Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အသွင်ကူးပြောင်းရေးကာလ နှင့် လူမှုရေး နာကျင်မှုများကို ကုစားခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

အသွင်ကူးပြောင်းရေးကာလ နှင့် လူမှုရေးနာကျင်မှုများကို ကုစားခြင်း

နိုင်ငံတစ်နိုင်ငံတွင် အုပ်ချုပ်မှုပုံစံပြောင်းလဲနေသည့် ကာလကို အသွင်ကူးပြောင်းရေးကာလဟု ခေါ်ဆိုလေ့ရှိသည်။ ဤနေရာတွင် အစိုးရအ ပြောင်းအလဲဖြစ်ခြင်း( Government Change) မဟုတ်ပဲ အုပ်ချုပ်မှုပုံစံ အပြောင်းအလဲဖြစ်ခြင်း( Governance Change) ဟု သတိချပ်စေလိုသည်။ ဆိုလို သည်မှာ အုပ်ချုပ်သည့် အစိုးရများ၊ ယင်းအစိုးရအဖွဲ့များမှ လူပုဂ္ဂိုလ်များ ပြောင်းလဲသွားခြင်းထက် ယင်းနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အထွေအထူး ဥပမာ ပြစရာမလိုသည်မှာ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် ကွက်တိထင်ဟပ်နေခြင်းပင်ဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလဟု ဆိုရခြင်းသည်ပင်လျှင် ထိုနိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်များ ပြောင်းလဲနေဆဲ( Changing) ဖြစ်နေ သည်၊ ရည်မှန်းချက်ပန်းတိုင်မရောက်သေးမီ  စနစ်အဟောင်းနှင့် စနစ်အသစ်အကြား ပြုပြင်စရာရှိသည်များကို ပြုပြင်နေရဆဲကာလ ဖြစ်နေသောကြောင့် ဖြစ်သည်။ အုပ်ချုပ်သည့် အစိုးရပုံစံသာမက ဗျူရိုကရေစီစနစ်များ၊ စီးပွားရေးစနစ်များနှင့် လူမှုရေးစနစ်များပါ လိုက်ပါပြောင်းလဲနေဆဲကာလဟု ဆိုနိုင် သည်။

နိုင်ငံတစ်နိုင်ငံ အပြောင်းအလဲဖြစ်သည့်အခါတွင် ရန်မှန်းထားသည့် ပြောင်းလဲမှုဆီသို့ မရောက်မီ ကြုံတွေ့ရလေ့ရှိသည့် ကိစ္စရပ်နှစ်ခုမှာ ရည်မှန်းထားသည့် အပြောင်းအလဲအတွက် လိုအပ်သော လူသား၊ နည်းပညာ၊ စနစ်များ ပြုပြင်တည်ဆောက်ရခြင်းနှင့် အတိတ်က အမှားများအတွက် သင်ခန်းစာယူခြင်း၊ ပြုပြင်ခြင်း၊ ပေးဆပ်ခြင်းများ ပြုလုပ်ရခြင်းဖြစ်သည်။

ယခု မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်ကာလတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး၊ လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေး၊ ဗျူရိုကရေစီစနစ်များ ပြုပြင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရပိုင်ခွင့်များသည် အောက်ခြေအဆင့်များထိ ပျံ့နှံ့ရေး၊ အရေးအကြီးဆုံးဖြစ်သည့် အစိုးရနှင့် နိုင်ငံသားများ၏ အရည်အသွေးမြှင့်တင်ရေး စသည့် ကိစ္စရပ်များသည် ကူးပြောင်းမည့် စနစ်အသစ်အတွက် လိုအပ်မည့် အခြေခံများကို တည်ဆောက် နေရခြင်း ဖြစ်သည်။

ယခု တင်ပြလိုသည့် ကိစ္စရပ်မှာ အတိတ်က အမှားများအတွက် သင်ခန်းစာယူ၍ ပြုပြင်ခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများ ပြုလုပ်ရန်ဖြစ်သည်။ အ မှန်စင်စစ် မြန်မာ့သမိုင်းတလျှောက် သင်ခန်းစာယူစရာများ အမြောက်အများရှိခဲ့သည့်တိုင် သင်ခန်းစာမယူနိုင်ခဲ့ကြသည်က များပါသည်။ ပေးဆပ်မှုတွေ အမြောက်အများရှိခဲ့သည်တိုင် ဝဋ်ကြွေးဟု သဘောထား၍ သင်ပုန်းချေလိုက်ကြသည်များလည်း ရှိပါသည်။ အတိတ်ကအမှားများအတွက် သင်ခန်းစာယူ ခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများဆိုသည့် ကိစ္စရပ်များသည် အသွင်ကူးပြောင်းရေးကာလ၌ လူ့အခွင့်အရေးကိစ္စကို ညွှန်းဆိုသည့် ကိစ္စရပ်များ ပင်ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံ၏ အခြေအနေကို ဥပမာပေးရလျှင် ယခင်က စစ်အာဏာရှင် လက်အောက်၌ လူ့အခွင့်အရေး ချိုးဖောက်မှု များစွာရှိခဲ့ပြီး လူတိုင်းနိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့် မရခဲ့ပေ။ ယခုမူ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူတိုင်းနိုင်ငံရေးတွင် ပါဝင်ခွင့်ရ ရေးဆိုသည့် ကိစ္စရပ်များမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်နိုင်ပြီဖြစ်ပြီး ပန်းတိုင်ရောက်ရန် လိုအပ်သည့် စွမ်းရည်များကို ဖြည့်တင်းရန် သာ လိုပါတော့သည်။ သို့ရာတွင် အသွင်ကူးပြောင်းရေးကာလ မလာမီက ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မည်သို့ ပြန်လည်ပေး ဆပ်ကြရမည်နည်းဆိုသည့် ကိစ္စရပ်များလည်း ရှိလာပြီဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ အရဆိုပါက ယခင် စစ်အစိုးရ လက်ထက်တွင် ဖြစ်ပွားခဲ့သည့်  လူ့အခွင့်အရေး ချိုးဖောက်မှုများအ တွက် တာဝန်ရှိခဲ့သူများကို အရေးယူ အပြစ်ပေးရန် မဖြစ်နိုင်တော့သည့် အခြေအနေပင်ဖြစ်ပါသည်။  သို့ရာတွင် ပြည်သူလူထုအပေါ်၌ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ကျူးလွန်ခဲ့သူများကို သိသိကြီးနှင့် အရေးယူ အပြစ်ပေးနိုင်ခြင်းမရှိသည်မှာလည်း တရားမျှတသည့် ကိစ္စမဟုတ်ပေ။ တရားမျှတမှုဆိုသည့် စ ကားရပ်သည်ပင်လျှင် အသွင်ကူးပြောင်းရေးကာလ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အမှန်တရားအတိုင်းဖြစ်စေရန်ဟု ရည်ညွှန်းသည့် စကားရပ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာ၌လည်း အသွင်ကူးပြောင်းရေးကာလများတွင် ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်ခဲ့သူများအား အရေးယူအပြစ်ပေးခဲ့သည့် အစဉ်အလာလည်း ရှိပါသည်။ အရေးယူ အပြစ်ပေးခြင်းဆိုရာဝယ် ယင်းပုဂ္ဂိုလ်များအား တရားရုံးတင်အပြစ်ပေးခြင်း၊ ထောင် ဒဏ်အပြစ်ပေးခြင်းများထက် ပိုသော ကိစ္စရပ်များလည်း ရှိလိမ့်မည်ဖြစ်ပါသည်။ ဥပမာဆိုရလျှင် ကမ္ဘောဒီးယားမှ ပိုပေါ့၊ အီရတ်မှ ဆက်ဒမ်ဟူစိန်တို့မှာ ယ ခင်က ၎င်းတို့ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုများအတွက် ရုံးတင်စစ်ဆေးခြင်းခံရပြီး ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် အသီးသီး ကျခံရ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အချို့နိုင်ငံများတွင်မူ ယခင်အစိုးရလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထိုကဲ့သို့ အရေးယူ အပြစ် ပေးခြင်း မရှိသည့်တိုင်အောင် ထိုလူ့အခွင့်အရေးချိုးဖောက်ခဲ့သည့် ပုဂ္ဂိုလ်များအား ၎င်းတို့၏ အပြစ်ကို ပြည်သူထံ ဝန်ချတောင်းပန်စေခြင်း၊ ၎င်းတို့အား အနာဂတ် နိုင်ငံရေးတွင် ပါဝင်ခွင့် ပိတ်ပင်ခြင်းနှင့် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများမှာ အမှန်တကယ်ဖြစ်ခဲ့ပါသည်ဟု ဝန်ခံထွက်ဆိုစေခြင်း စသည်ဖြင့် အပြစ်ပေး အရေးယူလေ့ရှိပါသည်။ ဤသည်မှာ ယခင်အစိုးရဟောင်းမှ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအား သေစားသေစေနှင့် ထောင် ဒဏ်များ ချမှတ်လျှင် ၎င်းတို့အား သစ္စာခံသည့် အုပ်စုများ၏ တုံ့ပြန်မှုကြောင့် လက်စားချေသည့် သံသရာ ရှည်သွားမည်ဆိုးသောကြောင့် ဖြစ်သည်။ သို့ရာ တွင် ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ၎င်းတို့ကိုယ်တိုင်လည်း ထိခိုက်မှုမရှိဘဲ ကျူးလွန်ခံရသူများလည်း စိတ်ကျေနပ်မှု တစ်စုံတစ်ရာ ရရှိနိုင်မည့် အခြေအနေမျိုး ဖြစ်သလို တိုင်းပြည်အတွက်လည်း အမှန်တရားဖြစ်၍ ဤနည်းမှာ ငြိမ်းချမ်းသည့်နည်းဟု ဆိုနိုင်မည်ဖြစ်သည်။

နောက်တစ်နည်းမှာ ပြန်လည်ပေးဆပ်ခြင်း ဖြစ်သည်။ တစ်ချိန်က စနစ်တစ်ခုအတွင်း၊ စစ်ပွဲတစ်ခုအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် လူပုဂ္ဂိုလ်များကို အသွင်ကူးပြောင်းရေးကာလ၌ ပြန်လည်ပေးဆပ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုပေးခြင်းမျိုးဖြစ်သည်။ ယနေ့ခေတ် ဂျပန်အစိုးရက ဒု တိယကမ္ဘာစစ်အတွင်းက တရုတ်ပြည်တွင် ပုလိပ်ရောဂါပိုးများ ကြဲချခဲ့မှု၊ ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများအား ဇိမ်မယ်အဖြစ်၊ လိင်ကျေးကျွန်များအဖြစ် အတင်းအဓမ္မ သွတ်သွင်းခဲ့မှုများအတွက် ဝန်ချတောင်းပန်မှုမျိုးကို တွေ့နိုင်သလို သီရိလင်္ကာနှင့် နီပေါနိုင်ငံများ၌ စစ်ဖြစ်ပွားရာဒေသများမှ အိမ်ထောင် စုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ အိမ်ထောင်ဦးစီး မတရားသတ်ဖြတ်ခံရ၍ ခိုကိုးရာမဲ့နေသည့် မိသားစုများကို ဂရုဏာကြေးပေးခြင်း၊ အသက်ရှင် ကျန်ရစ်သော်လည်း အတိတ်က အဓမ္မပြုခံခဲ့ရမှုများအတွက် လျော်ကြေးပေးခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ အသွင်ကူးပြောင်း ရေးကာလ၌ နိုင်ငံရေးတွင် ပါဝင်ခွင့်ရလာခဲ့သည့် အတိုက်အခံအုပ်စုများ၊ ယခင်အစိုးရလက်ထက်က ထိန်းသိမ်းခံ နိုင်ငံရေးသမားများအတွက်လည်း ယ ခင်က ၎င်းတို့အား စွပ်စွဲပြောဆိုခဲ့သည့် လူဆိုးများ၊ တိုင်းပြည်အုံကြွမှုဖြစ်စေရန် လုပ်ဆောင်သူများ၊ နိုင်ငံတော် သစ္စာဖောက်များစသည့် တံဆိပ်ကပ်မှုများ ကို ပယ်ဖျက်၍ ၎င်းတို့၏ အပြစ်ကင်းစင်မှု၊ ဖြူစင်မှုတို့ကို လက်ရှိအစိုးရက အသိအမှတ်ပြုပေးခြင်း၊ ဂုဏ်ပြုပေးခြင်း၊ လူသားချင်းဆိုင်ရာ ဆုတံဆိပ်များ ပေးအပ်ခြင်းမျိုးဖြစ်သည်။ ဤသည်မှာ အနာဂတ် နိုင်ငံရေးအတွက်သာမက လူတစ်ဦးချင်းခံစားခဲ့ရသည့်၊ ပေးဆပ်ခဲ့ရသည့် လူမှုရေး နာကျင်မှုများအ တွက် မည်သူ့ကိုမျှ ထိခိုက်နစ်နာခြင်းမရှိသည့် ကျေနပ်နှစ်သိမ့်နိုင်မည့် အစီအစဉ်မျိုးပင်ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တိုင်စာပေါင်း ထောင်ချီ၍ရရှိထားသည်ဖြစ်ရာ စနစ်ဟောင်းအတွင်း လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရမှုများအတွက် အသွင်ကူးပြောင်းရေးကာလများ၌ အမှန်တရားဖော်ထုတ်ခြင်း၊ တရားမျှတမှုရှိစေခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများအတွက် နိုင်ငံတကာ ၌ အသွင်ကူးပြောင်းရေး ကာလများအတွင်း ထိုသို့သော ကိစ္စရပ်များ ဖြေရှင်းခဲ့ပုံများကို လေ့လာ၍ မိမိနိုင်ငံ၏ အနေအထားနှင့် ကိုက်ညီအောင် ယူငင်သုံး စွဲနိုင်ရန် လိုအပ်လိမ့်မည်ဖြစ်ပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၅.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. လယ်မြေများ ပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာတင်
  2. ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကြောင့် ပြည်တွင်းငါးလုပ်ငန်း အရှုံးပေါ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း
  1. ကော့မှူးကလွဲလျှင် ကျန်နေရာများ အရှုံးခံနိုင်ဟု ကြံ့ခိုင်ရေးထိပ်ပိုင်းတာဝန်ရှိသူတချို့ ပြောဆို
  2. ဖေဖော်ဝါရီလကုန်ပိုင်းမှ NDF ကိုယ်စားလှယ်လောင်းများ စတင်မဲဆွယ်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

လယ်မြေများ ပြန်လည်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရထံ အသနားခံစာတင်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ လွန်ကျော်ကျေးရွာအုပ်စု၊ ပေတောကျေးရွာရှိ တောင်သူလယ်သမား (၁၃၀) တို့က လက်မှတ်ရေးထိုး၍ နိုင်ငံတော်မှ သိမ်းဆည်ထားသည့် လယ်မြေများ ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရထံသို့ ၂၀၁၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အသ နားခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ တောင်သူလယ်သမားများ ပေးပို့ခဲ့သည့် အသနားခံစာတွင် နိုင်ငံတော်မှ ၁၉၇၈-၁၉၇၉ ခုနှစ်ကတည်းကပင် လယ်သမားများ၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေဧက (၂၀၀၀) ကျော်ကို နိုင်ငံတော်၏ စိုက်ပျိုးရေးခြံလုပ်ကိုင်ရန် သိမ်းဆည်းခဲ့သည့်အတွက် ၎င်းဒေသမှ တောင်သူလယ်သမားများမှာ လယ်ယာခြံမြေများအပြင် ၎င်းတို့ အခြေချနေထိုင်သော ကျေးရွာနှင့် ဘုရားကျောင်းကန်များကိုပါ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ လယ်သမားများ ရွှေ့ပြောင်းပေးခဲ့ရသော်လည်း လျော်ကြေးငွေတစုံတရာ ရရှိခဲ့ခြင်းမရှိသည့်အတွက် တောင်သူလယ်သမားများမှာ လက် လုပ် လက်စားဘဝဖြင့် ရုန်းကန်ခဲ့ရပြီး နိုင်ငံတော်စီမံကိန်း အောင်မြင်မှုမရရှိသည့်အတွက် ရပ်ဆိုင်းလိုက်ရပြီးနောက် နယ်မြေခံတပ်ဖွဲ့တစ်ခုမှ တောင်သူ များအား တစ်ဧက ဝါ(၁၅) ပိဿာနှုန်း၊ စပါးတစ်ဧက (၁၈)တင်းနှုန်းဖြင့်တစ်ရာသီ တစ်ခါပေးသွင်း၍ လုပ်ကိုင်စေခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရထံ တောင်သူများ ပေးပို့သည့် အသနားခံစာတွင် ဖော်ပြခဲ့သည်။

တောင်သူများအနေဖြင့် စိုက်ပျိုးမှုများမှ ရရှိသည့် နှစ်သီးပေါင်း တစ်နှစ်လျှင် ငွေကျပ် (၁၀၀၀၀၀) ခန့်ပေးသွင်း၍ လုပ်ဆောင်လျက်ရှိသော်လည်း မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများ၏ဘဝမှာ အဆင်ပြေနိုင်ခြင်းမရှိဘဲ အခက်အခဲ အကြပ်အတည်းဖြင့်သာ ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့၏ လယ်ယာမြေများကို ပြန်လည်ရရှိစေရန် အလို့ငှာ တိုင်းဒေသကြီးအစိုးရထံသို့ အသနားခံစာတင်ပြခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကြောင့် ပြည်တွင်းငါးလုပ်ငန်း အရှုံးပေါ်

ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်ရေးစရိတ် သုံးစွဲမှုနှုန်းထားများမှာ ပြန်လည်ရရှိသည့် ဈေးနှုန်းများထက် ပိုမိုများပြားနေ သည့်အတွက် ငါးလုပ်ငန်းရှင်များအနေဖြင့် အရှုံးပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

ထိုသို့ ပြည်တွင်း ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ရှုံးနေရခြင်းမှာ ထုတ်လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရာတွင် ကြားပွဲစား များအား ပေးချေရသည့် ငွေတို့ကြောင့် အရှုံးပေါ်နေရခြင်းဖြစ်ပြီး ယခင်က နယ်သို့ မွေးမြူရေးငါးများအား ပို့ဆောင်လျှင် သယ်ယူစရိတ်မှာ ယခင်က တစ် ပိဿာလျှင် ၃၀ ကျပ်မှ ၄၅ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ သယ်ယူစရိတ်များမှာ ကျပ် ၇၀ ခန့်အထိ ဈေးတက်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းဆိုသည်မှာ ချိန်ဆထုတ်လုပ်ရသော ရေရှည်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အတွက် ငွေကြေးနှင့် ဈေးနှုန်း အ ပြောင်းအလဲ ဖြစ်ပေါ်လာပါကလည်း ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုများပြုလုပ်နေသည့်အတွက် ငါးသယံဇာတ ပြုန်းတီးမှုများနှင့်အတူ ငါးသ လောက်ငါးမျိုး ပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ထိုသို့ ဖြစ်ပေါ်ရခြင်းမှာ ယခင်က ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းဆီးရာတွင် သင်္ဘော ၅ စီး၊ ၆ စီးခန့်သာ ဖမ်းဆီးခဲ့သော်လည်း ယခုအခါ ငါးဖမ်းဆီးသူ များသည် ဝိုင်းကြီးချုပ်ပိုက်ဖြင့် ငါးများဖမ်းဆီးလျက်ရှိသည့်အပြင် ငါးဖမ်းဆီးသည့် သင်္ဘောများမှာလည်း အစီး ၆၀၊ ၇၀ ခန့် ရှိလာသည့်အတွက် ယခုကဲ့သို့ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးများ ပြုန်းတီးရခြင်းဖြစ်ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း

ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအား ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ဖြင့် ၂၀၁၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ရပ်/ကျေး အုပ်ချုပ်ရေး နှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ ၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညို လေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်စေရမည်ပာု ပြဋ္ဌာန်းထားသည့်အလျောက် ရပ်/ကျေး အုပ် ချုပ်ရေးမှူးများအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် အခန်း (၁၅) ခန်းပါရှိပြီး ယင်းအခန်းများမှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရပ်ကွက်(သို့) ကျေးရွာအုပ်စုများ ဖွဲ့စည်းရေး၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတွင် ပြည့်စုံရမည့်အရည်အချင်းများ၊ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန် ပေးခြင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ လုပ်ငန်းအခြေခံများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာ ဝန်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း(သို့) ရပ်စဲခြင်းနှင့် အစားထိုးခန့်အပ်ခြင်း၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်း နေထိုင်သူ၏ တာဝန်ဝတ္တရားများ၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအတွင်း နေထိုင်သူများ၏ အခွင့်အရေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ချီး မြှင့်ထောက်ပံ့ငွေ၊ ရုံးအသုံးစရိတ်၊ ရပ်ကွက်(သို့) ကျေးရွာ အုပ်စုစာရေးအခန်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း သိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေများ၊ စည်း မျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်များကိုအလွဲသုံးစားပြုလုပ်ခြင်း၊ အရှိန်အဝါကို အ သုံးပြုခြင်း၊ မသမာမှုပြုခြင်းနှင့် မလျော်သြဇာသုံးခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် ဖော်ပြပါရှိသည်။

ထိုသို့ ခန့်အပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက် (သို့) ကျေးရွာအတွင်းရှိ အများပြည်သူ ကြည်ညိုလေးစားမှုရှိသည့် ရပ်မိ၊ ရပ်ဖ ငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ရမည်ဖြစ်ကာ ၎င်းကြီးကြပ်ရေးမှူးများမှ ပြည်သူတို့၏ ဆန္ဒမဲရယူ၍ ရပ်ကွက်အုပ်ချုပ်မှူးလောင်း  စာ ရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြရမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ စိစစ်၍ ပုဒ်မ ၅ ပါ အရည် အချင်းနှင့် ပြည်စုံသည့် ပုဂ္ဂိုလ်အား ရပ်ကွက်(သို့) ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရမည်ဖြစ်သည်။

ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သတ်တမ်းသည် ပြည်သူ့လွှတ်တော်၏ သတ်တမ်းနှင့်အညီ ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးအဖြစ် ရွေးကောက်ခံရာတွင် သုံးကြိမ်ထက်ပိုရမည်မပာုတ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်နေ့မှ စတင်၍ မိမိတာဝန်ထမ်းဆောင်နေစဉ် သက်တမ်းအတွင်း ၎င်းပါတီ၊ အဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်း မပြုရပာု ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင် ဖော်ပြပါရှိသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက်(သို့) ကျေးရွာအတွင်းနေထိုင်သူများ၏ နေအိမ်ဥပစာလုံခြုံမှုနှင့် ပစ္စည်းလုံခြုံမှု အခွင့်အရေး၊ သာ သနာတော်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများ ပြုစုပျိုးထောင်ခွင့်၊ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။

ရပ်ကွက် (သို့) အုပ်ချုပ်ရေးမှူး ရုံးများအတွက် အသုံးစရိတ်များကိုနှစ်စဉ် ရသုံးမှန်းခြေငွေစာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေ ပမာဏကို ခွဲဝေသတ်မှတ်လျာထားရမည်ဖြစ်ပြီး ပုဒ်မ ၂၉ အရ ခွဲဝေသတ်မှတ်ထားသော ရန်ပုံငွေကို ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ညွှန်ကြားချက်နှင့်အညီ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ်တကျ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။

            YC

-----------------------------------------------------------------------------------------------------------------------------------

ကော့မှူးကလွဲလျှင် ကျန်နေရာများ အရှုံးခံနိုင်ဟု ကြံ့ခိုင်ရေးထိပ်ပိုင်းတာဝန်ရှိသူတချို့ ပြောဆို

လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအနက် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှူး မဲဆန္ဒနယ်မှလွဲလျှင်ကျန် ၄၇နေရာ အရှုံးပေးသွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လစ်လပ်မဲဆန္ဒနယ် ၇ နေရာ၏ အောင်နိုင်ရေးတာဝန်ခံ ကြံ့ခိုင်ရေးပါ တီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောကြားကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးအဆိုအရ သိရသည်။

ဥ&