Transparency Myanmar

transparency.myanmar@gmail.com

UPI News, 3rd November 2010

မြန်မာ နိုင်ငံတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တရားဝင် ယှဉ်ပြိုင်ပွဲ တစ်ခုအဖြစ် ဗြိတိသျှ အစိုးရက အသိအမှတ် ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။း

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ် ပြင်ဆင်လျက် ရှိနေပြီး လက်ရှိ အုပ်ချုပ်သူ စစ်အစိုးရက အစိုးရအဖွဲ့ အတွင်းသို့ အရပ်သားများ ပါဝင်နိုင်ရန် တံခါးဖွင့် ထားသည်ဟု ပြောကြားထားသည်။

စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် လွှတ်တော် တွင်းနေရာ ၂၅ % ရရှိရန် အာမခံချက် ရထားပြီး ဖြစ်သလို အစိုးရကလည်း အတိုက်အခံ ပါတီများစွာနှင့် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကို ဖော်ထုတ် ကန့်ကွက်မည့် နာမည်ကြီး ဝေဖန် ဆန်းစစ်သူများ ကိုလည်း တားဆီး ပိတ်ပင်ထားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Jeremy Browne က Channel News Asia နှင့် ပြုလုပ်သော အင်တာဗျူးတွင် လန်ဒန် အနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို များစွာ ယုံကြည်မှု မရှိကြောင်း ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲတွေကို တရားဝင်တယ်လို့ ကျွန်တော်တို့ အသိအမှတ် မပြုပါဘူး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ရှိနေပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ဟာလည်း ဝင်ရောက် မယှဉ်ပြိုင် နိုင်ကြပါဘူး။ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ သဘောထားကိုလည်း၊ ထင်ဟပ်နိုင်ခြင်း မရှိပါဘူး၊ ဒီလို အကြောင်းရင်းတွေ ရှိနေတဲ့ အတွက် ဒီရွေးကောက်ပွဲတွေကို တရားဝင် လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၃၇ ခု ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် လက်ရှိ စစ်ဖက် အုပ်ချုပ်သူများသာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

တိုင်းပြည်တွင်းမှ  အတိုက်အခံ အုပ်စုများကမူ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် တိုက်တွန်း တောင်းဆိုနေကြသည်။ သို့သော်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် ပြည်သူ လူထုကို နှိုးဆော်သူများ အနေဖြင့် ငွေဒဏ် (သို့) ထောင်ဒဏ် ၁ နှစ် (သို့) ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း အတိုက်အခံ DVB သတင်းစာက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment