Transparency Myanmar

transparency.myanmar@gmail.com

(25 ဇန်နဝါရီ 2011 ရက်စွဲပါ Asia Time Online မှ Bertil Lintner ၏ Farce follows tragedy in Myanmar ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အကယ်၍သာ ကားလ်မာခ်စ် (Karl Marx) ၏ အယူအဆ ဖြစ်သော သမိုင်း တစ်ပတ် လည်တတ်ကြောင်း၊ ထိုသို့ လည်ရာတွင် အလွမ်းဇာတ်နှင့် စတင်ပြီး နောက်မှ အလိမ် အညာ၊ အညစ် အပတ်များနှင့် ပြည့်နေသော ဟာသက လိုက်လာ တတ်သည် ဆိုသည့် အယူ အဆသာ မှန်ကန်ခဲ့မည် ဆိုပါက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ကြာရှည် ဖြစ်စဉ် စတင် ဝင်ရောက်ပြီဟု ဆိုရမည် ဖြစ်သည်။ နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပ ပြီးခဲ့ပြီး၊ ပထမဆုံး ပါလီမန် အသစ် သို့သော် ထိုသို့ ကြေညာခဲ့ခြင်းကို သာမန် မြန်မာ လူမျိုးများက လုံးဝ စိတ်လှုပ်ရှားမှု မရှိပေ။ သို့သော် နိုင်ငံခြား ရုပ်မြင်သံကြား၊ သတင်းစာများတွင် မြန်မာ နိုင်ငံ အကြောင်း ရေးသား ဝေဖန်သူများက နိုင်ငံ၏ နိုင်ငံရေး အနာဂတ်တွင် ဖန်လာမည့် အကြောင်းများကို ရမ်းသန်း ခန့်မှန်းလျက် ရှိကြသည်။

သို့သော် အများစုက မြန်မာ နိုင်ငံတွင် ၁၉၇၄ ခုနှစ်က အရပ်သား အုပ်ချုပ်ရေး အတွက် ယခုကဲ့သို့ အသွင် ကူးပြောင်းမှု တစ်ခု ဖြစ်ခဲ့ဖူးသည် ဆိုသည့် အချက်ကို မေ့နေပုံ ရသည်။ ၁၉၇၃ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို မရိုးသားသော ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် ထိုစဉ်က အုပ်ချုပ်နေသော တော်လှန်ရေး ကောင်စီသည် စစ်တပ်မှ ချုပ်ကိုင်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီဖြင့် အငြိမ်းစား စစ်ဗိုလ်များဖြင့် အစိုးရ ဖွဲ့ခဲ့သည်။ အဆိုပါ ကာလကို ပြန်စဉ်းစားပါက ဝမ်းနည်းစရာ ကောင်းလှသည်။ မြန်မာနိုင်ငံတွင် တစ်ပါတီ စနစ်ကို ခိုင်မာအောင် ပြုလုပ်ပြီး တချိန်က အရှေ့တောင် အာရှတွင် အချမ်းသားဆုံး နိုင်ငံ တစ်ခုအား ရုတ်တရက် စီးပွားရေး ထိုးကျသွားအောင် ပြုလုပ်ခဲ့သည်။

၁၉၇၄ အခြေခံ ဥပဒေသည် ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာ သိမ်းခဲ့မှုအား တရား ဝင်စေပြီး၊ စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်မှုကို သေချာစေခဲ့သည်။ အဆိုပါ စစ်တပ်က လွှမ်းမိုးသော နိုင်ငံရေး အစီအစဉ်သည် ၁၉၈၈ ခုနှစ်က တစ်နိုင်ငံလုံးက  ဒီမိုကရေစီ ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများကို စစ်တပ်က သတ်ဖြတ် ချေမှုန်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (SLORC) အမည်ဖြင့် စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ်ခဲ့သည်။ SLORC  သည် နိုင်ငံ၏ အမည်ကို BURMA မှ MYANMAR သို့ ပြောင်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ၎င်း၏ အမည်ကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် ပြောင်းလဲခဲ့သည်။

ယခု အခါတွင်မူ ၂၀၀၈ ခုနှစ်က အသေ အချာ စီမံထားသော ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံ ဥပဒေအသစ် အရ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပါတီများအား တရားဝင် ခွင့်ပြုခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပသော မရိုးသားသည့် ရွေးကောက်ပွဲဖြင့် ၈၀ % ကျော် အနိုင်ရသော စစ်တပ်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ လွှမ်းမိုးဦးမည် ဖြစ်သည်။ အခြေခံ ဥပဒေ အသစ်အရ ပါလီမန် ၂၅% သော နေရာကို စစ်တပ်အတွက် ချန်ထားရသည်။

ထိုမှ လွဲ၍ စစ်တပ်သည် အခွင့်အရေး မယူရှာပေ။ ရွေးကောက်ပွဲ စည်းရုံးစဉ်းက ကိုယ်စားလှယ် လောင်းများသည် လည်းကောင်း၊ ရွေးကောက်ပွဲ အပြီး ပါလီမန် အမတ်များသည် လည်းကောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြင်းထန်စွာ တားမြစ်ထားသည်။ ၎င်းတို့၏ ပြောဆိုမှုများကို အာဏာပိုင်များက နိုင်ငံတော် လုံခြုံရေး၊ တိုင်းပြည် စည်းလုံး ညီညွတ်ရေးနှင့် အခြေခံ ဥပဒေကို ထိပါးသည်ဟု ယူဆပါက ထောင်ဒဏ် နှစ်နှစ် အထိ အပြစ်ပေးနိုင်ကြောင်း ခြိမ်းခြောက်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ နှောင်းပိုင်းက နိုင်ငံပိုင် New Light of Myanmar တွင် စစ်တပ်၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိပေး ဖော်ပြထားရာတွင် အတိုက်အခံသည် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး တောင်းဆိုမှုအား ရပ်သင့်ပြီး၊ အမျိုးသား ပြန်လည် စုစည်းရေးကို  အောင်မြင်အောင် အစိုးရအား ထောက်ခံကူညီသင့်ကြောင်း ဆိုသည်။ တည်ဆဲ အစိုးရအား  ချုပ်ကိုင်ရန် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ကြိုးစားခြင်းသည် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုသို့သော ကန့်သတ်မှုများ ရှိနေသည့် ကြားမှ အချို့ နိုင်ငံခြားသား ဝေဖန် သုံးသပ်သူများသည် ဒီမိုကရေစီ ပြောင်းလဲရေးနှင့် ပတ်သက်သော မျှော်လင့်ချက်များကို လက်ကိုင် ထားနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း Derek Tonkin က ဆောင်းပါး တစ်ပုဒ်တွင် အကြံ ပြုထားရာ ရီစရာ ကောင်းလှသည်။ ရွေးကောက်ပွဲများသည် မည်မျှ မသမာပါစေ၊ ၎င်းတို့သည် အထောက်အကူ ပြုသော ဖြစ်ရပ်တစ်ခု ဖြစ်ပါလိမ့်မည်ဟု ရေးသား ထားသည်။ သို့သော် ၎င်းမည်သည်ကို ဆိုလိုကြောင်း ရှင်းရှင်း လင်းလင်း မဖော်ပြနိုင်ခဲ့ပေ။

ရန်ကုန် အခြေစိုက် အမေရိကန် သံတမန်ဟောင်း Priscilla Clapp ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ် အလိုက စစ်တပ်မှ အရာရှိကြီးငယ် (၇၀) ခန့် အငြိမ်းစား ယူပြီး ရွေးကောက်ပွဲ ဝင်ရန် ပြင်ဆင်ပြီး စစ်တပ်ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ရာ ပြုပြင် ပြောင်းလဲရေး စိတ်ဓာတ် ပိုရှိသော မျိုးဆက်သစ် စစ်တပ် အရာရှိများ အတွက် လမ်းခင်းပေးခြင်း သဖွယ် ဖြစ်လိမ့်မည်ဟု ယူဆရသည်ဟု ဆိုသည်။ အစိုးရ အဖွဲ့တွင် အရပ်သား အသစ်များဖြင့် ပြောင်းလဲရေးကို ဖော်ဆောင်ရန်မှာ လေထဲတွင်ပင် ရှိလိမ့်မည်ဟု သူမက အကြံပြုသည်။

၁၉၇၄ ခုနှစ်က စစ်တပ်မှ ပုဂ္ဂိုလ်များ ယူနီဖောင်း ချွတ်သည် ဖြစ်စေ မချွတ်သည် ဖြစ်စေ ဘာမျှ မထူးပေ။ ယနေ့တွင်လည်း စစ်တပ်မှ အာဏာ ဆုပ်ကိုင် ထားရေးကိုသာ စဉ်းစားပါက ဘာမျှ ထူးလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူပင် ပါလီမန်ထဲမှ အတိုက်အခံများ၏ အသံ တိုးတိုးလေးလည်း ဒီမိုကရေစီ အတွက် ကိုယ်စားလှယ်များသည် စစ်ခေါင်းဆောင်များ ချပေးသော အကြောင်း အရာများကိုသာ ဆွေးနွေး ထောက်ခံကြရသည်။

အကယ်၍ USDP မှ မဟုတ်သော လက်တစ်ဆုပ်စာ ပါလီမန် အဖွဲ့ဝင်များသည် စစ်တပ်၏ အမိန့်ကို စိန်ခေါ် ရဲခဲ့ပါက အပါအဝင် အခြေခံ ဥပဒေက အပ်နှင်းထားသော လုပ်ပိုင်ခွင့်များ ရှိသည်။ အရေးပေါ် အခြေအနေများတွင် အခြေခံဥပဒေ အပိုင် ၄၁၃ အရ နိုင်ငံတော် သမ္မတသည် အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး အာဏာများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ၎င်းကိုယ်စား လုပ်ဆောင်ရန် အပ်နှင်းရမည်ဟု ဆိုထားသည်။

ပါလီမန်သစ်တွင် အမျိုးသား လွှတ်တော် (အထက် လွှတ်တော်) ၌ ရွေးကောက် တင်မြှောက်သော ၁၆၈ နေရာနှင့် တပ်မတော်မှ ၅၆ နေရာ ပါဝင်သည်။ ပြည်သူ့လွှတ်တော် (အောက် လွှတ်တော်) တွင် ရွေးကောက် တင်မြှောက်သော နေရာ ၃၃၀ နှင့် တပ်မတော်မှ ၁၁၀ ပါဝင်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် အမျိုးသားလွှတ်တော်တွင် ၁၂၉ နေရာနှင့် ပြည်သူ့ လွှတ်တော်တွင် ၂၅၉ နေရာ အနိုင် ရရှိထားပြီး တပ်မတော်မှ ၂၅ % ထပ်ဆောင်း ပါဝင်မည် ဖြစ်သည်။ ထို့ကြောင့် စနစ်သစ်တွင် အခြေခံ ဥပဒေသစ်နှင့် အုပ်ချုပ်ရာ တွင်လည်း စစ်တပ်၏ အုပ်ချုပ်မှု အဟောင်းကိုပင် သေချာစေမည် ဖြစ်သည်။

လစ်လျူရှုနေနိုင်သော အိမ်နီးချင်းများ

အာဆီယံမှ မြန်မာနိုင်ငံ၏ ပါတနာများသည် ရွေးကောက်ပွဲအား တိုးတက်မှု တစ်ခု အဖြစ် အားပေးခဲ့ကြသည်။ အမေရိကန် အပါအဝင် အနောက် နိုင်ငံများအား မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေးနှင့် ငွေကြေး အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ ဇန်နဝါရီ ၁၇ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းတွင် ပြုလုပ်သော အာဆီယံ အစည်းအဝေးတွင် အိမ်ရှင် နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ပွင့်လင်းပြီး ဖြစ်မြောက်ခြင်းကြောင့် အာဆီယံ အဖွဲ့ကြီး အနေဖြင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများကို ချက်ချင်း သော်လည်းကောင်း၊ ဖြစ်နိုင်သမျှ စော၍ သော်လည်းကောင်း ရုတ်သိမ်းပေးရန် တွေ့မြင်လိုသည်ဟု ပြောဆိုခဲ့သည်။

အာဆီယံ နိုင်ငံ အတော် များများသည် မြန်မာနိုင်ငံမှ စီးပွားရေးအရ အကျိုး ဖြစ်ထွန်းမှုကြောင့် အနောက် နိုင်ငံများက စီးပွားရေး အရ အရေး ယူထားသော အချိန်များတွင် စီးပွားရေး အရ ဆက်ဆံရေး မူဝါဒ အဖြစ် များစွာ စီးပွားဖြစ်ခဲ့ကြသည်။

တချိန်တည်းမှာပင် မြန်မာစစ်တပ် ခေါင်းဆောင်မှုတွင် ဒီမိုကရေစီနှင့် ပတ်သက်သော စိတ်ကူး စိတ်သန်းများ ရှိကြောင်း အနည်းငယ်မျှ ဖွင့်ဟခဲ့ခြင်း မရှိပေ။ ဒီဇင်ဘာ ၁၇ ရက်နေ့က တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဆင်း စစ်ရေးပြ အခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်လောင်းများအား မှာကြားရာတွင် "သင်တို့ဟာ အကယ်၍ တစ်ဖက်လူရဲ့ အားသာချက်ကို ရှောင်ရှား၊ အမှားကို အခွင့် ကောင်းယူ၊ အားနည်းချက်ကို ထိုးနှက်နိုင်ခဲ့မယ် ဆိုရင် ဘယ်အရာကိုမဆို ရင်ဆိုင် အနိုင် ယူနိုင်မှာပါ"ဟု ဆိုခဲ့သည်။

တပ်မတော် အခြား အဆင့် အတန်းများကလည်း ယင်းအမှာ စကားကို တိတိကျကျ အသဲစွဲ မှတ်သားထားကြသည်။ အတိုက်အခံ အုပ်စု၏ အားထားရာ ဖြစ်သော ဒီမိုကရေစီ လိုလားသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ နှစ်ပေါင်းများစွာ ထိန်းသိမ်းခြင်း ခံခဲ့ရသည့်အပြင် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးခြင်း ခံခဲ့ရကာ ရွေးကောက်ပွဲ အပြီး တစ်ပတ်ခန့်တွင် လွတ်မြောက် လာခဲ့သည်။ အတိုက် အခံတို့၏ အားနည်းချက်မှာ စည်းလုံး ညီညွတ်မှု မရှိခြင်း ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲ ဝင်ရေး/မဝင်ရေး နှင့် ပတ်သက်၍ နှစ်ခြမ်း ကွဲသွားခဲ့သည်။ ရွေးကောက်ပွဲ ဝင်လိုသော အုပ်စုမှာ ယခုအခါ ယင်းကိစ္စ အတွက် စိတ်မကောင်း ဖြစ်နေဖွယ် ရှိသည်။ NLD ပါတီဝင် ဟောင်းများ ဖွဲ့စည်းထားသည့် NDF ပါတီသစ်သည် လွှတ်တော် နှစ်ရပ်တွင် (၁၆) နေရာ မျှသာ အနိုင်ရရှိခဲ့သည်။ သေချာပေါက် မှန်းဆနိုင်သည့် အချက်မှာ NDF ကိုယ်စားလှယ်လောင်းများသည် မျှတမှု မရှိသည့် ကွင်းတွင် ယှဉ်ပြိုင် ခဲ့ရခြင်းပင် ဖြစ်သည်။ ရန်ကုန် မဲဆန္ဒနယ် မြောက်မြားစွာနှင့် တိုင်းပြည် အနှံ့မှ မျက်မြင် သက်သေများ၏ သတင်းပေးမှုများအရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင် မဟုတ်သော ကိုယ်စားလှယ်လောင်း တစ်ဦး အနိုင်ရမည့် လက္ခဏာ ပေါ်လာပါက ၎င်းရလဒ်ကို ဟန့်တားရန် အတွက် "ကြိုတင် ဆန္ဒမဲ" ဟု ခေါ်သော မဲပုံးများ ရောက်လာသည်ဟု သိရှိရသည်။ ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ပြတ်ပြတ် သားသား အနိုင်ရပုံ မပေါ်သည့် အခြား နေရာများတွင်လည်း မဲရေတွက်မှုကို လျှို့ဝှက် ထားသည်ဟု ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်သော မြန်မာ အစိုးရကို အစဉ်အဆက် ဝေဖန်ခဲ့ကြသော တိုင်းပြည်များ တွင်လည်း အယူအဆ ကွဲလျက် ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် တချိန်က မြန်မာ အစိုးရ အပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သူ တစ်ဦး ဖြစ်သည့် ဗာဂျီးနီးယား အထက် လွှတ်တော် အမတ် Jim Webb သည် ဒင်္ဂါးပြား ပြောင်းပြန် လှန်သကဲ့သို့ အရေးယူ ပိတ်ဆို့မှု ရုတ်သိမ်းရေး ထောက်ခံသူ တစ်ဦး ဖြစ်လာကာ မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဥရောပ သမဂ္ဂ တွင်လည်း  မြောက်မြားစွာသော တိုင်းပြည်များမှာ အရေးယူ ပိတ်ဆို့မှု အစီအစဉ်များ ကြားမှပင် မြန်မာ နိုင်ငံနှင့် စီးပွားရေး လုပ်ကိုင်လျက် ရှိကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ ဦးမြင့်စိုးက "အရေးယူ ပိတ်ဆို့ထားတယ် ဆိုပေမယ့် ဥရောပ တိုင်းပြည်တွေထဲက ဂျာမနီဟာ ကျွန်တော်တို့ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ တစ်ခုပါ" ဟု ပြောကြားခဲ့ခြင်းကို ဒီဇင်ဘာ ၁၄ ရက်ထုတ် မြန်မာတိုင်းမ် စာစောင်တွင် ဖော်ပြထားသည်။

ပြင်သစ်၏ Total က အဓိက ရင်းနှီး မြှုပ်နှံထားသည့် အမြတ်အစွန်း ကြီးမားသော ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းတွင် မူလရှိနှင့်ပြီးသား ရင်းနှီး မြှုပ်နှံမှုများ အပေါ်တွင် အရေးယူ ဒဏ်ခတ်မှု အစီအစဉ်များက လွှမ်းမိုး သက်ရောက်နိုင်ခြင်း မရှိပါ။

ယခုအခါ အခြား ဥရောပ တိုင်းပြည်များတွင် အသံ အမျိုးမျိုး ကြားနေရပြီ။ အထူးသဖြင့် ဘန်ကောက် အခြေစိုက် ကိုယ်စားလှယ်များ၊ သံတမန်များ အကြားတွင် "နှစ်ပေါင်းများစွာ အရေးယူ ပိတ်ဆို့မှုသည် ဒီမိုကရေစီ ပြောင်းလဲမှုကို ဆောင်ကြဉ်းရန် ပျက်ကွက်ခဲ့သည် ဟူသော အယူအဆ အပေါ်တွင် အခြေခံကာ မြန်မာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုကို ထောက်ခံသည့် သဘောထားများ ပျံ့နှံနေသည်။  ယင်းကဲ့သို့ ထင်မြင်ချက် ပေးသူများမှာ အခြား နိုင်ငံများ၏ တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသည်လည်း ဒီမိုကရေစီ ပြောင်းလဲမှုကို ဆောင်ကြဉ်းရန် အလားတူ ပျက်ကွက်ခဲ့သည် ဟူသော အချက်ကို မေ့လျော့နေပုံ ရသည်။

အာဆီယံသည် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံရေး ဆောင်ရွက်မှုများမှ တဆင့် မြန်မာ အစိုးရနှင့် ယခင် ကတည်းက ညှိနှိုင်း ဆွေးနွေးခဲ့ဖူးသည်။ သို့သော်လည်း ဒီဇင်ဘာလက Wikileaks မှ ဖော်ထုတ်ခဲ့သည့် ကန့်သတ်အဆင့် အမေရိကန် သံတမန်ဆက်သွယ်မှု Cabal များတွင် စကာင်္ပူ ဝါရင့် ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များသည် မိုက်မဲသူများ ဖြစ်ပြီး ဆက်ဆံရသည်မှာ လက်ပေါက် ကပ်လှသည်ဟု ဝေဖန်ခဲ့သည်ကို သိရှိကြပြီး ဖြစ်ပါလိမ့်မည်။ "မြန်မာ အစိုးရနှင့် ဆက်ဆံရတာ လူသေကောင်နှင့် စကား ပြောရသလိုပါပဲ" ဟု  လီကွမ်ယူက မှတ်ချက် ပေးထားသည်။ ယင်းမှတ်ချက်သည် အာဆီယံ၏ အပြုသဘော ဆောင်သော ဆက်ဆံ ညှိနှိုင်းမှုအပေါ် ဒေသတွင်း စီးပွားရေး အမြင်ကျယ်သော ခေါင်းဆောင် တစ်ဦး၏ ပြတ်သားသော အကဲဖြတ်ချက်ပင် ဖြစ်သည်။

ယခု​ ရှုဒေါင့်မှ ကြည့်ပါက မြန်မာ နိုင်ငံ၏ ၁၉၇၄ ခုနှစ် အလွမ်းဇာတ်သည် ၂၀၁၀ ခုနှစ်၏ အလိမ်အညာ ပြဇာတ်အဖြစ် ပြောင်းသွားခြင်းပင် ဖြစ်သည်။ အကျိုး ရလဒ်မှာ ဖိနှိပ် ချုပ်ချယ်သော တစ်ပါတီ အာဏာရှင် စနစ်ဟောင်းကို နာမည်မှ လွဲ၍ အရာရာ အားလုံး ပြန်လည် အသက် သွင်းခဲ့ခြင်း ဖြစ်သည်။ အခြေခံဥပဒေသစ်က အာမခံ ထားသည့် အတိုင်း စစ်တပ် လွှမ်းမိုးသော အစိုးရသစ် လက်အောက်တွင်  အတိုက်အခံ သဘောထား အနည်းငယ်က ပြောင်းလဲမှု အနည်းငယ် ပြုလုပ် နိုင်ပါလိမ့်မည်။

အာဏာရှင် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံများသည် ပင်လျှင် ၎င်းတို့၏ အာဏာရ ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှု အောက်တွင် ပါတီစုံ တရားဝင် ထားရှိသော နိုင်ငံများ ဖြစ်သည်။ တရုတ်တွင် သြဇာကြီး ကွန်မြူနစ် ပါတီအပြင် ပါတီ ၈ ခု ရ&