Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 9th April 2010

မြန်မာ စစ်ဖက် အစိုးရသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကြံဥာဏ်ကို မကြာခဏ တိုက်ရိုက် ဆန့်ကျင်ကာ လျစ်လျူရှုလျက် ရှိသော်လည်း မြန်မာ ခေါင်းဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းမည့် မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဟု အိုဘားမား အစိုးရက ယနေ့ ပြောကြားလိုက်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ဆွေးနွေး နေပါတယ်" ဟု ပြည်သူ့ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး PJ Crowley က ပြောကြားသည်။ "ဒေသတွင်း တခြား နိုင်ငံတွေ ကလည်း မြန်မာနဲ့ ဆွေးနွေး နေပါတယ်။ အာဆီယံ အဖွဲ့လည်း အပါအဝင်ပေါ့" ဟု ၎င်းက ဆိုသည်။

အိုဘားမား အစိုးရသည် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ နှင့်လည်း မြန်မာနိုင်ငံ အရေးကို ဆွေးနွေးနေသည်ဟု Crowley က ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

"ဒေသတွင်း တည်ငြိမ်မှု ရရှိဖို့ နိုင်ငံတိုင်းက စိတ်ဝင်စားမှု ရှိနေပြီး၊ အထီးကျန် အပယ်ခံ ဘဝကနေ မြန်မာနိုင်ငံ ရုန်းထွက်တာကို မြင်ချင်ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သေချာတဲ့ အချက်က မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်ရမယ့် အဆင့်တွေ ကျန်နေပါသေးတယ်။ ဒေသတွင်း ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ဆက်လုပ်ပြီး မြန်မာနိုင်ငံ အပေါ် အလားတူ ထင်မြင်ချက် ပေးတဲ့ သူတိုင်းကို တိုက်တွန်း အားပေး သွားမှာပါ" ဟု Crowley က ရှင်းလင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ အပေါ် လေးစားမှု ပြသသည့် အမေရိကန် မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယခင်နှစ်က စတင် ကျင့်သုံးခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တပြိုင်နက် ကျင့်သုံးမည့် အစီအစဉ်များ ပါဝင်သည်။

အမေရိကန် ပြည်ထောင်စုသည် မူဝါဒ အသစ်ကို ကြေညာပြီး နောက်ပိုင်း မြန်မာ စစ်ဖက် အစိုးရ နှင့် နှစ်ကြိမ်တိုင် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ ကာလ အတောအတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ လာမည့် ရွေးကောက်ပွဲများ လွတ်လပ် မျှတရေး နှင့် လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်ရေး အပေါ် မျှော်လင့်ချက် ထားနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကို မြန်မာ အစိုးရက မလိမ့်တပတ်ဖြင့် လှည့်စားခဲ့သည်။

Crowley ၏ အဆိုအရ နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်ရန် ရက်သတ်မှတ်ထားခြင်း မရှိဟု သိရသည်။

ဗီယက်နမ် နိုင်ငံ ဟနွိုင်းတွင် ယနေ့ ဖွင့်လှစ်မည့် ၁၆ ကြိမ်မြောက် အာဆီယံ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ကိစ္စများ ဆွေးနွေးရန် အာဆီယံ အဖွဲ့ဝင်များက စီစဉ်ထားသည်။

အဓိက အတိုက်အခံ ပါတီနှင့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိသော အတုအယောင် ရွေးကောက်ပွဲ တစ္ဆေသည် အာဆီယံ အဖွဲ့ကို သိက္ခာချရန် ခြိမ်းခြောက်လျက် ရှိပြီး၊ မြန်မာ အစိုးရ အပေါ် ဖိအားများများ ပေးရန် မမျှော်လင့်နိုင်သည့် အာဆီယံ အဖွဲ့ကို စွမ်းရည်မဲ့ အဖွဲ့အစည်း အဖြစ် ပြစ်တင်ခံရအောင် နောက်တစ်ကြိမ် ပြုလုပ်ဦးမည် ဖြစ်သည်။

ဟနွိုင်းတွင် မိန့်ခွန်း ပြောကြားသော စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo သည်လည်း အာဆီယံ အဖွဲ့ဝင် အများစု၏ ခြံစည်းရိုးပေါ် ခွထိုင်နေသော သဘောထားကို ဖော်ပြခြင်းသာ ဖြစ်ပုံရသည်။

"ဒါက စိတ်ပျက်စရာ ကိစ္စ တစ်ခုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရွေးကောက်ပွဲ ဥပဒေက ပညာပြ ဖော်ထုတ်လိုက်တဲ့ လမ်းကြောင်းကြောင့် ပါပဲ။ NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး" ဟု Yeo က ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တကယ်လို့ တရုတ်နဲ့ အိန္ဒိယက မြန်မာနဲ့ ဆက်ပြီး ဆွေးနွေးနေတုန်း ဆိုရင် ကျွန်တော်တို့လည်း ဆွေးနွေးရုံပဲပေါ့" ဟု သုံးသပ် ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, By Simon Roughneen, 8th April 2010

ချက်သမ္မတ နိုင်ငံသည် ကုလသမဂ္ဂ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ojea Quintana တင်ပြသော အကြံပြုချက်ကို ထောက်ခံသည့် တတိယမြောက် နိုင်ငံ ဖြစ်လာခဲ့ပြီး ထိုအကြံပြုချက် အရ မြန်မာနိုင်ငံတွင်းမှ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အပေါ် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် လုံခြုံရေး ကောင်စီအား လေ့လာ သုံးသပ်ရန် တိုက်တွန်းထားသည်။

"စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ ဖြစ်နိုင်ချေကို အသေအချာ လေ့လာ သုံးသပ်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်" ဟု ဧရာဝတီသို့ ပေးပို့သော ကြေညာချက်တွင် ချက် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

တိုင်းရင်းသား မျိုးနွယ်စု အရပ်သားများ အပေါ် နိုင်ငံရေး ဖိနှိပ် ချုပ်ချယ်မှုနှင့် စစ်ရေး တိုက်ခိုက်မှုများ ကြီးမားစွာ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် ရောမမြို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ဥပဒေ စည်းမျဉ်းများက သတ်မှတ်ထားသည့် နိုင်ငံတကာ ရာဇဝတ်မှုများတွင် အကျုံးဝင်လျက် ရှိသည်ဟု ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် အန္တရာယ် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသောကြောင့် စိုးရိမ် ပူပန်မှုများ ရှိနေကြောင်း နှင့် မြန်မာ အစိုးရ၏ ဒီမိုကရေစီ လမ်းညွှန် မြေပုံ အကျိုး သက်ရောက်မှုမှာလည်း မေးမွန်း ထုတ်စရာ ဖြစ်နေသည်ဟု ဆက်လက် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်ပင် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် Free Burma Rangers FBR နှင့် မိတ်ဆွေများက ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်အား ထင်ရှားစွာ ထောက်ခံသူ ချက်သမ္မတဟောင်း Vaclav Havel ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။ FBR က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာကို "နေစရာမဲ့ ကလေးသူငယ်များ" ဟု ခေါင်းစဉ် ပေးထားပြီး နိုင်ငံ အရှေ့ပိုင်းရှိ အစိုးရ စစ်တပ်များ၏ လက်ထဲတွင် ကလေးသူငယ်တို့၏ ဘဝမှာ သေဆုံးခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ လစ်လျူရှု ခံရခြင်းများဖြင့် ထိခိုက် ခံစားနေရမှုများကို ဖော်ပြထားသည်။

ယင်း အစီရင်ခံစာကို ကိုးကား ထုတ်ပြန်သော Havel ၏ ကြေညာချက်တွင် "မြန်မာ အာဏာပိုင်များက ၎င်းတို့၏ ပြည်သူများ အပေါ် ရက်စက် ကြမ်းကြုတ်မှုများကို လွတ်လွတ်လပ်လပ် ပြုမှုနေပုံကို ထိတ်လန့် တုန်လှုပ်မိသည်။ အနေအထားများ အဆိုးဆုံးသို့ ရောက်ရှိနေသည်ကိုလည်း အမှန်တကယ် စိုးရိမ် နေသည်။ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ အစိုးရက ရွေးကောက်ပွဲ အတွက် ပြင်ဆင်မည့် နှစ်ကုန်ပိုင်းတွင် ပိုဆိုးလာမည် ဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်များကိုလည်း ပြည်သူများက ဆုံးဖြတ်မည် မဟုတ်ဘဲ ၎င်းတို့ (အစိုးရ) ကသာ ဆုံးဖြတ်မည် ဖြစ်သည်" ဟု ဖော်ပြ ပါရှိသည်။

Havel က ၎င်း၏ ကြေညာချက်တွင် ဆက်လက်၍ "မြန်မာ ပြည်သူများမှာ ယနေ့အထိ ခံစားနေရဆဲ ဖြစ်သည်။ အဖိနှိပ် ခံရသူများဘက်မှ ရပ်တည်ရမည်မှာ မိမိတို့ တာဝန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည် ရရှိမည်" ဟု မိမိ မျှော်လင့်သည်။ တိုင်းရင်းသား ပြည်သူများသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် ရင်းနှီး မြှုပ်နှံထားမှုကြောင့် ထိုကလေးသူငယ်များ ကြီးပြင်းလာသည့်အခါ လွတ်လပ်၍ ပြည့်စုံသော ဘဝများ ဆီသို့ ဦးဆောင် နိုင်လိမ့်မည် ဟု ပြောကြားထားသည်။

ယခု သတင်းကို ကြိုဆိုလိုက်သော Burma UK Campaign မှ ဒါရိုက်တာ Mark Farmaner က "စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုပြီးနောက် စစ်မှန်သော လှုပ်ရှားမှုဖြင့် အရှိန်မြှင့် နိုင်ခဲ့သည်" ဟု ပြောကြားခဲ့သည်။

Mr. Ojea Quintana ၏ အကြံပြုချက်ကို သြစတြေးလျ နှင့် ဗြိတိန်က ထောက်ခံ ခဲ့ပြီးနောက် ယခု တတိယနိုင်ငံ အဖြစ် ချက်သမ္မတနိုင်ငံက ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ဘန်ကောက်မှ နိုင်ငံရေး ကောင်စစ်ဝန် George Kent ၏ အစီရင်ခံစာကို ကိုးကား၍ အမေရိကန် ကလည်း "Quintana ၏ အကြံပြုချက်မှာ နီးစပ်လာပုံ ရသည်" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရေး လောကကို အဓိက လွှမ်းမိုးထားသော နိုင်ငံရေး ပါတီ ဖြစ်သည့် NLD က လာမည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီး ရက် အနည်းငယ် အကြာတွင် "ချက်" နိုင်ငံ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရည်ညွှန်း၍ "အခု ရွေးကောက်ပွဲဟာ သူ့ရဲ့ အာဏာရှင် အုပ်ချုပ်ရေး တရားဝင်အောင် လုပ်တဲ့ ရွေးကောက်ပွဲ အတု ဆိုတာထက် ပိုစရာ မရှိပါဘူး" ဟု ပြောကြားခဲ့သူ Farmaner က ဆက်လက်၍ "သူဟာ ရာဇဝတ်သား တစ်ယောက် ဖြစ်ပြီး သံတိုင်တွေ နောက်မှာ ရောက်နေသင့်တဲ့ လူတစ်ယောက်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်လှန့် နှိုးဆော်မယ့် အချိန်က ဒီနှစ်ထဲမှာ ရောက်လာလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ချာတာအပေါ် မြန်မာနိုင်ငံက ချိုးဖောက်သည့် ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ဒေသတွင်း နိုင်ငံများကို တိုက်တွန်းလိုက်ကြောင်း ဗီယက်နမ်မှ လာသော သတင်းများအရ သိရသည်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် နှစ်ရက်တာမျှ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။  မြန်မာနိုင်ငံသည် အာဆီယံ ချာတာ၏ လူ့အခွင့်အရေး ဆိုင်ရာ သတ်မှတ် ပြဋ္ဌာန်းချက်များကို လုံးဝ မလိုက်နာဘဲ စနစ်တကျ ချိုးဖောက်လျက် ရှိကြောင်း၊ ထို့ကြောင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း အဆိုပါ ချိုးဖောက်မှုအား အလျင်အမြန်နှင့် အရေးပေါ် ကိစ္စအဖြစ် တင်ပြ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် (လူ့အခွင့်အရေး) အဖွဲ့၏ အာရှဒေသ ဆိုင်ရာ အစီအစဉ် ဒုတိယ ဒါရိုက်တာ Donna Guest က ပြောကြားသည်။

အဆိုပါ လူ့အခွင့်အရေး ဆိုင်ရာ တောင်းဆိုချက်ကို မြန်မာနိုင်ငံ အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ခေါင်းဆောင်များသို့ ထိပ်သီး အစည်းအဝေး အမီ တိုက်တွန်းခဲ့သည်ဟု သိရသည်။

လူ့အခွင့်အရေးနှင့် ပတ်သက်၍ တက်ကြွစွာ လှုပ်ရှားသူများ၊ လူနည်းစု တိုင်းရင်းသားများ၊ နိုင်ငံရေးအရ အစိုးရနှင့် သဘောထား ကွဲလွဲ ဆန့်ကျင်သူများအား အဆက်မပြတ် တိုးမြှင့် ဖိနှိပ်မှုများသည် တစ်နေ့ထက်တစ်နေ့ လွန်စွာ ဆိုးရွားလျက် ရှိသည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။

မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေကို ချမှတ်ကာ လူအများအား ရွေးကောက်ပွဲ ဝင်ခွင့် မရရှိအောင် ဖိနှိပ် ပိတ်ပင်လျက် ရှိသည်ဟု ဆိုသည်။ ထိုသို့ ဖိနှိပ် ပိတ်ပင်ခံရသူများတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။

အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးမှုများသည် အဓိပ္ပာယ် ပြည့်ဝသည်ဟု ထင်ရှား ကျော်ကြားခဲ့သော်လည်း အကယ်၍ မြန်မာနိုင်ငံ ဆိုင်ရာ ပြဿနာများ ဖြစ်သော ဖိနှိပ်မှုမှ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေး စသည်တို့ကို အလေးမထားပါက အာဆီယံ၏ ဂုဏ်သိက္ခာ ကျဆင်းမည် ဖြစ်ကြောင်း Donna Guest က ပြောကြားသည်။

'အာဆီယံချာတာ' အပိုဒ် ၂၀ (၄) တွင် ဖော်ပြချက်အရ အကယ်၍ ချာတာ သို့မဟုတ် ပြဋ္ဌာန်းချက်များကို မလိုက်နာဘဲ ဖောက်ဖျက်ပါက ယင်းကိစ္စကို အာဆီယံ ထိပ်သီး အစည်းအဝေးက အဆုံးအဖြတ် ပေးရမည် ဟူ၍ ဖြစ်သည်။ အဖွဲ့ဝင် ၁၀ နိုင်ငံက မြန်မာနိုင်ငံအား ဖောက်ဖျက်မှုများကို ရပ်ဆိုင်းရန်၊ လှုပ်ရှား တက်ကြွသူများ၊ အထူးသဖြင့် တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများအား ဖိနှိပ်ခြင်းများမှ ရပ်တန့်ရန် ယင်း လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က တင်ပြခဲ့သည်။

ထို့ပြင် အာဆီယံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသမား ၂၂၀၀ ခန့် လွတ်မြောက်ခွင့် ပေးရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

"ဒီထိပ်သီး အစည်းအဝေးပွဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှား စတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုအတွက် တောင်းဆိုနိုင်တဲ့ အခွင့်အရေးတွေ ရရှိကြမှာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြစ်တင် ရှုတ်ချချက် တွေကိုလည်း ထုတ်ပြန်နိုင်မှာပါ" ဟု Donna Guest က ဆိုသည်။

Mizzima သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၂၀၁၀ ဧပြီတွင် ပြုလုပ်မည့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် မြန်မာနှင့် ပတ်သက်သော အစီအစဉ် မပါရှိသည့် အတွက် ယင်းကောင်စီဆိုင်ရာ ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ ကိုယ်စားလှယ် ယူကီယို တာကာစုက မြန်မာရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ရကြောင်း ပြောကြားလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ မဝင်ရောက်ဘဲ သပိတ်မှောက်သည့် ကိစ္စ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျ နိုင်ငံရေးသမားများ ကိစ္စနှင့် ပတ်သက်၍  အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် ကိုယ်စားလှယ်များက မစ္စတာ ယူကီယိုတာကာစုအား မေးမြန်းရာ ၎င်းက "ဒီအထွေထွေ ရွေးကောက်ပွဲကို လုပ်ပေးမယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသမားတွေ ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာကိုတော့ မပြော နိုင်သေးပါဘူး။ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ အရတော့ ပါဝင်နိုင်ဖို့ မလွယ်ဘူး" ဟု ပြောဆိုသည်။

"ကျွန်တော်တို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး သိပ်ပြီး စိတ်မကောင်း ဖြစ်မိတာ အမှန်ပါ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး အိုကာဒါဟာ မြန်မာနိုင်ငံရဲ့ အကြီးတန်း အတွင်းရေးမှူး တစ်ယောက်နဲ့ ဆက်သွယ် ပြောဆိုပြီးပါပြီ" ဟုလည်း ၎င်းက ဆိုသည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ယင်းမြန်မာနိုင်ငံ ဆိုင်ရာ ကုလ သံတမန် အီဗရာဟင် ဂမ်ဘာရီအား မူလနေရာတွင် ပြန်လည် ထားရှိရန် ကြိုးပမ်းလျက် ရှိရာ ကုလသမဂ္ဂအတွက် အံ့သြဖွယ်ရာ တစ်ခု ဖြစ်နေသည်။

ကုလသမဂ္ဂသို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး နောက်ပိုင်း ဂမ်ဘာရီ နေရာတွင် ဗီဂျေနမ်ဘီးယားအား အစားထိုး ခန့်အပ်မည့် ကိစ္စကို မြန်မာ ရွေးကောက်ပွဲ ပြီးသည့် တိုင်အောင် ရပ်ဆိုင်းထားသည် ဟုလည်း အချို့က ပြောဆိုကြသည်။

ကုလ အထွေထွေ အတွင်းရေးမှူး၏ လုပ်ဆောင်ချက်များသည် များစွာ ထိရောက်မှု ရှိသည်။ သူသည် မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာအစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။ ဂျပန်နိုင်ငံ အပါအဝင် အားလုံး၏ ထောက်ခံမှုကိုလည်း ရယူနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်ရာ၌ အောင်မြင် တိုးတက်မှုများ ရှိသည်ကို တွေ့ရသည်။

မကြာသေးခင်က မြန်မာ စစ်အစိုးရ ခေါင်းဆောင်ကြီး ကိုယ်တိုင်ပင် ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတမှု ရှိစေမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော် နိုင်ငံရေးသမားများ ပါဝင်ပြီး ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ ဖြစ်ရန်လည်း လိုအပ်သည်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ထွက်ပေါ်လာသောအခါ အချို့ ပြည်သူများမှာ ဥပဒေအရ ဘောင်မဝင်ဘဲ ဖြစ်သွားရသည်။ ဤသို့သော အနေအထားများသည် ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေမည့် အခြေခံကောင်း တစ်ခု မဟုတ်ပေ။

ဂျပန်နိုင်ငံ အနေဖြင့် ယင်းကိစ္စကို အလေးအနက် ထားရှိပြီး များစွာ စိတ်ထိခိုက်ရကြောင်း ပြောဆိုသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရုံဖြင့် မပြီးသေးဘဲ ဥပဒေကြောင်းအရ အဟန့်အတားများ ဖြစ်စေခြင်းသည်လည်း မလိုလားအပ် ဟုဆိုသည်။ ယင်းသို့ စိတ်မကောင်း ဖြစ်ရသည်ကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာအစိုးရ၏ ထိပ်ပိုင်း အာဏာရှင်များ ဆီသို့ ဆက်သွယ် မှာကြားခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 8th April 2010

ယခုကဲ့သို့ ပိုးသား လမ်းမကြီးများ မပေါ်ပေါက်မီ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ကျော်ကတည်းက အာရှ၏ ကူးသန်း ရောင်းဝယ်ရေးတွင် သယ်ယူ ပို့ဆောင်ရေး၌ ကုန်းပိုင်း မဟုတ်ဘဲ ကမ်းရိုးတန်း တလျှောက်၊ ကျွန်းချင်း ဆက်ကာ ပင်လယ်ကို အသုံးပြုခဲ့ ကြရသည်။ အစ ပထမတွင် လေကို အသုံးပြု ရွက်လွှင့်ခဲ့ပြီး၊ နောက်ပိုင်း ဒီဇယ်ဖြင့် မောင်းနှင်သော သင်္ဘောများကို အသုံးပြု လာကြသည်။ စစ်ပြီးခေတ် အာရှ၏ အံ့ဖွယ် ပုံပြင်တွင် ရေကြောင်း သွားလာရေးကို ထိပ်ဆုံးက ထည့်ပြောရမည် ဖြစ်သည်။ ပထမ ဦးဆုံး ဂျပန်၊ ထို့နောက် တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် နှင့် စင်္ကာပူ၊ နောက်ဆုံး မြောက်ကိုရီးယားနှင့် မြန်မာ မှလွဲ၍ အရှေ့တောင် အာရှနှင့် အရှေ့အာရှ နိုင်ငံ အားလုံးသည် ထုတ်ကုန် တင်ပို့မှုကို အခြေခံသော စီးပွားရေး ပုံစံကို ကျင့်သုံးလာ ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ နိုးထလာမှုသည် ပင်လယ် ရေကြောင်း သွားလာရေး၏ အကူအညီ မပါလျှင် ဘာမျှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အာရှ၏ အံ့ဖွယ် တိုးတက်မှုတွင် သင်္ဘောဖြင့် ကုန်သေတ္တာ သယ်ယူမှု ကဏ္ဍ မရှိလျှင် ယုံနိုင်ဖွယ် ရှိလိမ့်မည် မဟုတ်ပေ။

အာရှတိုက်၏ လုံခြုံရေး အတွက် စည်းမှာလည်း ရေမျက်နှာပြင်သည် ကျယ်ပြန့်စွာ ကာရံထားသည်။ ၁၉၄၁ မှ ၁၉၄၅ ထိ ပစိဖိတ် စစ်ပွဲကတည်းက အမေရိကန် ပြည်ထောင်စုသည် ရေတပ် အင်အားနှင့် သြစတြေးလျမှ ဂျပန်ထိ ကျွန်းအနားသတ် မဟာမိတ်များ မှတဆင့် ငြိမ်းချမ်းရေးကို တွန်းအား ပေးခဲ့သည်။ အမေရိကန်၏ လွှမ်းမိုးမှုကို စိန်ခေါ်မည် ဆိုလျှင် ပင်လယ်ပြင်မှာသာ ဖြစ်လိမ့်မည် ဖြစ်သည်။ တရုတ် နှင့် အိန္ဒိယတို့၏ စစ်ရေး ပါဝါ နိုးထလာမှုသည် ၎င်းတို့၏ ရေတပ်များ ကြီးမားစွာ တိုးပွားလာမှုကြောင့် ဖြစ်ပေသည်။

သို့သော် ဆစ်ဒနီရှိ Lowy Institute မှ Anthony Bubato နှင့် Malcolm Cook တို့က The American Interest တွင် ငြင်းချက် ထုတ်ရာ၌ အဆိုပါ ရှုထောင့်မှ အမြင်များသည် အသုံးဝင်မှု အကန့်အသတ်များကို ကျော်လွန်၍ တိုးပွားလာနေသည်ဟု ဆိုသည်။ အာရှတိုက် ကုန်းတွင်းပိုင်း နယ်မြေ ပိုင်နက် အတွက် ကုန်ကျစရိတ်များကို ပြန်လည် ပုံဖော်ရန် စတင်လိုသော ပြင်းပြသည့် ဆန္ဒအား မျက်နှာဖုံး စွပ်၍ တံဆိပ်ကပ်ခြင်းသာ ဖြစ်သည်။ နှစ်ဆယ် ရာစု တစ်ခုလုံး နီးပါး အာရှတိုက်၏ ကုန်းမြေ အများဆုံး ပိုင်ဆိုင်ကြသော အင်အားကြီး သုံးနိုင်ငံ ဖြစ်သည့် တရုတ်၊ အိန္ဒိယ နှင့် ယခင် ဆိုဗီယက် ယူနီယံ တို့သည် နိုင်ငံတကာနှင့် ဖလှယ်မှု အနည်းအကျဉ်းသာ ရှိပြီ၊ တိုက်ကြီးများ ကုန်းတွင်းပိုင်း တနံတလျား တိုးတက်မှုများမှာ မပြောပလောက်ပေ။ သို့သော် ယခု ပြောင်းလဲသွားပြီ ဖြစ်သည်။

အာရှတိုက် ကုန်းတွင်းပိုင်းကို ဖြတ်၍ မျဉ်းဖြောင့် ဆွဲသော လမ်းမသစ်ကြီးများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများ ထွက်ပေါ်လာပြီ ဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလက ကာဇက်စတန် နှင့် ဥဇဘက် ကစ္စတန် တို့ကို ဖြတ်၍ Turkmenistan မှ တရုတ်သို့ ကီလိုမီတာ ၇၀၀၀ (မိုင် ၄၄၀၀) ရှည်သော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို ဖွင့်လှစ်ခဲ့သည်။ ရုရှားနှင့် တရုတ်တို့သည် Russian Far East မှ တရုတ် အထိ ဒေါ်လာ ၂၅ ဘီလီယံ တန်ဖိုးရှိ ရေနံ ပိုက်လိုင်း စီမံကိန်းကို လုပ်ဆောင်နေသည်။ အီရန် - ပါကစ္စတန် ပိုက်လိုင်းကလည်း တည်ဆောက်လျက် ရှိပြီး တဖြည်းဖြည်း အိန္ဒိယ သို့မဟုတ် တရုတ် အထိ တိုးချဲ့ သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တောင်ကိုရီးယား နှင့် အိန္ဒိယတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းသို့ သဘာဝ ဓာတ်ငွေ့ ပို့လွှတ်ရေး အတွက် စီမံကိန်းကြီးကို အကောင်အထည် ဖော်လျက် ရှိသည်။

လမ်းမကြီးများ ကွန်ရက်များကိုလည်း တိုးချဲ့လျက်ရှိရာ တရုတ်နှင့် အိန္ဒိယ (အာဖကန်နစ္စတန်တွင်ပါ တိုးချဲ့လျက် ရှိသည်) တို့က ခေါင်းဆောင်ကြသည်။ မြေလမ်းများသာ ရှိသော မြန်မာနိုင်ငံကလည်း တရုတ်၏ အဝေးပြေး လမ်းမကြီး စီမံကိန်းတွင် ဝင်ရောက်လာသည်။ လမ်းမကြီး အသစ်များသည် မဲခေါင်မြစ် တလျှောက်ရှိ အိမ်နီးချင်း နိုင်ငံများကို တစ်စုတစ်စည်းတည်း ဖြစ်စေသည်။ ဗဟိုအာရှတွင်လည်း လမ်းဖောက်လုပ်မှု စီမံကိန်းများကို တွေ့ရလေသည်။

ရထားလမ်းများကလည်း အပြင်းပြဆုံး ဆန္ဒများကို ထင်ဟပ်သည်။ တရုတ်နိုင်ငံသည် ဟိမဝန္တာမှ တိဗက် လာဆာမြို့ အထိ ရထားလမ်းကို ဖောက်လုပ်ပြီး ဖြစ်ရာ ၂၀၀၆ ခုနှစ် ကတည်းက လူငါးသန်းကျော် စီးနင်းခဲ့ကြပြီး ဖြစ်သည်။ ယခု တရုတ်သည် ထိုရထားလမ်းကို နီပေါ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဘူတန် အထိ ဆက်လက် ဖောက်လုပ် လိုသည်။ ကျည်ဆံ ရထား အနေဖြင့် လက်ရှိ တရုတ်နိုင်ငံမှ  စတင် လုပ်ဆောင်နေမှုများသည် အရှည်ဆုံးနှင့် အမြန်ဆုံး ဖြစ်သည်။ တရုတ် အစို)