Transparency Myanmar

transparency.myanmar@gmail.com

UPI News, 3rd November 2010

မြန်မာ နိုင်ငံတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တရားဝင် ယှဉ်ပြိုင်ပွဲ တစ်ခုအဖြစ် ဗြိတိသျှ အစိုးရက အသိအမှတ် ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။း

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ် ပြင်ဆင်လျက် ရှိနေပြီး လက်ရှိ အုပ်ချုပ်သူ စစ်အစိုးရက အစိုးရအဖွဲ့ အတွင်းသို့ အရပ်သားများ ပါဝင်နိုင်ရန် တံခါးဖွင့် ထားသည်ဟု ပြောကြားထားသည်။

စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် လွှတ်တော် တွင်းနေရာ ၂၅ % ရရှိရန် အာမခံချက် ရထားပြီး ဖြစ်သလို အစိုးရကလည်း အတိုက်အခံ ပါတီများစွာနှင့် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကို ဖော်ထုတ် ကန့်ကွက်မည့် နာမည်ကြီး ဝေဖန် ဆန်းစစ်သူများ ကိုလည်း တားဆီး ပိတ်ပင်ထားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Jeremy Browne က Channel News Asia နှင့် ပြုလုပ်သော အင်တာဗျူးတွင် လန်ဒန် အနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို များစွာ ယုံကြည်မှု မရှိကြောင်း ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲတွေကို တရားဝင်တယ်လို့ ကျွန်တော်တို့ အသိအမှတ် မပြုပါဘူး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ရှိနေပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ဟာလည်း ဝင်ရောက် မယှဉ်ပြိုင် နိုင်ကြပါဘူး။ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ သဘောထားကိုလည်း၊ ထင်ဟပ်နိုင်ခြင်း မရှိပါဘူး၊ ဒီလို အကြောင်းရင်းတွေ ရှိနေတဲ့ အတွက် ဒီရွေးကောက်ပွဲတွေကို တရားဝင် လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၃၇ ခု ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် လက်ရှိ စစ်ဖက် အုပ်ချုပ်သူများသာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

တိုင်းပြည်တွင်းမှ  အတိုက်အခံ အုပ်စုများကမူ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် တိုက်တွန်း တောင်းဆိုနေကြသည်။ သို့သော်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် ပြည်သူ လူထုကို နှိုးဆော်သူများ အနေဖြင့် ငွေဒဏ် (သို့) ထောင်ဒဏ် ၁ နှစ် (သို့) ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း အတိုက်အခံ DVB သတင်းစာက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 3rd November 2010

မြန်မာ နိုင်ငံတွင် ယခင်က အတိုက်အခံ နိုင်ငံရေးဟု ဆိုလိုက်သည်နှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆိုလိုသည်ကို လူတိုင်း သိကြသည်။ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD သည် ကြီးမားစွာ အနိုင်ရ ခဲ့သော်လည်း အစိုးရက လက်မခံခဲ့ပေ။

ယခု အနှစ် နှစ်ဆယ် ကြာသောအခါ ယခုအပတ် အကုန်တွင် ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်လျက် ရှိသည်။ စစ်အစိုးရ ခေါင်းဆောင်များသည် ယူနီဖောင်းချွတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အောက်မှ အရွေးခံရန် ရှိသည်။ ပါတီ၏ အမှတ်အသား ဖြစ်သော အဖြူရောင် နောက်ခံတွင်အစိမ်းရောင် ခြသေ့င်္မှာ တိုင်းပြည်နေရာ အနှံ့ချယ်မှုန်းထားသည်ကို တွေ့ရပါသည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထူးထူးခြားခြား ထင်မြင်ချက်များ မရှိပါ။ သို့သော် USDP သည် နေရာ အားလုံးတွင် ပါဝင် ယှဉ်ပြိုင်သဖြင့် အနိုင်ရရန် သေချာနေပေသည်။ အချို့ ပါတီငယ်များသည် နေရာ အနည်းငယ် တွင်သာ ပါဝင် ယှဉ်ပြိုင်နိုင်ကြသည်။ တိုင်းရင်းသား လူမျိုး အများစုသည်လည်း ၎င်းတို့ လူမျိုး ပါတီများ အပေါ် ဆန္ဒမဲ ပေးနိုင်ကြသည်။

အတိုက်အခံ အတွက်မူ ယခင်ပုံစံ အတိုင်း မဟုတ်တော့ပေ။ NLD သည် ဥပဒေများ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်း စာမျက်နှာမှ နုတ်ထွက်သွားခဲ့သည်။ ထိုအချက်ကြောင့် အခြား ပါတီများအတွက် အန္တရာယ် မရှိတော့ပေ။ ထိုအထဲတွင် သပိတ်မှောက်မှုကို သဘောမတူသော NLD အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည် အကြီးဆုံး ဖြစ်သည်။ ၎င်းသည် ပါလီမန်တွင် လုံလောက်သော အတိုက်အခံ အင်အား ရလိမ့်မည်ဟု မျှော်လင့်နေသည်။ အခြားပါတီများမှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိကြပေ။ အချို့ နေရာများတွင် တစ်သီးပုဂ္ဂလ အမတ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အားလုံးက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသော အချက်မှာ ပိုကောင်း လာလေမလားဟု ထိုင်စောင့် နေသည်နှင့် စာလျှင် အားနည်းချက်များ အမှားများ ရှိသော ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းက ပိုကောင်းသည်ဟု ခံယူထားကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ အလေ့အကျင့် သိပ်မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံရေး သမား ဖြစ်ချင်တယ်" ဟု တစ်ဦးက ကျွန်ုပ်အား ပြောပြသည်။

ထိုအချက်မှာ ကျိုးကြောင်း ဆီလျော်သည်။ သို့သော် NLD သစ္စာခံများနှင့် မြန်မာနိုင်ငံ ပြင်ပမှ တစ်သံတည်း ထွက်သော အမြင်တွင်၊ သစ္စာ မရှိသူများ အဖြစ် မြင်ကြသည်။ NDF သည် ရွေးကောက်ပွဲအတွက် စတင် ပြင်ဆင်ချိန်က NLD ၏ ခိုင်မာသော ထောက်ခံသူများနှင့် တက်ကြွသူများကို စည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် NLD တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်း၏ ထောက်ခံသူများအား NDF နှင့် မပူးပေါင်းရန် ပြောခဲ့ပြီး၊ ယုတ်စွအဆုံး အိမ်တံခါးပင် ဖွင့်မပေးရန် ပြောခဲ့သည်။ ယခုနှစ် အစောပိုင်းက အမေရိကန် သံတမန်အား NLD ခေါင်းဆောင်များက ပါတီမှ ခွဲထွက်သွားသူများ အပေါ် ပွင့်ပွင့်လင်းလင်း အမုန်းတရားအား ထုတ်ပြခဲ့ရာ သံရုံး
ဝန်ထမ်းမှာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။

ပြည်ပရောက် နိုင်ငံရေး သမားများသည် NDF နှင့် မြန်မာနိုင်ငံ၏ ထင်ရှားသော အရပ်ဖက် အဖွဲ့အစည်း ထောက်ပံ့သူများကြား အဆက်အသွယ်ကို အာရုံပြု ပြောဆိုခဲ့ကြသည်။ စွပ်စွဲချက်မှာ စစ်အစိုးရ၏ စီးပွားရေး သမားများက အဆိုပါ အဖွဲ့အစည်းများမှ တဆင့် NDF အား ငွေကြေး ထောက်ပံ့ပြီး မရိုးသားသည့် ရွေးကောက်ပွဲအား တရားဝင်အောင် ပြုလုပ်သည်ဟု ဆိုသည်။ (NDF ခေါင်းဆောင်များက ထိုစွပ်စွဲချက်များကို ဂရုမစိုက်ခဲ့ပါ။ သို့သော် ကိုယ်စားလှယ်များ အတွက် စီးပွားရေး သမားများထံမှ အကူအညီ ယူရကြောင်း ပြောသည်။) မကြာသေးမီက NDF ဦးဆောင်၍ ခြောက်ပါတီ မဟာမိတ် ဖွဲ့စည်းရေး ကြိုးပမ်းမှုမှာ ထိုစွပ်စွဲချက်ကြောင့် ရှေ့မဆက်နိုင် ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့သော အကွဲအပြဲများသည် အတိုက်အခံ ကြုံတွေ့နေရသော ကြီးမားသော လုပ်ငန်းစဉ် အတွက် ကြီးမားသော စိတ်ပျက်ဖွယ် နှောင့်နှေးမှုများပင် ဖြစ်သည်။ အဆိုပါ ကိစ္စများသည် အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေခဲ့ရပြီးနောက် မြန်မာ နိုင်ငံရေး၏ ဘာမဟုတ်သော ကိစ္စဖြင့် ကိုယ့်ကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သော သဘာဝကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ အစိုးရ နောက်ခံပြု အင်အားစုများကို ယှဉ်ပြိုင်ရန် ကိစ္စမှာ စိတ်ကူးရန် ခဲယဉ်းသော ကိစ္စဖြစ်သည်။ သို့သော် NDF နှင့် အခြား ပါတီများသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလုပ်ရပ်မှာ ရက်စက် ကြမ်းကြုတ်ပြီး၊ အပြောင်းအလဲ မြန်သော အစိုးရအား အလျော့ ပေးသည်ဟု ယူဆပြီး ၎င်းတို့အား မုန်းတီးသူများက ထိုလုပ်ရပ်ကို ပြည်သူများ မယုံကြည်စေရန် ကြိုးပမ်း လုပ်ဆောင်လာကြသည်။ ၎င်းတို့ အောင်မြင် သွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကမ္ဘာက လွှတ်ပေးရန် အကြိမ်ကြိမ် ပြောနေသည့် ကြားမှ အကျဉ်းကျ ခံနေရဆဲ ဖြစ်သည်။ ထိုအချက်သည်ပင် အများက ရွေးကောက်ပွဲအပေါ် မကောင်းမြင်ရခြင်း တစ်ချက် ဖြစ်နေပေသည်။ သူမ၏ နောက်ဆုံး နေအိမ် အကျယ်ချုပ် သက်တမ်းသည် နိုဝင်ဘာ (၁၃) ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ အစိုးရက သူမအား လွှတ်ပေးလိမ့်မည်ဟု ယူဆရသည်။ အတိုက်အခံမှာလည်း ထိုသို့သော စုစည်းသော အာဏာ ရှိဖို့ လိုအပ်လှသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st November 2010

နိုင်ငံ အုပ်ချုပ်ရေး အာဏာ သိသာစွာ လွှဲပြောင်းမှု ရှိမည် မဟုတ်သော ရွေးကောက်ပွဲ အတုဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ်ထားကြသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများကို စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တော့မည် ဖြစ်သည်။

အကယ် ပေါ်ပေါက်လာမည့် စနစ်သစ်သည် ပြည်သူလူထုကို သော်လည်းကောင်း၊ အာဏာ ငတ်မွတ်နေသော စစ်ဗိုလ်ချုပ်များကို သော်လည်းကောင်း ကျေနပ် နှစ်သိမ့်မှု မပေးနိုင်ပါက ဖြစ်ပွားလာ နိုင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှု များအပေါ် စိုးရိမ် ပူပန်ခြင်းနှင့်အတူ မရေရာသော အနာဂတ် ကာလ တစ်ခုဆီသို့ ပြည်သူ သန်း ၅၀ နှင့် သယံဇာတ ကြွယ်ဝသော တိုင်းပြည်တို့ ဦးတည်နေခြင်း ဖြစ်သည်။

ဖြစ်နိုင်ချေ ရှိသော ရွေးကောက်ပွဲ အလွန် ပုံရိပ်များကို အောက်တွင် တင်ပြ ဆွေးနွေးထားသည်။

-      ရွေးကောက်ပွဲသည် အပေါ်ယံ ရုပ်ပြောင်းခြင်းမျှသာ ဖြစ် စစ်တပ်က အာဏာ ဆက်ယူမည်

စစ်တပ်က အာဏာကို အမှန်တကယ် စွန့်လွှတ်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ အခြေခံ ဥပဒေသစ်အရ တပ်မတော် သားများအတွက် လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၅ % သီးသန့် ဖယ်ထားသည့် အပြင် လတ်တလော အငြိမ်းစား ဗိုလ်ချုပ်များ အပါအ၀င် တပ်မတော် ကြိုးကိုင် ကိုယ်စားလှယ်များက ကိုယ်စားလှယ် နေရာ အမြောက် အမြား အနိုင်ရရန် များစွာ သေချာနေသည်။

သမ္မတက တာဝန် ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၃ ဦးကို ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများအဖြစ် တာဝန်ပေးကာ ကျန်ဝန်ကြီး ရာထူးများကို တပ်မတော်ကြိုးကိုင် ကိုယ်စားလှယ်များက ရရှိကြလိမ့်မည်ဟု မျှော်လင့် ရပေရာ မူဝါဒနှင့် ဘတ်ဂျက် ဆုံးဖြတ်မှုများကို တပ်မတော်က ဆက်လက် ထိန်းချုပ်မည့် သဘောပင် ဖြစ်သည်။ အသုံးစရိတ် ဘီလ်စာရင်း များမှာမူ လွှတ်တော်မှ တဆင့် အတည်ပြုရမည် ဖြစ်သော်လည်း တပ်မတော်က မဖြစ်မနေ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။

သည်မှာ ဖြစ်နိုင်ခြေ အများဆုံး ဇာတ်ကွက်ဖြစ်ပြီး တပ်မတော် သည်သာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိသည့် တစ်ခုတည်းသော အင်အားစု ဖြစ်သည်ဟု စစ်အစိုးရက ရိုးသားစွာ ယုံကြည်နေ သည်ဟု လေ့လာသူများက ပြောကြားသည်။ ထို့အပြင် စစ်ဗိုလ်ချုပ်များက ယင်းတို့၏ ကိုယ်ပိုင် အကျိုး စီးပွားများကိုလည်း ကာကွယ်ရန်၊ မြှင့်တင်ရန် ဆန္ဒ ရှိကြလိမ့်မည်ဟု ဆိုသည်။

-      ဒီမိုကရေစီ စနစ် ကျဆုံးကာ စစ်တပ်က အာဏာ ပြန်ယူမည်

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့စဉ်က ရလဒ်ကို စစ်ဗိုလ်ချုပ်များက မလိုလားသောကြောင့် အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည်။ ယင်းဖြစ်ရပ်မှ စစ်အစိုးရက သင်ခန်းစာ ယူခဲ့သည့် လက္ခဏာ ရှိပြီး အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေကို ဂရုတစိုက် ရေးဆွဲကာ အာဏာကို ယင်းတို့ လက်ထဲ ပြန်လွှဲရန် အသေအချာ စီစဉ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သစ်ကို ပြည်သူအများစုက ပယ်ချခြင်းကြောင့် လူထု အုံကြွမှု ဖြစ်ပေါ်စေနိုင်သော်လည်း လက်ရှိ အာဏာရ ဗိုလ်ချုပ်ကြီးများကို ဖယ်ရှားကာ တကယ့် ဒီမိုကရေစီသို့ ပြောင်းလဲမည့် တပ်မတော် အုပ်စုကွဲ၏ အာဏာ သိမ်းခြင်းမှာမူ ဖြစ်နိုင်ချေ နည်းသည်။

ပြည်တွင်း လုံခြုံရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်မှုကို ခြိမ်းခြောက်မှုနှင့် ရင်ဆိုင် ရချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို  အာဏာ သိမ်းခွင့် ပြုထားသည့် အရေးပေါ် အခြေအနေ ကြေညာခွင့်နှင့် ပတ်သက်ပြီး တပ်မတော်က ရေးဆွဲသော ၂၀၀၈ အခြေခံ ဥပဒေတွင် အသေးစိတ် ဖော်ပြထားသော အခန်း ပါဝင်သည်။ အချက်ကြောင့် အကယ်တပ်မတော်၏ အာဏာ ခြိမ်းခြောက်ခံရခြင်း၊ သြဇာ ကျဆင်းလာခြင်း တို့ ဖြစ်ပေါ်လာပါက အာဏာ ပြန်သိမ်းရန် အတွက် အကြောင်းပြရန် ပဋိပက္ခများ ကိုယ်တိုင် ဖန်တီးခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

-      တကယ့် အရပ်ဖက် အုပ်ချုပ်ရေးသို့ အဆင့်ဆင့် ပြောင်းလဲခြင်း

ရေရှည်တွင်မူ မြန်မာနိုင်ငံ တပ်မတော်၏ ထိန်းချုပ်မှုနှင့် သြဇာ ကင်းရှင်းသော တကယ့်အစစ် အမှန် အရပ်ဖက် အစိုးရထံ တဖြည်းဖြည်း အာဏာ လွှဲပြောင်းမှု ဖြစ်ပေါ်လာနိုင်သည်။ ကိစ္စမှာ အဆင့်ဆင့် ပြောင်းလဲရမည့် လုပ်ငန်းစဉ် ဖြစ်ဖွယ် ရှိပြီး တပ်မတော်၏ ရည်ရွယ်ချက် မဖြစ်နိုင်ပါ။

အနာဂတ် ရွေးကောက်ပွဲများ၊ အခြေခံ ဥပဒေ ပြင်ဆင်မှုများ၊ အာဏာ တည်ဆောက်ပုံ အပြောင်း အလဲများက တပ်မတော်အတွင်း သဘောထား မတူသော အုပ်စုကွဲများကို ထွက်ပေါ် စေနိုင်သည်။ ဥပမာအားဖြင့် အချို့သူများက အတွေ့အကြုံ ရှိသော ပညာရှိသော ပညာရှင်များ (စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများကို ကိုင်တွယ်နိုင်စွမ်း ရှိသည်ဟု ယူဆရသော) ကို နေရာပေးရန် လိုလားခြင်း များကို ဆိုလိုသည်။

နိုင်ငံတကာ ဖိအားပေးမှု၊ ပြုပြင် ပြောင်းလဲရန် ဆန္ဒ (သို့) ပုဂ္ဂလိက စီးပွားရေး (သို့) နိုင်ငံရေး စိတ်ဝင်စားမှုများကြောင့် တပ်မတော် အတွင်း (သို့) ယင်း၏ ကိုယ်စားလှယ်များအတွင်း အုပ်စုကွဲများ အလိုအလျောက် ပေါ်ထွက်လာသည်ကို တွေ့မြင်ရနိုင်သည်။

အဆိုပါ ဖြစ်ရပ်မျိုးမှာ ပထမပိုင်း အစိုးရ အနည်းငယ် အတွင်း ဖြစ်နိုင်ချေ မရှိသော်လည်း အိုမင်း ရင့်ရော်လာသည့် စစ်အစိုးရ ထိပ်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ် ကွယ်လွန်ခြင်း (သို့) မြင်ကွင်းမှ ပျောက်ကွယ် သွားပါက စတင် ဖြစ်ပေါ်လာနိုင်သည်။ မည်သို့ပင် ဖြစ်စေ တပ်မတော်အတွင်း အကွဲအပြဲ မှန်သမျှသည် အာဏာ သိမ်းမှုနှင့် နိုင်ငံရေး အရှုပ်အထွေးများကို ဖြစ်ပေါ်စေမည့် အခွင့်အလမ်းများ မြင့်တက် လာစေဖွယ် ရှိသည်။

-      စစ်တပ် ကြိုးကိုင် အစိုးရကို ပြည်သူလူထုက ပယ်ချခြင်း

နှစ်ပေါင်းများစွာ စီးပွားရေး ခန့်ခွဲမှု အလွဲများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူထု ၀န်ဆောင်မှု ကဏ္ဍများတွင် လုံလုံ လောက်လောက် ရင်းနှီး မြှုပ်နှံရန် ပျက်ကွက်မှုများ ကြောင့် တပ်မတော် အပေါ် လူထု မကျေနပ်မှုကို နက်ရှိုင်းအောင် ဖန်တီးသလို ဖြစ်ခဲ့ပြီး အထူးသဖြင့် အခြေခံ ဥပဒေတွင် ကတိပြုထားသည့် ပြုပြင် ပြောင်းလဲရေးနှင့် လူမှုဖူလုံရေး ကတိက၀တ်များကို ဖော် ဆောင်ရန် အစိုးရက ပျက်ကွက်သည့် အချိန်တွင် ဆူပွက် အုံကြွမှု ဖြစ်ပေါ်လာနိုင်သည်။

ဤကိစ္စမှာ ယခင်ကလည်း ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။ လောင်စာဆီနှင့် ဓာတ်ငွေ့ ဈေးနှုန်း တက်မှု ကြောင့် စစ်အစိုးရအပေါ် ပြည်သူလူထု ဒေါသပွားကာ ၂၀၀၇ တွင် နိုင်ငံအနှံ့ သံဃာတော် ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့ပြီး စစ်ဖက် အုပ်ချုပ်သူ အစိုးရကလည်း ပြည်သူလူထု၏ တော်လှန်မှုနှင့် ရင်ဆိုင် ရချိန်တွင် ယင်းတို့၏ ကြောက်ရွံ့စိတ်နှင့် ရက်စက် ကြမ်းကြုတ်မှုတို့ကို ထပ်မံ ပြသခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသစ်ကို ဆွေးမျိုးရောင်းရင်း ကောင်းစားရေးဝါဒ၊ အကျင့်ပျက် ခြစားမှု နှင့် အလွန်အမင်း မညီမျှမှုများက ဒုက္ခပေးဖွယ် ရှိနေသည်။ အကယ်၍ တရားစီရင်ရေး စနစ် စွန်းထင်း နေခြင်း၊ လယ်သမား လျစ်လျူရှု ခံနေရခြင်းနှင့် လုံလောက်သော လူမှု ဖူလုံရေး အစီအစဉ်များကို အစိုးရက ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက ယင်းတို့၏ လက်တွင်း၌ပင် တော်လှန် သူပုန်ထမှုများ ဖြစ်လာနိုင်သည်။ စစ်အစိုးရ၏ အတိတ်က ကျူးလွန်မှုများကို တုန့်ပြန် တရားစွဲဆို လိုကြသည့် ဒီမိုကရေစီ အုပ်စုများစွာ မြန်မာနိုင်ငံတွင် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 2nd November 2010

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ရာ မျှော်လင့်ချက် အနည်းငယ်သာ ရှိနေသည်။

၁၉၉၀ ခုနှစ် မေလ (၂၇) ရက် နောက်ဆုံး ရွေးကောက်ပွဲ ကျင်းပစဉ်က တိုင်းပြည်မှ စစ်ဗိုလ်ချုပ်များကို အံ့အားသင့် စေခဲ့ပြီး၊ နိုင်ငံရေး အသိအမြင် နည်းပါးသော တိုင်းပြည်တွင် ဒီမိုကရေစီ အတွက် မျှော်လင့်ချက် အကြီးအကျယ် ထားခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် အတွင်း အဆိုပါ ဒီမိုကရေစီ မျှော်လင့်ချက်များကို ချေမွ ဖျက်ဆီးခဲ့ပြီး ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် အံ့သြဖွယ် ရလဒ်များ မထွက်ပေါ် စေရေးအတွက် သေချာစွာ စီမံခဲ့သည်။

"၁၉၉၀ တုန်းကလို ဒီမိုကရေစီ ဘက်တော်သားတွေ ဝက်ဝက်ကွဲ အောင်ပွဲရဖို့၊ စာရင်း ဇယား အရ ကြည့်ရင်တောင် မဖြစ်နိုင်တော့ပါဘူး" ဟု ပဋိပက္ခ ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင်  လုပ်ကိုင်လျက် ရှိသည့် ရန်ကုန် ILO ရုံးတွင် ဆက်ဆံရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသော Richard Horsey က ပြောကြားခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက (၄၄၇) နေရာ ပြိုင်ခဲ့ရာ (၃၉၂) နေရာ အနိုင် ရရှိခဲ့သည်။ ထိုစဉ်က အစိုးရ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် (၁၀) နေရာသာ အနိုင် ရရှိခဲ့သည်။

အစိုးရသည် NLD အား အာဏာ လွှဲမပေးခဲ့ဘဲ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အားလည်း အနှစ် နှစ်ဆယ် အတွင်း (၁၅) နှစ်ခန့် နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။

သူမသည် နိုဝင်ဘာ (၇) ရက်တွင် နေအိမ် အကျယ်ချုပ် အဖြစ် ဆက်လက် ရှိနေမည် ဖြစ်ပြီး၊ သူမ၏ (၁၈) လ ပြစ်ဒဏ်သည် နိုဝင်ဘာ (၁၃) ရက်တွင် ကုန်ဆုံး၍ လွတ်မြောက် လိမ့်မည်ဟု ယူဆရသည်။

NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်လျက် ရှိပြီး ၎င်းအား ထောက်ခံသူများကို မဲမပေးရန် တိုက်တွန်းလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ (၅၀.၅) သန်း ရှိသည့် အနက် ဆန္ဒမဲပေးရန် သတ်မှတ်ချက် ဘောင် ဝင်သူ သန်း (၃၀) ခန့် ရှိသည်။

"ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး ယန္တရားကိုပဲ ဆက်လက် ထူထောင်တာ ဖြစ်လို့ ကျွန်တော်တို့က မဲမပေးဖို့ တိုက်တွန်း နေတာပါ" ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

"ကျွန်တော် ဆန္ဒမဲ ပေးပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကြိုက်တဲ့လူ ရွေးချယ် ပိုင်ဆိုင်ခွင့် ရှိလို့ပါ။ ရွေးကောက်ပွဲ ပြီးရင် အပြောင်းအလဲကို ကျွန်တော် မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် အချို့ ရလိမ့်မယ်လို့ ထင်ပါတယ်" ဟု ရန်ကုန် အခြေစိုက် စာပေ ထုတ်ဝေသူ အသက် (၄၅) နှစ်ရှိ ကိုမျိုးအောင်က ပြောသည်။

NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည် ပါလီမန် သုံးရပ် အတွက် (၁၁၅၉) နေရာ ရှိသည့် အနက် ကိုယ်စားလှယ် (၁၆၀) ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

"ကျွန်တော် မဲဆွယ်တော့ လူထုက အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူတို့က ခမောက် (၎င်းတို့ ပါတီ အမှတ်အသား) ကိုပဲ ပေးကြမယ်လို့ ပြောပါတယ်" ဟု NDF ဒုတိယ ခေါင်းဆောင် ဦးသိန်းညွန့်က ပြောသည်။

အကယ်၍ NDF ကသာ ၎င်းတို့ ပြိုင်သည့် နေရာတိုင်းတွင် အနိုင် ရရှိခဲ့ပါက ၎င်းသည် အထက် လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ၃၀ % ရရှိမည် ဖြစ်၍ အတိုက်အခံ အသံ အတွက် အတိုင်းအတာ တစ်ခု အထိ နေရာ ရရှိမည် ဖြစ်သည်။

သို့သော် ပါတီ (၃၇) ပါတီနှင့် တစ်သီး ပုဂ္ဂလ (၈၂) ဦးတို့သည် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ပြများတွင် ပြိုင်ဆိုင်မှု ပြင်းထန်ကြမည် ဖြစ်ပြီး၊ ကျေးလက် ဒေသများတွင် အစိုးရ၏ ပါတီက လွှမ်းမိုးလိမ့်မည် ဖြစ်သည်။

စစ်တပ် ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် အစိုးရ စောင့်ရှောက် ထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (NUP) တို့သည် မဲဆန္ဒနယ်တိုင်း နီးပါးတွင် ပါဝင် ယှဉ်ပြိုင်နေသည်။

အစိုးရသည် နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုမည် မဟုတ်သော်လည်း ရန်ကုန် အခြေစိုက် သံတမန်များနှင့် သတင်းစာ ဆရာများကိုမူ တစ်နိုင်ငံလုံး အတိုင်းအတာ အရ (၁၈) နေရာတွင် ကြည့်ရှု လေ့လာခွင့် ပြုမည် ဖြစ်သည်။

မြန်မာ လေ့လာသူများက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတ နိုင်ခြေ ရှိကြောင်း ပြောကြသည်။ တစိတ်တပိုင်း မှန်နိုင်သည်။

"ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အရေးပါတဲ့ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ မရှိခဲ့ဘူး ဆိုရင်လဲ အံ့သြစရာတော့ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ စနစ် တစ်ခုလုံးက ကြောက်နေအောင် ခြိမ်းခြောက် ထားပြီးသားကိုး။" ဟု Human Rights Watch မှ မြန်မာ နိုင်ငံ အကြောင်း သုတေသန ပြုသူ အကြီးတန်း သုတေသနမှူး David Mathieson က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်အား အကျဉ်းချ ထားပြီး၊ NLD အား ရွေးကောက်ပွဲတွင် မပါဝင် နိုင်ရန် ကန့်သတ်မှုများ ပြုထားခြင်း၊ အခြား ပါတီများ ငွေကြေး အခက်အခဲ ဖြစ်စေရန် ပြုလုပ်ထားခြင်းများ အပြင် အစိုးရ၏ အခြေခံ ဥပဒေသည် ဥပဒေ ပြုမှုအတွက် စစ်တပ်မှ ၂၅ % သော နေရာအား ပေးထားပြီး ဖြစ်သည်။

ထိုအကြောင်းများကြောင့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အံ့သြစရာများ ပေါ်ထွက် မလာဟု မဆိုလိုပေ။ ခန့်မှန်းရ ခက်သည်မှာ NUP ပင် ဖြစ်သည်။ ၎င်းသည် ၁၉၉၀ ခုနှစ်က စစ်တပ်ကို ကိုယ်စာြး