Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1.  မြန်မာ-အာဆီယံဆက်ဆံရေး အလှည့်အပြောင်း

****************************************

ဆောင်းပါးကဏ္ဍ

 မြန်မာ-အာဆီယံဆက်ဆံရေး အလှည့်အပြောင်း

ရဲထွဋ်

(ဖေဖော်ဝါရီ  ၁၇ ရက်ထုတ်  Bi Weekly ELEVEN အတွဲ (၄) အမှတ် (၄၆)မှ ထုတ်ယူဖော်ပြသည်)

အာဆီယံအစ

ကျွန်ုပ်တို့သည် စုပေါင်း၍ အာရှခေတ်သစ်ကို ထူထောင်ကြရမည်။ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုအပေါ်တွင် ''လိုက်နာရမည်'' ဟူသော စနစ်နှင့် ခေတ်သစ်ထူထောင်ခြင်း မဟုတ်ချေ။ အာရှတိုက်သူတိုက်သားတို့၏ ညီညွတ်စွာပူးပေါင်း၍ အာရှလူမျိုးများ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို အစပြု၍ ကမ္ဘာ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို စီမံဖန်တီးနိုင်အောင် ထူထောင်သော ခေတ်သစ်ကြီးဖြစ်၏။ ပထမဦးဆုံး အာရှတိုက် နိုင်ငံအသီးသီးတို့သည် မိမိတို့၏ လက်ငင်းပြဿနာများကို ဖြေရှင်းနိုင်အောင်လုံးပမ်း၍ တဖြည်းဖြည်း တစ်စတစ်စနှင့် အာရှတိုက် ပြောင်းလဲတိုးတက်မှု၊ ကမ္ဘာတစ်ခုလုံး၏ ပြောင်းလဲတိုးတက်မှုအတွက် ဆောင်ရွက်ကြရပေလိမ့်မည်။ ပြင်သစ် အင်ဒိုချိုင်းနား ခေါ် ပြည်နယ်များ၊ ယိုးဒယားပြည်၊ မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှား ပြည်နယ်များနှင့် ကျွန်ုပ်တို့မြန်မာပြည်တို့ကို မကြာမြင့်မီပူးပေါင်း၍ အင်ဒိုချိုင်းနား ပြည်ထောင်စုဟူသော အမည်နာမဖြင့် ပြည်ထောင်စုတစ်ခု တည်ထောင်ရန် လိုကောင်းလိုလာပေလိမ့်မည်။

(ဗိုလ်ချုပ်အောင်ဆန်း၊ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ၊ ၂၀ ရက်နေ့ ဖဆပလညီလာခံမိန့်ခွန်းမှ)

ဗိုလ်ချုပ်က ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည့် အာရှနိုင်ငံများအနေဖြင့် အနာဂတ်တွင် စုပေါင်း ဆောင်ရွက်ရမည့် အလားအလားကို အထက်ပါအတိုင်း မှန်းဆပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် အာဆီယံကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းကြီး တစ်ခု ဖွဲ့စည်းရေး၊ ထို အဖွဲ့စည်းဝင်နိုင်ငံများအနေဖြင့် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်ဦးက လေးစားရေးဆိုသည့် မူများကို ကျင့်သုံးရေးတို့ကို ဗိုလ်ချုပ်အောင်ဆန်းက စတင်မျှော်မှန်းခဲ့သည်ဟု ဆိုနိုင်သည်။

သို့တိုင်အောင် ၁၉၆၇ ခုနှစ်တွင် အရှေ့တောင်အာရှ ငါးနိုင်ငံဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူတို့က ဘန်ကောက် ကြေညာချက်ဖြင့် အာဆီယံအဖွဲ့ကို ဖွဲ့စည်းခဲ့ချိန်တွင်မူ မြန်မာနိုင်ငံက ပါဝင်ခြင်းမပြုခဲ့ပေ။ ထိုအချိန်က မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့အတွင်းသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်ခဲ့သော်လည်း ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို တိတိကျကျလိုက်နာနေသည့် မြန်မာ့အစိုးရက အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် အမေရိကန်တပ်ဖွဲ့များ အမြဲတမ်းအခြေစိုက်စခန်းများ ရှိနေခြင်းကြောင့် အာဆီယံအဖွဲ့တွင် ပါဝင်ရန် ငြင်းပယ်ခဲ့သည်။

လက်တွေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စုစည်းညီညွတ်သည့် ဒေသတွင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ရေးကို ထိုအချိန်က ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် အဖွဲ့ဝင်နိုင်ငံများအချင်းချင်းကြား ဖြစ်ပေါ်နေသည့် ပြဿနာများ (ဥပမာအားဖြင့် ဖိလစ်ပိုင်နှင့် မလေးရှားကြား ဖြစ်ပွားခဲ့သည့် ဆာဘားပြည်နယ် ပိုင်ဆိုင်မှုပြဿနာ)ကိုပင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။  ထို့ကြောင့်လည်း အာဆီယံအဖွဲ့၏ ပထမသက်တမ်း နှစ် နှစ်ဆယ်တွင် ထိပ်သီးအစည်းအဝေး ငါးကြိမ်သာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံမှ အခြေစိုက်စခန်းများကို ရုပ်သိမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှဒေသတွင် စစ်အင်အား ချထားမှုများကို လျော့ချခဲ့သည်။ ထိုကဲ့သို့ အမေရိကန်တို့ ထွက်ခွာသွားချိန်နှင့် တရုတ်နိုင်ငံက ဒေသတွင်းအင်အားကြီးနိုင်ငံအဖြစ် ပေါ်ပေါက်လာမှုတို့က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံကို အလုပ်ဖြစ်သည့် ဒေသတွင်းအဖွဲ့အစည်းအဖြစ် တည်ဆောက်ရန် တွန်းအားပေးလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဗီယက်နမ်တပ်ဖွဲ့များ ကမ္ဘောဒီးယားနိုင်ငံမှ ဆုတ်ခွာသွားခဲ့ပြီး ၁၉၉၁ ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် ကမ္ဘောဒီးယားပဋိပက္ခကို အဖြေရှာနိုင်ခဲ့ခြင်းကလည်း အာဆီယံအဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းရန် လိုအပ်သည့်အခြေအနေများကို ဖန်တီးပေး ခဲ့ပြီး အာဆီယံဆယ်နိုင်ငံဆိုသည့် မျော်မှန်းချက်ကို ပေါ်ပေါက်လာစေခဲ့သည်။

အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု (constructive engagement)

၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးတွင် ထိတွေ့ဆက်ဆံမှုနှင့် ပိတ်ဆို့ အရေးယူမှု ဆိုသည့် အယူအဆနှစ်မျိုး ပေါ်ပေါက်ခဲ့သည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ထိတွေ့ဆက်ဆံရေး မူဝါဒကို ကိုင်ဆွဲခဲ့သည်။ အာဆီယံ၏ ၎င်းတို့၏ မူဝါဒကို အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုဟု ကင်ပွန်းတပ်ခဲ့သည်။

ထိုအသုံးအနှုန်းကို ၁၉၉၁ ခုနှစ် ကွာလာလမ်ပူတွင် ကျင်းပသည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီး အာဆာဆာရာဆင်(Arsa Sarasin) က စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်၌လည်း မြန်မာနိုင်ငံက ၁၉၉၅ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၉၅ ခုနှစ် ပဉ္စမအကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အာဆီယံဆယ်နိုင်ငံ မျှော်မှန်းချက်ကို စတင်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနှင့် လာအိုနိုင်ငံတို့သည် လေ့လာသူနိုင်ငံများ ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင်မူ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့သည်။

အာဆီယံအဖွဲ့၏ သက်တမ်းတစ်လျှောက် ကိုင်တွယ်ခဲ့သည့် အရေးကိစ္စများအနက် မြန်မာ့အရေးသည် အခက်ခဲဆုံးကိစ္စ ဖြစ်ခဲ့သည်။ အနောက်အုပ်စုရော၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူများကပါ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်မခံရန် အမျိုးမျိုး ဖိအားပေးခဲ့ကြ သည်။ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်လာပြီးချိန်တွင်လည်း ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က အာဆီယံအဖွဲ့နှင့် ဆက်ဆံရေးတွင် မြန်မာ့အရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ အာဆီယံအဖွဲ့၏ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒကိုလည်း အလျှော့ပေးရေး မူဝါဒအဖြစ် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

အာဆီယံအနေဖြင့် ၎င်းတို့၏ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒသာလျှင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ခုခံကာကွယ် ပြောကြားခဲ့သည့်နည်းတူ နိုင်ငံတကာ မျက်နှာစာတွင်လည်း မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးခဲ့သည်။ သို့တိုင်အောင် ၂၀၀၃၊ ၂၀၀၇ ခုနှစ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့အနေဖြင့် မြန်မာ့အရေးက အာဆီယံအဖွဲ့၏ နိုင်ငံတကာ ဆက်ဆံမှုကို ထိခိုက်လာမည်ကို စိုးရိမ်သည့်သဘောထားများကို ထုတ်ဖော်ပြောကြားခဲ့သည်ကို တွေ့ရသည်။ သို့သော် အာဆီယံအဖွဲ့ တစ်ခုလုံးအနေဖြင့်မူ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှု မူဝါဒနှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ၀င်ရောက်မစွက်ဖက်ရေး ဆိုသည့် သဘောထားများကို ခိုင်ခိုင်မြဲမြဲ ဆက်လက်ကိုင်ဆွဲခဲ့သည်။

အာဆီယံသဘောထား

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ဆက်လက်ပြုလုပ်ခဲ့သည့်အပြင် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ရန် တောင်းဆိုမှုများ ကိုလည်း ဆန့်ကျင်ခဲ့သည်။ အာဆီယံနိုင်ငံများက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခြင်းကို မထောက်ခံသရွေ့ စီးပွားရေး ပိတ်ဆို့သည့်မူဝါဒသည် အောင်မြင်မှုမရှိနိုင်သည့်အပြင် အာဆီယံနိုင်ငံများ၏ အကျိုးစီးပွားကိုသာ ဆုံးရှုံးစေမည်ဟု ယူဆထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် အာဆီယံဘက်မှ အလွန်အကျွံ ဖိအားပေးမှုများ ပြုလုပ်သဖြင့် မြန်မာနိုင်ငံက အာဆီယံအဖွဲ့မှ တစ်ဖက်သတ် နုတ်ထွက်သည့် အခြေအနေထိ ရောက်ရှိသွားမည် ကိုလည်း စိုးရိမ်ခဲ့သည်။ ထို့ပြင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်း မပြုသည့်တိုင် ကျန်အာဆီယံနိုင်ငံများ အနေဖြင့် အဖွဲ့ ဝင် နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စကို နိုင်ငံတကာ၏ ဖိအားကြောင့် ဝင်ရောက်စွက်ဖက်ရသည့် အစဉ်အလာဖြစ်လာမည် ကိုလည်း စိုးရိမ်ခဲ့ကြသည်။ တကယ်တော့ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြဿနာများအနည်းနှင့်အများ ရှိနေသည်သာ ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာ့အရေးကို အနောက်နိုင်ငံများ အလိုကျ ပါဝင် စွက်ဖက်ခဲ့ရလျှင် နောင်တစ်ချိန်တွင် မိမိတို့အလှည့် ရောက်လာမည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပြောင်းအလဲနှင့် ပါရာဒိုင်းအသစ်

မည်သို့ပင်ဖြစ်စေ အာဆီယံအဖွဲ့၏ ထိတွေ့ဆက်ဆံရေးမူဝါဒ ကျင့်သုံးမှုနှင့် မူဝါဒလမ်းစဉ် ခုနစ်ရပ်ဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက်မှုကို ထောက်ခံခဲ့မှုကြောင့် မြန်မာနိုင်ငံအတွက် အကျိုးရှိခဲ့သည်။ အာဆီယံနိုင်ငံများသည် မြန်မာအစိုးရ အရာရှိကြီးငယ်များ အစည်းအဝေး တက်ရောက်ခွင့်၊ သင်တန်းတက်ရောက်ခွင့်၊ ပညာဆည်းပူးခွင့်များရရှိသည့် နိုင်ငံအနည်းငယ်တွင် အပါအဝင် ဖြစ်သည်။ ထိုအတွေ့အကြုံများက မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိမည်မှာ သေချာပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများက အထောက်အကူပြုခဲ့သည်။ ယနေ့မြန်မာနိုင်ငံတွင် မြင်တွေ့ နေရသည့် အပြောင်းအလဲများသည် မြန်မာနိုင်ငံတွင် အရှေ့ဥရောပပုံစံ အရောင်တော်လှန်ရေးများဖြင့် အစိုးရ အပြောင်းအလဲ (Regime Change) ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့ရေးမူဝါဒများ၏ ရလဒ်ကြောင့် မဟုတ်ဘဲ မူဝါဒလမ်းစဉ်ခုနစ်ရပ်ဖြင့် အဆင့်ဆင့် အသွင်ကူးပြောင်းခဲ့မှု၏ ရလဒ်ကြောင့်ဖြစ်သည်ကို နိုင်ငံတကာက လက်ခံနေပြီဖြစ်သည်။ ထို့ကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံရေးမူဝါဒ အလုပ်ဖြစ် သည်ဟု ဂုဏ်ယူနိုင်ပြီ ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံက အပြောင်းအလဲများသည် ကျန်အာဆီယံနိုင်ငံများအတွက် ပါရာဒိုင်းအသစ်တစ်ခုကို ဖော်ဆောင်ပေးလိုက်သည် ဟုလည်း ဆိုနိုင်ပါသည်။ ပြီးခဲ့သည့် ၁၄ နှစ် ကာလအတွင်း ကျန်အာဆီယံနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ လူ့အခွင့်အရေး ပြဿနာများကို မြန်မာ့အရေးနောက်တွင် ဖုံးကွယ်ထားနိုင်ခဲ့ကြသည်။ နိုင်ငံတကာက အာဆီယံအဖွဲ့တွင်းက လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို ပြောလျှင် မြန်မာကိုသာ ပြောခဲ့ကြသည်။ နိုင်ငံရေးခေါင်းဆောင်များက မိမိတို့နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ရမည့်အစား မြန်မာကို ဝေဖန်ခြင်းဖြင့် ပြည်သူများကို အာရုံလွှဲပေးနိုင်ခဲ့ကြသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေခဲ့ပြီ။ သမ္မတကြီးကိုယ်တိုင်က နောက်ကြောင်းပြန်လှည့်ဖို့ မရှိတော့ဟု အတိအလင်း ကတိပေးခဲ့ပြီးပြီ။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူ အများစုက တူတာတွေ တွဲလုပ်ရင်း ယုံကြည်မှုတွေ တည်ဆောက်ဖို့၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သဘောတူခဲ့ကြပြီ။ အာဆီယံနိုင်ငံအများစုတွင် ရှိနေသည့် ဥပဒေများထက် ဒီမိုကရေစီစံနှုန်းများနှင့် ပိုမိုကိုက်ညီသည့် အခွင့်အရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့ပြီ။ အားလုံးလက်တွဲညီညီ ဆက်လက် ဆောင်ရွက်ကြမည်ဆိုလျှင် မြန်မာသည် အာဆီယံအတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တည်ငြိမ်အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့သည့် စံနမူနာ တစ်ခု ဖြစ်လာပေတော့မည်။

ထိုအခါ အာဆီယံနိုင်ငံအများစုရှိ ပြည်သူများကရော နိုင်ငံတကာကပါ မြန်မာတောင် ပြောင်းလဲနေပြီ၊ ခင်ဗျားတို့ ကရောဟု မေးခွန်းထုတ်လာ တော့မည်။ ဤပါရာဒိုင်း အပြောင်းအလဲကို ကျန်အာဆီယံနိုင်ငံများက မည်ကဲ့သို့ ကိုင်တွယ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်ပါသည်။

 မှီငြမ်းစာစောင်များ

၁။ ASEAN and the Situation in Myanmar by Jugren Haacke

၂။ ASEAN Burma Relation by Aung Zaw

၃။ ဇန်န၀ါရီ ၂၆-၂၇ ဟောင်ကောင်မြို့တော်တက္ကသိုလ်၊ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲမှ ဆွေးနွေးချက်များ။

မှီငြမ်းပြုစာစောင်များ

၁။ ASEAN and the Situation in Myanmar by Jugren Haacke

၂။ ASEAN Burma Relation by Aung Zaw

၃။ ဇန်န၀ါရီ ၂၆-၂၇ ဟောင်ကောင်မြို့တော်တက္ကသိုလ်၊ ၂၀၁၀ ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲမှ ဆွေးနွေးချက်များ။

 

*****************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၁.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကားအရောင်း ပြန်ခန်းအချို့ မရိုးမသားရောင်းချ
  2. အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှမန်း ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံမည်
  2. အန်အယ်ဒီပါတီ အောင်နိုင်ရေးအား နှောင့်ယှက်မှုများရှိနေ
  3. ဒေါက်တာ မြတ်ဉာဏစိုးအား NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် လက်ခံပြီ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ကားအရောင်း ပြန်ခန်းအချို့ မရိုးမသားရောင်းချ

ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်းတစ်ချို့ ကားရောင်းချရာတွင် ဈေးနှုန်းသတ်မှတ်ချက်မထားပဲ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံမျိုးနှင့် ပြင်ပ ပေါက်ဈေးထက်မြှင့်ခေါ်ပြီး ရောင်းချမှုများရှိသကဲသို့ အရည်အသွေးနိမ့် တပတ်ရစ် ကားများကိုလည်း တင်သွင်းရောင်းချမှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံခဲ့သူများက ပြောဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သာကေတမြို့နယ်ရှိ ကားအရောင်းပြခန်းတစ်ခုတွင် ကားသွားရောက်ဝယ်ယူရာ တိုရိုတာဟယ်ရီရာ ကားကို ပြင်ပပေါက်ဈေးထက် သိန်းငါးဆယ်ခန့်ပိုမြှင့်ခေါ်ထားပြီး ဈေးနှုန်းကို ညှိနှိုင်းပေးမည်ဟုပြောကြောင်း ပြောသူများမှာလည်း ကားပွဲစားတန်းမှ လူများသာ ဖြစ်ကြောင်း မန်နေဂျာ အပါအဝင် တာဝန်ရှိသူများနှင့်လည်း တွေ့ခွင့်မရကြောင်း ပုသိမ်မြို့မှ ကားလာရောက် ဝယ်သူ တစ်ဦးက ပြောကြားသည်။

"ကားပြခန်းနဲ့ ကားရောင်းတာမို့ သိက္ခာရှိရှိ သွားဝယ်တာ ရိုက်စားနဲ့ တွေ့ခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

ပုံသေဈေး သတ်မှတ်ချက်မရှိဘဲ လူကိုကြည့်ပြီး ဈေးခေါ်ကြောင်း တာဝန်ရှိသူနှင့်တွေ့ရန်ပြောလျှင်လည်း အစည်းအဝေး လုပ်နေ သည်ဟု ပြောကြောင်း အတူပါလာသည့် ကားပွဲစားကို ဈေးတည့်အောင်လုပ်ပေးပါ သုံးသိန်းပေးပါမယ်ဆိုပြီး ပြောတော့မှ ရိုက်စား အချဉ်ဖမ်းနေသည်ကို သိရ သည်ဟု ၎င်းက ဆိုသည်။

ကားပြခန်းတွင် ရောင်းနေသည့် ကာအများစုမှာ တပတ်ရစ်ကားဖြစ်သည်ကို နားလည်သော်လည်း ဂျပန်တွင်တိုက်ပြီး ဂျပန်တွင် ပြန်ပြင် ထားသည့် အရည်အသွေးနိမ့်ကားများကိုလည်းရောင်းသည့် ကားပြခန်းများရှိကြောင်း ကားပွဲစားတန်းတွင် ရောင်းရခက်သည့် ဂျပန်R ဟု ခေါ်သည့် ကားများ ဖြစ်နေသည်ကိုတွေ့ရကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ အတွေ့အကြူံ နှစ်နှစ်ကျော်ရှိ ဝယ်ရောင်းတစ်ဦးက ပြောကြားသည်။

“ဂျပန်R  ဆိုတာ တိုက်ပြီး ပြန်ပြင်ထားတဲ့ Recondition ကိုပြောတာ R က သိသာတယ် ဂျပန် လက်ရာဆိုပေ မယ့် ပစ္စည်းက သူနေရာနဲ့သူ ပုံမှန်စက်ရုံထုတ်လိုတပ်ထားတာမဟုတ်ဘူး'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ လက်ရှိ ရန်ကုန်မြို့တွင် ကာအရောင်းပြခန်း ၁၀ခုခန့်ရှိသည်။

MP

--------------------------------------------------------------------------------------------------------------------------------

အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာမှ အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံတွင် ကမ္ဘာ့အကြီးဆုံး အပြည်ပြည် ဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂမှ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်ကြီးများနှင့် သက်ဆိုင်ရာအေဂျင်စီများမှ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးညီလာခံ၌ မြန်မာနိုင်ငံအား နိုင်ငံတကာမှ အကူအညီ ကောင်းများ ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအဆင့်သတ်မှတ်ချက်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအတွက် မည်မျှသုံးစွဲရမည်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း အမေရိကန်ဒေါ်လာ ဘီလျံသန်းပေါင်းမြောက်မြားစွာ ကုန်ကျနိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

၂၀၁၁ ခုနှစ်တွင်း မြန်မာနိုင်ငံ၏ per capital လျှင် ပျှမ်းမျှ GDP အမေရိကန်ဒေါ်လာ ၇၀၀ ခန့်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က ထုတ်ပြန်ကြေညာခဲ့သည်။

Ref:မြန်မာပို့စ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှမန်း ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် တွေ့ဆုံမည်

ပြည်သူလွတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းသည် တရုတ်နိင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေခရီး မသွားခင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ တိုင်းဒေသကြီး လွှတ်တော်တွင် လာမည့် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၂)ရက်နေ့တွင် ရန်ကုန်မြို့အခြေစိုက် သတင်းထောက်များနှင့် တွေဆုံမည်ဖြစ်ကြောင်း လွှတ်တော် သတင်းရပ်ကွက်မှ သိရှိရသည်။

"မနက်ပိုင်းတွေ့မယ်။  ဥပဒေပြု အမတ်တစ်ချို့လည်း ပါမယ်။ နေပြည်တော်လွှတ်တော်ကို ခဏနားပြီး တရုတ်ပြည်မသွားခင် ရန်ကုန် ဆင်းတွေ့တာ“ ဟု အကြီးတန်းသတင်းထောက်တစ်ဦး၏ ဆိုအရ သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ၀န်ထမ်းများလစာတိုးရေးကိစ္စ၊ တိုင်းဒေသကြီးလွှတ်တော်၏ ဥပဒေပြုရေးကိစ္စအပါအ၀င် Transation Costနှင့် သက်ဆိုင်သော ကိစ္စရပ်များဆွေးနွေးမည်ဟု လွှတ်တော်အသိုင်းအဝိုင်းမှ သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအနေဖြင့် အိန္ဒိယနိုင်ငံမှ လွှတ်တော်များကို သွားရောက်လေ့လာပြီးကတည်းက သတင်းထောက်များနှင့် တွေ့ဆုံရန် ကြံရွယ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတွေ့ဖြစ်ကြောင်း ယခုတွေ့ဆုံမှု သည် ဇွန်လ ၂၄ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် သတင်းသမားနှင့်တွေ့ဆုံပြီးနောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

MP

--------------------------------------------------------------------------------------------------------------------------------

အန်အယ်ဒီပါတီ အောင်နိုင်ရေးအား နှောင့်ယှက်မှုများရှိနေ

ပြည်ထောင်စု အစိုးရအဖွဲ့အတွင်းရှိ အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်သူ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေး လုပ်ငန်းများကို အနှောင့်အယှက်ပြုနေကြေ&#