Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၃.၁၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်၊ မြန်မာနှင့် အမေရိကန်တို့ဆက်ဆံရေး၏ နိုင်ငံရေးအရလိုအပ်ချက်များ သမိုင်းကြောင်း

(13 Dec 2012 ရက်စွဲပါ China.ord.cn မှ Hein Khaing ရေးသားသည့် China, MYanmar the US:A history of political expediency ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

တရုတ်၊ မြန်မာနှင့် အမေရိကန်တို့ဆက်ဆံရေး၏ နိုင်ငံရေးအရလိုအပ်ချက်များ သမိုင်းကြောင်း

(13 Dec 2012 ရက်စွဲပါ China.ord.cn မှ Hein Khaing ရေးသားသည့် China, MYanmar the US:A history of political expediency ကိုဘာသာပြန်ဆိုသည်)

၂၀၁၂ နိုဝင်ဘာလ(၁၉)ရက်နေ့က အမေရိကန်သမ္မတ Barak Obama ၏မြန်မာနိုင်ငံသို့ ပထမဦးဆုံးခရီးစဉ်သည် ကမ္ဘာတစ်ဝှမ်း၏ အလေးပေး စောင့်ကြည့်မှုကို ရရှိခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်ကလည်း ဦးစွာသွားရောက်ခဲ့ရာ မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒပြောင်းသွားခဲ့ပြီဆိုသည်မှာ ထင်ရှားနေပါသည်။ မြန်မာနိုင်ငံသည် အရှေ့အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများကြား လမ်းဆုံးလမ်းခွတွင်တည်ရှိပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နှစ်နိုင်ငံကြားတွင်ရှိနေပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အမေရိကန်၏ အာရှဗပာိုပြု မူဝါဒတွင် မပာာဗျူပာာအရ အရေးပါနေပါသည်။ သို့သော် အမေရိကန်၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် တရုတ်နှင့်ပတ်သက်သော အချက်အလက် များ၏လွှမ်းမိုးမှုရှိနေသည် ဆိုသောသံသယအနည်းငယ် ရှိနေပါသေးသည်။

တရုတ်၏ နိုးထလာမှုတွင် အမေရိကန်က အာရှ-ပစိဖိတ်ဒေသသို့ပြန်လာရန် စီစဉ်ရာ၌ မြန်မာနိုင်ငံသည် မပာာဗျူပာာကျသောနေရာတွင် တည်ရှိနေမှုကြောင့် အရေးပါလာပါသည်။ ထို့ကြောင့် အမေရိကန်သည် အနှစ်နှစ်ဆယ်ကျော် ရန်သူအဖြစ်ရှုမြင်လာခဲ့သော မြန်မာနိုင်ငံကို ဆက်ဆံရေး ပြန်လည်ပြုလုပ်ရန် Obama ၏ရန်ကုန်တက္ကသိုလ်တွင် ပြောကြားသော မိန့်ခွန်း၌ မြစ်ဆုံကိစ္စမှတ်ချက်စကားတွင် တွေ့ရှိနိုင်ပါသည်။ ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ တရုတ်၏ရင်းနှီးမြှုပ်နှံမည့် မြစ်ဆုံရေလှောင်တမံကို ပြည်သူများ၏ ဆန့်ကျင်မှုကြောင့် မြန်မာသမ္မတက ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါ သည်။ ၎င်းမှာ မြန်မာကတရုတ်ကို ပထမဆုံးအကြိမ် ခေါင်းခါခဲ့သည့်ဖြစ်ရပ်ဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေးတွင် အရေးပါသည့် အချိုးအကွေ့အဖြစ် ရှုမြင်နိုင်ပါသည်။

ယခင်က မြန်မာနိုင်ငံသည် အနောက်နိုင်ငံများက ချမှတ်ထားသော အရေးယူမှုများကြောင့် တရုတ်နိုင်ငံအပေါ် မှီခိုခဲ့ရပါသည်။ ၂၀၁၁ ခုနှစ် မတ်လအစိုးရသစ်တက်လာအပြီးတွင် အရေးယူမှုများ တဖြည်းဖြည်းရုတ်သိမ်းသွားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးနိုင်ငံ တကာဆက်ဆံရေးတွင် ယခင်နှင့်မတူ ခြားနားစွာလုပ်ဆောင်ခွင့်ရလာပါသည်။ ယမန်နှစ်က ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့လာရောက်စဉ်က သမ္မတ ဦးသိန်းစိန်၏နိုင်ငံရေးအကြံပေး ဦးနေဇင်လတ်က ပြောကြားရာတွင် "မြန်မာနိုင်ငံပာာ ပထဝီနိုင်ငံရေးအရ မပာာဗျူပာာကျတဲ့နေရာမှာ ဘယ်လိုပဲရှိရှိ လူဦးရေထူထပ်တဲ့ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိနေတယ်ဆိုတာ စိတ်ထဲမှာရှိပြီး သေချာစွာမလုပ်ဆောင်နိုင်ရင် အကျိုးအမြတ် မရှိနိုင်ပါဘူး"ပာု ပြောကြား ခဲ့ပါသည်။

"ဆက်ဆံရေးတွင် ထာဝရ ရန်သူဆိုသည်မရှိ"ပာု ဆိုရိုးစကားရှိပါသည်။ နိုင်ငံတိုင်းအတွက် အင်အားကြီးနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ များနိုင် သမျှဆက်ဆံရေးထူထောင်၍ ထိန်းသိမ်းထားနိုင်ရန်မှာ လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်ခုသည် ပြည်တွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာ တွင်လည်းကောင်း အခြေအနေများပြောင်းလဲသွားခဲ့သော် ရန်သူဖြစ်ခဲ့မှုများမေ့ထားပြီး ခွင့်လွှတ်နိုင်ကာ ဆက်ဆံရေးကောင်းမွန်ရေး လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းရရှိမည်မှာ ဓမ္မတာဖြစ်ပါသည်။ ယခု အမေရိကန်-မြန်မာသံတမန်သမိုင်းကြောင်းမှာ ထိုသို့သော အဖြစ်အပျက်အတွက် ဥပမာကောင်းဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ်ဗြိတိသျှထံမှ လွတ်လပ်ရေးရစဉ်ကတည်းက သံတမန်ဆက်ဆံရေး စတင်ထူထောင် ခဲ့ပါသည်။ အောက်တိုဘာ ၁၉၅၀ ခုနှစ်တွင် အမရိကန်သည် မြန်မာနိုင်ငံသို့ ဒေါ်လာ ၂၁ သန်းအကူအညီပေးရန် အဆိုပြုခဲ့ပါသည်။ အမေရိကန်သည် လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံအပေါ် အဘယ်ကြောင့် ဤမျှရက်ရောနေသနည်း။ အဖြေမှာ နိုင်ငံရေးအရလည်းကောင်း၊ မပာာဗျူပာာအရ လည်းကောင်း အရေးပါမှုပေါ်တွင် မူတည်နေပါသည်။ ထိုစဉ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စတင်ထူထောင်ကာစဖြစ်ပြီး ကူမင်တန်အစိုးရသည် တရုတ်ပြည်မကြီးကို ပြန်လည်ရယူနိုင်ရန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ခြေကုတ်ယူရန် စိမ့်ဝင်နေချိန်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အမေရိကန် အတွက် မပာာဗျူပာာအရ အရေးပါလာပြီး ကူမင်တန်များ၏ လှုပ်ရှားမှုကို အမေရိကန်က လျှို့ဝှက်စွာ ထောက်ပံ့ခဲ့ပါသည်။

ထိုအချိန်မှစ၍ အမေရိကန် CIA သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကူမင်တန်နှင့် မိတ်ဖွဲ့လျက် တက်ကြွစွာလှုပ်ရှားခဲ့ပါသည်။ အမေရိကန်သည် ၎င်း၏လျှို့ဝှက်မပာာမိတ်နှင့် ဆက်ဆံရေးရှိသော်လည်း ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းသောအခါ ဘာမျှမပြောခဲ့ပေ။ ထို့အတူ တရုတ်များကို နှင်ထုတ်ခဲ့သည့်ဖြစ်စဉ်ကြောင့် တရုတ်-မြန်မာဆက်ဆံရေး ထိခိုက်ရစဉ်ကလည်း အမေရိကန်တို့ ဆိတ်ဆိတ်နေခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းသည် အမေရိကန်သို့သွားရောက်လည်ပတ်ခဲ့ပြီး ထိုစဉ်က သမ္မတ Lyndon Banies Johnson နှင့်အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင် မြန်မာနိုင်ငံသည် နှစ်စဉ်တပ်မတော် အရာရှိနှစ်ဦး၊ အမေရိကန်သို့ပညာသင်ကြားရန် စေလွှတ်ခဲ့ပါသည်။ အရှေ့တောင်အာရှတွင် တစ်ချိန် ကနာမည်ကျော်သော မြန်မာစစ်ထောက်လှမ်းရေးသည် အမေရိကန်၏ လေ့ကျင့်သင်ကြားပေးမှုဖြင့် ကျေးဇူးရှိခဲ့ပါသည်။

အဆိုပါ ကူုညီထောက်ပံမှုများသည် ထိုအချိန်က နိုင်ငံတကာအခြေအနေနှင့် ဆက်စပ်ပတ်သက်၍ ပေးခဲ့ခြင်းဖြစ်ပါသည်။ ချန်ကေရှိတ်အစိုးရကို ထောက်ခံရန်၊ တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရန် အာရှတွင် ဆိုရှယ်လစ်စနစ် တိုးတက်လာမှုကို ဖိနှိပ်ရန်၊ ထို့ကြောင့် အမေရိကန်သည် တရုတ်၊ လာအိုနှင့် အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံနှင့်လည်းကောင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့၏ အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံနှင့်လည်းကောင်း ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းခဲ့ပါသည်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုအကြောင်းပြ၍ အမေရိကန်သည် ၎င်းတို့၏ နိုင်ငံရေးအရ ရည်မှန်းချက်များ အောင်မြင်အောင် လျင်မြန်စွာ လျှို့ဝှက်လုပ်ဆောင်နိုင်ခဲ့ပါသည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်းစီးပွားရေးချွတ်ခြုံကျမှုအပါအဝင် အကြောင်းပေါင်းစုံကြောင့် ကျောင်းသားလှုပ်ရှားမှုဖြစ်ပြီးနောက် အမေရိကန်-မြန်မာဆက်ဆံရေးသည် အရေးပါလှစွာပြောင်းလဲသွားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဖြစ်လာ ခဲ့ပြီး၊ ယခုတိုင် သြဇာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်နေဆဲဖြစ်ပါသည်။ ထိုစဉ်က အမေရိကန်ဆီနိတ်တာသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီ ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သော်လည်း စစ်တပ်မှအသိအမှတ်ပြုခြင်း မရှိခဲ့ပြီးနောက် အမေရိကန်-မြန်မာဆက်ဆံရေး ပျက်ယွင်းသွားခဲ့ပါသည်။ အမေရိကန် သည်သံအမတ်ကြီးအဆင့် ဆက်ဆံရေးကိုလျှော့ချခဲ့ပြီး ၁၉၉၇ တွင်စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခဲ့ပါသည်။

အမေရိကန်က အရေးယူမှုများချမှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမည်တပ်၍ သံတမန်ဆက်ဆံရေးကိုဖြတ်တောက်သော်လည်း နိုင်ငံတကာနိုင်ငံရေးအခြေအနေတွင် အရေးပါသော ပြောင်းလဲမှုအျို့ဖြစ်လာနေသည်မှာ ရှင်းရှင်းလင်းလင်းသိသာပါသည်။ တရုတ်နိုင်ငံသည် ယဉ်ကျေးမှု တော်လှန်ရေး(၁၉၆၆-၁၉၇၆)အပြီးတွင် ကူမင်တန်တို့၏ ပြည်မကြီးကို ပြန်လည်ရယူရေးအစီအစဉ်လည်း ပျက်သုန်းသွားခဲ့ကာ တည်ငြိမ်စွာဖွံ့ဖြိုး တိုးတက်လာပါသည်။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲများလည်း ပြီးဆုံးသွားခဲ့ပါသည်။ ဆိုဗီယက်ယူနီယံကြီးလည်း ပြိုကွဲခဲ့ပြီ။ ခမာနီများလည်း တစ်စစီ ဖြစ်ခဲ့ပြီ။ အမေရိကန်တို့၏ အာရုံမှာလည်း ဥရောပသို့ရွှေ့သွားခဲ့ရာ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါမှုလျော့နည်းသွားခဲ့ပါသည်။

မြန်မာနိုင်ငံ အခက်ခဲဆုံးကာလများကို ဖြတ်သန်းနေချိန်တွင် တရုတ်သည် အရေးအကြီးဆုံးပါတနာ ဖြစ်လာပါသည်။ တရုတ်၏ အကူအညီ ကျေးဇူးကြောင့် မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦးများ မှန်မှန်တိုးတက်လာခဲ့ပြီး၊ စီးပွားရေးအရလည်း တိုးတက်လာခဲ့ပါသည်။ နိုင်ငံရေးအရအရေး မပါသည့်အခြေအနေမှ ထွက်လာနိုင်ပါသည်။ နှစ်နိုင်ငံဆက်ဆံရေးမှာလည်း အားကောင်းစွာဆက်လက်တည်ရှိနိုင်ခဲ့ခြင်းကြောင့် တရုတ်သည် မြန်မာ နိုင်ငံ၏အရေးအပါဆုံး မပာာမိတ်ဖြစ်သည်ပာုဆိုလျှင် တရားမျှတသည်ပာု ဆိုရမည်ဖြစ်ပါသည်။

နိုင်ငံတကာ နိုင်ငံရေး အခြေအနေသည် အမြဲတစ်စေပြောင်းလဲနေပြီး ခန့်မှန်းရခက်သည့် သဘောဖြစ်ပါသည်။ တရုတ်သည် နိုင်ငံရေးအရလည်း ကောင်း၊ စီးပွားရေးအရလည်းကောင်း နိုးထလာရာတွင် အမေရိကန်သည် ကမ္ဘာကြီး၌ ၎င်းတစ်နိုင်ငံတည်း အားကောင်းစွာထိန်းချုပ်ထားနိုင်ရေးကို ရည်ရွယ်၍ အာရှ-ပစိဖိတ်ဒေသသို့ပြန်လာရန် မပာာဗျူပာာကို အစပြုခဲ့ပါသည်။ ဤတစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံသည် အမေရိကန်၏ နိုင်ငံရေးအစီ အစဉ်တွင် ပါဝင်လာပြန်ပါသည်။ ၂၀၀၉ ခုနှစ်တွင် အမေရိကန်လူမျိုး John Webb သည်မြန်မာနိုင်ငံသို့ ဆယ်စုနှစ်အတွင်း ပထမဆုံးသွားရောက် နိုင်ခဲ့ပါ သည်။ ထို့နောက်တွင် အမေရိကန်သည် ဆီနိတ်တာများ၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများကို မကြာခဏ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ ပီာလာရီကလင်တန် မြန်မာနိုင်ငံသို့သွားရောက်အပြီး တစ်နှစ်အကြာတွင် သမ္မတ Obama မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပါသည်။

သမိုင်း၏ ဖြစ်ရပ်များအရ တရုတ်နိုင်ငံမတည်ငြိမ်သည့်အခါတိုင်း အမေရိကန်သည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို အရေးတကြီးအလေးပေး သည့်သဘောရှိသည်ကို ပြဆိုနေပါသည်။ တရုတ်နိုင်ငံ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်နေသည့်အချိန်များတွင် မြန်မာနိုင်ငံကလည်း ရှုတ်ထွေးနေသည့် အချိန်၌ အမေရိကန်သည် မြန်မာနိုင်ငံမှ ဖယ်ခွာနေလေ့ရှိပါသည်။ ယခု တရုတ်က နိုးထအလာ၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းလာချိန်တွင် အမေရိကန်တို့နီးစပ်မှုရှိအောင် ကြိုးစားလာပါသည်။

ဆက်ဆံရေးတွင် ထာဝရရန်သူမရှိ။ မိတ်ဆွေသာရှိပါသည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ အမေရိကန် နှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခွင့်ရှိပါသည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်နှင့်ဆက်ဆံရေး လုံးဝရပ်ရမည်ပာု ဆိုလိုခြင်း မပာုတ်ပေ။ ပြီးခဲ့သည့်နှစ်ပီာလာရီကလင်တန်မလာရောက်မီ ကာကွယ်ရေးဦစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင်တရုတ်သို့သွားရောက်ခဲ့ခြင်းကသက်သေ ပင်ဖြစ်ပါသည်။ ယခုနှစ် စက်တင်ဘာကလည်း သမ္မတဦးသိန်းစိန်သည် အမေရိကန်သို့မသွားရောက်မီ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပါသည်။ တဖန် သမ္မတ Barak Obama မြန်မာနိုင်ငံသို့မလာမီ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်နိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပါ သည်။ ထိုအဖြစ်အပျက်များက ပြဆိုသည်မှာ တရုတ်သည် မြန်မာနိုင်ငံအတွက် အရေးပါသော မပာာမိတ်ဖြစ်နေဆဲဆိုသည်ကို ကောက်ယူနိုင်ပါသည်။

အမေရိကန်-မြန်မာဆက်ဆံရေး လျင်မြန်စွာတိုးတက်လာနေသည်ဆိုသော်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်သည် တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးစွာတည်မှီနေဆဲဖြစ်ပါသည်။(စာရေးသူသည် မြန်မာတရုတ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တရုတ်ဘာသာသတင်းစာ Golden Phoenix မှအယ်ဒီတာဌာနမှူးဖြစ်ပြီး၊ ရှဲန်ပိာုင်းရှိ Fudan တက္ကသိုလ် သတင်းစာပညာဘွဲ့လွန်ကျောင်းသားဖြစ်ပါသည်။ ၎င်းက တရုတ်ဘာသာ ဖြင့်ရေးသားသည်ကို Li Bin ကအင်္ဂလိပ်ဘာသာ ပြန်ဆိုထားခြင်းဖြစ်ပါသည်)

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နိုင်ငံရေးသတင်း

  1. လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမှုကြမ်းရေးဆွဲ
  2. NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား
  3. ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့မှ ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေး (ICDP) စီမံကိန်းများကိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                ယင်းနှစ်ခုပူးပေါင်း၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်းများအပြင် ဝေးလံမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး (CDRT)  စီမံကိန်းများကူးပြောင်းခြင်း အစီအစဉ် များနှင့် UNDP ဆိုင်ရာ အစီအစဉ်သစ်များကို ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၁၅ ထိတိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၆ ရက်နေ့များတွင် UNDP မှ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံ ဆွေးနွေးပွဲများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ဆောင်ရသည့် ရည်ရွယ်ချက်များ၊ နည်းဗျူပာာ၊ ရရှိသည့်ရလဒ်များ၊ အသုံးစရိတ်ဆိုင်ရာများ၊ သင်ခန်းစာအတွေ့အကြုံများ၊ ၂၀၁၃ မှ ၂၀၁၅ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံလုံးဆိုင်ရာ အစီအစဉ်သစ်များနှင့် ပတ်သက်၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်း (CDRT) တို့အပေါ် ကူးပြောင်းဆောင်ရွက်မည့် အစီအစဉ်များ ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေှးနှင့် ဆင်းရဲချို့တဲ့မှု လျှော့ချရေးဆောင်ရွက်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်များ၏ နည်းပညာ များလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမှုကြမ်းရေးဆွဲ

နိုင်ငံတော်သမ္မတ၏ အမိန်အာဏာနှင့် ဖွဲစည်းထားသော လူအခွင့်အရေး ကော်မရှင်မှ အမျိုးသားလူအခွင့်အရေး ဆိုင်ရာဥပဒေမှုကြမ်းတစ်ရပ်ကို ရေးဆွဲပြီးဖြစ်၍ သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ကိုလူအခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ပြောကြား ကြောင်းသိရသည်။

                လုပ်ပိုင်ခွင့်များကို တိကျပြတ်သားစွာ လုပ်နိုင်ရန်နှင့်လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့်ပုးပေါင်းဆောင်ရွက် ရာတွင်အဆင်ပြေရန်အတွက်ဥပဒေ ရေးဆွဲရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်မိမိတို့၏ လူ့အခွင့်အရေးနှင့်ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုသိရှိပြီး ကော်မရှင်သို့ တိုင်းတန်းလာပါက ထိရောက်စွာဖြေရှင်းပေးနိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲ၍ တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။

ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးပါက စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်လုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေး ကော်မရှင်သည် အဖွဲ့ဝင် ပုံစံနှင့် ဖွဲ့စည်းပုံပြောင်းသွားနိုင်ကြောင်း၊ အရင်လုပ်ထုံးလုပ်နည်းကျွမ်းကျင်သော လူဟောင်းများပြန်ပါလာနိုင်သလို လူသစ်များလည်း ပါဝင်နိုင်ကြောင်းကို အဆိုပါကော်မရှင်မှ အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောကြားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် မတ်လ ၁၅ရက်တွင် ဝန်ကြီးဌာနအသီသီးမှ ဝန်ထမ်း ၂၂ ဦးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ကို လွှတ်တော်မှဥပဒေပြုဖွဲ့စည်းထားခြင်း မဟုတ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်မှ ဗဟိုအဖွဲ့တွင်ထည့်ထားခြင်းနှင့် အသုံးစရိတ် ပယ်ဖြတ်ရန် ၁၆ရက် မတ်လ ၂၀၁၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

YC

---------------------------------------------------------------------------------

NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဗပာိုညီလာခံကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် ရပ်/ကျေးညီလာခံများကျင်းပနိုင်ရန် ညီလာခံကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင်များရွေးချယ်ရာတွင် ညီလာခံစီမံချက်နှင့် ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီနှင့် သွေဖီခြင်းများရှိပါအသိအမှတ် မပြုကြောင်း NLD ဗပာိုမှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် NLD ပါတီ၏မြို့နယ်ရုံးခွဲအချို့တွင် ရပ်/ကျေးညီလာခံကျင်းပနိုင်ရေး ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရာ တွင် ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် ယင်းဒေသများတွင် NLD ပါတီအား ပါတီဝင်များမှ ပြန်လည်ဆန္ဒထုတ်ဖော်ခြင်း၊ ရွေးချယ်ထားသူများအား ကန့်ကွက်ခြင်းနှင့် ပါတီဝင်များနုတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။

ထိုသို့ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် NLD ပါတီဝင်များအနေဖြင့် ဗပာိုကော်မရှင်ထံသို့ စာရေးအကြောင်းကြားခြင်း၊ ဒေါ်အောင်ဆန်း စုကြည်ထံသို့ စာပေးပို့ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ဗပာိုမှသိရှိနိုင်စေရန်ဆောင်ရွက်ခဲ့သည့်အတွက် NLD ဗပာိုမှ တာဝန်ရှိသူအချို့ကယင်း ဒေသများတွင် သွားရောက်မှတ်တမ်းယူခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ်(၄၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ (၄၃)နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------------------------

ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် နိုင်ငံရေးပါတီများအနေဖြင့် တပ်မတော်နှင့် အတူတကွပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်အား ဘေးဖယ်မထားသင့်ကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက  ယခင်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်ဦးကပြောကြား ကြောင်းသိရသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်အား ကာကွယ်စောက်ရှောက်ရန် တပ်မတော်မှာ မရှိမဖြစ်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တပ်မတော်သားများနှင့် နီးစပ်အောင်ကြိုးစားနေကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း တိုင်းပြည်မှ ပေးအပ်သောတာဝန်ကို စွမ်းစွမ်းတမံဆောင် ရွက်သင့်ကြောင်း၊ ပြည်သူများမှဂုဏ်ယူရသော တပ်မတော်ဖြစ်အောင် ကြိုးစားလုပ်ဆောင်သင့်ကြောင်းတို့ကို လည်းကောင်းက ပြောကြားကြောင်းသိရ သည်။

တပ်မတော်အပေါ်တွင်အတိုက်အခံ နိုင်ငံရေးပါတီများအနေဖြင့် ယခင်အစိုးရအဆက်ဆက်ကိစ္စရပ်များနှင့် ပတ်သက်ပြီးပြောဆိုမှုများကို ယခု လက်ရှိအချိန်တွင် ထိန်းသိမ်းသင့်ကြောင်း၊ ယခုကာလတွင် အတိတ်မှဖြစ်ပျက်မှု များကိုသင်ခန်းစာယူပြီး လိုအပ်သည်များကို ကြိုးစားပြုပြင်ရင်း တိုင်းပြည်အနာဂါတ် ကောင်းမွန်အောင်ဝိုင်းဝန်းလုပ်ဆောင် သင့်ကြောင်း ဆက်လက်၍ တိုက်တွန်းပြောကြားကြောင်းသိရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ဒီရဲသတင်းပေးကိစ္စက လွှတ်တော်မှာမမေးလို့မရဘူး။ ဘာလို့လဲဆိုတော့ နေရာတိုင်းလိုလိုမှာ သတင်းပေး (In Formef) တွေကို ပြည်သူတွေက ကြောက်နေရတယ်။ ကြောက်တယ်ဆိုတာကလည်း ရွှံကြောက်ကြောက်တာပါ။ ဒီဘက်ခေတ် ရဲသတင်း ပေးတွေက အင်္ဂလိပ်ခေတ်တို့၊ ဂျပန်ခေတ် တို့ကလိုအလိုတော်ရှိပုံစံမျိုးနဲ့ ပြည်သူကိုအနိုင်ကျင့်ဒုက္ခပေး မလိုရင်မလိုသလိုရဲနဲ့ အတို့အထောင်လုပ်ပြီး ရဲယောင်ယောင်နဲ့ ရိုက်စစ်သေးတာတို့ဘာတို့ လုပ်နေတယ်။ ဒါကို ဝန်ကြီးဌာနက တိုက်ရိုက်ခန့်ထားတာလားဆိုတာ လာမယ့်လွှတ်တော်အစည်းအဝေး ပြန်စရင်မေးမှာပါ။ အဓိကကတော့တာရား ဥပဒေ စိုးမိုးရေးအတွက်ပါ”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၀) တွင်ပါရှိသော “ရဲသတင်းပေးကိစ္စများ လွှတ်တော်တွင် မေးခွန်း ထုတ်မည်” သတင်းမှ ပြည်သူလွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဒေါ်လဲ့လဲ့ဝင်းဆွေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------

“ဘာပဲဖြစ် ဒီအချိန်မှာတော့ဘယ်သူမှ အပြစ်မရှိဘူးလို့ တရားဥပဒေရဲ့ သဘောတရားအရ ဒီလိုပဲသက်မှတ်မယ်။ စုံစမ်းပြီးတော့မှသက်သေအစုံအလင်နှဲ့ ဘယ်နေရာမှာအပြစ်ရှိတယ်ဆိုတာကို မြင်ရင်မြင်သလိုပြောပါမယ်။ တရားဥပဒေနဲ့ ပြောတယ်ဆိုတာမှန်းခြေနဲ့ ပြောလို့မဖြစ်ပါဘူး။ လူတိုင်းမှာသံသယရဲ့ အကျိုးကိုခံစားခွင့်ရှိပါတယ်”

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Myanmar Times Journal အတွဲ (၃၀) အမှတ် (၅၉၉) တွင်ပါရှိသော “တိုင်းသူပြည်သားများအတွက် အကောင်းဆုံးအကြံပြုချက်တွေတင်ပြမည်” သတင်းမှလက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------

“မြန်မာပြည်တွင်းမှာ တွင်ကျယ်နေတဲ့ တရားရေးချစား မှုတွေဟာဘယ်အချိန်ကစပြီး အမြစ်တွယ်ခဲ့ပါသလည်း၊ ပြီးတော့ ဘယ်အရာအခြေခံပြီး တရားရေးချစားမှုတွေ တွင်ကျယ်ခဲ့ပါသလည်း။

လက်ပေးလက်ယူတာ အရင်ကတည်းကရှိပါတယ်၊ ပါတီကောင်စီခေတ်တုန်းကလည်း ပါတီကောင်စီထိန်းကျောင်းမှုနဲ့ တရားစီရင်ခဲ့တာတွေလည်း ရှိတာပဲ။ အဲ့ဒီကတော့လက်ပေးလက်ယူမှုဆိုတာ ရှိတန်သလောက်တော့ရှိတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လောက်မကျယ်ပြန့်ဘူး။ န.ဝ.တ အစိုးရ လက်ထက်ရောက်မှဆိုးလာတာ။ ယခင်နဲ့ န.ဝ.တ အစိုးရအာဏာ သိမ်းပြီးနောက်နဲ့ယှဉ်လိုက်ရင် ဒီဘက်ခေတ်ကပိုဆိုးတယ်။ ပြောရရင်ဆိုက်ကား သမားတောင် တရားသူကြီးဖြစ်နိုင်တဲ့ ခေတ်ထက်ဥပဒေဘွဲ့ရတွေ တရားသူကြီးဖြစ်တဲ့ခေတ်ဆိုရင် ဥပဒေစိုးမိုးမှုပိုအားကောင်းလာမယ် လို့ထင်ခဲ့တာ။ ဒါပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာဘူး။ ပြောရရင်ခြစားမှုတွေ အမြစ်စတွယ်တယ်ဆိုတာထက် ပိုပြီးကျယ်ပြန်လာတာကတော့ န.ဝ.တ ခေတ်ကစတာပဲ။ နောက်ခြစားမှုတွေကဘယ်အရာကိုအခြေခံသလည်းဆိုတော့ န.ဝ.တ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနဲ့ သွားရတာဆိုတော့ အဲ့ဒီစစ်အုပ်ချုပ် ရေးအပိုင်းက တရားစီရင်ရေးအပိုင်းကို လွှမ်းမိုးချုပ်ကိုင်လာတာကနေ စအခြေခံတာပဲ။ အဲ့ဒီမှာ တရားစီရင်ရေးအာဏာကို ကိုယ်ပိုင်စီးပွားသဖွယ်အသုံးပြု လာတယ်။ အဲ့ဒါတွေကအခြေခံတယ်လို့ ယူဆရပါတယ်”  

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၀) တွင်ပါရှိသော “တရားစီရင်ရေးအာဏာကို ကိုယ်ကျိုးအတွက် တရားသူကြီးတွေသုံးခဲ့လို့ တရားရေးမဏ္ဍိုင်ယိမ်းယိုင် ရတာပါ” အင်တာဗျူးမှ ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive