Transparency Myanmar

transparency.myanmar@gmail.com

International Media (2)
Document

Snapshot of the item below:
International Media (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာနိုင်ငံ၏ မြေယာပိုင်ဆိုင်မှု ပြဿနာ (အပိုင်း - ၂)

(26 Aug 2013 ရက်စွဲပါ Bangkok Post သတင်းစာပါ Myanmar’s land-grab problem သတင်းကို ဘာသာပြန်ဆိုသည်)

လယ်ယာမြေအခွင့်အရေးမှာ သယံဇာတ ပေါကြွယ်ဝသည့် ဒေသများ၌ နေထိုင်ကြသော လူနည်းစုတိုင်းရင်းသား များနှင့် ပြုလုပ်နေသည့် နှေးကွေးစွာ တိုးတက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အခရာကျသည့် ကိစ္စတစ်ခုလည်း ဖြစ်သည်။ ယင်းကိစ္စသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို လတ်တလော စိတ်ဝင်တစားပြောဆိုနေကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NGO များကြားတွင် ရေပန်းစားသော ပြဿနာဖြစ်သည်။

“တူးဖော်ရေးပြုလုပ်မယ့်စက်ရုံတွေကို ဆန္ဒပြကြတဲ့အုပ်စုအဖွဲ့တွေနဲ့ အကြမ်းဖက်ရင်ဆိုင်ဖြေရှင်းရတာတွေ အဆုံးသတ်ဖို့ တိုးတက်တဲ့ သယံဇာတစီမံခန့်ခွဲမှုနဲ့ မြေယာပိုင်ဆိုင်မှုအခွင့်အရေးဆိုင်ရာ ခိုင်မာတဲ့အကာအကွယ်တွေ လိုအပ်တယ်”ဟု Stockholm School of Economics မှ Anders Engvall နှင့် Myanmar Development Resource Institute မှ စိုးနန္ဒာလင်းတို့က မကြာသေးမီက ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်နေဝင်းက လက်ဝဲကျသော ဆိုရှယ်လစ်စီးပွားရေးစနစ် ပြုလုပ်ရန်အတွက် မြေယာများအားလုံး၏ ပိုင်ဆိုင်မှုကို အစိုးရအနေဖြင့် ၁၉၆၃ ခုနှစ်တွင်သိမ်းယူခဲ့သည့်အချိန်မှစ၍ မြန်မာ့စီးပွားရေးတစ်ခုလုံး ချွတ်ခြုံကျခဲ့သည်။

အစိုးရသစ်တောဝန်ကြီးဌာန ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် အသက် ၅၇ နှစ်အရွယ်ရှိ လယ်ယာမြေ အကျိုးဆောင်အဖွဲ့မှ ဦးရွှေသိန်းက “၁၉၉၀ တဝိုက် အစိုးရက ကမ္ဘာ့ဈေးကွက်သို့ စီးပွားရေးစနစ် ဖွင့်ပေးလိုက်ချိန်တွင် အထူး ဦးစားပေးခဲ့သည်မှာ လျင်လျင်မြန်မြန် တိုးတက်စေဖို့သာဖြစ်ပြီး အစားအသောက်လုံခြုံစိတ်ချရမှု မလုံလောက် ခဲ့ကြောင်း”ပြောကြားခဲ့သည်။ ရလဒ်အားဖြင့် အစိုးရသည် ၁၉၉၀ နှင့် ၂၀၁၂ ကြားတွင်       ကြီးမားသော စိုက်ပျိုးရေး လုပ်ငန်း အတွက်ဖြစ်သော လယ်ယာမြေဧက သန်းပေါင်းများစွာကို     ဦးစားပေးကာ     ပေးပစ်ခဲ့ပါသည်။

ယခင်အစိုးရလက်ထက်တွင် လယ်သမားများ ယောင်တိယောင်ချာဖြစ်နေသော စိုက်ပျိုးရေး အခြေပြုနိုင်ငံကြီးမှ ပြည်သူများသည် အကူအညီအနည်းငယ်သာ ရယူနိုင်စွမ်းရှိသည်။ ၂၀၁၂ လယ်ယာမြေဥပဒေကို အရပ်သားအစိုးရက ပြဌာန်းပေးလိုက်ရာ လယ်သမားများနှင့် အခြားမြေသိမ်းခံရသူများအတွက် လျော်ကြေးများ ရယူနိုင်ရန် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာသည်။ သို့သော်လည်း ထိုကိစ္စမှာ အလွန်ရှုပ်ထွေးလှသည်။ လယ်သမားများအနေဖြင့် ၎င်းတို့သည် ဤမြေယာကို အမှန်တကယ် ပိုင်ဆိုင်အသုံးပြုခဲ့ကြောင်း စာရွက်စာတမ်း အထောက်အထားများ ပြရသည်။ စာရွက်စာတမ်းမရှိပါက တစ်ဦးတစ်ယောက်မှနေ၍ ၎င်းတို့ကို ထောက်ခံပေးရမည်ဖြစ်သည်။

“ဒါအလွန်ရှုပ်ထွေးတယ်။ စာရွက်စာတမ်းတွေ သိမ်းဆည်းရတာဟာ ကျွန်မတို့မှာထုံးစံမရှိဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျွန်လတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် မြေယာများကို တရားဝင်နည်းလမ်းဖြင့်မဟုတ်ဘဲ မည်သို့ လွှဲပြောင်း ပေးခဲ့သည်ဆိုသည်ကို   စီစစ်ရန် လိုအပ်ကြောင်း သူမကပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဝေလွင်က ပြီးခဲ့သည့်လ၌ တပ်မတော်အစိုးရလက်ထက်တွင် သိမ်းဆည်းထားခဲ့သော လယ်မြေဧက ၁၈၃၀၀ ကို ပြန်လည်ပေးအပ်မည်ဖြစ်သည်ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။ လူတိုင်းတော့စိတ်ကျေနပ်မှုမရနိုင်ဟု  ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တရုတ်နှင့် မေးခွန်းထုတ်စရာဖြစ်နေသည့် စီမံကိန်းများနောက်ကွယ်တွင် မရေရာသော မြေယာ အခွင့်အရေး အပြောင်းအလဲများမှာ အခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်ဆိုင်မှုများ လုံခြုံစိတ်ချရမှုအတွက် ရှုပ်ထွေး စရာ အချက်တစ်ခုဖြစ်သည်။

အရက်ဘက်အဖွဲ့များက နိုင်ငံခြားလုပ်ငန်းများသည် ဒေသခံများအား ခေါင်းပုံဖြတ်ကြလိမ့်မည်ဟူသော စိုးရိမ်မှုကို တင်ပြကြသည်။ ဒေသခံများကို ထိခိုက်စေမည့် ရည္ရြယ္ခ်က္မ်