Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ နာမည်ကျော် အင်းလေးကန်ကြီးတွင် ပဲ့ချိတ် လှေသဗ္ဗာန် မောင်းနှင်ကာ အသက်မွေးဝမ်းကျောင်း ရသူများထဲတွင် အသက် ၃၅ နှစ်အရွယ် ကိုငယ်နီလည်း ပါဝင်သည်။ သူ၏ ပဲ့ချိတ်လှေတွင် လိုက်ပါလာသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များက အင်းလေး ရေပြင်ကျယ်ကြီးနှင့် ရှမ်းရိုးမ တောင်တန်းကြီး ပါဝင်သည့် ရှုခင်းအလှကို ဓာတ်ပုံ ရိုက်လိုသောကြောင့် ကိုငယ်နီတစ်ယောက် အင်ဂျင်ကို ပိတ်ကာ လှေကို အရှိန် ဖြည်းဖြည်း လေးဖြင့် မျောအောင် လုပ်လိုက်သည်။

ကိုငယ်နီသည် ဓာတုဗေဒ အထူးပြုဖြင့် တက္ကသိုလ်ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။ သို့တိုင်အောင် အလုပ်အကိုင် ကောင်းကောင်း ရှာဖွေ၍ မရနိုင်ခဲ့သောကြောင့် လွန်ခဲ့သော ၁၀ နှစ်တာ ကာလက စပြီး ပဲ့ချိတ် လှေမောင်းသော အလုပ်ဖြင့်သာ အသက်မွေး ဝမ်းကျောင်း ခဲ့ရသည်။ ၎င်းသည် ကမ္ဘာလှည့် ခရီးသည်များကို အင်းလေးကန် တစ်လျှောက် လိုက်လံ ပို့ဆောင်ပေးသည့် အလုပ်ဖြင့် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၅၀ ခန့် ဝင်ငွေ ရရှိနေသည်။

"ကမ္ဘာလှည့် ခရီးသည်တွေ အများကြီး အင်းလေးကို လာကြဦးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲ နွမ်းပါးမှုကို သူတို့ ကိုယ်တိုင် မျက်မြင် ကိုယ်တွေ့ လာကြည့်သင့်ပါတယ်" ဟု ကိုငယ်နီက ကွမ်းများ ပေကျံနေသော သွားများ ပေါ်သည်အထိ ပြုံးရယ်လျက် ပြောကြားသည်။

ကိုငယ်နီ၏ ဆန္ဒများ ပြည့်ကောင်း ပြည့်မည့် သဘောတွင် ရှိသည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့မှုသည် ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမို ဝင်ရောက်လာအောင် တံခါးဖွင့် ပေးလိုက်သကဲ့သို့ ရှိသည်။ ထို့အတူ ယခင်က မြန်မာ နိုင်ငံကို လာရောက် လည်ပတ်မှုအား စစ်အစိုးရ အပေါ် တစ်နည်း တစ်ဖုံ ထောက်ခံမှု အဖြစ် သတ်မှတ်ခဲ့ကြသည့် ကိစ္စကိုလည်း ပြေပျောက် သွားစေခဲ့သည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် ပြုလုပ်သော အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကမ္ဘာလှည့် ခရီးသည် အမြောက်အမြား အုပ်စုလိုက် လာရောက်မှုကို အားမပေးသော်လည်း တစ်ဦးချင်းစီ လာရောက်ကာ မြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ရှု လေ့လာခြင်းသည် အိုင်ဒီယာကောင်း တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု အပေါ် ကာလ ကြာရှည်စွာ သပိတ် မှောက်ခဲ့ကြသည့် နိုင်ငံတကာမှ နိုင်ငံရေး တက်ကြွစွာ လှုပ်ရှားသူ အုပ်စုများကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု နောက်ကို လိုက်လျက် ရှိပြီး သူတို့၏ တင်းမာသော ရပ်တည်ချက်များကို လျှော့ချထားကြသည်ကို တွေ့ရသည်။

အာရှဒေသသို့ ခရီးစဉ်များ စီစဉ်ပေးလျက် ရှိသော အမေရိကန် ပြည်ထောာင်စု၊ ကော်လိုရာဒို အခြေစိုက် Asia Transpacific Journey အဆိုအရ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ မှစ၍ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် Booking လုပ်မှုများ မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ယခုအခါ ကမ္ဘာလှည့် ခရီးသည် အတော်များများက မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မှု အပေါ် ပြဿနာ တစ်စုံတရာ မရှိဟု ရှုမြင် လာသောကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

တိုရစ်ဇင် အခန်းကဏ္ဍ အရေးကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ ကတည်းကပင် ပြည်တွင်းနှင့် ပြည်ပ နိုင်ငံရေး လှုပ်ရှားသူများ အကြား သဘောထား ကွဲလွဲမှုများကို ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုအပေါ် သပိတ် မှောက်သူများက တိုရစ်ဇင်မှ ရသော ဒေါ်လာငွေများသည် လွဲမှားသော အချက်ပြမှုကို ဖော်ကျူးရာ ရောက်ပြီး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ထားသော စစ်အစိုးရ အတွက် ရန်ပုံငွေ ဖန်တီး ပေးနေသကဲ့သို့ ဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် အခြားသော နိုင်ငံရေး လှုပ်ရှားသူများက အထီးကျန် ဆန်နေသော မြန်မာနိုင်ငံ ပြင်ပကမ္ဘာနှင့် အချိတ်အဆက် ရရှိနိုင်ရေး အတွက် တိုရစ်ဇင် လုပ်ငန်းက အခွင့်အလမ်းများ ဖန်တီး ပေးလိမ့်မည်ဟု သုံးသပ်ကြသည်။ မြန်မာ နိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသည်များက လိုအပ်ချက် ရှိသော ကွန်မြူနစ်တီများ အတွက် ကျင့်ဝတ်ပိုင်း ဆိုင်ရာ အကူအညီများ၊ ငွေကြေး အထောက် အပံ့များပင် ပေးလာနိုင်သည် ဟုလည်း ဆိုသည်။

ထို့ပြင် ယခုဆိုလျှင် မြန်မာ့တိုရစ်ဇင် အခန်းကဏ္ဍ၌ အစိုးရ ဝင်ရောက် ပတ်သက်မှုမှာ ယခင် အချိန်ကာလများက ထက်ပင် လျော့နည်းလာသည်ကို တွေ့ရသည်။ စစ်အစိုးရက နိုင်ငံပိုင် ဟိုတယ်များနှင့် အခြားသော တိုရစ်ဇင် ဆိုင်ရာ အက်ဆက်များကို ပုဂ္ဂလိက အခန်းကဏ္ဍသို့ လွှဲပြောင်း ရောင်းချလျက် ရှိသည်။ မည်သို့ပင် ဆိုစေ မြန်မာ နိုင်ငံသည် ကမ္ဘာလှည့် ခရီးသည် အတော် များများ အတွက် အလှမ်း ဝေးနေသော နေရာ တစ်ခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ မြန်မာ နိုင်ငံတွင် တိုရစ်ဇင် လုပ်ငန်းများ နေ့ချင်းညချင်း အလွန်အမင်း ကောင်းမွန် လာလိမ့်မည်ဟုလည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ မမျှော်လင့်ကြပေ။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံသည် အာဆီယံနှင့် လွတ်လပ်စွာ ကုန်သွယ်မှု၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ မြန်မာ အစရှိသော နိုင်ငံများနှင့် ချိုသာသော ကုန်သွယ်ခွန်ဖြင့် ကုန်သွယ်ခွင့် ရရှိမှု တို့ကြောင့် အကျိုး အမြတ်များ ဖြစ်ထွန်းလျက် ရှိပြီး ထိုင်းနိုင်ငံတွင် ၎င်း၏ စီးပွားရေး လုပ်ကိုင်ရန် ခြေရာ ချဲ့ထွင်မှုများလည်း သိသိသာသာ ကြီးမားလာလျက် ရှိရာ တရုတ်နှင့် အာဆီယံ ဒေသတွင်း ကုန်သွယ်ရေးမှာ အင်အား ကောင်းမွန် လာတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပ ပြုလုပ်သော ပထမအကြိမ် အာဆီယံ-တရုတ် စီးပွားရေး ကွန်ဖရင့်၌ ချိုင်းနားစီတီ (China City) အမည်ရ ကုန်သွယ်ရေးဇုန် နယ်မြေ နမူနာပုံစံမှာ ဆွေးနွေးပွဲ တက်ရောက်သူ အားလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ယင်းချိုင်းနားစီတီသည် ဘန်ကောက်မြို့ပြင် ဆင်ခြေဖုံး နေရာတွင် တည်ရှိမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ဘတ် ၄၅ သန်း (အမေရိကန် ဒေါ်လာ ၁ ဒဿမ ၄၇ ဘီလီယံ) ခန့် ရှိမည် ဖြစ်သည်။ နှစ်နှစ်အတွင်း တည်ဆောက်မှု ပြီးဆုံးသွားပါက ချိုင်းနားစီတီ ကုန်သွယ်ရေး စင်တာ တစ်ခုတည်းက အလုပ်အကိုင် သစ်ပေါင်း ၇၀၀၀၀ ခန့် ဖန်တီးနိုင်လိမ့်မည်ဟု ခန့်မှန်းရကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Alongkorn Ponlaboot က အာဆီယံ-တရုတ် စီးပွားရေး ကွန်ဖရင့် ဖွင့်ပွဲ၌ ပြောကြားသည်။

တရုတ်နိုင်ငံမှ ထိပ်တန်း ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်သော Ashima Yunnan Cultural Industry Group မှ Dong Hongqi က ယင်းကုန်သွယ်ရေး စင်တာသည် ဘတ်ငွေ ၄၅ ဘီလီယံမှ ၅၀ ဘီလီယံ တန်ဖိုး ရှိသော အာဆီယံတွင်း ကုန်သွယ်ရေးကို နှစ်စဉ် ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

ကုန်သွယ်ရေး စင်တာကို ယခုနှစ် မတ်လတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး အပိုင်း သုံးပိုင်းဖြင့် တိုးတက် ဖြစ်ထွန်းလာအောင် ဖန်တီးသွားမည်ဟု ဆိုသည်။ ပထမအပိုင်းမှာ လာမည့် ၂၀၁၁ ခုနှစ်တွင် စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း၊ ဒုတိယ အပိုင်းတွင် ပြပွဲကြီးများ ခင်းကျင်း ပြသမှု၊ ကုန်သွယ်ရေး လုပ်ကိုင်မှုနှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ အခြေခံ အဆောက် အအုံများ တည်ဆောက်မှုတို့ ပါဝင်မည်ကာ တတိယ အပိုင်း၌ ဇိမ်ခံဟိုတယ်ကြီးများ ဖွင့်လှစ် လည်ပတ်မှုတို့ ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းကုန်သွယ်ရေး စီမံကိန်းသည် အာဆီယံ-တရုတ် စီးပွားရေး ကွန်ဖရင့်၏ အဓိက ဆွေးနွေးစရာ အကြောင်းကိစ္စရပ် တစ်ခုဖြစ်ခဲ့သည်။ "တရုတ်နိုင်ငံမှာ ပိုက်ဆံ ရှိနေတယ်။ အာဆီယံ နိုင်ငံတွေ အားလုံးကလည်း တရုတ်နိုင်ငံနဲ့ တန်းညှိပြီး တန်းတူ အလုပ် လုပ်လိုကြတယ်။ တရုတ်နဲ့ ပေါင်းပြီး အလုပ် မလုပ်ချင်ဘူးလို့ ပြောတဲ့ အာဆီယံ နိုင်ငံ တစ်နိုင်ငံမှ ကျွန်တော် မတွေ့ရပါဘူး" ဟု Central Chambers Law ကော်ပိုရေးရှင်းမှ မန်နေးဂျင်း ဒါရိုက်တာ Ronnie Tan က စင်ကာပူ Strait Times သတင်းစာသို့ ပြောကြားသည်။ ၎င်းသည် အာဆီယံ-တရုတ် စီးပွားရေး ကွန်ဖရင့်၊ စီးပွားရေး ဖွံ့ဖြိုးရေး ဆိုင်ရာ ဘုတ်အဖွဲ့၏ စင်ကာပူ နိုင်ငံ ကိုယ်စားလှယ် အဖြစ် တာဝန် ယူသူ ဖြစ်သည်။

ကုန်သွယ်ရေး စင်တာသည် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီး များအတွက် စီးပွားရေး လမ်းကြောင်းကြီး တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အာဆီယံနှင့် တရုတ် နိုင်ငံတို့နှင့် ကုန်သွယ်ရေး လုပ်ကိုင်ရန် အခွင့်အလမ်းကြီး တစ်ခုဖြစ်ကြောင်း စီးပွားရေး ဒုတိယ ဝန်ကြီး Alongkorn Ponlaboot က ပြောကြားသည်။

"အာဆီယံ အဖွဲ့ဝင်တွေ အားလုံးနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်း လုပ်ကိုင်မှုကို ကျွန်တော်တို့ အနေနဲ့ မြှင့်တင်လိုပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ် (Asean plus one) ဟု ၎င်းက ညွှန်းဆို ပြောကြားသည်။ ကွန်ဖရင့်သို့ ကုန်သွယ်ရေး စင်တာ စီမံကိန်းအနီး တည်ရှိသော ဘန်ကောက် အမေရိကန်ကျောင်း (American School of Bangkok) မှ အကြီးအကဲများလည်း တက်ရောက်ခဲ့သည်။ ကုန်သွယ်ရေး စင်တာစီမံကိန်း စတင် လည်ပတ်သည်နှင့် တစ်ပြိုင်နက် ပြည်ပြေးများထံမှ ဝယ်လိုအား မြင့်တက်လာမည်ဟု ထင်မြင်မိကြောင်း အဆိုပါ ကျောင်းက သုံးသပ်သည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင်တွင် တရုတ် လွှမ်းမိုးမှုအပေါ် စိုးရိမ် ပူပန်မှုကို ပြသသည့် ကာတွန်း တစ်ပုဒ် ပါရှိခဲ့သည်။ ယင်းကာကွန်းတွင် တရုတ်နိုင်ငံကို ကိုယ်စားပြုသော နဂါးကြီး တစ်ကောင်က ချိုင်းနားစီတီး ကုန်သွယ်ရေး စင်တာဟု ရေးသားထားသော သေတ္တာကြီး တစ်ခုအား ထိုင်းနယ်မြေပေါ်သို့ ပစ်ချလိုက်ရာ လမ်းဘေး ဈေးရောင်းသူများ သေတ္တာကြီး ပိ၍ သေဆုံးရမည်ကို စိုးသောကြောင့် ဆောက်တည်ရာမရ ထွက်ပြေးနေပုံကို ရေးသားထားသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် The Nation သတင်းစာကလည်း ထိုင်းကုန်သည်ကြီးများ အသင်း ဥက္ကဌ Dusit Nontanakorn ၏ ချိုင်းနားစီတီ ကုန်သွယ်ရေး စင်တာ စီမံကိန်းအပေါ် ထင်မြင် သုံးသပ်ချက်ကို ရေးသား ဖော်ပြခဲ့သည်။ မစ္စတာ Dusit Nontanakorn က "ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အစိုးရရဲ့ ပံ့ပိုးမှု လျော့နည်းနေတယ်။ တကယ်လို့ မူဝါဒ ရှင်းရှင်း လင်းလင်း ရှိတယ် ဆိုရင် သူတို့ ဒီစီမံကိန်းကို လုပ်နိုင်ပါတယ်။ တရုတ်နိုင်ငံက အခုလို လုပ်တာဟာ သူပိုင်တဲ့ ငွေကြေးတွေကို နေရာတကာမှာ ဖြန့်ကြက် ထားချင်ရုံ သက်သက်ပါပဲ" ဟု ဆိုသည်။

အာဆီယံ-တရုတ် ကွန်ဖရင့် တက်ရောက်ခဲ့သူ အမည် မဖော်လိုသူ ကိုယ်စားလှယ် တစ်ဦးက ဤမျှ ကြီးမားသော စီမံကိန်းကြီးကြောင့် အားနည်းချက် ရှိသော အချို့ ဒေသခံများ ထိခိုက် နစ်နာ ကြရလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။ မည်သို့ပင် ဆိုစေ တရုတ် စီးပွားရေး ရင်းနှီး မြှုပ်နှံသူများက ယင်းကိစ္စကို ကောင်းစွာ သိရှိ နားလည်အောင် ပြင်ဆင် ထားလိုပုံ ရသည်။ Ashima Yunnan Cultural Industry မှ ဥက္ကဌ Dong Hongqi က စီမံကိန်း ပထမ အပိုင်းတွင် ကုန်သွယ်ရေး စင်တာ နယ်မြေ၏ ၃၀ ရာခိုင်နှုန်းကို ထိုင်းကုန်သည်ကြီး များအတွက် ချထားပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် တရုတ် ကုန်သည်များထက် ပိုမို ချိုသာသော ဈေးနှုန်းဖြင့် ငှားရမ်းခွင့် ရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးမှ အာဆီယံ ကုန်သွယ်မှု ဆိုင်ရာ တာဝန်ရှိသူ ဒေါက်တာ Suthad Setboonsarng က "စီမံကိန်းမှာ အပြုသဘော ဆောင်မယ့် ကိစ္စတွေ အများကြီး ရှိလာမှာပါ။ ဒီစီမံကိန်းဟာ တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချမယ့် ကိစ္စသက်သက်ပဲ မဟုတ်ပါဘူး။ ထိုင်းစီးပွားရေး လုပ်ငန်းတွေ ကိုယ်တိုင်လည်း စီမံကိန်းထဲမှာ ဝင်ရောက် အခြေချနိုင်မှာပါ။ စီမံကိန်းကြောင့် ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ ကုန်သွယ်ရေး ဗဟိုချက်မအဖြစ် ပြောင်းလဲ သွားပါလိမ့်မယ်။ ထိုင်းတွေ အနေနဲ့ စီမံကိန်းကို အသုံးချပြီး သူတို့ရဲ့ ထုတ်ကုန်တွေကို အာဆီယံ နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို ရောင်းချနိုင်မှာပါ" ဟု Strait Times သတင်းစာသို့ ပြောကြားသည်။ ချိုင်းနား စီတီသည် ထိုင်းနိုင်ငံ ပိုင်နက်ထဲတွင် ရှိသောကြောင့် တရုတ် စွန့်ဦး တီထွင် စီးပွားရေး တစ်ခုသက်သက် အဖြစ် သတ်မှတ်၍ ရမည် မဟုတ်ပေ။

Strait Times သတင်းစာမှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နီပေါနိုင်ငံ၏ နောက်ဆုံးဘုရင်အား ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးရန် အမေရိကန် ပြည်ထောင်စုက ဖိအားပေးသော နည်းလမ်း အချို့သည် နီပေါနိုင်ငံကို မြန်မာနိုင်ငံကဲ့သို့ ဖြစ်အောင် တွန်းပို့ရာ ရောက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး Ramesh Nath က ပြည်တွင်းစစ် ဇာတ်ရှိန် မြင့်နေချိန်၌ စိုးရိမ် ပူပန်ခဲ့ကြောင်း ဝီကီလိဒ်က ထုတ်ဖော်လိုက်သော သံတမန် ကြေးနန်းအရ သိရသည်။ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော အမေရိကန် သံတမန် ကြေးနန်းတွင် ထိုစဉ်က နီပေါ နိုင်ငံခြားရေး ဝန်ကြီး Ramesh Nath နှင့် တွေ့ဆုံ ဆွေးနွေးမှုကို ဖော်ပြထားသည်။ ယင်းကြေးနန်းကို လွတ်လပ်သော မီဒီယာသစ် တစ်ခု ဖြစ်သည့် ဝီကီလိခ် (WikiLeaks) က ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသုံးသပ်ချက်ကို နီပေါနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး James Moriarty နှင့် နီပေါ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံရာ၌ ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးရာတွင် နီပေါနိုင်ငံအား မော်သူပုန်များ လက်အောက်သို့ မကျရောက်အောင် ဘုရင် ဂျန်ဒရာက အကာအကွယ် ပေးလာရေး အတွက် အထောက်အပံ့ ပေးရန် အမေရိကန် ပြည်ထောင်စုအား Ramesh Nath မည်မျှ အတိုင်း အတာအထိ တိုက်တွန်းခဲ့ပုံကို ရေးသား ဖော်ပြထားသည်။

ထိုစဉ်က အမေရိကန် ပြည်ထောင်စု၏ နည်းဗျူဟာများသည် နီပေါနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံကဲ့သို့သော အခြေအနေ မျိုးထဲသို့ ဆိုက်ရောက်စေနိုင်ဟု ယူဆမိကြောင်း၊ သို့အတွက်ကြောင့် နီပေါနိုင်ငံ ပါတီစုံ ဒီမိုကရေစီစနစ်သို့ တိုက်ရိုက် သွားနိုင်ရေး အတွက်သာ အမေရိကန် ပြည်ထောင်စု အနေဖြင့် ဘုရင်မင်းမြတ်ကို အားပေးအားမြှောက် ပြုသင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက အကြံပြုခဲ့သည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် နီပေါ ဘုရင်မင်းမြတ်ကို ဒီမိုကရေစီ ပြန်လည် ကျင့်သုံးရေး အတွက် ဖိအား ပေးနေခြင်းထက် လမ်းကြောင်း ပြောင်းပြီး စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သင့်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ထင်မှတ်ခဲ့ကြောင်း ဖော်ပြသည်။ နီပေါနိုင်ငံ၏ ရေရှည် အကျိုးစီးပွားသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးတွင်သာ ရှိခဲ့ပြီး တရုတ်နှင့် အိန္ဒိယတို့တွင် မရှိခဲ့ကြောင်း သံတမန် ကြေးနန်းက ဖော်ပြသည်။ ပြဿနာ အားလုံးကို ဖယ်ရှားနိုင်ရေးမှာ အမေရိကန် ပြည်ထောင်စုနှင့် နီပေါဘုရင် အကြား ပြည့်ဝသော နားလည် သဘောပေါက်မှုသာ ဖြစ်သင့်သည်ဟုလည်း ဆိုခဲ့သည်။

အကယ်၍ နီပေါ ဘုရင်မင်းမြတ်က ၎င်းအနေဖြင့် အမေရိကန် ပြည်ထောင်စုအပေါ် မှီခို အားထားနိုင်သည်ဟု သိခဲ့ပါက အရာရာမှာ လုံးလုံးလျားလျား အပြောင်းအလဲ ဖြစ်သွားလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးက အသိပေး ပြောဆိုခဲ့သည်။ အမေရိကန် သံအမတ်ကြီး James Moriarty က "အကယ်၍ နီပေါ ဘုရင်မင်းမြတ်ကသာ နိုင်ငံတကာ စောင့်ကြည့် လေ့လာမှု နှင့်အတူ အပစ်အခတ် ရပ်စဲရေး ကြေညာကာ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး မှန်ကန်သော နည်းလမ်းဖြင့် နိုင်ငံရေး ပါတီများ အားလုံးကို လက်ကမ်း ကြိုဆိုခဲ့မည် ဆိုပါက အမေရိကန်သည် နီပေါအတွက် ရှိနေမည် ဖြစ်သည်" ဟု တုံ့ပြန် ပြောဆိုခဲ့သည်။

နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များသည် အဓိက ပြဿနာကြီး တစ်ရပ် ဖြစ်ခဲ့ရာ ဘုရင်မင်းမြတ် အနေဖြင့် ပါတီထိပ်ပိုင်း ခေါင်းဆောင် အချို့ကို ရှောင်ကွင်းကာ အလယ်အလတ် ခေါင်းဆောင်များ အစိုးရ အဖွဲ့သို့ ပူးပေါင်းရန် နိုင်ငံခြားရေး ဝန်ကြီးက အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် သံအမတ်ကြီးက အဆိုပါ အဆိုပြုချက်သည် ပါတီများကို အသေသတ် သကဲ့သို့ ဖြစ်စေသည့် အတွက် လက်သင့်မခံနိုင်ဟု ရှုမြင်ခဲ့သည်။

Hindustan Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 26 January 2011 ရက်စွဲပါ Restive Chinese Cities to be under full surveillance ကို ဘာသာ ပြန်ဆိုသည်)

၂၀၀၉ ခုနှစ်က လူအသေ အပျောက် ရှိခဲ့သော လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် တရုတ်ပြည် အနောက်ပိုင်း မြို့တော်တွင် အတိမ်း အစောင်း မခံသော နယ်မြေများကို ကင်မရာ လုံးရေ သောင်းဂဏန်းဖြင့် နေရာ မလပ် စောင့်ကြည့်ခြင်း အပါအဝင် အပြည့်အဝ ထိန်းချုပ် စောင့်ကြပ်လျက် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက အင်္ဂါနေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

အူရမ်ကီ ပြည်နယ်တွင် နယ်ခံလူများစု မွတ်စလင် အူဟာများနှင့် တိုင်းပြည်၏ လူများစု ဟန်လူမျိုးများကြား တင်းမာမှုများသည် ၂၀၀၉ ခုနှစ်တွင် အဓိကရုဏ်း ဖြစ်ပွားသည်ထိ ကြီးထွား လာခဲ့ပြီးချိန်မှ စ၍ လုံခြုံရေးကို တင်းကြပ်ထားခြင်း ဖြစ်သည်။ အူဟာ မျိုးနွယ်စုများက ၎င်းတို့ ရှေးအစဉ် အဆက် နေထိုင်ရာ ဇင်ဂျီယန်း ဒေသသို့ ဟန်လူမျိုး ပြောင်းရွှေ့ နေထိုင်သူများက ကျူးကျော် ဝင်ရောက်လာသည်ဟု ယူဆကာ ယခင်ကပင် မကျေနပ်မှုများ ရှိခဲ့ကြသည်။

ယမန်နှစ်က အဓိကရုဏ်း ဖြစ်ပွားစဉ် လူ ၁၉၇ ဦး အသက် ဆုံးရှုံးခဲ့ရာ နှစ်ပေါင်းများစွာတွင် ဇင်ဂျီယန်း ဒေသ၌ အများဆုံး သေပျောက်မှု ဖြစ်သည်ဟု အစိုးရက ပြောကြားသည်။ ရုန်းရင်း ဆန်ခတ်မှုများတွင် ပါဝင် ပတ်သက်သူများကို ဒါဇင်နှင့် ချီ၍ အစိုးရက ဖမ်းဆီးခဲ့ရာတွင် အများစုမှာ အူဟာများ ဖြစ်သည်။ ပင်လယ် ရပ်ခြားမှ အူဟာ အုပ်စုများက အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်ခဲ့သည်ဟု ဘေဂျင်းက အပြစ် တင်ခဲ့သော်လည်း ပြည်ပရောက် အူဟာ အုပ်စုများက ယင်း စွပ်စွဲချက်ကို ငြင်းဆန်ထားသည်။

အဓိကရုဏ်း နှစ်ပတ်လည်နေ့ မတိုင်မီက အဆိုပါ ဒေသ တစ်ခုလုံးတွင် လုံခြုံရေး HD ကင်မရာ ၄ သောင်းခန့်ကို အကာ အကွယ်များဖြင့် တပ်ဆင် ထားပြီး ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အူရမ်ကီတွင် ယခင်နှစ်ကပင် ကင်မရာ တစ်သောင်း ခုနစ်ထောင်ခန့် တပ်ဆင် ထားခဲ့သည်ဟု ဆင်ဟွာ (Xinhua) သတင်းဌာနက အင်္ဂါနေ့တွင် ကြေညာထားသည်။

ပြီးခဲ့သော သတင်းပတ်ကုန် ရက်က မြို့တော် ကောင်စီသို့ မိန့်ခွန်း ပြောကြားခဲ့သော အူရမ်ကီ မြို့တော်ဝန် ဂျာလာ အစ်စမာ ဒင်ဟီ၏ အဆိုအရ လုံခြုံရေး ကြပ်မတ် စောင့်ကြည့်မှုကို ယခုနှစ် အတွင်း ဆက်လက် တိုးချဲ့သွားမည်ဟု သိရှိရသည်။ နေရာ မလပ် စောင့်ကြပ်မှု ဆိုသည်မှာ မြို့တော်၏ အတိမ်း အစောင်း မခံသော နယ်မြေများတွင် မမြင်နိုင်သော နေရာ မရှိဟု ဆိုလိုကြောင်း မြို့တော် အိုင်တီဌာန အကြီးအကဲ ဝမ်ယန်နီယဉ်၏ ပြောကြားမှုကို ကိုးကားကာ သတင်းတွင် ဖော်ပြထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 26 January 2011 ရက်စွဲပါ Malaysia releases lab mosquito to fight dengue ကို ဘာသာ ပြန်ဆိုသည်)

Dengue အဖျား ရောဂါကို ထိန်းချုပ်ရန် ကြိုးစားရာတွင် အာရှတိုက်၌ ပထမဆုံး စမ်းသပ်မှု အဖြစ် မလေးရှား နိုင်ငံက မျိုးရိုးဗီဇ ပြုပြင်ထားသော ခြင်ကောင်ရေ ၆ဝဝဝ ခန့်ကို တောထဲသို့ လွှတ်ပေး လိုက်သည်ဟု တာဝန် ရှိသူများက ပြောကြားလိုက်သည်။

ယခု လက်တွေ့ စမ်းသပ်မှုသည် ခြင်အမ များနှင့် မိတ်လိုက်ရန် မျိုးရိုး ဗီဇ ပြုပြင်ထားသော Aedes aegypti ခြင်ထီးများကို တရားဝင် အသုံးပြုရေး အတွက် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မျိုးပွားမှု သက်တမ်းကို လျှော့ချကာ ခြင်ကောင်ရေ ထိန်းချုပ်ရန် ဖြစ်သည်ဟု သိရှိရသည်။ Aedes aegypti ခြင်အမက သာလျှင် dengue အဖျား ရောဂါကို ပြန့်ပွား စေနိုင်ပြီး ၎င်း ရောဂါကြောင့် မလေးရှား နိုင်ငံတွင် ယခင်နှစ်က ၁၃၄ ဦး သေဆုံး ခဲ့ရသည်။

ဗုဒ္ဓဟူးနေ့က ရရှိသော မလေးရှား အစိုးရ၏ ဆေးသုတေသန ဌာန ထုတ်ပြန် ကြေညာချက်တွင် လူကို မကိုက်သော ဓာတ်ခွဲခန်း ခြင်ထီး အမြုံများကို မလေးရှား အရှေ့ပိုင်း လူမနေသော တောနက် ဒေသသို့ ဒီဇင်ဘာ ၂၁ ရက်နေ့က လွှတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။ ယခု အချိန်ထိ စမ်းသပ်မှု ရလဒ် မည်သို့ ရှိသည်ကို ဆေးသုတေသန ဌာနက ပြောကြားခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(25 ဇန်နဝါရီ 2011 ရက်စွဲပါ Asia Time Online မှ Bertil Lintner ၏ Farce follows tragedy in Myanmar ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အကယ်၍သာ ကားလ်မာခ်စ် (Karl Marx) ၏ အယူအဆ ဖြစ်သော သမိုင်း တစ်ပတ် လည်တတ်ကြောင်း၊ ထိုသို့ လည်ရာတွင် အလွမ်းဇာတ်နှင့် စတင်ပြီး နောက်မှ အလိမ် အညာ၊ အညစ် အပတ်များနှင့် ပြည့်နေသော ဟာသက လိုက်လာ တတ်သည် ဆိုသည့် အယူ အဆသာ မှန်ကန်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ကြာရှည် ဖြစ်စဉ် စတင် ဝင်ရောက်ပြီဟု ဆိုရမည် ဖြစ်သည်။ နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပ ပြီးခဲ့ပြီး၊ ပထမဆုံး ပါလီမန် အသစ် သို့သော် ထိုသို့ ကြေညာခဲ့ခြင်းကို သာမန် မြန်မာ လူမျိုးများက လုံးဝ စိတ်လှုပ်ရှားမှု မရှိပေ။ သို့သော် နိုင်ငံခြား ရုပ်မြင်သံကြား၊ သတင်းစာများတွင် မြန်မာ နိုင်ငံ အကြောင်း ရေးသား ဝေဖန်သူများက နိုင်ငံ၏ နိုင်ငံရေး အနာဂတ်တွင် ဖန်လာမည့် အကြောင်းများကို ရမ်းသန်း ခန့်မှန်းလျက် ရှိကြသည်။

သို့သော် အများစုက မြန်မာ နိုင်ငံတွင် ၁၉၇၄ ခုနှစ်က အရပ်သား အုပ်ချုပ်ရေး အတွက် ယခုကဲ့သို့ အသွင် ကူးပြောင်းမှု တစ်ခု ဖြစ်ခဲ့ဖူးသည် ဆိုသည့် အချက်ကို မေ့နေပုံ ရသည်။ ၁၉၇၃ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို မရိုးသားသော ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် ထိုစဉ်က အုပ်ချုပ်နေသော တော်လှန်ရေး ကောင်စီသည် စစ်တပ်မှ ချုပ်ကိုင်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဖြင့် အငြိမ်းစား စစ်ဗိုလ်များဖြင့် အစိုးရ ဖွဲ့ခဲ့သည်။ အဆိုပါ ကာလကို ပြန်စဉ်းစားပါက ဝမ်းနည်းစရာ ကောင်းလှသည်။ မြန်မာနိုင်ငံတွင် တစ်ပါတီ စနစ်ကို ခိုင်မာအောင် ပြုလုပ်ပြီး တချိန်က အရှေ့တောင် အာရှတွင် အချမ်းသားဆုံး နိုင်ငံ တစ်ခုအား ရုတ်တရက် စီးပွားရေး ထိုးကျသွားအောင် ပြုလုပ်ခဲ့သည်။

၁၉၇၄ အခြေခံ ဥပဒေသည် ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာ သိမ်းခဲ့မှုအား တရား ဝင်စေပြီး၊ စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်မှုကို သေချာစေခဲ့သည်။ အဆိုပါ စစ်တပ်က လွှမ်းမိုးသော နိုင်ငံရေး အစီအစဉ်သည် ၁၉၈၈ ခုနှစ်က တစ်နိုင်ငံလုံးက  ဒီမိုကရေစီ ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ရပ်ဆိုင်&#