Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့ပါတီစုံစနစ် ဘာလဲဘယ်လဲ

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့ပါတီစုံစနစ် ဘာလဲဘယ်လဲ

အောင်သာ(ပီသုံးလုံး)

(စက်တင်ဘာ ၁၁ရက်နေ့ထုတ် True News ဂျာနယ် အတွဲ၎၊ အမှတ် ၄၉ မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဒီကနေ့ဆိုရင် ၆၄နှစ်ရှိခဲ့ပါပြီ။ ဒီ ၆၄နှစ်တာ ကာလတစ်ခုလုံးမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ “ပြည်တွင်းစစ်” ကို ကြုံတွေ့ခဲ့ကြရပါတယ်။ ဒီပြည်တွင်းစစ်ဟာ (တစ်) မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရုပ်ဝတ္ထုကြွယ်ဝမှုမှန်သမျှကို တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ (နှစ်) မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ spiritual wealth စိတ်ပိုင်းဆိုင်ရာ ကြွယ်ဝမှုမှန်သမျှကိုလည်း တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ ဗြဟ္မစိုရ်တရားများ၊ ဝံသာနုရက္ခိတတရားမျာ၊  သုစရိုက်တရားများကို တိုက်စားဝါးမျိုပစ်ခဲ့ပါတယ်။ (သုံး) မြန်မာ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ နယ်ချဲ့စနစ် ဆန့်ကျင်ရေး တိုက်ပွဲဖြစ်စဉ်များအတွင်း မြန်မာတို့ မွေးမြူတည်ဆောက်ခဲ့တဲ့ “အမျိုးသား သွေးစည်းညီညွတ်မှုတံတိုင်းဟာ ဥဿုံ ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ (လေး) ဆီကိုရေချိုး ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံခဲ့တဲ့ မြန်မာ့စီးပွားရေးဘဝဟာ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်တဲ့ဘဝကို ရင်ဆိုင်ကြရပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝအတွင်း သက်ဆင်းကျရောက်ခဲ့ပါတယ်။ (ငါး) ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေက အုတ်မြစ်ချပေးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ ရိုက်ချိုးခံရပြီ မြန်မာ့လူ့အဖွဲ့အစည်းဟာ ၁၉၆၂ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ နှစ်ပေါင်း၅၀ရာစု နှစ်တစ်ဝက် Authoritarianism အာဏာရှင်စနစ် အုပ်ချုပ်မှု အောက်မှာ၊ မွန်းမွန်းကျပ်ကျပ် ဖြတ်သန်းခဲ့ကြရတာ ဒီကနေ့အထိ ဖြစ်ပါတယ်။ ပါတီစုံစနစ်ကို အာမခံချက်ပေးထားတဲ့ ၁၉၄၇ခုနှစ် အခြေခံဖွဲ့စည်းပုံ စည်း မျဉ်းဥပဒေနဲ့ အစားထိုးခဲ့တာ၊ ၁၉၈၈ခုနှစ် ဇူလိုင် ၂၃အထိ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈၊ ၁၉၈၈(နဝတ) စစ်အစိုးရလက်ထက်ကနေ ၁၉၉၂ခုနှစ်၊ ဧပြီ ၂၄ရက်အထိ (နဝတ) စစ်အစိုးရ။ ၂၄ရက် ဧပြီ၊ ၁၉၉၂ ကနေ ၂၀၁၀ အထိ (နအဖအစိုးရ)၊ ၂၀၁၀ မေကနေ ဒီကနေ့အထိ ပြည်ခိုင်ဖြိုးအစိုးရ၊ ၁၈.၉.၁၉၈၈ ကနေ ဒီကနေ့အထိ ညောင်နှစ်ပင် အမျိုးသားညီလာခံက ပြဋ္ဌာန်းပေးလိုက်တဲ့ ဒီကနေ့ သြဂုတ်လအထိ ၂၀၁၀မေလ (တတိယအကြိမ်) ဖွဲ့စည်းပုံအခြေခံဥပဒေအထိ ကာလဟာ “တစ်ပါတီစနစ် အုပ်စိုးမှုကို လုံခြုံမှု ပေးထားတဲ့စနစ်နဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီ စနစ်အကြား အားပြိုင်တဲ့ကာလလို့ မှတ်ယူကြရပါတော့မယ်။

၁၉၆၂ခု မတ်လကနေ ဒီကနေ့အထိကာလဟာ အခြေခံအားဖြင့် တစ်ပါတီစနစ် အုပ်စိုးတဲ့ကာလလို့ မှတ်ယူကြရပါလိမ့်မယ်။ ဘာကြောင့်ဒီလိုဖြစ် နေကြရတာပါလဲ။

(၁) ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ စနစ်တစ်ခုက စနစ်တစ်ခုကို အပြန်အလှန် အာမခံချက်ပေးထားကြလို့ပါပဲ။ ပြည်တွင်းစစ်ချုပ်ငြိမ်း ရေးဟာ အနှစ်သာရအားဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပါပဲ။ ဒါကြောင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ နှာခေါင်းကို နောက်ကကိုင်ရသလို လွယ်ရက် နဲ့ ခက်နေတာဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးပါပဲ။ စီးပွားရေးအရ စစ်ဗျူရိုကရက် အရင်းရှင်စနစ် ချုပ်ငြိမ်းရေးပါပဲ။ မြန်မာ့ကာကွယ်ရေးအသုံးစရိတ်ဟာ ထိန်းချုပ်ထားတဲ့ ကိန်းဂဏန်းတွေအရတောင် ၄၃%ရှိတယ်လို့ နိုင်ငံတကာမီဒီယာ တွေက တွက်ချက်ပြကြပါတယ်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးပြဿနာ လွတ်လပ်ရေးတစ်ခတ်လုံး ဖြေရှင်းမရတာဟာ လုပ်နည်းကိုင်နည်းကြောင့် မဟုတ်ပါ ဘူး။ ထုထည်ကြီးလှတဲ့ ဒီစစ်စရိတ်တွေထဲမှာ ကိုယ်ကျိုးစီးပွားများ ပါဝင်ကြတာကြောင့်ပါပဲ။

(၂) မြန်မာ့နိုင်ငံရေးဘဝအတွင်းမှာ ပါတီစုံဒီမိုကရေစီစနစ် မကြံ့ခိုင်တာဟာ ပြည်တွင်းစစ်ကြောင့် သြဇာကြီးနေတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို တွန်းတင်ပေးနေသလို ဖြစ်ခဲ့ရပါတယ်။

၁၉၅၈ ခုနှစ်အတွင်း အာဏာရ ဖဆပလအဖွဲ့ချုပ်ထဲမှာ တည်မြဲ/သန့်ရှင်း ဂိုဏ်းကွဲမှုဖြစ်ရတာ သန့်ရှင်းဖဆပလအတွင်း ဦး/ဗိုလ်/သခင် ကွဲကြတာ ဝန်ကြီးချုပ်သခင်နုက သူ့ရွှေပြည်အေးအတွေးအခေါ် လူပေါ်လူဇော်လုပ်နည်းတွေနဲ့ သူ့ပုဂ္ဂိုလ်အခန်းကဏ္ဍ (personal role)နဲ့ ပြဿနာနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ အကောက်အယူမှားတာတွေဟာ မှန်းချက်နဲ့ နှမ်းတွက်မကိုက် ဖြစ်စေခဲ့ပါတယ်။ တပ်မတော်အတွင်းက ကွန်မြူနစ်ဆန့်ကျင် ရေးတပ်မှူးကြီးတွေနဲ့ တည်မြဲဖဆပလခေါင်းဆောင်တွေ (အထူးသဖြင့် ဒုတိယဝန်ကြီးချုပ် ဦးကျော်ငြိမ်းတို့ရဲ့ အဖက်အစပ်ကို) ဝန်ကြီးချုပ်သခင်နု နက် နက်နဲနဲ မသိမြင်တာဟာ ဖဆပလ အရပ်ဖက်ခေါင်းဆောင်တွေရဲ့ အရေးပါတဲ့အားနည်းချက် ဖြစ်ပါတယ်။

(၃) အာဏာရဖဆပလ အဖွဲ့ချုပ်နဲ့ အစိုးရအတွင်း တည်မြဲ၊ သန့်ရှင်း၊ တပ်မတော်အတွင်း ဂိုဏ်းကွဲမှုတွေ ဖြစ်နေခဲ့ရုံသာမက ဥပဒေအတွင်းက လက်ဝဲတပ်ပေါင်းစုကြီးဖြစ်တဲ့ ဗမာပြည်အလုပ်သမားပါတီ(ဝိဓူရ)နဲ့ တခြားလက်ဝဲဒီမိုကရေစီ အင်အားစုတွေအတွင်း( တရုတ်) ဆိုဗီယက်ဂိုဏ်းကွဲမှုတွေရဲ့ အဆက်နဲ့ အကျိုးဆက်တွေ ရိုက်ခတ်တာခံခဲ့ကြပါတယ်။ ၁၉၆၂ခုနှစ် မတ်လအာဏာသိမ်းမှုမှာ ကကချုပ်ဗိုလ်ချုပ်ကြီးနေဝင်းက မဆလလမ်းစဉ်၊ မဆလ ပါတီ၊ အညမညအတွေးအခေါ်၊ တော်လှန်ရေးကောင်စီစတဲ့ အဆင်အပြင်အသစ်တွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဥပဒေအတွင်း ဆိုရှယ်နီအစုဖြစ်တဲ့ မလညပ တွေက ဝိဓူရသခင်ချစ်မောင်၊ ဦးဘငြိမ်၊ ဦးသိန်းဖေမြင့်၊ ပြည့်သူ့ရဲဘော်တပ်ဖွဲ့/ ပါတီခေါင်းဆောင်တွေက မဆလလမ်းစဉ်ကို ဘုံလုပ်ငန်းစဉ်အဖြစ် လက်ခံ ပြီး ၆၂မတ်လ အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ ဗကပလက်နက်ချသစ္စာဖောက်တွေဖြစ်တဲ့ သခင်တင်မြ၊ မောင်စူးစမ်းစသူတွေကလည်း ၆၂ စစ် အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ ရာထူးဝင်ယူခဲ့ကြပါတယ်။ ဆိုဗီယက်ကွန်မြူနစ်ပါတီကလည်း မဆလလမ်းစဉ်ကို Non-Capitalist Way လို့ သတ်မှတ်ပြီး ၆၂မတ်လ အာဏာသိမ်းမှုကို ထောက်ခံခဲ့ပြန်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေဟာ ဆိုရှယ်လစ်စနစ်မဟုတ်ဘူးလို့ တရုတ်ပြည်ကလည်း ထွက် ပြောခဲ့ပါတယ်။

ဒီစဉ်က ကမ္ဘာ့ဆိုရှယ်လစ်စနစ်ဂိုဏ်ကြီးမှာလည်း တရုတ်-ဆိုဗီယက်ဂိုဏ်းကွဲမှုကြီး ဖြစ်နေခဲ့ပါတယ်။

ဒီစဉ်က ဥပဒေအတွင်း၊ နိုင်ငံရေးဘဝအတွင်း အာဏာလက်ရှိတွေ၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးလှိုင်း တွေနဲ့ ဆက်နွယ်သမျှကို ခန့်မှန်းနိုင်ကြဖို့ အကျဉ်းမိတ်ဆက်ပေးခြင်းမျှသာ ဖြစ်ပါတယ်။ အဲ့ဒီကာလက တော်လှန်ရေးအင်အားစုတွေအတွင်းမှာလည်း ထုံးစံအတိုင်းပါပဲ။ လိုင်းကွဲတွေဖြစ်နေခဲ့တာပါပဲ။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအတွင်းမှာ အမျိုးသားတန်းတူရေးကြွေးကြော်သံနဲ့ လက်နက် ကိုင် တိုက်ပွဲဝင်နေကြတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုတွေ ရှိပါတယ်။ အဲ့ဒီအထဲမှာ ကရင်၊ မွန်၊ ကယား၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ကချင်စတဲ့ လူမျိုး နွယ်စုအများကြီးဟာ ၁၉၄၈/၄၉ခုနှစ်လောက်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ စတင်ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်မမှာ ဗကပ၊ ဗကပ/အလံနီ၊ ပြည်သူ့ရဲဘော်ပါတီတို့ ရှိကြပါတယ်။ ၁၉၅၉ခုနှစ် မေလထဲလောက်မှာ မဒညတ(အမျိုးသားဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစုကြီး) ဖွဲ့စည်းထားခဲ့ကြပါ တယ်။

၁၉၅၈/၅၉ခုနှစ်မှာ သခင်နုရဲ့သန့်ရှင်းဖဆပလ အစိုးရလက်ထက်မှာ “နှစ်ချက်နဲ့ အလင်းဝင်ရေးပေါ်လစီ”ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပေါ်လစီက လက်နက်အပ်၊ တပ်ဖျက်၊ ဥပဒေအတွင်းဝင်၊ ဥပဒေအတွင်းမှာ တရားဝင် ရပ်တည်ခွင့်ပေးမယ်ဆိုတဲ့ ပေါ်လစီဖြစ်ပါတယ်။ ပြည့်သူ့ရဲဘော်ပါတီ (ဗိုလ်အုန်း တင်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်မှူးဖိုးကွန်း) မွန်ပြည်သစ်ပါတီ၊ မသုံးလုံးဒေသ/ဗကပတွေ၊ KNU တချို့ဥပဒေအတွင်း ဝင်လာကြပါတယ်။ အဲ့ဒီနှစ်ချက်နဲ့ အလင်းဝင်ရေးပေါ်လစီရဲ့ ဖိအားနဲ့ မှိုင်းတိုက်မှုအောက်မှာ ဗကပအင်အား တစ်သောင်းနီးပါး လက်နက်ချခဲ့ကြတယ်လို့ ဗကပဌာနချုပ်က သတင်းထုတ် ပြန်ခဲ့ပါတယ်။ သန့်ရှင်းဖဆပလအစိုးရ တစ်ဖက်ကနှစ်ချက်နဲ့ အလင်းဝင်ဖို့ ကမ်းလှမ်း၊ တစ်ဖက်က အောင်မာဃလို၊ အောင်တေဇလို ထိုးစစ်ကြီးတွေနဲ့ ဖိအားပေးတဲ့ပေါ်လစီမျိုး အစိုးရ ကျင့်သုံးခဲ့ပါတယ်။ တစ်ချို့ လက်နက်ချတာတွေရှိပေမယ့် လက်နက်ချအညံ့ခံခိုင်းတဲ့ ပေါ်လစီဟာ ပြည်တွင်းစစ်ပြဿနာ ကို အခြေခံအားဖြင့် ဖြေရှင်းလို့မရဘူးဆိုတာ ဒီကနေ့ ပြည်တွင်းစစ်ပြဿနာ တည်ရှိနေတာက ညွှန်ပြနေပါတယ်။ ပြည်တွင်းစစ်ပြဿနာရဲ့ သော့ချက်က နိုင်ငံရေးပြဿနာပါ။ အမျိုးသားတန်းတူရေးပြဿနာနဲ့ ဒီမိုကရေစီပြဿနာပါ။ ဒီအညှာကိုမကိုင်ရင် ဒီပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်ပါ။

၁၉၅၈ခုနှစ်က ပြည်တွင်းစစ်ပြဿနာကို သူမနာ ကိုယ်မနာဝါဒ အခြေခံပေါ်ကနေ ဖြေရှင်းဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လမ်းညွှန်ခဲ့ပါ တယ်။ ဒီကနေ့အထိ ပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်ရင် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂါတ်ဟာ မေးခွန်းထုတ်စရာဖြစ်နေမှာ သေချာပါတယ်။ ၁၉၆၃ခုနှစ်ထဲမှာ မဆလစစ်အစိုးရနဲ့ တော်လှန်ရေးဆင်နွှဲနေကြတဲ့ နိုင်ငံရေးအင်အားစုတွေအကြားမှာ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၃ခုနှစ် နိုဝင်ဘာ ၁၀ရက်မှာ တွေ့ဆုံဆွေးနွေးပဲကို တစ်ဖက်သက် ဖျက်သိမ်းခဲ့ပါတယ်။ ၁၉၆၃ခုနှစ် နိုဝင်ဘာ ၁၀ရက်မှာ ကျင်းပခဲ့တဲ့ ၆ခရိုင် ငြိမ်းချမ်း ရေးဆန္ဒပြပွဲကြီးမှာ ပြည်သူသုံးသိန်းကျော် တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနေ့မှာပဲ ဆွေးနွေးပွဲက ပျက်သွားခဲ့ရပါတယ်။ လူထုကြီးဟာ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ ဆရာမသေခင် ငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဆန္ဒဟာ ပြည့်မသွားခဲ့ရှာပါ ဘူး။ ၁၉၆၄ခုနှစ် ဇူလိုင်လ၂၃ရက်နေ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်သွားခဲ့ရှာပါတယ်။

(နဝတနဲ့ နအဖ) အစိုးရတွေလက်ထက်မှာလည်း ၁၉၉၂ခုနှစ်ကစပြီး ဒီကနေ့လိုပါပဲ။ အဖွဲ့၁၇ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးရခဲ့ပြီလို့ ကျယ်ကျယ် လောင်လောင် ဝါဒဖြန့်ချီခဲ့ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအမျိုးသားတွေရဲ့ အမျိုးသားတန်းတူရေးပြဿနာကို ဖြေရှင်းမပေးဘဲ ဖွံ့ဖြိုးရေးအကြောင်းပြ ချက်နဲ့ စီးပွားရေးလုပ်ကြဖို့ မှိုင်းတိုက်ခဲ့ပါတယ်။ တိုင်းရင်းသားအမျိုးသားတွေအကြား နိုင်ငံရေးရည်မှန်းချက်တွေ မှေးမှိန်လာခဲ့ပြီး စီးပွားရေးဝါဒတွေ နောက် လိုက်လာခဲ့ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ရေး ပေါ်လစီနဲ့ ထိုးနှက်လာခဲ့တဲ့အခါ တိုင်းရင်းသားတွေအတွင်း နိုင်ငံရေးစည်းရုံးရေးအရ ဂိုဏ်းကွဲပြီး အမျိုးသားတန်းတူလမ်းကြောင်းကြီး မှေးမှိန်သွားခဲ့ရပါတယ်။ အထူးသဖြင့် လူမျိုးငယ်အစုတွေ တစစီဖြစ်သွားခဲ့ရပြီး နိုင်ငံရေး ပျောက်သွားခဲ့ရပါတယ်။  အ ခုလည်း အပစ်အခတ်ရပ်စဲရေးရတာ ၁၀ဖွဲ့ရှိပြီလို့ ဆိုလာကြပြန်ပါပြီ။ ပြဿနာတွေကို ညောင်နှစ်ပင်ညီလာခံမှာ ရှင်းကြလို့ ပြောခဲ့ဖူးပါတယ်။ ညောင်နှစ်ပင် ညီလာခံက ဘာမှရှင်းမပေးခဲ့ပါဘူး။ တိုင်းရင်းသားတွေရဲ့ အရင်းခံဆန္ဒဖြစ်တဲ့ အမျိုးသားတန်းတူရေးပြဿနာအကြောင်း ပါးစပ်ဟခွင့်ပင် မရခဲ့ပါ။ အခု ပြဿနာတွေကို လွှတ်တော်ထဲမှာ ရှင်းကြပါလို့ ပြောလာခဲ့ပြန်ပါပြီ။ ဒီချုပ်ဥက္ကဋ္ဌကိုလည်း လွှတ်တော်ထဲမှာ engage လုပ်ထားပြီးပြီ။ ဒီလွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီချုပ်ဥက္ကဋ္ဌက ဘယ်လိုများလုပ်မှာလဲဆိုတာ နိုးကြားသူတွေအကြားမှာ အမေးရှိပါတယ်။ ၆၄နှစ်တိုင်တိုင် ဘာဖြေရှင်းခွင့်မှ မရတဲ့ တိုင်းရင်းသား အမျိုးသားတန်းတူရေးပြဿနာကို ဒီလွှတ်တော်ကြီးက ဘယ်လိုတွေဖြေရှင်းပေးမှာလဲလို့ နိုးကြားတဲ့ ဒီမိုကရေစီအင်အားစုတွေက စိတ်ဝင်စားကြပါတယ်။ ဒီချုပ်ဥက္ကဋ္ဌဦးစီးတဲ့ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအဖွဲ့ကရော ဘယ်လိုဥပဒေအခွင့်အာဏာမှ ပေးမထာ ဘဲနဲ့ ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ဘယ်ပုံဘယ်နည်းများ စီမံခန့်ခွဲကြမှာပါလဲ။ ဒီလွှတ်တော်ကြီးထဲမှာ စင်စစ် အားလုံးပူးပေါင်းဆောင်ရွက် နိုင်တဲ့ ဘယ်လို Common Programme မျိုးမှ အခုထိတော့ မရှိပါဘူး။ အလားတူပါပဲ။ လွှတ်တော်ပြင်ပမှာလဲ ဘယ်လို Common Programme မျိုးမှ မရှိပါဘူး။ အားလုံးက ရုံးလုပ်ငန်းနဲ့ ပေါ်ပင်အလုပ်တွေ အထူးသဖြင့် ရေဘေး၊ စစ်ဘေး၊ ပဋိပက္ခဘေးစတဲ့ Propular Issaue တွေကိုပဲ နိုင်ငံရေးပါတီ တစ်ရပ်နဲ့ Day to Day လုပ်ငန်း လုပ်နေကြရတာပါ။ ဒီမိုကရေစီပါတီတွေဆိုတာဟာ NGOအဖွဲ့မျိုးတော့ မဖြစ်စကောင်းပါဘူး။ ငြိမ်းချမ်းပွင့်လင်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ရေးဆိုတာဟာလည်း General Call ပါ။ တစ်သက်လုံးလုပ်ကြရမယ့် အလုပ်မျိုးပါ။ ကမ္မဠာနံဆရာတော်၊ သံဃာတော်တွေ နေ့စဉ်နဲ့အမျှ ဟောကြားပေးနေတဲ့ ကမ္မဠာန်းတရားတော်မျိုးကပါပဲ။ အလုပ်သမားတွေကိစ္စ၊ လယ်သမားတွေ၊ မြေယာလက်ငုတ် ဆုံးရှုံးရတဲ့ကိစ္စတွေကလည်း၊ စင်စစ် academic ဖြစ်တဲ့ပြဿနာမျိုးပါ။ လယ်သမားတွေ နေမြေ၊ လုပ်မြေ ဆုံးရှုံနေရတဲ့ပြဿနာဟာ မြန်မာ့လယ်ယာမြေ ပြဿနာတစ်စုံလုံးနဲ့ဆိုင်တဲ့ ကိစ္စမျိုးပါ။ ဆန်ဆိုသည်မှာ စပါးမှဖြစ်သည်ဆိုတဲ့ ဗဟုသုတမျိုးနဲ့တော့ မဖြစ်ပါ။

နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ထဲမှာ ဘာလုပ်ကြမှာပါလဲ။ လွှတ်တော်ပြင်ပမှာရော ဘာလုပ်ကြမှာပါလဲ။ Popular Question က ဘာပါလဲ၊ Basic Question ကဘာပါလဲ၊ Particular Question ကဘာလဲ၊ General Question က ဘာပါလဲ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၇.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ယာယီစာနယ်ဇင်းကောင်စီ ပြန်လည်ဖွဲ့စည်း
  2. မြန်မာပို့ကုန်များအပေါ် နော်ဝေနိုင်ငံမှ အခွန်အထူးသက်သာခွင့်ပေး
  3. ငါးနှစ်ပြည့် ရွှေဝါရောင် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပွဲပြုလုပ်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. စတုတ္ထအကြိမ်မြောက် အကျဉ်းသားငါးရာကျော် လွှတ်ငြိမ်းချမ်းသာခွင့်ပြု
  2. ပြည်တွင်းငြိမ်းချမ်းရေးအတွက် အင်ဒိုနှင့် ဖိလစ်ပိုင်နိုင်ငံများမှ အတွေ့အကြုံဝေမျှမည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ယာယီစာနယ်ဇင်းကောင်စီ ပြန်လည်ဖွဲ့စည်း

စက်တင်ဘာလ ၁၇ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပပြုလုပ်သည့် စာနယ်ဇင်းအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းပွဲအ ခမ်းအနား၌ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့အား ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်အေး (တရားသူကြီး (ငြိမ်း))နှင့် ဒု-ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်း(ခ)မောင်ဝံသတို့အား တာဝန်ပေးခန့်အပ် လိုက်ကြောင်း သိရှိရပြီး အတွင်းရေးမှူးအဖြစ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ (The Voice Journal) အား ခန့်အပ်တာဝန်ပေးအပ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးနေရာအား ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)မှ ၎င်းကိုယ်တိုင် အမည်စာရင်း တင်သွင်းခဲ့သော် လည်း အဆိုပါနေရာအား ဒေါ်နန်းကလျာဝင်း (ပေါ်ပြူလာဂျာနယ်)အား ခန့်အပ်လိုက်ကြောင်း သိရှိရပြီး ဦးကိုကိုသည် အတွင်းရေးမှူးနေရာအတွက်လည်း ဝင်ရောက်အမည်စာရင်းပေးသွင်းရာ ကန့်ကွက်ခံရကြောင်း သိရ သည်။

"ဦးကိုကိုက ပထမ အတွင်းရေးမှူးနေရာမှာ နာမည်စာရင်းပေးထားတာ။ ဒါပေမယ့် Eleven ဂျာနယ်က ဦးကျော်မင်းဆွေကို အတွင်းရေးမှူးနေရာ အတွက် အမည်စာရင်းပေးသွင်းလိုက်တာပါ။ ပြီးတော့ ဦးကိုကိုက တွဲဖက်အတွင်းရေးမှူးနေရာအတွက် သူကိုယ်တိုင်အမည်စာရင်းတင်သွင်းတော့လည်း မရခဲ့ဘူး"ဟု အဆိုပါပွဲသို့တက်ရောက်သည့် စာနယ်ဇင်းတစ်ဦးက ဆိုသည်။

ထို့ပြင် ယင်းအဖွဲ့အား ပြန်လည်ဖွဲ့စည်းရာ၌ ဒုတိယဥက္ကဋ္ဌနေရာအတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်သည့် ကိုကိုကြီးနှင့် ဒေါက်တာဖေမြင့်တို့အား ပါဝင်အမည်စာရင်းတင်သွင်းပေးခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင် ကန့်ကွက်မှုများရှိကြောင်း သိရှိရပြီး အဆိုပါအဖွဲ့ ပြန်လည်ဖွဲ့ စည်းနိုင်ငံရေးအတွက် စာနယ်ဇင်းအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တက် ရောက်ခဲ့ကြောင်း သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

မြန်မာပို့ကုန်များအပေါ် နော်ဝေနိုင်ငံမှ အခွန်အထူးသက်သာခွင့်ပေး

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံ၏ထွက်ရှိ ကုန်ပစ္စည်းများ နော်ဝေနိုင်ငံသို့တင်ပို့နေမှုများအပေါ် အခွန်အထူးသက်သာခွင့်(GSP-Generalized System of Prefrrences)ကို ပေးလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံကို နော်ဝေနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှုတွေအပေါ် အထူးအခွန်သက်သာခွင့်(GSP)ကို ပေးလိုက်ပါပြီ။ မြန်မာပို့ကုန်လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဈေးကွက်ပိုပြီးချဲ့ထွင်နိုင်တော့မှာပါ။ ပြီးတော့ မကြာသေးခင်ပ ILO က သူ့ရဲ့တားမြစ်ချက်အချို့ကို ရုတ်သိမ်းပေးလိုက်ပြီဆိုတော့ မြန်မာ နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေလုပ်ရာမှာ ပိုပြီးအခွင့်အလမ်းရှိလာတော့မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ နော်ဝေနိုင်ငံ၏ GSP ရရှိခဲ့ပြီးဖြစ်သည့်အတွက် ပြည်တွင်းထွက်ကုန်ပစ္စည်းများအား နော်ဝေနိုင်ငံအတွင်းသို့ ဈေးကွက်ပိုမိုရှာဖွေနိုင်ခြင်း၊ လွတ်လပ်စွာတင်ပို့ရောင်းချခွင့်ရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်လမ်း ပိုမိုရရှိလာနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

“နော်ဝေနိုင်ငံရဲ့ အထူးအခွန်သက်သာခွင့် GSP က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအတွက် တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ ပြီးတော့ FDI Law ကိုလည်း ပြဋ္ဌာန်းပြီးပြီဆိုတော့ ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တရှိန်ထိုးဝင်လာတော့မှာပါ။ ဒီဝင်လာမှုတွေနဲ့အတူ မြန်မာ ပြည်သူတွေအတွက် နည်းပညာတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီး ရရှိလာတော့မှာဖြစ်ပါတယ်”ပာု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအား စစ်လက်နက်ရောင်းချခြင်းနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များမှအပ ကျန်မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုများကို ဧပြီလ ၁၅ ရက်နေ့တွင် နော်ဝေအစိုးရက ရုတ်သိမ်းပေးခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

ငါးနှစ်ပြည့် ရွှေဝါရောင် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပွဲပြုလုပ်မည်

လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် ငါးနှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ အခမ်းအနား ကို စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီမှ ၂ နာရီအထိ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျသီဒ္ဓိ တက္ကသိုလ် မပာာသတိပဋ္ဌာန်ကျောင်းတိုက်၌ ၈၈ မျိုးဆက်ကျောင်းသားများမှ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၅ နှစ်ပြည့် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည်အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး၊ ပြည်ပရောက် ဒီမိုကရေစီအင်အားစုအားလုံး လွတ်လပ်စွာပြန်လာခွင့်ပေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝရရှိရေး စသည့်အချက်များကြောင့်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲကို စီစဉ်တယ်ဆိုတာကလည်း နိုင်ငံတော်ကို ပုန်ကန်ချင်လို့မပာုတ်တာ။ ဒီအရေးအခင်းမှာ အသက်ပေးသွားကြတဲ့သူတွေကို သတိတရ လည်းရှိနေအောင်၊ ပြီးတော့ သူတို့အတွက် ကောင်းရာမွန်ရာလေးတွေဖြစ်အောင် ဆွမ်းကပ်တာတွေလောက်ပဲလုပ်မှာပါ။ ဒီဆွမ်းကပ်တာလောက်နဲ့ကတော့ တရားဝင်သွားပြီးတင်ပြစရာ မလိုဘူးလို့ထင်လို့ မတင်ပြခဲ့ပါဘူး”ပာု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးနှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းနှစ်ပတ်လည်နေ့အခမ်းအနားတွင် နောက်လာနောင် သား သိရှိနိုင်စေရန်၊ ညီညွှတ်ခြင်းအားကို မြင်တွေ့နိုင်စေရန်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်မှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

              YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

စတုတ္ထအကြိမ်မြောက် အကျဉ်းသားငါးရာကျော် လွှတ်ငြိမ်းချမ်းသာခွင့်ပြု

စက်တင်ဘာ ၁၇ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် နိုင်ငံတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၅၁၄ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)ဖြင့် မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့)မှစတင်၍ လွှတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများ၏ သတင်းဖော်ပြချက် အရ သိရသည်။

အဆိုပါ နိုင်ငံတော်သမ္မအမိန့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲ၌ နိုင်ငံခြားသားအကျဉ်းသားအချို့ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ယခုကဲ့သို့ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများအား ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ အိမ်နီး ချင်းနိုင်ငံများနှင့် ဆက်ဆံရေးမထိခိုက်စေရန်အတွက်ဖြစ်ကြောင်း သိရှိရပြီး ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွှတ်ပေးခြင်းသည် စတုတ္ထအကြိမ်မြောက် လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အင်ဒိုနှင့် ဖိလစ်ပိုင်နိုင်ငံများမှ အတွေ့အကြုံဝေမျှမည်

မြန်မာနိုင်ငံအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးကိစ္စရပ်များအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံဖြစ်သည့် ဖိလင်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံရှိ ကာကွယ်ရေးဦးစီးချုပ်ပောာင်းများမှ အတွေ့အကြုံဝေမျှမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေအတွက် အာဆီယံဒေသတွင်းနှစ်နိုင်ငံက ကာကွယ်ရေးဦးစီးချုပ်ပောာင်းတွေက သူတို့နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးတွေ ဘယ်လိုရအောင်လုပ်ခဲ့တာဆိုတာ အတွေ့အကြုံပြန်ဝေမျှမှာပါ။ မြန်မာနိုင်ငံမှာပြည်တွင်း ငြိမ်းချမ်းရေးရရဖို့အတွက် အရမ်းကို လိုအပ်နေပါပြီ။ မြန်မာနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တခြားနိုင်ငံတွေကိုလည်း လေ့လာဖို့လိုအပ်ပါတယ်”ပာု ပြည်တွင်းငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် အဖွဲ့အစည်းပေါင်း ၄၀ ကျော်မှ ပြည်တွင်း စစ်ပွဲများ ရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးတောင်းဆိုမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးစစ်ပွဲရပ်ပာူသော ဆောင်ပုဒ်ကို သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

“အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာ တပ်မတော်နဲ့ KIO တို့ တစ်ရက် အပစ်ရပ်စဲမယ်လို့ ကြားပါတယ်။ ဒီရပ်စဲမှုပာာ ထာဝရဖြစ်သွားအောင်လို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေကို အဖွဲ့ပေါင်း ၄၀ ကျော်က ပြုလုပ်သွားမှာပါ။ ရန်ကုန်၊ ကချင်၊ မန္တလေး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ပြည်၊ တောင်ငူ အစရှိတဲ့ဒေသတွေမှာ အဓိကပြုလုပ်သွားမှာပါ”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် အပတ်အခတ်ရပ်စဲရေးသဘောတူညီမှုများကို ရရှိခဲ့သော်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် လက်ရှိအချိန်ထိတိုင် ငြိမ်းချမ်းရေးသဘောတူညီမှုမရရှိဘဲ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

''ဝေဖန်မှုတွေကို လက်ခံပြီး စာနယ်ဇင်းကောင်စီအသစ်ဖွဲ့တာ ကောင်းတယ်။ ပြန်ဖွဲ့တဲ့ စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ရင်တော့ စာနယ်ဇင်းသမားတွေ၊ မီဒီယာတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့က အရေးအကြီးဆုံးပဲလို့ထင်တယ်။ ကျင့်ဝတ်တွေ ရေးဆွဲတဲ့အခါမှာ အရေးကြီးဆုံး အချက်က စာနယ်ဇင်းသမားတွေရဲ့ သတင်းရင်းမြစ်ကို ကာကွယ်တဲ့အနေနဲ့ ရင်းမြစ်ကို ထုတ်ဖော်မပြောရဆိုတဲ့ အချက်တစ်ချက် ပါဝင်သင့်တယ်လို့ ထင် တယ်''

စက်တင်ဘာ ၁၆ရက်နေ့ Eleven Media ဝက်ဆိုဒ်တွင် ဖော်ပြပါရှိသည့် "မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အဖွဲ့ဝင် ၃၀ဖြင့် ပြန်လည်ဖွဲ့စည်းမည်၊ အမြူတေစာနယ်ဇင်းကောင်စီဖွဲ့စည်းစဉ်က ပါဝင်ခဲ့သော ပုဂ္ဂိုလ်အများစုနှင့် စာနယ်ဇင်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့"သတင်းမှ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

"မြစ်ဆုံကျေးရွာကနေ စံပြကျေးရွာဆိုပြီး အိမ်ပြောင်းခိုင်းလိုက်တာကို အားလုံး ကျွန်တော်မြင်တွေ့ပြီးပါပြီ။ အိမ်တွေကပြို၊ စားစရာကမရှိ၊ တစစီပျက်စီး နေတာတွေ၊ အိမ်ဆောက်ထားတဲ့သစ်သားတွေကလည်း ကျိုးပဲ့ဆွေးမြေ့သွားပြီး တိုးလို့တွဲလောင်းပေါ့။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက ဘယ်စီမံ ကိန်းမဆို ပြည်သူကလက်မခံရင် မအောင်မြင်ပါဘူး။ ကြက်ဆူပင်စီမံကိန်းကိုပဲ ကြည့်ပါ။ ပြီးတော့ အစိုးရဆိုတာက တခဏပါ။ ပြည်သူတွေသာလျှင် ထာဝရအမြဲ ပြည်သူတွေပါပဲ။ ပြည်သူ လက်မခံရင် မအောင်မြင်နိုင်ပါဘူး"

စက်တင်ဘာ ၁၇ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၃)၊ အမှတ် (၁၇) တွင်ပါရှိသည့် "ပြည်သူလက်မခံသော စီမံကိန်းမှန်သမျှ မ အောင်မြင်နိုင်ကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပြော"သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

"မီဒီယာတွေရှေ့မှာ အဖြစ်မှန်တွေကို မျက်နှာစုံညီဖွင့်ပြဖို့လိုပါတယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ သူတို့က (မိုးသီးဇွန်အဖွဲ့) ဟိုတစ်နေ့က ပြောသွားတာတော့ အဲဒီအတွက် အစီအစဉ်မရှိဘူးလို့ ပြောသွားတယ်။ နောက် မြောက်ပိုင်းနယ်မြေကို ဂုဏ်ပြုပွဲကြီးလုပ်ပါမယ်လို့ ပြော တယ်။ ဒါဟာ ရှေ့စကားနဲ့ နောက်စကား မညီတာဘဲ။ နစ်နာခဲ့တဲ့ မိသားစုတွေကတော့ ဒါကို လက်မခံကြဘူး။ လာတောင်းပန်မယ်ဆိုရင်တောင် ဒေါက်တာ နိုင်အောင်တို့တွေက လက်မခံကြဘူး။ နှစ် ၂၀လုံး လုပ်ခဲ့ပြီးမှ အခုထက်ထိ လက်ရှောင်နေတယ်။ ကိုယ်ပါဝင်ပတ်သက်နေတာပဲ။ လက်တွေ့ကျ ကျ ပြောရ မယ်။ ဒါကို ငြင်းပယ်နေရင်တော့ ကျွန်တော်တို့ ကာယကံရှင်တွေနဲ့ မိသားစုတွေနဲ့ ဆန့်ကျင်ဘက်ကို သွားနေမှာပဲ"

စက်တင်ဘာ ၁၈ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၈)၊ အမှတ် (၃၆) တွင်ပါရှိသည့် "ပါဂျောင်သတ်ဖြတ်မှု မီဒီယာ ရှေ့မှောက်တွင် မျက်နှာစုံညီရှင်းစေလို"သတင်းမှ ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းမှ လွှတ်မြောက် ကျောင်းသားတစ်ဦးဖြစ်သူ ဦးရဲလင်း၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive