် ထိုအရှုပ်တော်ပုံများကို ဖြေရှင်းရန် အလွန်ပင် အခက်အခဲ ဖြစ်နေပုံရသည်။ ယခုအချိန်တွင် ဘင်္ဂလီ များကို ပြင်းပြင်းထန်ထန်နှိမ်နှင်းပါက နိုင်ငံတကာ ဖိအားနှင့်ပါပေါင်းလာလျှင် ပြဿနာက ပို၍ကြီးထွားဖွယ်ရာ ရှိသည်။ သို့သော် လက်ရှိတွင် သောင်း ကျန်းသူ ရိုဟင်ဂျာများကို ပြတ်ပြတ်သားသား အရေးယူနေမှုများရှိပြီး မီဒီယာများက အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရိုဟင်ဂျာတွေ သေသည့် သတင်းများ ကို အမှောင်ချထားသည့်အတွက်သာ နိုင်ငံတကာတွင် ရုပ်ပြကောင်းနေသည်ဟု ဆိုနိုင်သေးသည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ စတင် ဖယ်ရှား ကာစဖြစ်၍ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့နှင့် အကြီးအကျယ် အငြင်းပွားရမည့်ကိစ္စများအတွက် ထိပ်တိုက်မတိုးလိုသည်က တကြောင်း၊ အရပ် သားအစိုးရသည် ဆူပူမှုများကို သတိကြီးကြီးထား၍ ကိုင်တွယ်သည်ကိုလည်း ပြသလိုသည်တို့က တကြောင်းတို့ကြောင့် အစိုးရအနေဖြင့် အမှန်တ ကယ်ပင် ယခုကိစ္စကို ခက်ခက်ခဲခဲ ကိုင်တွယ်နေရ ခြင်းလည်း ဖြစ်ပါသည်။
ဒေသတွင်းမှာလည်း ပြဿနာ
ဆိုခဲ့သလိုပင် ထိုရိုဟင်ဂျာတွေမှာ မြန်မာနိုင်ငံသားပါဟု အတင်းအဓမ္မဆိုလာနေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လူသားချင်း စာနာစိတ်ဖြင့် လက်ခံထားသည့်တိုင် တိုင်းရင်းသားအခွင့်အရေး ပေးရန်ဆိုသည့်ကိစ္စမှာ မည်သို့မျှ မလွယ်သည့်ကိစ္စ ဖြစ်နေသည်။ ရိုဟင်ဂျာဆိုသည်က ကိုးကန့်တို့၊ ဝတို့လို မဟုတ်။ ကိုးကန့်တွေ၊ ဝတွေဆိုသည်က State ဆိုသည့် အမြင်ကကြည့်လျှင် လူမျိုးခြား တရုတ်တွေပင် ဖြစ်လင့်ကစား ဒေသခံ ကိုးကန့်တွေ၊ ဝတွေနှင့် ပလဲနံပသင့်အောင် နေနိုင်ပြီး ယဉ်ကျေးမှုချင်းက ကွာလှသည်မဟုတ်။ ထို့ပြင် ပိုက်ဆံအလုံအလောက်ပါလာ၍ ဝနှင့် ကိုးကန့်ဒေသတွေကို သူတို့အစီအမံဖြင့် သူတို့ ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ယူစရာတစ်ခု လျော့နေ သည်။ ထို့ပြင် နယ်ခြားစောင့်တပ်အသွင်ဖြင့် မြန်မာနယ်ခြားကို ကာကွယ်စောင့်ရှောက်ပေးနေသည်ဖြစ်ရာ ကိုးကန့်နှင့် ဝတို့က လက်ခံ၍ရနိုင်သည့် အနေအထားဖြစ်ပြီး ကိုးကွယ်သည့် ဘာသာလဲမတူ၊ ပိုက်ဆံလဲတပြားမှမပါ၊ လူဦးရေက အဆမတန်တိုးပြီး ရခိုင်လူမျိုးတွေ၏ အလုပ်အကိုင်အခွင့်အ လမ်းကို လုယူမည့် ရိုဟင်ဂျာတွေကို တိုင်းရင်းသားပေးဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
အနွယ်တူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ထိုရိုဟင်ဂျာများမှာ မြန်မာပြည်တွင် နေထိုင်လာသည်မှာ ကြာခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံသားဟု ဆိုနေ သည်။ ဤသည်မှာလည်း မျှတပါသည်။ မြန်မာပြည်တွင် နှစ်ပေါင်းများစွာနေလာသည့် အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွားများကို အိန္ဒိယနှင့် တရုတ်ပြည် တို့က မည်သို့မျှ နိုင်ငံသားအဖြစ် လက်သင့်ခံလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်၏ လူဦးရေပေါက်ကွဲမှုကြောင့် ဘင်္ဂလီစစ်စစ်တွေကလည်း အနွယ်တူ ရိုဟင်ဂျာတွေနှင့်ရောကာ မြန်မာနိုင်ငံဘက်သို့ လှိမ့်ဝင်နေသည့် ကိစ္စဖြစ်သည်။ ဤကိစ္စကို ဘင်္ဂလားအစိုးရက လျစ်လျူရှုထားသည်။ ထိုကိစ္စ အတွက် ဘင်္ဂလားအစိုးရတွင် အမှန်တကယ် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံဘက်က တစ်သောင်းနှင်ပြီး ပြန်လက်ခံသည့်အခါ တစ်သိန်းလောက် လက်ခံ ခိုင်းခြင်းကတော့ ဘင်္ဂလားအစိုးရ၏ လူလည်ကျမှုသာဖြစ်ပါလိမ့်မည်။
မူရင်းဒေသကြီးဖြစ်သော အိန္ဒိယနိုင်ငံကတော့ ယင်းတို့၏ အနွယ်တော်များကို လှိုက်လှိုက်လှဲလှဲပင် လက်ခံပါသည်။ ရိုဟင်ဂျာမှန်သမျှ အိန္ဒိယ နယ်စပ်အတွင်း ဝင်လာသည်နှင့် အစစ်အဆေးအမေးအမြန်းမရှိ ပစ်သတ်ပါသည်။ ထိုင်းနိုင်ငံကတော့ ရိုဟင်ဂျာ စက်လှေတွေကို ပင်လယ်ထဲ ဆွဲချ ပစ်ထားခဲ့သည်။ လူသားချင်းမစာနာဟု ဝေဖန်သည့်နိုင်ငံများကို အကယ်၍ ထိုနိုင်ငံများအနေဖြင့် လူသားချင်း အလွန်စာနာနေလျှင် ထိုရိုဟင်ဂျာတွေကို လက်ခံထားလိုက်ပါဟု ခနဲ့လိုက်သည်။
ဘယ်လိုလုပ်ကြမလဲ
လူပေါင်းသိန်းချီ၍ နိုင်ငံမဲ့အဖြစ် ရှိနေရသည့် ပြဿနာမှာ ဒေသတွင်းအတွက် အလွန်အန္တရာယ်ကြီးပါသည်။ အခန့်မသင့်လျှင် ထိုနိုင်ငံမဲ့လူ များ၏ ပစ္စည်းမဲ့ဒေါသများက ဒေသတွင်းအကြမ်းဖက်မှုများကို တိုးလာနိုင်ဖွယ်ရှိပါသည်။ ထိုနိုင်ငံမဲ့လူသားများကို နိုင်ငံတစ်ခု ထူထောင်မပေးနိုင်သည့် တိုင် ဒေသတွင်းနိုင်ငံများက တနည်းနည်းဖြင့် လက်ခံထားနိုင်ရန် လိုအပ်ပါသည်။ ဥပမာဆိုရလျှင် မြန်မာနှင့် ဘင်္ဂလားအစိုးရအကြား ထိုရိုဟင်ဂျာကိစ္စ ကို ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ဆိုခဲ့သလို ထိုရိုဟင်ဂျာတွေကို သတ်ပစ်၍လည်းမရ၊ မြန်မာအစိုးရအဆက်ဆက်ကလည်း လက်ခံခဲ့သဖြင့် လတ် တလောတွင် နိုင်ငံသားအခွင့်အရေးပေးဖို့ မဖြစ်နိုင်သည့်တိုင် လူသားချင်းစာနာမှုအရ မြန်မာအစိုးရက ထိုရိုဟင်ဂျာတွေကို ဆက်လက် လက်ခံထား ရဖွယ် ရှိပါသည်။ အချိန်အကြာကြီးလည်း လက်ခံထား၍မဖြစ်ပေရာ တိုင်းရင်းသားအဖြစ် မပေးနိုင်သည့်တိုင် နိုင်ငံသားအခွင့်အရေးကတော့ ပေးရ တော့မည် ဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံတွင် ဆွေစဉ်မျိုးဆက် မည်မျှနေထိုင်ခဲ့သနည်း၊ နောက်ထပ် ဆွေမျိုးဆက် သုံးလေးဆက်ခန့်တွင် နိုင်ငံသား ပေးနိုင်မည်လော စသည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေများလည်း အတိအကျ ပြန်လည်ရေးဆွဲရန် လိုအပ်လာလိမ့်မည်ဖြစ်ပါသည်။ ဘင်္ဂလားအစိုးရ အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းကို လိုအပ်သည်ထက် ပိုမိုပြန်လွှတ်ခဲ့သော ဘင်္ဂလီများကို ပြန်လည် လက်သင့်ခံနိုင်ရပါမည်။ မကြာသေးမီက အမေရိ ကန် ပြည်ထောင်စုက ရိုဟင်ဂျာ ၅၂ဦးကို ခိုလှုံခွင့်ပြုလိုက်သည့် လုပ်ရပ်လိုမျိုး ချမ်းသာပြီး အလုပ်သမားလိုအပ်ချက်ရှိနေသည့် နိုင်ငံကြီးများက လက်သင့်ခံနိုင်လျှင်လည်း ကောင်းပါသည်။ အဓိကမှာ ရိုဟင်ဂျာဆိုသည့် လူမျိုးပျောက်သွားလျှင် ဒေသတွင်းအကြမ်းဖက်မှုအန္တရာယ် လျော့ပါးသွားနိုင် သည်မှာ သေချာသည်။ မဟုတ်လျှင် အယ်ကေဒါလို အစွန်းရောက်အဖွဲ့များနှင့် သေမထူးနေမထူး ရိုဟင်ဂျာတို့ပေါင်းမိသွားလျှင် ထိုကိစ္စက ဒေသတွင်း အတွက် အလွန်အန္တာရာယ်ကြီးပါသည်။ ရိုဟင်ဂျာများကို လက်ခံလိုက်သည့်နိုင်ငံများက မူရင်းရိုဟင်ဂျာကိုဖျောက်၍ မျိုးဆက်လေးငါးဆက်တွင် နေထိုင် ရာနိုင်ငံနှင့် ရောထွေးသွားအောင် နေထိုင်မည့်နိုင်ငံ၏ ပညာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို သွတ်သွင်းလိုက်ခြင်းဖြင့် ရိုဟင်ဂျာလူမျိုး ပျောက် သွားနိုင်ပါသည်။ ဤသည်မှာ နိုင်ငံမဲ့လူသားများအတွက် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ပြီး ဒေသတွင်းလုံခြုံရေးအတွက်လည်း ကောင်းမွန်မည့် အခြေအနေဖြစ် ရာ ပိုမိုကောင်းမွန်သော ပေါ်လစီများ ဖြည့်ရန် စဉ်းစားနိုင်ပါသည်။
အနာဂတ်မြင်ကွင်း
နောင်အနှစ်ငါးဆယ်ခန့်တွင် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံများမှာ အရှိန်အဟုန်နှင့် တိုးတက်ဖွံ့ဖြိုးနေပြီဖြစ်ရာ မြန်မာ နိုင်ငံတွင် အလုပ်ကြမ်းသမား အလွန်အမင်းရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတမ်းတလျှောက်တွင် စက်ရုံကြီးများ၊ ဆိပ်ကမ်း ကြီးများ ဟီးထနေအောင် ပေါ်ထွန်းနေပြီဖြစ်ရာ ရှိရင်းစွဲမြန်မာများမှာ ပညာတတ်တွေချည်းဖြစ်နေ၍ ကာယလုပ်သား ရှားပါးမှုကို အကြီးအကျယ် ရင်ဆိုင်နေရသည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း ထိုသို့ပင်ဖြစ်သည်။ ထိုအခါတွင် ထမင်းကို ငရုတ်သီးနှင့်ဆားကြမ်းပုံ၍ စားပြီး အလုပ်ကြမ်းမှန်သမျှ သိမ်းကြုံးလုပ်နိုင်သည့် ပညာမတတ်သည့် ရိုဟင်ဂျာတွေကို မြန်မာကရော၊ ဘင်္ဂလားကပါ သူ့နိုင်ငံသား၊ ငါ့နိုင်ငံသားဟု အတင်းလုယူနေရသည်။ ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင်ပြည်က မြန်မာတိုင်းရင်းသား တမျိုးဖြစ်သည်ဟု မြန်မာဘက်က အကိုးအကားတွေနှင့်ဆိုသလို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့နှင့် အသားအရောင်ရော၊ ဘာသာစကားပါတူ၍ သူတို့လူမျိုးပါဟု အတင်းအဓမ္မ ဆိုနေရသည်။ အိန္ဒိယနိုင်ငံကလည်း ရိုဟင်ဂျာတွေမှာ အိန္ဒိယ နိုင်ငံ၏ မူလတိုင်းရင်း သားများဟု ကြေညာပြီး ဈေးပေါသော လုပ်သားရရန် ကြိုးပမ်းလာသည်။ ထိုင်းနိုင်ငံကလည်း ရိုဟင်ဂျာဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ် ကျော်က ထိုင်းစစ်တပ်က ရေထဲတွင် စွန့်ပစ်ခဲ့သည့် ထိုင်းပြည်သူများဟု အတင်းအဓမ္မတောင်းခံနေသည်။
နိဂုံး
စင်စစ်တွင် အကြမ်းဖက်မှုများ၏ ပင်မအခြေခံမှာ ဆင်းရဲခြင်းကြောင့်ဖြစ်သည်။ ဆင်းရဲလွန်း၍ မျှော်လင့်ချက်မဲ့နေသော လူတွေက သေမထူး နေမထူး ဘဝများအတွက် ပစ္စည်းမဲ့ဒေါသများကို လမ်းပေါ်ပစ်ချလိုက်ကြခြင်းကြောင့်သာ ဖြစ်သည်။ အကယ်၍ ဒေသတွင်းမှာသာ ချမ်းသာကြွယ်ဝပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေလျှင် Neo Liberal View အရ စီးပွားရေးဆိုင် ရာအပြန်အလှန်ဆက်နွယ်မှုကြောင့် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင် လိမ့်မည်မှာ သေချာသည်။ လက်ရှိအချိန်၌မူ နိုင်ငံရှိပြီးသား လူတွေကိုယ်တိုင်က ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်သေးသည်ဖြစ်ရာ ထိုသို့နိုင်ငံမဲ့၊ ပစ္စည်းမဲ့၊ အနာဂတ်မဲ့ လူတန်းစားအတွက် လူသာချင်း မစာနာနိုင်သေးသည်မှာ သဘာဝကျပါသည်။ သို့ရာတွင် အထက်ကဆိုခဲ့သလို လူ့အဖွဲ့အစည်းတစ်ခုလုံး အေးချမ်း၍အတွက် လူသားတိုင်းတွင် တာဝန်ရှိပါသည်။ ဆာလောင်နေသူများ၊ ငတ်မွတ်နေသူများအတွက် ကမ္ဘာသားအားလုံးတွင် တာဝန်ရှိသည်။ ထို အခြေအနေများကို အကြမ်းနည်းဖြင့် ကိုင်တွယ်မည်လား၊ သို့တည်းမဟုတ် ယခုမှပင်စကာ အနာဂတ်အတွက် မျှော်လင့်ချက်ဖြင့် သိမ်မွေ့စွာ ကိုင်တွယ် မည်လားဆိုသည်ကတော့ သက်ဆိုင်ရာနိုင်ငံများ၏ ရွေးချယ်မှုသာ ဖြစ်ပေလိမ့်မည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.