Transparency Myanmar

transparency.myanmar@gmail.com

BBC News, 3rd May 2010

          အတိုက်အခံ ရှပ်နီ ဆန္ဒပြသူများနှင့် ရှေ့မတိုး နောက်မဆုတ် တင်းမာနေမှုကို  အဆုံးသတ်ရန် အတွက် နိုဝင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ၎င်းအနေနှင့် အဆင်သင့် ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ပြောကြားလိုက်သည်။

မည်သည့် ရွေးကောက်ပွဲမဆို ၎င်း၏ စေ့စပ် ညှိနှိုင်းရေး လမ်းညွှန်မြေပုံအရ သတ်မှတ် ထားသော အခြေအနေများပေါ်တွင် မူတည်ကြောင်း အဘီဆစ်က ပြောကြားခဲ့သည်။

မတ်လ ၁၄ ရက်က စတင်ခဲ့သော ရှပ်နီအုပ်စုများ၏ ဘန်ကောက် မြို့တော်တွင် ဆန္ဒပြမှုများကြောင့် မြို့တော်၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

ပြန်လည် စေ့စပ် ညှိနှိုင်းရေး အစီအစဉ်ကို အသေအချာ စဉ်းစား သုံးသပ်မည်ဟု ဆန္ဒပြ ခေါင်းဆောင် ဂျာတူပွန်ပရွန်ပန်က ပြောကြားသည်။

"သူ့ရဲ့ အဆိုပြုချက်ကို အသေအချာ စဉ်းစား သုံးသပ်ပြီး ဆွေးနွေးပြီးမှ ကျွန်တော်တို့ရဲ့ အနေအထားကို ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ လက်ခံတာပဲ ဖြစ်စေ၊ ပယ်ချတာပဲ ဖြစ်စေ။ အလောသုံးဆယ် မလုပ်နိုင်ပါဘူး" ဟု ရှပ်နီ ခေါင်းဆောင်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

အကောင်းဆုံး ဖြေရှင်းမှု

ပြန်လည် စေ့စပ် ပေါင်းစည်းရေး အတွက် ၎င်းချမှတ်ထားသော အစီအစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက် မိန့်ခွန်း ပြောကြားစဉ် ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အစီအစဉ်တွင် ဘုရင်စနစ်ကို လေးစားရေး၊ လူမှုရေး မညီမျှမှုများကို ဖြေရှင်းရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ သတင်း မီဒီယာများ မှန်ကန်မျှတရေး၊ လတ်တလော လူများ သေဆုံးခဲ့သည့် အခြေအတင် ဖြစ်ရပ်များကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးရေး၊ အခြေခံ ဥပဒေ ပြန်လည် ပြုပြင်ရန် အတွက် လိုအပ်ချက်ကို ဆွေးနွေးရေး စသည်တို့ ပါဝင်သည်။

"အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ အချိန်ကြာကြာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြန်လည် စေ့စပ် ညှိနှိုင်းတဲ့ အစီအစဉ် အောင်မြင်ပြီဆိုရင် နိုဝင်ဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစိုးရက အဆင်သင့်ပါပဲ" ဟု အဘီဆစ်က ပြောကြားသည်။

"လောလောဆယ်မှာ ဒီနည်းက အကောင်းဆုံး ဖြေရှင်းနည်းပဲလို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ဆိုသည်။

လတ်တလောက ဘန်ကောက်မြို့တော်၏ ဈေးဝယ်ရပ်ကွက်မှသည် တောင်ဘက် စီးပွားရေး ရပ်ကွက်အထိ ကျယ်ပြန့်သော နယ်မြေကို ရှပ်နီများက သိမ်းပိုက်ထားလျက် ရှိသည်။

ရှပ်နီများက အဘီဆစ်၏ အစိုးရသည် တရားဝင် အစိုးရ မဟုတ်ဟု စွပ်စွဲခဲ့ကြပြီး၊ ၃ လ အတွင်း ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားကြသည်။

မတ်လ ၁၄ ရက် နောက်ပိုင်း ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုများတွင် လူ ၂၇ ဦး သေဆုံးပြီး ၁၀၀၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ဆုံးရှုံးမှုများ ဖြစ်ပွားနေသဖြင့် ဆန္ဒပြမှုများ ပြီးဆုံးအောင် ပြုလုပ်ရန် ဝန်ကြီးချုပ် အဘီဆစ် အပေါ်တွင် ကြီးမားသော ဖိအားများ ကျရောက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, news.yahoo.com, 3rd May 2010

          မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ရှားရှားပါးပါး ပြည်ပ ခရီးစဉ် အဖြစ် ဆင်းရဲချွတ်ခြုံ ကျနေသည့် ၎င်း၏ မြောက်ကိုရီးယားနိုင်ငံအား အများဆုံး လှူဒါန်းနေသော တရုတ်နိုင်ငံသို့ ၎င်း၏ သံချပ်ကာ မီးရထား တစ်စင်းဖြင့် သွားရောက်သည့် လက္ခဏာ ရှိသည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

          တရုတ်နိုင်ငံသည် မြောက်ကိုရီးယား အပေါ် အလွှမ်းမိုးဆုံး နိုင်ငံဖြစ်ပြီး ကင်ဂျုံအီ၏ ယခင် တရုတ် ခရီးစဉ်များသည် ဒေသတွင်း လုံခြုံရေးအပေါ် စိုးရိမ် ပူပန်မှုများကို လျှော့ချသည့် ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်။

          "တရုတ်နယ်စပ် ဒန်ဒေါင်း မြို့တော်ကို အထူး ရထားရောက်ရှိတဲ့ သတင်းကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ဥက္ကဌကြီး ကင်ဂျုံအီ လိုက်ပါလာဖို့ ဖြစ်နိုင်ခြေ များတယ်လို့ ယုံကြည်ရပါတယ်" ဟု တောင်ကိုရီးယား အစိုးရ အရာရှိ တစ်ဦးက ယွန်ဟတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

          'ကင်' ၏ ခရီးစဉ်နှင့် ပတ်သက်သော အလားတူ သတင်းတစ်ပုဒ်ကို ယွန်ဟတ် သတင်းဌာနက လွန်ခဲ့သော လပိုင်းတွင် ထုတ်ပြန်ခဲ့ဖူးသော်လည်း ထိုစဉ်က 'ကင်' ကို တင်ဆောင်လာသည်ဟု ယူဆသော ရထားသည် ခရီးသည် မပါသော ကုန်ရထား တစ်စင်းသာ ဖြစ်ကြောင်း နယ်ခြား တာဝန်ကျ အရာရှိများက ပြောဆိုခဲ့ပြီးနောက် အဆိုပါ သတင်းကို ပြန်လည် ပြင်ဆင်ခဲ့ဖူးသည်။

ယခု  သွားရောက်မှုမှာ ၂၀၀၈ ခုနှစ်က သံသယ ဖြစ်ဖွယ် ဦးနှောက် သွေးကြောပြတ် ဝေဒနာမှ ပြန်လည် သက်သာလာသော 'ကင်' အတွက် ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်သည်။

အငြင်းပွား ရေပြင် နယ်နိမိတ် အနီးတွင် တောင်ကိုရီးယား ရေတပ် သင်္ဘောတစ်စင်းကို မြောက်ကိုရီးယားတို့က တိုက်ခိုက်ခဲ့သည်ဟု 'တောင်' ဖက်က သံသယ ရှိနေသဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာ၍ ယခု ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သော စစ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်မှုသည် ၁၉၅၀ - ၅၃ တွင် ကိုရီးယား စစ်ပွဲအပြီး နောက်ပိုင်း လူသေမှု အများဆုံး တိုက်ခိုက်မှု တစ်ခု ဖြစ်ဖွယ် ရှိသည်။

ပြုံးယမ်းက တစ်နှစ်ကျော် သပိတ်မှောက် ထားခဲ့သော ဘေဂျင်းက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေသည့် နိုင်ငံတကာ နျူကလီယာ လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲများသို့ ပြန်လာရေး အတွက် အပြန်အလှန်အားဖြင့် ယိမ်းယိုင်နေသော မြောက်ကိုရီးယား စီးပွားရေးကို ထိန်းမတ်နိုင်ရန် ဘဏ္ဍာရေး အကူအညီ ရရှိရေး အတွက် တရုတ်နိုင်ငံသို့ 'ကင်' လာရောက်ခြင်း ဖြစ်နိုင်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

'ကင်' ၏ ၂၀၀၀  ခုနှစ် တရုတ် ခရီးစဉ် အပြီးတွင်မူ တောင်ကိုရီးယား ခေါင်းဆောင်နှင့် ထိပ်သီး ဆွေးနွေးပွဲကို ပြုံးယမ်း၌ တခဏချင်း ကျင်းပနိုင်ခဲ့ပြီး မြောက်ကိုရီးယားတွင် အဓိက ဖက်စပ် ဖွံ့ဖြိုးရေး စီမံကိန်း ၂ ခုကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် တရုတ် ခရီးစဉ်တွင်မူ မြောက်ကိုရီးယား၏ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ ကျင်းပရန် တွန်းအားပေးနိုင်ခဲ့သည်။

၂၀၀၉ ခုနှစ် မေလက မြောက်ကိုရီးယား၏ နျူကလီယာဗုံး စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက တင်းကြပ်သော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ရန် ဖိအားများ ကျရောက်နေသည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများသည် မြောက်ကိုရီးယား၏ ယိမ်းယိုင်နေသော စီးပွားရေးကို ထိခိုက်စေခဲ့ပြီး ယခင်နှစ်က ပြုလုပ်ခဲ့သော ငွေကြေးတန်ဖိုး ပြောင်းလဲမှုကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ပွားကာ ဖြစ်တောင့်ဖြစ်ခဲ လူထု အုံကြွမှုများ ရှိခဲ့သည်။

၂၀၀၆ ခုနှစ်က ကင်၏ ခရီးစဉ်တွင် ၎င်း၏ သံချပ်ကာ မီးရထားဖြင့် နယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားသို့ လုံခြုံစိတ်ချစွာ ပြန်မရောက်မချင်း မြောက်ကိုရီးယား အစိုးရ သတင်း မီဒီယာက ကြေညာခြင်း မပြုခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 3rd May 2010

          အီရန်၏ နျူကလီယာ ရည်မှန်းချက်များသည် ကမ္ဘာကို အန္တရာယ်ကြီးအောင် ပြုလုပ် နေသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်သည်။

အီရန် အနေဖြင့် တာဝန်ယူရန် ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂတွင် ပြုလုပ်သော နျူကလီယာ မပြန့်ပွားရေး စာချုပ်ဆိုင်ရာ ညီလာခံတွင် သူမက ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။

အီရန် သမ္မတ မာမွတ် အာမက် ဒီနီဂျက်က "နျူကလီယာ နည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုလိုသူများအား နျူကလီယာ လက်နက် ပိုင်ဆိုင်သော နိုင်ငံများက ခြိမ်းခြောက်နေသည်" ဟု  စောစောပိုင်းက စွပ်စွဲခဲ့သည်။

၎င်း၏ မိန့်ခွန်း ပြောကြားမှုကို အမေရိကန်၊ ယူကေ နှင့် ပြင်သစ် ကိုယ်စားလှယ်များက အစည်းအဝေးခန်းမှ ထွက်ခွာ ကန့်ကွက်ခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုသည် ရာစုနှစ် တစ်ဝက်ကျော်မျှ လျှို့ဝှက်ထားခဲ့သော ၎င်း၏ နျူကလီယာ လက်နက် အင်အား အရေအတွက်ကို ထုတ်ဖော် ကြေညာမည်ဟု ဝန်ကြီး ကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်က ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နျူကလီယာ လက်နက် ဖျက်သိမ်းမှု စနစ်အတွင်း ပွင့်လင်း မြင်သာမှု တိုးတက်လာရန်နှင့် အခြားနိုင်ငံများ လိုက်ပါ ကျင့်သုံးရေးကို တိုက်တွန်း အားပေးရန် ဖြစ်သည်ဟု သူမက ဆိုသည်။

"ဒီနေ့ကစပြီး အမေရိကန် ပြည်ထောင်စုဟာ လက်နက်တိုက်ထဲမှာ သိုလှောင်ထားတဲ့ နျူကလီယာ လက်နက် အရေအတွက်နဲ့ ၁၉၉၁ ကစပြီး ဖျက်သိမ်းခဲ့တဲ့ လက်နက် အရေအတွက်ကို လူသိရှင်ကြား ထုတ်ပြန်မှာ ဖြစ်ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

"ဒါ့ကြောင့် အမေရိကန် ပြည်ထောင်စုဟာ လက်နက် ဖျက်သိမ်းရေး အစီအစဉ်ကို ကိုယ်တိုင် အကောင်အထည် ဖော်လိမ့်မယ်ဆိုတဲ့ အချက်ကို သံသယ ရှိနေသူတွေ အတွက်တော့ ဒါဟာ ကျွန်မတို့ရဲ့ သမိုင်းမှတ်တမ်းပါ။ ဒါဟာ ကျွန်မတို့ရဲ့ ကတိပါ။ သူတို့က လုံးဝ အမှားခံလို့ မရတဲ့ အချက်ပြမှုကို ပို့လိုက်တာပါ" ဟု သူမက ပြောဆိုခဲ့သည်။

ထို့နောက် အချိန်တို အတွင်းမှာပင် အမေရိကန် ကာကွယ်ရေးဌာနက ၎င်း၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော နျူကလီယာ ထိပ်ဖူး စုစုပေါင်း ၅၁၁၃ ခု ရှိကြောင်း ထုတ်ဖော် ကြေညာလိုက်သည်။

ဝန်ကြီး ကလင်တန်သည် သူမ၏ မိန့်ခွန်းတွင် အီရန်ကို မှန်မှန် ဝေဖန်ခဲ့ပြီး "သမ္မတ အာမက် ဒီနီဂျက်သည် အမေရိကန်နှင့် အခြား နိုင်ငံများ အပေါ် ငြီးငွေ့စရာကောင်းသော၊ မှားယွင်းသော၊ တစ်ခါတစ်ရံ ရိုင်းစိုင်းသော စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်" ဟု စွပ်စွဲလိုက်သည်။

အီရန်သည် တာဝန်ယူမှုကို ရှောင်ရှားရန် ကြိုးစားသည့် အနေဖြင့် ၎င်း၏ လုပ်ဆောင်မှု မှတ်တမ်း အပေါ် အများက အာရုံစိုက်နေခြင်းကို ရှောင်လွှဲရန် မည်သည့် ကိစ္စမဆို ပြုလုပ်လိမ့်မည်ဟုလည်း သူမက ပြောကြားသည်။

ယနေ့ အစည်းအဝေး ခန်းမအတွင်း ရှိနေသော နိုင်ငံများအနက် အီရန်သည် နျူကလီယာ လုံခြုံမှုဆိုင်ရာ လုပ်သင့်သည့် တာဝန်များကို လုံးဝ လိုက်လျော လုပ်ဆောင်ခြင်း မရှိကြောင်း   နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA က သတ်မှတ်ထားသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

"အီရန်ဟာ လုံခြုံရေး ကောင်စီနဲ့ IAEA ကို အာခံ စိန်ခေါ်ခဲ့ပြီး နျူကလီယာ မပြန့်ပွားရေး အစီအစဉ်ရဲ့ အနာဂတ်ကိုလည်း ဖျက်လိုဖျက်ဆီး လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပစ်ပယ်မှုနဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာပါ" ဟု သူမက ပြောကြားသည်။

အီရန်၏ ယူရေနီယမ် သန့်စင်ရေး အစီအစဉ်ကြောင့် ၎င်းနိုင်ငံအပေါ် စတုတ္တမြောက် ကုလသမဂ္ဂ စီးပွားရေး အရေးယူ ပိတ်ဆို့မှု အစီအစဉ်များ ချမှတ်ရန် အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များကို အမေရိကန်က လတ်တလော ဆွေးနွေးညှိနှိုင်းနေသည်။

တီဟီရန်ကမူ ၎င်း၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းရေး အတွက် သီးသန့် သုံးစွဲရန် ဖြစ်သည်ဟု ခုခံ ငြင်းဆိုနေသည်။

နျူကလီယာ မပြန့်ပွားရေး သဘောတူညီချက် NPT တွင် ကြီးမားသော လိုက်လျောမှုများ ပါဝင်သည်ဟု BBC သံတမန်ရေးရာ သတင်းထောက် Jonathan Marcus က ပြောကြားသည်။

အဓိက နျူကလီယာ ပါဝါ ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ယခင် ဆိုဗီယက် ယူနီယံ၊ တရုတ်၊ ယူကေနှင့် ပြင်သစ်တို့က နောက်ဆုံး အဆင့်တွင် လက်နက် ဖျက်သိမ်းကြရန် သဘောတူ ထားကြသည်။ အခြား လက်မှတ် ရေးထိုးခဲ့ကြသော နိုင်ငံများကလည်း နျူကလီယာ လက်နက် လုံးဝ မထုတ်လုပ်ရန်နှင့် အပြန်အလှန်အားဖြင့် အရပ်ဖက်သုံး နျူကလီယာ နည်းပညာကို အပြည့်အဝ ရရှိရန် သဘောတူခဲ့ကြသည်။

သို့ရာတွင် မူလလက်ဟောင်း နျူကလီယာ လက်နက်နိုင်ငံများက ၎င်းတို့ တာဝန်ရှိသော လက်နက် ဖြုတ်သိမ်းမှုကို ထိထိရောက်ရောက် ပြုလုပ်ခြင်း မရှိဟု ဝေဖန် ဆန်းစစ်သူများက အငြင်းပွားနေသဖြင့် အထက်ပါ သဘောတူညီချက်မှာ လျော့တိလျော့ရဲ ဖြစ်လာသည့် လက္ခဏာ ရှိသည်ဟု BBC သတင်းထောက်က ပြောဆိုသည်။

အီရန် သမ္မတ အာမက် ဒီနီဂျက်က ၎င်း၏ မိန့်ခွန်းတွင် နျူကလီယာ ပါဝါနိုင်ငံများ၏ လက်နက် ဖျက်သိမ်းမှု ပျက်ကွက်ခြင်းကို ဝေဖန် ပြစ်တင်ခဲ့ပြီး "သူတို့ရဲ့ နျူကလီယာ လက်နက် ထုတ်လုပ်မှု၊ သိုလှောင်မှုနဲ့ အရည်သွေး မြှင့်တင်မှုတွေကြောင့် တခြားနိုင်ငံတွေကလည်း ကိုယ်ပိုင်လက်နက် ထုတ်နိုင်မှ တရားမျှတမယ်လို့ ယူဆလာတာပေါ့" ဟု ပြောကြားခဲ့သည်။

"နျူကလီယာဗုံးက လူသားတွေကို ဖျက်ဆီးမယ့် မီးစတစ်ခုပါ။ ကာကွယ်ရေး လက်နက် မဟုတ်ပါဘူး။ နျူကလီယာ လက်နက် ပိုင်ဆိုင်မှုဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ သူတပါးကို အနှောင့်အယှက် ဖြစ်စေတဲ့ ရှက်စရာ ကိစ္စတစ်ခုပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Project Syndicate, By Wesley K. Clark, Henrielta H. Fore, Suzanne DiMaggio, 3rd May 2010

          Obama အစိုးရသည် အမေရိကန် - မြန်မာ ဆက်ဆံရေးတွင် လမ်းကြောင်းအသစ် ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဆယ်စုနှစ်နှင့် ချီ၍ မြန်မာနိုင်ငံ အစိုးရကို ပြောင်းလဲစေရေး အတွက် အထီးကျန် ပြုရန် ကြိုးစားခဲ့ခြင်းမှ အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သောကြောင့် ဖြစ်သည်။ မြန်မာ အစိုးရသည် ယခုနှစ် ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ခြားနားသော ရလဒ်တစ်ခုခုကို ရရန်အတွက် ကြိုးစားကြည့်ရန် အချိန်ပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အာဏာရှင် အဆန်ဆုံးသော အစိုးရများတွင် တစ်ခု အပါအဝင် ဖြစ်သော မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရန် ကြိုးစားမှုသည် အမှန်တကယ်တွင် မလွယ်လှပေ။ Obama အစိုးရ ပေးသော သတင်းအချက်များ အပေါ် မြန်မာ ခေါင်းဆောင်များက အပေါင်းလက္ခဏာ ဆောင်သော တုန့်ပြန်မှုများ ပြုလုပ်လိမ့်မည် ဆိုသည့် အချက်ကို သက်သေပြစရာ မရှိပေ။ Obama အစိုးရ အဓိက ပေးခဲ့သော အချက်များမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကို လွှတ်ပေးရန် တောင်းဆိုမှုနှင့် အတိုက်အခံများနှင့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုပြုရန်၊ တရားမျှတ၍ အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်စေရန်တို့ ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ၏ ကန့်ကွက် ပြောဆိုမှုများကို ခံရပြီး ရွေးကောက်ပွဲကို အများ လက်ခံနိုင်ဖွယ် မရှိဟု ညွှန်ပြနေသဖွယ် ဖြစ်သည်။

ပြီးခဲ့သည့် နွေနှင့်ဆောင်း အကူးကာလက ကျွန်ုပ်တို့သည် Asia Society ၏ အကူအညီဖြင့် မြန်မာနိုင်ငံနှင့် အကောင်းဆုံး ဆက်ဆံရေးလမ်းကြောင်း ရှာဖွေနိုင်ရန် လုပ်ငန်းအဖွဲ့ စုဝေးခဲ့ကြသည်။ ကျွန်ုပ်တို့သည် အမေရိကန်က မြန်မာ အာဏာပိုင်များကို လည်းကောင်း၊ မြန်မာလူ့အဖွဲ့အစည်း အတွင်းရှိ အကျင့်ပျက်နေသော အစိတ်အပိုင်းများကို လည်းကောင်း မသိလိုက် မသိဖာသာ အားပေးသလို ထောက်ခံမှုများ မရှိရေး အတွက် သေချာစေရန် ပြုလုပ်ရမည် ဖြစ်ကြောင်း နိဂုံး ကောက်ချက်ချခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန် အနေဖြင့် အစကတည်းက ကန့်သတ်မှုများ အလွန် ပြင်းထန်ခဲ့လျှင်လည်း၊ မြန်မာနိုင်ငံအား အာဏာရှင်စနစ် စွန့်ပစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း ပြန်ဝင်ရန် ကူညီပေးရာတွင် ထိရောက်သော ကဏ္ဍမှ ပါဝင်နိုင်ရေး အတွက် ထိုပြင်းထန်သော ကန့်သတ်မှုကပင် မိမိကိုယ်မိမိ နေရာမရ ဖြစ်တတ်ပြန်သည်။

ယခုကဲ့သို့သော မသေချာ မရေရာသည့် ကာလမျိုးတွင် ကျွန်ုပ်တို့ အနေဖြင့် မြန်မာနိုင်ငံ အပေါ်ထားမည့် အမေရိကန်၏ မူဝါဒသည် တိုင်းပြည်တွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်သည့် အပေါ် အခြေခံ စဉ်းစားသည့် မူဝါဒမျိုး ချမှတ်ရန်ကိုသာ ထောက်ခံနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ် ဆက်ဆံရေး ဝါဒရော ပြုပြင်ပြောင်းလဲရေးကို အားပေးသော အရေးယူမှုများ ပြုလုပ်သော ဝါဒကိုပါ အသုံးပြုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများ မရှိသောကြောင့် လည်းကောင်း၊ နိုင်ငံရေး အတိုက်အခံများကို အစိုးရက နှိပ်ကွပ်မှုများကြောင့် လည်းကောင်း၊ Obama အစိုးရသည် မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရေးယူ ပိတ်ဆို့ရေးကို ဆက်လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည်။

ထို့အပြင် အမေရိကန် အနေဖြင့် ယခု ထပ်မံ လုပ်သင့်သည်များလည်း ရှိနေသေးသည်။ အမေရိကန် အနေဖြင့် မြန်မာ ခေါင်းဆောင်များနှင့် သာမက၊ မြန်မာနိုင်ငံတွင်းရှိ အဖွဲ့ပေါင်းစုံနှင့် တွေ့ဆုံ၍ စစ်တပ်၊ ဒီမိုကရေစီ အဖွဲ့များနှင့် တိုင်းရင်းသားများကြား အမျိုးသား ပြန်လည် ပေါင်းစည်းမှု ဖြစ်နိုင်မည့် တွေ့ဆုံ ဆွေးနွေးမှု အတွက် အားပေးရမည် ဖြစ်သည်။ အမေရိကန် အနေဖြင့် စီးပွားရေးနှင့် မဆိုင်သော အရေးယူမှု အချို့ကို ရုတ်သိမ်းပေးခဲ့ပါလျှင် တရားဝင် နှစ်နိုင်ငံ ဆက်ဆံရေးကို ကြိုဆိုလိုက်သလို ဖြစ်ပြီး၊ ဆက်သွယ်ရေးတွင် ပို၍ သက်တောင့်သက်သာ ရှိလာမည် ဖြစ်သည်။ တရားဝင်ရော တရားမဝင် လမ်းကြောင်းများပါ ပွင့်သွားမည် ဖြစ်သည်။ အထူးသဖြင့် ယခုလို နိုင်ငံရေးအရ ပြောင်းလဲမှုများ ဖြစ်ပေါ်ရန် အလားအလာ ကောင်းသော အချိန်မျိုးတွင် လမ်းကြောင်းများ ပွင့်လာခြင်းသည် အမေရိကန်၏ သြဇာ လွှမ်းမိုးမှုကို ပိုမို အားကောင်းလာစေမည် ဖြစ်သည်။

မြန်မာ ပြည်သူများကို တိုက်ရိုက် ထိတွေ့ လက်လှမ်းမီနိုင်ရေး အတွက် အမေရိကန်သည် အကူအညီပေးရေး အစီအစဉ်များကို စကေးမြှင့်၍ တိုးတက် ပေးသင့်သည့်အပြင် နယ်စပ်တွင် ပေးနေသော အကူအညီများကို ဆက်လက် ထိန်းသိမ်းထားရမည်။ NGO များကို ပေးနေသော အကူအညီများကို တိုးချဲ့ပေးသင့်ပြီး၊ အမေရိကန်၏ အကူအညီများသည် လယ်သမား အငယ်စားများနှင့် အလတ်တန်းစားနှင့် အသေးစား စီးပွားရေး လုပ်ငန်းများကို ပစ်မှတ်ထားသင့်သည်။ Fulbright and Humphrey Schdar အစီအစဉ်အရ ပညာရေး ဖလှယ်မှု အစီအစဉ်များ၊ ယဉ်ကျေးမှု လက်တံဆန့် လှုပ်ရှားမှုများကို တိုးချဲ့သင့်သည်။ အဆိုပါ အစီအစဉ်များသည် မြန်မာလူ့အဖွဲ့အစည်း အတွင်း တိုးတက်ရေး လုပ်ဆောင်နိုင်သော အားကောင်းသည့် အေးဂျင့်များ မွေးထုတ်ပေးနိုင်ပြီး၊ အုပ်ချုပ်ပုံကောင်းသော စနစ်သို့ တိုးတက်လာစေနိုင်သည်။

အကယ်၍ မြန်မာ ခေါင်းဆောင်များသည် နိုင်ငံရေးအရ ကန့်သတ်မှုများ စတင် ဖြေလျော့ပေးသည့် အချိန်၊ စီးပွားရေး ပြောင်းလဲမှုများ စတင်သည့် အချိန်၊ လူ့အခွင့်အရေး တိုးတက်လာမည့် အချိန်မျိုးတွင် အမေရိကန်၏ မူဝါဒသည် ပိုမိုအားကောင်းစွာ ပြောင်းလဲ ချမှတ် ကျင့်သုံးသင့်သည်။ အကယ်၍ မြန်မာ အစိုးရက အထက်ပါ တိုးတက်မှုများ ပြသလာခြင်း မရှိပါက အရေးယူမှုများ ပိုမို တင်းကြပ်စေရန် အမေရိကန် အတွက် ဖိအား ရှိလာစေမည် ဖြစ်သည်။ အကယ်၍ အခြား လုပ်ဆောင်ရန် နည်းလမ်း မရှိတော့ဘဲ ပိုမို အားကောင်းသော အရေးယူမှုများကို ချမှတ်ရတော့မည် ဖြစ်ပါက အမေရိကန် အနေဖြင့် EU နှင့် အာဆီယံ အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ ပစ်မှတ်သီးသန့် ရည်ရွယ်သော ငွေကြေးနှင့် ဘဏ်နှင့်ပတ်သက်သော အရေးယူမှုများ ချမှတ်ရမည်ဖြစ်ပြီး၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ လက်ဝေခံများ အပေါ် ထိရောက်မှုရှိရေး သေချာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။

အကယ်၍ ခြားနားသော ဖြစ်စဉ်များ ထွက်ပေါ်လာခဲ့လျှင်လည်း အမေရိကန်သည် လူ့စွမ်းအား တည်ဆောက်ရေး၊ အုပ်ချုပ်ရေး သင်ကြားမှုများတွင် အကူအညီများပေး၍ မိမိ၏ အခန်းကဏ္ဍကို ပိုမို တက်ကြွစွာ လမ်းဖွင့်ပေးသင့်ပြီး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် နိုင်ငံတကာ၏ အားပေး ကူညီမှုများကိုလည်း လုပ်ဆောင်ပေးရမည် ဖြစ်သည်။ ဦးစားပေး လုပ်ဆောင်သင့်သည့် ကိစ္စတစ်ခုမှာ သဘာဝဓာတ်ငွေ့များ ရောင်းချရသော ငွေများကို စာရင်းဇယား သေချာထားရှိရေး၊ နိုင်ငံအတွက် အရေးတကြီး လိုအပ်သော နေရာများတွင် ပြန်လည် အသုံးပြုနိုင်ရေးတို့ အတွက် သင့်တော်သော ယန္တရားတစ်ခု ဖြစ်ပေါ် တိုးတက်ရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ချိန်ညှိရာတွင် အမေရိကန် အနေဖြင့် ၎င်း၏ နိုင်ငံခြားရေး မူဝါဒသည် မည်သည့် အောင်မြင်မှုများ ရနိုင်မည်နည်း ဆိုသည်ကို အမြင်ရှင်းရှင်းနှင့် အမှန်တရားကို ရင်ဆိုင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်တွင် အမေရိကန်၏ သြဇာလွှမ်းမိုးမှုသည် အားကောင်းလာနေသော အာဆီယံ အိမ်နီးချင်းများလောက် မရှိပေ။ ထို့ကြောင့် အမေရိကန်သည် ၎င်းမူဝါဒ၏ ဗဟိုချက်မကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်သင့်သည်။ ထိုသို့ ပြုလုပ်ရာတွင် အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဂျပန်တို့ ကဲ့သို့သော အဓိက ဇာတ်ကောင်များနှင့် ပူးပေါင်း ဆွေးနွေး သုံးသပ်သင့်သည်။

မည်သည့်ဘက်က ကြည့်ကြည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး နိုင်ငံများအနက် တစ်ခု ဖြစ်ရာ၊ မျိုးဆက်နှင့် ချီ၍ မဟုတ်လျှင်သော်မှ လက်ရှိ အောက်သို့ ထိုးဆင်းနေသော အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်နှင့် ဒီမိုကရက်တစ် အစိုးရကောင်းနှင့် ကြွယ်ဝသော လူ့အဖွဲ့အစည်း အတွက် အခြေခံများ ဖန်တီးပေးရန်၊ ဆယ်စုနှစ်များစွာ အချိန်ယူရနိုင်သည်။ ထို့ကြောင့် အမေရိကန် အနေဖြင့် မြန်မာ ခေါင်းဆောင်များကို အပေါင်းလက္ခဏာ ဆောင်သော ဦးတည်ချက်သို့ သွားရန် ဖိအား မပြတ်ပေးပြီး၊ မြန်မာနိုင်ငံ၏ အချိန်ကြာမည့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အလှည့်အပြောင်းများ အကွေ့အပတ်များ အပေါ် ထိရောက်စွာ ပြုပြင်လွယ်စွာ တုန့်ပြန်ပြီး ကိုယ့်နေရာ ကိုယ်ယူတတ်ရန် လိုအပ်လှပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် သင့်ခံရသူများအတွက် ပေးရန် ကျန်ရှိ နေသေးသည့် နိုင်ငံတကာ ရန်ပုံငွေများ ထပ်မံပေးအပ်ရန် Oxfam အဖွဲ့က တောင်းခံလိုက်ကြောင်း သိရသည်။

Oxfam ၏ အဆိုအရ နာဂစ်မုန်တိုင်း ဖြစ်ပေါ်သည့် အချိန်မှစ၍ ယခုအချိန်ထိ ပေးမည်ဟု ကတိပြုထားသည့် အလှူငွေ စုစုပေါင်း၏ လေးပုံတစ်ပုံသာ ရရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ မုတ်သုံရာသီ အတွင်းသို့ ချဉ်းကပ် ဝင်ရောက်နေပြီ ဖြစ်ရာ နေထိုင်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး စသည့် ကဏ္ဍတို့အတွက် အကူအညီ အထောက်အပံ့များ ပိုမို လိုအပ်နေပြီ ဖြစ်ကြောင်း Oxfam က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် အတွင်း တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံးပြီး ၂ ဒဿမ ၅ သန်းခန့် လူမှုဘဝ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်တိုက်ဆိုသလို ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ရာ စစ်အစိုးရက နောက်ဆုံးတွင် နိုင်ငံခြား အကူအညီများ ဝင်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ယခုအခါ နိုင်ငံခြား အကူအညီများမှာ တဖြည်းဖြည်းချင်း လျော့နညƟ