Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သတိပေး

(BBC News မှ 20 February 2012 ရက်စွဲပါ Foreign correspondents’ Club in China warns reporters ကိုဘာသာ ပြန်ဆိုသည်)

  1. တရုတ်မြန်မာ ရေနံပိုက်လိုင်း ဆောက်လုပ်ရေး အဓိက စီမံကိန်းတစ်ခု ပြီးစီး

(People’s daily မှ 20 February 2012 ရက်စွဲပါ Key project of China-Myanmar oil pipeline completed ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ စောစီးစွာ ရဲရဲဝံ့ဝံ့ ခြေချခဲ့သော ကယ်ဗင်ရုဒ် ရွေးချယ်စရာ

(ABC News မှ 20 February 2012 ရက်စွဲပါ “Rudd’s bold advance into Burma” ကို ဘာသာပြန်ဆိုသည် )

***********************************************************************************************

တရုတ်နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သတိပေး

(BBC News မှ 20 February 2012 ရက်စွဲပါ Foreign correspondents’ Club in China warns reporters ကိုဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သောအပတ်က ဥရောပမီဒီယာ ကုမ္ပဏီများမှ ဝန်ထမ်းသုံးဦး တိုက်ခိုက်ခံရပြီးနောက် တရုတ်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များအသင်းက ၎င်း၏အဖွဲ့ဝင်များကို သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

သတင်းထောက်များသည် အရှေ့ဖက် Zhijiang ပြည်နယ်ရှိ Panhe ရွာ တွင် မြေယာပိုင်ခွင့် ဆန္ဒပြမှုအား သတင်းယူလျက် ရှိသည်။ အဖြစ်အပျက် တစ်ခု၌ ပြင်သစ်သတင်းထောက်သည် ၎င်း၏ ကားတိုက်မှုဖြစ်ရာ ၎င်း၏ လက်ထောက် တရုတ်လူမျိုးမှာ လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံရသည်။ နောက်သီးခြားအဖြစ်အပျက်တစ်ခုတွင် ဒတ်ခ်ျလူမျိုး သတင်းထောက်တစ်ဦးသည် အရပ်ဝတ် ဝတ်ထားသည်ဟု ယူဆရသော ရဲများ၏ တိုက်ခိုက်ခြင်းကို ခံရသည်။ တရုတ်အာဏာပိုင်များက နိုင်ငံခြားသတင်းထောက်များသည် တိဗက်ဒေသမှလွဲ၍ တရုတ်နိုင်ငံတွင် လွတ်လပ်စွာ သတင်း ယူနိုင်ကြောင်း ပြောကြားခဲ့သော်လည်း BBC မှ Martin Patience က ဘေဂျင်းမှ ပြောကြားရာတွင် ယခု တိုက်ခိုက်မှုများသည် နိုင်ငံခြား သတင်းထောက်များအပေါ် ရက်စက်မှုများ ပိုမိုအသုံးပြုလာသည်ဟု ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။  အကဲခတ်သည့် သတင်းများယူရာတွင် သတင်းထောက်များ အနေဖြင့် အနှောက်အယှက်ပေးမှုများ ပိုလာကြောင်း ၎င်းက ပြောသည်။

BBC အပါအဝင် သတင်းဌာန အချို့မှ သတင်းထောက်များသည် တိဗက်ဒေသမှ မတည်ငြိမ်မှုများကို သတင်းယူရန် ကြိုးစားစဉ်တွင် အဖမ်းခံခဲ့ရသည်။ သို့သော် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ အရပ်ဝတ် ဝတ်ထားသောရဲများဟု ယူဆရသော လူအုပ်ကြီး၏ တိုက်ခိုက်မှုများ ဖြစ်သည်ဟု BBC သတင်းထောက်က ပြောသည်။ အာဏာပိုင်များကမူ တိုက်ခိုက်သူများမှာ စိတ်ဆိုးနေသော ရွာသားများသာဖြစ်သည်ဟု အမြဲတမ်း ငြင်းဆိုခဲ့သည်။

**************************************************************************

တရုတ်မြန်မာ ရေနံပိုက်လိုင်း ဆောက်လုပ်ရေး အဓိက စီမံကိန်းတစ်ခု ပြီးစီး

(People’s daily မှ 20 February 2012 ရက်စွဲပါ Key project of China-Myanmar oil pipeline completed ကို ဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ အဓိက စီမံကိန်းတစ်ခုဖြစ်သော ဧရာဝတီမြစ်ကို ဖြတ်သော စီမံကိန်း (Irrawaddy River Crossing Project) သည် ဖေဖော်ဝါရီလ (15) ရက်နေ့က ပြီးစီးသွားပြီ ဖြစ်သည်။

ထိုသို့ ပြီးစီးသွားခြင်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ခြင်းတွင် အရေးကြီးသော အောင်မြင်မှုကို ညွှန်ပြလျက် ရှိသည်။

****************************************************************************

မြန်မာနိုင်ငံသို့ စောစီးစွာ ရဲရဲဝံ့ဝံ့ ခြေချခဲ့သော ကယ်ဗင်ရုဒ် ရွေးချယ်စရာ

(ABC News မှ 20 February 2012 ရက်စွဲပါ “Rudd’s bold advance into Burma” ကို ဘာသာပြန်ဆိုသည်)

နောက်တစ်ကြိမ် ဩစတြေးလျဝန်ကြီးချုပ် ပြန်ဖြစ်လာနိုင်သည့် ကယ်ဗင်ရုဒ်သည် နှစ်ပေါင်းများစွာ အပယ်ခံ မြန်မာနိုင်ငံသို့ ပြီးခဲ့သော ဇွန်လက စောစောစီးစီး သွားရောက်ခဲ့သော သူ၏ အမြော်အမြင်အတွက် ကျေနပ်နှစ်သိမ့်နေပုံ ရသည်။

ကယ်ဗင်ရုဒ်၏ ခရီးစဉ်သည် မြန်မာအစိုးရ၏ အပျံသင်စ ပြုပြင်ပြောင်းလဲမှုများကို အခြား ဒီမိုကရေစီနိုင်ငံများက အလားတူ အသိအမှတ်ပြုလက်ခံခြင်းမပြုမှီ လအတန်ကြာ စော၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

                ထိုနောက်ပိုင်း မြန်မာတို့၏ အဝေးမြို့တော် နေပြည်တော်သို့ ရောက်လာကြသူများမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဂ် တို့ပင် ဖြစ်သည်။ ဤအတွက် မေးစရာရှိသည်မှာ မြန်မာအစိုးရအား စောစီးစွာ အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကယ်ဗင်ရုဒ်၏ ကြိုတင်သိမြင်မှုလား (သို့) မြန်မာ့တပ်မတော်ခေါင်းဆောင်များက ၎င်းကို အသုံးချသွားသည်လား ဆိုသည့် ကိစ္စပင် ဖြစ်သည်။ မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာနှင့် အင်တာနက်ကို ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲရန် အစပျိုးခြင်း စသည်တို့ကို အမှန်တကယ်ပင် လုပ်ဆောင်ပြသခဲ့ကြသည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာရုဒ်သည် မြန်မာနိုင်ငံသို့မသွားမီ ဒေါ်အောင်ဆန်းစုကြည်ထံမှ အကြံဉာဏ် ရယူခဲ့သည်ဟုလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပြီး အစိုးရအဖွဲ့တွင် ပါဝင်နိုင်လိမ့်မည် ဟုလည်း အာဏာပိုင် သတင်းရပ်ကွက်က ဆိုထားသည်။ ဤအခြေအနေသည် ယခင်လွတ်လပ်မျှတသော ၁၉၉၀ ရွေးကောက်ပွဲတွင် သူမ၏ပါတီ အနိုင်ရရှိပြီးနောက် အစိုးရက အာဏာမလွှဲပဲ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက်ပိုင်း မကြုံစဖူး အထင်ကရ တိုးတက် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း မြန်မာတပ်မတော်ခေါင်းဆောင်များ၏ လှုပ်ရှားမှုများ၊ လုပ်ဆောင်မှုများ၊ အကြံအစည်များနှင့် ပတ်သက်၍ သံသယများစွာ ကျန်ရှိနေဆဲပင် ဖြစ်သည်။

တရုတ်နယ်စပ်အနီးမှ ကချင် တိုင်းရင်းသားအုပ်စုကို မြန်မာ့တပ်မတော်က ဆက်လက်တိုက်ခိုက်နေခြင်းကို သတိပေးပြောဆိုရာ၌ ကယ်ဗင်ရုဒ် တစ်ဦးတည်း မဟုတ်ခြင်းသည် သာဓကတစ်ခုဖြစ်သည်။ “တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာအစိုးရအား ကျွန်ုပ်တို့ တောင်းဆိုသည်” ဟု ကယ်ဗင်ရုဒ်က ယခင်လက ရေးသား ထုတ်ပြန်ခဲ့သည်။ ဤကိစ္စကို အလားတူ စိုးရိမ်ပူပန်သော ကုလသမဂ္ဂ၏ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားကလည်း “ကချင်ပြည်နယ်က အနေအထားက စိုးရိမ်စရာပါပဲ။ အစိုးရတပ်တွေသာမကပဲ တိုင်းရင်းသား တပ်တွေကပါ လူ့အခွင့်အရေး ညှင်းပန်းချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေကို ကျွန်တော်တို့ လက်ခံ ရရှိထားပါတယ်။ မြန်မာအစိုးရဟာ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် မထင်ပါဘူး” ဟု ABC သတင်းဌာန၏ News line အစီအစဉ်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခရီးစဉ်မှ ပြန်ရောက်လာကာစ မစ္စတာ ကင်တာနာက ဧပြီလကြားဖြတ်ရွေးကောက်ပွဲများကို အမှန်တကယ် လွတ်လပ်မျှတစွာ၊ ပွင့်လင်း မြင်သာစွာ၊ အားလုံးကို ဖိတ်ခေါ်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်၍ မေတ္တာရပ်ခံ တောင်းဆိုထားသည်။ မစ္စတာ ကင်တားနားက ဆက်လက်၍ "မြန်မာအာဏာပိုင်များသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာ စောင့်ကြည်သူများအား ခွင့်ပြုရန် ယခုတိုင် သဘောတူခြင်း မရှိသေးကြောင်း၊ ဤကိစ္စသည် ရွေးကောက်ပွဲ၏ စိတ်ချယုံကြည်ရမှု သိက္ခာနှင့်ပြုပြင်ပြောင်းလဲမှု၏ အတွင်းသရုပ်ကို ဆန်းစစ်ဆုံးဖြတ်ရန် အရေးကြီးသည့်အချက် ဖြစ်ကြောင်း" ပြောကြားသွားသည်။

အလားတူ ကချင်ပြည်နယ်မှ ပြန်ရောက်ကာစ Global Mail သတင်းထောက် အော်ဘရီ ဘဲလ်ဖို့ကလည်း "ကတုတ်ကျင်းတွေ၊ မြေမြှုပ်မိုင်းတွေ၊ တင်းမာနေတဲ့ ပဋိပက္ခတွေကြားထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အကောင်းမြင်ကြည့်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ ကိစ္စပါ" ဟု ရေးသားတင်ပြထားသည်။ "ကချင်ပြည်နယ်က အနေအထားနဲ့ ဆန့်ကျင်ဖက် မြန်မာပြည်မ နိုင်ငံရေးနယ်ပယ်မှာ မြင်တွေ့နေရတာကို ယုံကြည်ပေးရမလားလို့ စဉ်းစားဖို့အတွက် အကြောင်းပြချက်ရှိဖို့ လိုပါတယ်" ဟူသော မြန်မာ့ရေးရာ အကဲခတ်တစ်ဦး ဖြစ်သော နီကိုလပ်ဖယ်ရယ်လီ၏ မှတ်ချက်ကိုလည်း ဘဲလ်ဖို့က ကိုးကား ဖော်ပြထားသည်။

လက်ရှိသမ္မတဦးသိန်းစိန်၏ ထိုးစစ်ရပ်ရန် အမိန့်ကိုစစ်တပ်က လျစ်လျူရှုနေသော အချက်က သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လစ်ဘရယ်လမ်းစဉ် ပြောင်းလဲမှုတို့တွင် အကန့်အသတ်ရှိနေကြောင်း ညွှန်ပြနေသည်။ အဆိုပါကိစ္စများမှ ထင်ဟပ်ပေါ်လွင်နေသော အမှန်တရားမှာ မြန်မာတို့ကို သတိထား၍ ကိုင်တွယ်ရမည် ဆိုသော အချက်ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံအရေးယူမှုများ ဆက်လက်ဖြေလျော့ပေးမည်လား သို့မဟုတ် ပြန်လည် သက်တမ်း တိုးပေးမည်လား ဆိုသည်ကို ဆုံးဖြတ်ပေးရန် အရည်အချင်းရှိသူ ဖြစ်သည်။ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ၊ လက်ရှိသက်တမ်းအပြီးတွင် ရပ်ဆိုင်းသွားအောင် ကြိုးစားရန် မြန်မာခေါင်းဆောင်များက ဆုံးဖြတ်ထားကြပုံ ရသည်။ တခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအကျဉ်းသား ရာဂဏန်းကို ဆက်လက်ထိန်းသိမ်းထားကာ သယံဇာတ ကြွယ်ဝသောနိုင်ငံနှင့် ပြန်လည်ဆက်ဆံခြင်း၏ အကျိုးအမြတ်အလားအလာကို မျှော်ကိုးနေသော အနောက် နိုင်ငံများအား ဈေးညှိရန် ဝှက်ဖဲအဖြစ် ဆက်လက် အသုံးပြုနိုင်ဖွယ် ရှိနေသည်။

မကြာသေးမီက လစ်ဗျားကိစ္စတွင် မစ္စတာရုဒ်သည် သမိုင်း၏ မှန်တဲ့ဘက်မှာ ရွေးချယ်ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော မစ္စတာရုဒ်၏ ကြိုတင်ခြေလှမ်းများသည်လည်း အလားတူ မှန်ကန်လိမ့်မည်ဟု မျှော်လင့်ရပါတော့သည်။

**************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment